မြစ်သားမြို့ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး တစ်ဦးသေဆုံး

761

NP News - သြဂုတ် ၂
မန္တလေးတိုင်း၊ မြစ်သားမြို့ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး တစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၃၁ရက်၊ နေ့လည် ၁၂နာရီခွဲအချိန်တွင် မြစ်သားမြို့၊ ရွာခိုင်ကြီးကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးမှူး ဦးတုတ်ကျော်နှင့် ရာအိမ်မှူး ဦးစိန်မင်းတို့ (၂)ဦးသည် အဆိုပါရုံးရှိ ခုံတန်းလျားပေါ်တွင်ထိုင်နေချိန် အကြမ်းဖက်အမျိုးသား (၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
၎င်းပစ်ခတ်မှုကြောင့် ရာအိမ်မှူး ဦးစိန်မင်းသည် နားထင်တွင် ကျည်ထိမှန်ဒဏ်ရာ တစ်ချက်ရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောသည်။
ထို့အတူ သြဂုတ်လ ၁ ရက်၊ နံနက် ၁ဝ နာရီခွဲအချိန်တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ ငါန်းဇွန်မြို့၊ စည်ကောင်းရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းနှင့် ၎င်း၏ညီမဖြစ်သူ မညိုစန်းတို့သည် စည်ကောင်းရွာမှ ငါန်းဇွန်မြို့သို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ငါန်းဇွန်-တံတားဦးကားလမ်း သူနတ်စင်ရွာအဝင် ဇရပ်အနီး အရောက်တွင် အကြမ်းဖက်အမျိုးသား (၇)ဦးက ဆိုင်ကယ် ၃စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ပစ်ခတ်မှုကြောင့် ဦးသိန်းတွင် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာနှင့် မညိုစန်းတွင် ခါးကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ငါန်းဇွန်မြို့နယ်ပြည်သူ့ ဆေးရုံတွင်ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ျမစ္သားၿမိဳ႕ရွိ အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ရာအိမ္မႉး တစ္ဦးေသဆုံး
NP News - ၾသဂုတ္ ၂
မႏၲေလးတိုင္း၊ ျမစ္သားၿမိဳ႕ရွိ အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ရာအိမ္မႉး တစ္ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ဇူလိုင္လ ၃၁ရက္၊ ေန႔လည္ ၁၂နာရီခြဲအခ်ိန္တြင္ ျမစ္သားၿမိဳ႕၊ ႐ြာခိုင္ႀကီးေက်း႐ြာရွိ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ အုပ္ခ်ဳပ္ေရးမႉး ဦးတုတ္ေက်ာ္ႏွင့္ ရာအိမ္မႉး ဦးစိန္မင္းတို႔ (၂)ဦးသည္ အဆိုပါ႐ုံးရွိ ခုံတန္းလ်ားေပၚတြင္ထိုင္ေနခ်ိန္ အၾကမ္းဖက္အမ်ိဳးသား (၂)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
၎ပစ္ခတ္မႈေၾကာင့္ ရာအိမ္မႉး ဦးစိန္မင္းသည္ နားထင္တြင္ က်ည္ထိမွန္ဒဏ္ရာ တစ္ခ်က္ရရွိကာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွေျပာသည္။
ထို႔အတူ ၾသဂုတ္လ ၁ ရက္၊ နံနက္ ၁ဝ နာရီခြဲအခ်ိန္တြင္ မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕ရွိ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး တစ္ဦးအား ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
အဆိုပါျဖစ္စဥ္မွာ ငါန္းဇြန္ၿမိဳ႕၊ စည္ေကာင္း႐ြာေန ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးသိန္းႏွင့္ ၎၏ညီမျဖစ္သူ မညိဳစန္းတို႔သည္ စည္ေကာင္း႐ြာမွ ငါန္းဇြန္ၿမိဳ႕သို႔ ဆိုင္ကယ္ျဖင့္ သြားေရာက္စဥ္ ငါန္းဇြန္-တံတားဦးကားလမ္း သူနတ္စင္႐ြာအဝင္ ဇရပ္အနီး အေရာက္တြင္ အၾကမ္းဖက္အမ်ိဳးသား (၇)ဦးက ဆိုင္ကယ္ ၃စီးျဖင့္ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။
ပစ္ခတ္မႈေၾကာင့္ ဦးသိန္းတြင္ လည္ပင္းက်ည္ေဖာက္ဝင္ဒဏ္ရာ၊ ဝမ္းဗိုက္က်ည္ေဖာက္ဝင္ဒဏ္ရာႏွင့္ မညိဳစန္းတြင္ ခါးက်ည္ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ငါန္းဇြန္ၿမိဳ႕နယ္ျပည္သူ႔ ေဆး႐ုံတြင္ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။