ဘရူနိုင်းအိမ်ရှေ့မင်းသား သြဂုတ် ၃ ရက်မှာ စင်ကာပူနိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်မယ်

894

ရောင်နီ (NP News) - သြဂုတ် ၂
ဘရူနိုင်းအိမ်ရှေ့မင်းသား ဟာဂျီအဲလ်-မွန်တာဒီ ဘီလာ့ဟ် ဟာ စင်ကာပူအကြီးတန်းဝန်ကြီး တီရိုချီဟန် ရဲ့ ဖိတ်ကြားချက်အရ ဗုဒ္ဓဟူးနေ့ (သြဂုတ် ၃ ရက်) မှ သောကြာနေ့အထိ စင်ကာပူနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်မှာဖြစ်တယ်လို့ သိရပါတယ်။
ဘရူနိုင်းဝန်ကြီးချုပ်ရုံးမှာ အကြီးတန်းဝန်ကြီးတစ်ဦးလည်းဖြစ်တဲ့ အိမ်ရှေ့မင်းသားဟာ 8th Singapore-Brunei Young Leaders' Program (YLP) ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန (MFA) မှ ပြောကြားပါတယ်။
၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တဲ့ အဆိုပါအစီအစဉ်ဟာ စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံမှ လူငယ်ခေါင်းဆောင်များအချင်းချင်း အပြန်အလှန်ဆက်ဆံရေးတည်ဆောက်ဖို့အတွက် အဓိက ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ အိမ်ရှေ့မင်းသားရဲ့ ခရီးစဉ်မှာ ကြင်ယာတော်နဲ့ သားသမီးသုံးဦးလည်း လိုက်ပါသွားမှာဖြစ်ပြီး ဘရူနိုင်းနိုင်ငံခြားရေးဌာနနဲ့ ပြည်သူ့ဝန်ဆောင်မှုဌာနမှ ဝန်ကြီးများ၊ အကြီးတန်းအရာရှိအများအပြား ပါဝင်မယ်လို့ သိရပါတယ်။
"COVID-19 ကပ်ရောဂါကြောင့် ခရီးသွားလာခြင်းများ ဆိုင်းငံ့ခဲ့ရကာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးသော တော်ဝင်ခရီးစဉ်ဟာ စင်္ကာပူနဲ့ ဘရူနိုင်းကြားကောင်းမွန်ပြီး နီးကပ်တဲ့ဆက်ဆံရေးဖြစ်စေမှာဖြစ်တယ်" လို့ MFA က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
လာမယ့်နှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မာစေဖို့အတွက် နှစ်ဖက်စလုံးက ဆွေးနွေးကြမှာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။ ၎င်းရဲ့ခရီးစဉ်အတွင်း အိမ်ရှေ့မင်းသားနဲ့ ၎င်း၏မိသားစုကို စင်ကာပူသမ္မတဟာ လီမက်ဟ် ရာကော့ နဲ့ ၄င်းရဲ့ခင်ပွန်း မိုဟာမက် အက်ဒူလက် အဲလ်ဟက်ရှီးတို့က နေ့လည်စာနဲ့ တည်ခင်းဧည့်ခံမှာဖြစ်ပြီး ဝန်ကြီးချုပ်လီရှန်လွန်းကလည်း အိမ်ရှေ့မင်းသားနဲ့၎င်းရဲ့ကိုယ်စားလှယ်အဖွဲ့ကို နေ့လယ်စာနဲ့ သီးခြားတည်ခင်း ဧည့်ခံမှာဖြစ်ကာ မစ္စတာတီရိုနဲ့ ဒုတိယ၀န်ကြီးချုပ် လောရန့်၀မ် တို့က ညစာ တည်ခင်းဧည့်ခံမှာဖြစ်တယ်လို့ သိရပါတယ်။
အိမ်ရှေ့မင်းသားဟာ ဝိတိုရိယကျောင်းနဲ့ ဗစ်တိုးရီးယားခန်းမ၊ Our Tampines Hub နဲ့ ၎င်းရဲ့ ပြည်သူ့ဝန်ဆောင်မှုစင်တာအပြင် Changi Naval Base သို့လည်း သွားရောက်လည်ပတ်မှာဖြစ်တယ်လို့ သိရပါတယ်။
https://www.channelnewsasia.com/singapore/brunei-crown-prince-official-visit-singapore-aug-3-2851821?cid=FBcna

Zawgyi Version;
ဘ႐ူႏိုင္းအိမ္ေရွ႕မင္းသား ၾသဂုတ္ ၃ ရက္မွာ စင္ကာပူႏိုင္ငံသို႔ တရားဝင္ လာေရာက္လည္ပတ္မယ္
ေရာင္နီ (NP News) - ၾသဂုတ္ ၂
ဘ႐ူႏိုင္းအိမ္ေရွ႕မင္းသား ဟာဂ်ီအဲလ္-မြန္တာဒီ ဘီလာ့ဟ္ ဟာ စင္ကာပူအႀကီးတန္းဝန္ႀကီး တီ႐ိုခ်ီဟန္ ရဲ႕ ဖိတ္ၾကားခ်က္အရ ဗုဒၶဟူးေန႔ (ၾသဂုတ္ ၃ ရက္) မွ ေသာၾကာေန႔အထိ စင္ကာပူႏိုင္ငံသို႔ တရားဝင္လာေရာက္လည္ပတ္မွာျဖစ္တယ္လို႔ သိရပါတယ္။
ဘ႐ူႏိုင္းဝန္ႀကီးခ်ဳပ္႐ုံးမွာ အႀကီးတန္းဝန္ႀကီးတစ္ဦးလည္းျဖစ္တဲ့ အိမ္ေရွ႕မင္းသားဟာ 8th Singapore-Brunei Young Leaders' Program (YLP) ကိုယ္စားလွယ္အဖြဲ႕ကို ဦးေဆာင္မွာျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန (MFA) မွ ေျပာၾကားပါတယ္။
၂၀၁၃ ခုႏွစ္မွာ စတင္ခဲ့တဲ့ အဆိုပါအစီအစဥ္ဟာ စင္ကာပူနဲ႔ ဘ႐ူႏိုင္းႏိုင္ငံမွ လူငယ္ေခါင္းေဆာင္မ်ားအခ်င္းခ်င္း အျပန္အလွန္ဆက္ဆံေရးတည္ေဆာက္ဖို႔အတြက္ အဓိက ပလက္ေဖာင္းတစ္ခုျဖစ္ပါတယ္။ အိမ္ေရွ႕မင္းသားရဲ႕ ခရီးစဥ္မွာ ၾကင္ယာေတာ္နဲ႔ သားသမီးသုံးဦးလည္း လိုက္ပါသြားမွာျဖစ္ၿပီး ဘ႐ူႏိုင္းႏိုင္ငံျခားေရးဌာနနဲ႔ ျပည္သူ႔ဝန္ေဆာင္မႈဌာနမွ ဝန္ႀကီးမ်ား၊ အႀကီးတန္းအရာရွိအမ်ားအျပား ပါဝင္မယ္လို႔ သိရပါတယ္။
"COVID-19 ကပ္ေရာဂါေၾကာင့္ ခရီးသြားလာျခင္းမ်ား ဆိုင္းငံ့ခဲ့ရကာ ၂၀၁၉ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးေသာ ေတာ္ဝင္ခရီးစဥ္ဟာ စကၤာပူနဲ႔ ဘ႐ူႏိုင္းၾကားေကာင္းမြန္ၿပီး နီးကပ္တဲ့ဆက္ဆံေရးျဖစ္ေစမွာျဖစ္တယ္" လို႔ MFA က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
လာမယ့္ႏွစ္မ်ားအတြင္း ႏွစ္ႏိုင္ငံဆက္ဆံေရးပိုမိုခိုင္မာေစဖို႔အတြက္ ႏွစ္ဖက္စလုံးက ေဆြးေႏြးၾကမွာျဖစ္ေၾကာင္း ၎က ဆိုပါတယ္။ ၎ရဲ႕ခရီးစဥ္အတြင္း အိမ္ေရွ႕မင္းသားနဲ႔ ၎၏မိသားစုကို စင္ကာပူသမၼတဟာ လီမက္ဟ္ ရာေကာ့ နဲ႔ ၄င္းရဲ႕ခင္ပြန္း မိုဟာမက္ အက္ဒူလက္ အဲလ္ဟက္ရွီးတို႔က ေန႔လည္စာနဲ႔ တည္ခင္းဧည့္ခံမွာျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္လီရွန္လြန္းကလည္း အိမ္ေရွ႕မင္းသားနဲ႔၎ရဲ႕ကိုယ္စားလွယ္အဖြဲ႕ကို ေန႔လယ္စာနဲ႔ သီးျခားတည္ခင္း ဧည့္ခံမွာျဖစ္ကာ မစၥတာတီ႐ိုနဲ႔ ဒုတိယ၀န္ႀကီးခ်ဳပ္ ေလာရန္႔၀မ္ တို႔က ညစာ တည္ခင္းဧည့္ခံမွာျဖစ္တယ္လို႔ သိရပါတယ္။
အိမ္ေရွ႕မင္းသားဟာ ဝိတိုရိယေက်ာင္းနဲ႔ ဗစ္တိုးရီးယားခန္းမ၊ Our Tampines Hub နဲ႔ ၎ရဲ႕ ျပည္သူ႔ဝန္ေဆာင္မႈစင္တာအျပင္ Changi Naval Base သို႔လည္း သြားေရာက္လည္ပတ္မွာျဖစ္တယ္လို႔ သိရပါတယ္။
https://www.channelnewsasia.com/singapore/brunei-crown-prince-official-visit-singapore-aug-3-2851821?cid=FBcna