“ဘုန်းကြီးအပါး (၅ဝ) ကျော်ထိ အသတ်ခံရတာကို တစ်တိုင်းပြည်လုံးရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေက သတင်းစကားလေးတောင် မပြောရဲဘဲနဲ့ ငြိမ်ခံနေရတဲ့အဆင့်” (အင်တာဗျူး)

 1889

မေးမြန်း - ကျော်မျိုးမင်း
ရေးသား - ယွန်း

“အကြောက်တရားတွေကိုတော်လှန်ရင်းနဲ့ ကြောက်နေရတဲ့လောကကြီးထဲမှာ ဘာကြောင့်မို့လို့ အမှန်တရားတွေ ကို မပြောရဲရမှာတုန်း။ အမှန်တရားတွေကိုမပြောရဲတဲ့အခါကျတော့ မမှန်တဲ့တရားတွေ၊ အဓမ္မတရားတွေ လွှမ်းမိုး လာပြီးတော့မှ လက်နက်ကိုင်တဲ့လူတွေရဲ့ လုပ်သမျှကို ကြောက်နေရပြီဆိုရင် ….” ဟု IBEC ဆရာတော် ဦးသောဘိတ က မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၊ သက်ဆိုင်သည့်အဖွဲ့အစည်းအားလုံးကို မေတ္တာရပ်ခံတောင်းဆို လိုက်သည်။

IBEC ဆရာတော် အရှင်ဘဒ္ဒန္တသောဘိတ (စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်) သည် လက်ရှိမြန်မာ့နိုင်ငံရေး ပဋိပက္ခများကြား သံဃာတော်များအား လုပ်ကြံသတ်ဖြတ်ခံနေရမှုများ အပါအဝင် အပြစ်မဲ့ပြည်သူများ စွပ်စွဲ သတ်ဖြတ်ခံနေရမှုများ နှင့် မြန်မာ့နိုင်ငံရေးအခြေအနေများကို ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်အထိ ၄င်းကိုယ်တိုင်ကြွကာ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံပြီး အိတ်ဖွင့်ပေးစာပေးအပ်ခဲ့သည့်အကြောင်းနှင့် ပတ်သက်၍ အခြေအနေအသေးစိတ်ကို NP News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်း မှ ဆက်သွယ် မေးမြန်းခဲ့ပါသည်။

မေး ။ ။ ဆရာတော်ဘုရား မင်္ဂလာပါဘုရား။ တပည့်တော် ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ဆရာတော်က ကုလသမဂ္ဂအထိကို ရောက်သွားတာတွေ့ခဲ့ရတယ် ဘုရား။ ဒါလေးနဲ့ပတ်သက်ပြီး အဲဒီခရီးစဉ်အကြောင်းလေးကို အရင်ဆုံးပြောပြပေးပါလား ဘုရား။ ခရီးစဉ်ရည်ရွယ်ချက်လေးတွေရောပေါ့ ဘုရား။
ဖြေ ။ ။ ဟုတ်ကဲ့ NP News က ဒကာကျော်မျိုးမင်းရေ။ ကမ္ဘာ့ကုလသမဂ္ဂကိုသွားတာကတော့ မသွားခင်ကတည်း က ရည်ရွယ်ချက်ရှိပါတယ်။ ရည်ရွယ်ချက်က ဘာလဲဆိုတော့ လက်ရှိမြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ပဋိပက္ခ အထူးသဖြင့်တော့ နိုင်ငံရေးပဋိပက္ခနဲ့ တော်လှန်ရေးပဋိပက္ခ၊ ပဋိပက္ခဆိုတာက နားလည်မှုမရှိလို့ဖြစ်ကြတဲ့ ပြဿနာတွေပေါ့နော်။ အဲဒီတော့ နားလည်မှုမရှိကြလို့ဖြစ်ကြတဲ့ ပြဿနာတွေပေါ်မှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့အထွေ ထွေအတွင်းရေးမှူးချုပ် Antonio Guterres ဆီကို မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပကတိမြေပြင်ပဋိပက္ခရဲ့အခြေ အနေတွေကို ဘက်ပေါင်းစုံက မှားယွင်းနေတဲ့အမှားတွေကို ကမ္ဘာကြီးနဲ့အညီပြန်ပြီးတော့မှ တင်ပြနိုင်ဖို့အတွက် တိုင်းသူပြည်သားတွေရဲ့ကိုယ်စား နိုင်ငံတော်ရဲ့နိုင်ငံတော်ဆိုတာက အစိုးရတို့၊ Civilian ရဲ့ကိုယ်စား၊ အပြစ်မဲ့ ပြည်သူလူထုတွေရဲ့ကိုယ်စား သတင်းစကားသွားပြီးတော့မှ ပါးပေးဖို့အတွက်ဆိုပြီးတော့ အမေရိကန်ခရီးစဉ်ကို အသွားအပြန်တော့ (၂) ပတ်ပေါ့နော်။ လမ်းခရီးက (၁) ပတ် လောက်ကုန်တာနဲ့ဆိုတော့ အမေရိကားမှာ (၁) ပတ် လောက်နေခဲ့ပြီးတော့မှ ကမ္ဘာ့ကုလသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ထံမှာ လက်မှတ် ရေးထိုးပြီးတော့မှ မြန်မာ့ပဋိပက္ခပြဿနာတွေ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့၊ ဘက်ပေါင်းစုံကနေ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လူသတ်ဝါဒတွေကို အားမပေးကြဖို့ဆိုပြီးတော့မှ သွားပြီးတော့မှ သွားရှင်းပြတာ။

မေး ။ ။ အဲဒီတော့ သွားရှင်းပြတဲ့အခါမှာရော ထိရောက်မှုရှိခဲ့လား။ တပည့်တော်တို့က ထိရောက်မှုအကြောင်း လေးလည်း သိချင်ပါတယ်ဘုရား။ ထိရောက်မှုရော ဘယ်လိုများရှိပါသလဲဘုရား။
ဖြေ ။ ။ ထိရောက်မှုကတော့ ကမ္ဘာ့ကုလသမဂ္ဂဆိုတာ နိုင်ငံပေါင်းစုံအဖွဲ့အစည်းကြီးပဲပေါ့နော်။ နောက် Antonio Guterres ထံမှာ စာမပို့ခင်ထဲက ဒီ Appointment မချိန်းခင်ထဲက ဘာလဲဆိုတော့ သူတို့ကိုယ်တိုင်က ဦးဇင်းရဲ့ Profile ကိုတောင်းပါတယ် Profile ကိုတောင်းတဲ့အခါမှာ ဦးဇင်းကိုယ်တိုင်က United Nation World Peace Association ကြီးရဲ့ ကမ္ဘာ့ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့အစည်းကြီးရဲ့ ငြိမ်းချမ်းရေးသံတမန်ရဟန်းတော်တစ်ပါး ဖြစ်တယ်။ မြန်မာပြည်ဆိုင်ရာလည်း အဲဒီ United Nation World Peace မှာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီ profile အနေနဲ့ ကမ္ဘာအရပ်ရပ်မှာပူးပေါင်းဆောင်ရွက်ပေးထားတဲ့ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ အများကြီးရှိတော့ ဒါကို Antonio Guterres က အသိအမှတ်ပြုပါတယ်။ အသိအမှတ်ပြုပြီးတော့မှ ကုလသမဂ္ဂရဲ့ Political in Peace Building လို့ခေါ်တဲ့ နိုင်ငံရေးနဲ့ငြိမ်းချမ်းမှုတည်ဆောက်ရေးဌာနရဲ့ ဦးဆောင်အရာရှိချုပ်တွေ နဲ့ တွေ့ဆုံဆွေးနွေးစေတယ် နောက်ပြီးတော့မှ ကမ္ဘာပေါ်မှာ ပဋိပက္ခတွေဖြစ်ပေါ်လာရတဲ့နေရာ ဌာနတွေကနေ ပြီးတော့မှ ချုပ်ငြိမ်းစေဖို့ရာအတွက် အဲဒီလို သူတို့ကုလသမဂ္ဂရဲ့အရေးပါတဲ့ Sector က ပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံ ဆွေးနွေးစေတယ်။ ဒါကြောင့်မို့လို့ အကျိုးသက်ရောက်မှုက ဘာရှိနိုင်သလဲဆိုတော့ ဦးဇင်းအကြံပြုပေးခဲ့တာက လာမယ့်စက်တင်ဘာမှာ ကျင်းပမယ့် General Assembly လို့ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ နိုင်ငံပေါင်းစုံခေါင်းဆောင် တွေ တက်ရောက်တဲ့အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့အရေးအပါအဝင် ယူကရိန်း၊ ရုရှား၊ ကမ္ဘာပေါ်မှာ လက်နက် တွေကို ကိုင်ပြီးတော့မှ လူသတ်နေကြတဲ့ဝါဒတွေက ဘက်ပေါင်းစုံကနေအကြမ်းဖက်မှုတွေဖြစ်နေတယ် အဲဒီအကြမ်းဖက်မှုတွေ War Crime တွေဖြစ်နေတယ်။ တစ်ဖက်ထဲဖြစ်နေတာမဟုတ်ဘူး၊ ဘက်ပေါင်းစုံကနေ ဖြစ်နေတဲ့အကြမ်းဖက်မှုတွေကို ဘက်ပေါင်းစုံရှိ ပုဂ္ဂိုလ်တွေအားလုံးက အပြစ်မဲ့ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို သတ်ဖြတ်တာတွေ၊ ရွာတွေမီးရှို့တာတွေ နောက်ပြီးတော့မှ လူတွေကို အမျိုးမျိုးပေါ့။ ဒလန်၊ ဒလက်ဆိုပြီး သတ်နေကြတာတွေအားလုံးပေါ့။ ရပ်တန့်ပြီးတော့မှ တကယ့် Peace Building ကို သွားနိုင်ဖို့ရာ အတွက်ကို သတင်းစကားပါးပေးပါဆိုပြီးတော့မှ Antonio Guterres ကို တိုက်ရိုက်သတင်းစကားသွား ပါးပေးတာ ပေါ့။ အဲဒီအတွက် သူတို့ကမ္ဘာ့ကုလသမဂ္ဂကလည်း လက်ခံလိုက်ပါတယ်။ လက်ခံလိုက်ပြီးတော့မှ ဦးသောဘိတ လို ပုဂ္ဂိုလ်တွေ မြန်မာပြည်မှာ များများစားစား လိုအပ်ပါပြီဆိုတဲ့မှတ်ချက် သူတို့ဘက်ကပြန်ပြောပါတယ်။

မေး ။ ။ ဆရာတော်ရဲ့ကုလခရီးစဉ်ရယ်၊ နောက်တစ်ခါ အဲဒီမှာမီဒီယာတစ်ခုနဲ့ဖြေထားတဲ့ ကိစ္စလေးနဲ့ ပတ်သက် ရင် တစ်ဖက်မှာတော့ ဆရာတော့်ကို ဝေဖန်ပြစ်တင်ပုတ်ခတ်တာတွေ၊ စွပ်စွဲတာတွေတော့ တွေ့ခဲ့ရပါ တယ် ဘုရား။ ဆရာတော်တို့ဘက်ကလည်း ဒါကိုပြန်ပြီးတော့ ထုတ်ပြန်ချက်လေးတွေ ပြန်ထုတ်ထား တာတွေ့ရပါတယ် ဘုရား။ ဒါလေးကို အကျယ်ချဲ့ပြီးတော့ သိအောင်ပြောပြပေးလို့ရမလား ဘုရား။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ လေးကိုလေ။
ဖြေ ။ ။ ဟုတ်ကဲ့... ဒကာတော် ကျော်မျိုးမင်းရေ။ အဲဒါက အမေရိကန်နိုင်ငံမှာ ဇူလိုင်လ ၆ ရက်နေ့ နေ့လည်ပိုင်း မှာ National Democratic Institute ဥက္ကဋ္ဌဖြစ်တဲ့ ဒါရက်စ်မစ်ချယ်လ် ဆိုတာမြန်မာပြည်မှာ သံအမတ်ကြီးအဖြစ် ထမ်းဆောင်ဖူးခဲ့တယ်။ တာဝန်ထမ်းဆောင်ဖူးတော့ သူနဲ့မြန်မာရေးရာကိစ္စတွေ၊ ပဋိပက္ခတွေ နောက်ဆုံးပြည်သူ လူထုတွေ အပြစ်မဲ့ပြည်သူလူထုတွေကို နှစ်ဖက်စလုံးက ဘက်ပေါင်းစုံကနေ သတ်ဖြတ်နေကြတယ် လူသားမဆန် တဲ့ကိစ္စတွေ။ အဲဒီတော့ ဖြစ်တဲ့ဖြစ်စဉ်တွေက ပထမပိုင်းမှာတပ်မတော်ဘက်က တော်တော်ဆိုးဆိုးဝါးဝါးဖြစ်ထား တယ်။ ဒုတိယပိုင်းမှာတော့ တပ်မတော်ကိုမကျေနပ်လို့တော်လှန်ကြရင်းနဲ့ တော်လှန်ရေးသမားတွေက ငါနှင့်မတူ ငါ့ရန်သူဆိုပြီး သတ်တာတော့ ဘုန်းကြီးတွေပါအပါအဝင် အပါး ၄ဝ ကျော် ၅ဝ လောက်ရှိပြီ။ အဲဒီတော့ ဒါတွေကို ဘယ်သူကမှ မပြောရဲကြဘူး။ မပြောရဲကြတဲ့အတွက် မင်းတို့အမေရိကန်အစိုးရက Stop Violence Both sides ဆိုတဲ့ အသံကိုပြောပေးပါ။ မင်းတို့လက်နက်တွေကြီးပဲရောင်းပြီး မြှောက်ထိုးပင့်ကော်လုပ်နေမယ့်အစား ဒီလို ပဋိပက္ခတွေနဲ့ လူတွေကိုသတ်နေကြတဲ့ကိစ္စတွေကို မင်းတို့မှန်မှန်ကန်ကန်တည့်တည့််မတ်မတ်၊ မင်းတို့ အမေရိကန်အစိုးရကို တင်ပြပေးပါဆိုပြီးတော့မှ အဲဒီကိစ္စကို ဒါရက်စ်မစ်ချယ်လ် နဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ တင်ပြပေးခဲ့တယ်ပေါ့နော်။ အဲဒါအပြီးမှာ RFA ကသူတို့ အင်တာဗျူးချင်ပါတယ်။ Antonio Guterres ဆီမှာ အိတ်ဖွင့်ပေးစာတွေပေးတဲ့ကိစ္စ၊ နောက်ပြီးတော့ NDI နဲ့တွေ့ဆုံခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အင်တာဗျူးချင်ပါတယ် ဆိုတော့ RFA ရုံးခန်းပေါ့၊ ဝါရှင်တန်ဒီစီမှာရှိတဲ့ RFA ရုံးခန်းကိုပင့်လို့ သွားပြီးတော့ အင်တာဗျူးအစီအစဉ် (၁၇) မိနစ်၊ ဘက်ပါပဲနဲ့ ဟိုဘက်၊ ဒီဘက်နော် စစ်ကောင်စီဘက်လည်းမပါဘူး။ ဒီဘက်တော်လှန်ရေးသမားဘက်လည်း မပါဘဲနဲ့ ပကတိမြေပြင် အနေအထားတွေကို အဲဒီမှာ အင်တာဗျူး Section (၁၇) မိနစ်စာလောက်ရိုက်ကူးခဲ့ပါ တယ်။ ရိုက်ကူးခဲ့တာမှာ၊ ကျုပ်ကအပြတ်ပြောခဲ့တယ်။ မင်းတို့ငါနဲ့ဗျူးတဲ့ဟာကို တိုက်ရိုက်လွှင့်ပါ ဖြတ်ညှပ်ကပ်တွေမလုပ်ပါနဲ့ဆိုတော့ သူတို့ လည်း ဖျက်ညှပ်ကပ်မလုပ်ဘဲနဲ့ အားလုံး အစ၊ အဆုံး ထုတ်လွှင့်ပေးပါ တယ်။ အဲဒီလိုထုတ်လွှင့်ပေးတဲ့အချိန်မှာ နှစ်ဖက်စလုံးက အကြမ်းဖက်တာတွေရပ်တန့်ကြဖို့ လူသတ်ဝါဒတွေကို ရပ်ဆိုင်းကြဖို့အတွက် ကျုပ်ပြောခဲ့တဲ့အချိန်မှာ တော်လှန်ရေးအမည်ခံတဲ့ပုဂ္ဂိုလ်တွေ အထူးသဖြင့်ပေါ့ နွေဦး တော်လှန်ရေးသံဃာ့ကွန်ရက်က မင်းဇီးရိုး ဆိုလား၊ မင်းသုညဆိုလား အဲဒီကိုယ်တော်တွေပေါ့။ မင်းသုညတို့၊ ဝါယမတို့ နောက်ပြီး အဂ္ဂတို့ မန္တလေးသံဃာ သမဂ္ဂတို့ဆိုတဲ့ နောက်မြဝတီမင်းကြီး၊ ဦးရာဘိဝံသ တို့၊ ဒီဆရာတော်တွေက Social Media ကနေပြီးတော့မှ MIZZMA တို့၊ DVB တို့၊ ခေတ်သစ်တို့ အဲဒီလို Media တွေ ကနေပြီးတော့မှ မဟုတ်တမ်းတရားတွေနဲ့ သူတို့စွပ်စွဲပုတ်ခတ်ကြတယ်။ သူတို့ကဘာလဲဆိုတော့ တစ်ဖက်သတ်ပဲ ပြောစေချင်တာ ဒီကောင်တွေကငြိမ်းချမ်းတာကို မလိုချင်ဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာရဲ့ပေးစာ ကမ်းစာလေးတွေ စားပြီးတော့မှ မဖြစ်စလောက် ဒေါ်လာလေးတွေနဲ့ လမင်းကိုခွေးဟောင်သလိုဆိုတာမျိုးလိုပဲ ခပ်ရိုင်းရိုင်း ဘယ်လိုသံဃာတွေပဲဖြစ်ဖြစ် ရဟန်း သံဃာတော်တွေ မြန်မာပြည်မှာရှိတဲ့ ထေကြီးဝါကြီးတွေပါမကျန် အကုန်လုံး စော်ကားမော်ကားလုပ်နေကြတယ်။ အဲဒီတော့ မီဒီယာမှာ RFA မှာ အင်တာဗျူးထားတဲ့ထဲက မြန်မာ ပြည်မှာ လက်နက်ကိုင်လမ်းစဉ်ကို နှစ်ပေါင်း ၇ဝ ကျော်ကြာပြီ လက်နက်ကိုင်တော်လှန်ရေးဟာ အောင်မြင်ခဲ့တယ် မရှိဘူး။ ဒါကြောင့်မို့လို့ တပ်မတော်ပဲဖြစ်ဖြစ်၊ PDF ပဲဖြစ်ဖြစ်၊ EAO တွေပဲဖြစ်ဖြစ်၊ NUG ပဲဖြစ်ဖြစ် စားပွဲဝိုင်း ယဉ်ကျေးမှုကိုပြန်သွားပြီးတော့မှ တွေ့ဆုံညှိနှိုင်းအဖြေရှာပြီး တိုင်းပြည်ရဲ့ပဋိပက္ခနွံကြီး၊ နှစ်ပေါင်း ၂ဝ၊ ၃ဝ ကြာနေ ကြမယ့်အစား အာဃာတတွေ လျှော့ပြီးတော့မှ အပြန်ပြန်အလှန်လှန်ညှိနှိုင်းကြရင် ဒို့တိုင်းပြည်က ပဋိပက္ခနွံကနေ မြန်မြန်ရုန်းထနိုင်လိမ့်မယ်ဆိုတဲ့အကြံပြုချက်ကို သူတို့ကမကြိုက်ကြဘူး။ နောက်တစ်ချက်က Antonio Guterres ထံကို နှစ်ဖက်စလုံးရဲ့မြေပြင်တွေကိုသွားပြီးတော့မှ Report တင်တာကို သူတို့မကြိုက်ဘူး။ မကြိုက်တဲ့အခါကျ တော့ အကြီးအကျယ်တိုက်ခိုက်တာပေါ့။ တိုက်ခိုက်တဲ့အခါကျတော့ ဘာဖြစ်လဲဆိုတော့ ဓမ္မနဲ့ ဝိနိယ ကို ကောင်းကောင်းနားမလည်ဘဲနဲ့ ဓမ္မကို ဆုပ်ကိုင်ထားတယ်ဆိုပြီးတော့မှ အဓမ္မစကားတွေ အမြဲတမ်း ရုတ်ရင်းကြမ်းတမ်းတဲ့စကားတွေပြော၊ အမြဲတမ်းလူတကာကို ဆဲဆို တော်လှန်ရေးဘက်မပါတဲ့ သူမှန်သမျှကို အကုန်လုံးရန်ရှာနေတဲ့ ရန်လိုနေတဲ့ အဲဒီမင်းသုညဆိုတဲ့ ခပ်ချာချာ ပေါ့။ အဲဒီလို ခပ်ချာချာကောင်က ဘာဖြစ်လဲ ဦးဆောင်ပြီးတော့မှ တိုက်ခိုက်တာတွေ ဒါတွေလုပ်ကြတာပေါ့။ ဒီတော့ ဦးဇင်းတို့အနေအထားနဲ့ကတော့ သူတို့ယုံကြည်ရာ သူတို့လုပ်တာကို အပြစ်ပြောစရာအကြောင်းမရှိပါဘူး။ သူယုံကြည်ရာသူလုပ် ဒို့ဘယ်သူကိုမှ မတိုက်ခိုက်ဘူး။ ဒါပေမယ့် ဦးဇင်းက တစ်ခုတော့ရှိတာပေါ့နော် အေး... မင်းတို့ အရှင်ဘုရားလိုစွမ်းရင် သွားပြောကြ၊ ကုလသမဂ္ဂမှာလည်း ကိုယ်တိုင်သွားကြ၊ နောက်ဖေးပေါက်ကပဲ ဝင်ဝင် ရှေ့ဘေးပေါက်ကပဲ ဝင်ဝင်၊ စွမ်းတယ် ထင်ရင် ကုလသမဂ္ဂတို့၊ EU တို့၊ အာဆီယံတို့ကိုသွားပြောကြ။ ဒီကုလသမဂ္ဂ တို့၊ အာဆီယံတို့၊ EU တို့ဆိုတာ ကျုပ်အဖို့က အမြဲတမ်းဆက်သွယ်ပြီးတော့မှဆောင်ရွက်နေတာ မြန်မာပြည်မှာ စစ်ကောင်စီဘက်ပါမယ်ဆိုရင် တော့ ဒီလိုနေရာမျိုးတွေမှာ ဝင်/ထွက် သွား/လာလို့မရဘူး။ တော်လှန်ရေးသမား ဘက်ပါရင်လည်း ကျုပ်တို့က တော်လှန်ရေးဘက်ပါတယ်ဆိုပြီး ဝင်/ထွက် သွား/လာလို့မရဘူး။ ကမ္ဘာကြီးက ဘယ်လိုလူတွေက ငြိမ်းချမ်း စေချင်တယ်၊ ဘယ်လိုလူတွေက ဘက်မပါဘူးဆိုတာ သူတို့သိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာ့ကုလသမဂ္ဂ တို့၊ အာဆီယံတို့၊ ဥရောပသမဂ္ဂတို့ဆိုတာ ကျုပ်ရဲ့အမြဲတမ်းမဟာမိတ် မိတ်ဆွေတွေ ရှိတယ်။ အခုလည်း ဒီလို Blame တဲ့သူတွေ၊ ဆဲဆိုရမ်းကားတတ်တဲ့သူတွေက ဒီမိုကရေစီနဲ့ဆန့်ကျင်ဘက်ဖြစ်နေကာ၊ ဒီမိုကရေစီလို့ ပြောပြီး တော့မှ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်တွေကိုလုပ်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်နေပြီ။ ဒီတော့ လောကကြီးထဲမှာ ခြောက်တိုင်းသာကြောက်နေရရင် ဘယ်မှာနေစရာရှိတော့မလဲ ဒကာကျော်မျိုးမင်းရဲ့။ ခြောက်တိုင်းသာ ကြောက်ရ တယ်ဆိုတာ ခပ်ညံ့ညံ့လူစားတွေကြောက်ရတာ။ အဲဒီလိုခြောက်နေတဲ့လူတွေဟာ ဘာလဲဆိုတော့ သူတို့ရဲ့ လွဲမှားနေတဲ့အယူအဆတွေကို တကယ့်ကမ္ဘာ့နိုင်ငံပေါင်းစုံက ပုဂ္ဂိုလ်တွေသိသွားမှာ စိုးရိမ်တယ်။ ကျုပ်တို့ စစ်တပ်ဖက်လည်း အားမပေးဘူး။ တော်လှန်ရေးဘက်လည်း အားမပေးဘူး။ ဘာကြောင့်လဲဆိုတော့ လူသတ်ဝါဒတွေ လုပ်နေကြတယ်၊ အကြမ်းဖက်ဝါဒတွေ လုပ်နေကြတယ် အဲဒီအကြမ်းဖက်ဝါဒတွေ လုပ်နေတာ တွေ နှစ်ဖက်စလုံးကရပ်တန့်ဖို့အတွက် ကမ္ဘာ့ကုလသမဂ္ဂကိုသွားပြောတယ်ဆိုတော့ တီကို ဆားနဲ့ပတ်၊ မျှော့ ကို ဆားနဲ့ပတ်၊ ကျွတ်ကို ဆားနဲ့ပတ်သလို ဆွေ့ဆွေ့ခုန်သွားတာ ဒါကတော့မဆန်းပါဘူး ဒကာကျော်မျိုးမင်းရေ။

မေး ။ ။ ဒီနေ့နိုင်ငံရေးအခင်းအကျင်းကိုကြည့်လိုက်တဲ့အခါမှာ ၂ဝ၂၁ နိုင်ငံရေးအခင်းအကျင်းကြီးဖြစ်လာတဲ့ နောက်ပိုင်းကနေစပြီးတော့ တပည့်တော်တို့သတိထားမိလိုက်တဲ့အချိန်မှာ သံဃာတော်အပါး(၅၀)ကျော်က လုပ်ကြံသတ်ဖြတ်ခံထားရပါတယ် ဘုရား။ လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက်မှာတော့ တပည့်တော်တို့က ဘာကို သွားတွေ့ရလဲဆိုတော့ ဒါကိုလည်း လူထုကအမှန်အတိုင်း သေသေချာချာသိခွင့်မရကြပါဘူး ဘုရား။ လူထုက တော်တော်များများ အဲဒီကိစ္စကို မေ့နေကြတယ်၊ သတိလည်းမထားမိကြပါဘူး ဘုရား။ ဆိုတော့ ဒီနေရာမှာ တစ်ဖက်ထဲ တပည့်တော်တွေးလိုက်မိတာကတော့ ဗုဒ္ဓဘာသာသာသနာတော်ပေါ့နော် သာသနာကိုလည်း ပျောက်ကွယ်ဖို့အတွက်ကို နိုင်ငံတကာအဖွဲ့အစည်းတွေက ရည်ရွယ်ချက်ရှိရှိလုပ်တယ် နိုင်ငံရေးသမားတွေက ရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုတဲ့စကားမျိုးလည်း ဆရာတော်ဘုရားက မိန့်ကြားဖူးတာလည်းရှိတော့လေ ဒါလေး တွေနဲ့ဆပ်စပ်ပြီးတော့ လူထုကိုသိသင့်တာလေးတွေ ထပ်ပြီးတော့ မိန့်ကြားပေးလို့ရမလား ဘုရား။
ဖြေ ။ ။ ရတာပေါ့ ဒကာကိုကျော်မျိုးမင်းရေ။ ဘာကြောင့်လဲဆိုတော့ ဦးဇင်က နိုင်ငံတကာစက်ဝန်းထဲမှာ ဆယ်စု နှစ်တစ်ခု ကျော်ပြီပေါ့။ တစ်စုခွဲလောက်ပေါ့ ၁၅ နှစ်လောက်ပေါ့။ ဒီ interfaith section တွေ၊ နောက်ပြီးတော့ dialogue တွေ၊ နောက် Peace Process တွေ နောက်ပြီးတော့မှ NGO တွေ၊ INGO တွေ၊ နိုင်ငံပေါင်းစုံက အဖွဲ့အစည်းတွေ၊ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ ကုလသမဂ္ဂဆိုလို့ရှိရင်လည်း United Nation Global Compact Leader အဖွဲ့ အစည်း တွေ၊ Organizations တွေ၊ ကမ္ဘာအရပ်ရပ်မှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ နိုင်ငံရေး သမားတွေ၊ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ မတူကွဲပြားတဲ့ လူ့အဖွဲ့ အစည်းတွေနဲ့ပေါင်းသင်းဆက်ဆံလာတာ ၁၅ နှစ်လောက် ရှိပါပြီ။ အဲဒီ ၁၅ နှစ်လောက်အတွေ့အကြုံ အတော အတွင်းမှာ ဒီနိုင်ငံတကာကလူတွေဆိုတာ တကယ့် Educated Person ပညာတတ်တဲ့လူတွေက ပညာမဲ့တဲ့သူတွေ ကိုစည်းရုံးတဲ့အခါမှာ သိပ်လွယ်တယ်။ သူကဘာလဲဆိုတော့ ဒီမြန်မာ့လူ့အဖွဲ့အစည်းက လူတွေက ယုံလွယ်တယ်၊ နောက်ပြီးတော့မှ ခံစားချက်ပြင်းတယ်။ အဲဒီတော့ မကျေနပ်ချက်ပြင်းတဲ့အခါကျတော့ ဒီလိုတော်လှန်ရေးဖြစ်လာ တဲ့အချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာရဲ့ အင်အားတွေ ကြီးထွားလာတာကို မလိုလားကြဘူး။ မလိုလားကြတဲ့ အခါကျတော့ မြန်မာလူ့အဖွဲ့အစည်းက စစ်အာဏာရှင်စနစ်ကိုမကျေနပ်နေကြတဲ့အချိန်မှာ ရဟန်း၊ သံဃာဆိုတာ နဂိုထဲက မေတ္တာသမားတွေ ပြည်သူ လူထုမျှော်လင့်ထားသလောက် လုပ်မပေးနိုင်ကြဘူး လုပ်မပေးနိုင်တဲ့အခါ အားမလိုအားမရဖြစ်ပြီးတော့ အဲဒီမှာ ရဟန်း၊ သံဃာတွေကို စပြီးတော့မှ ဆဲလာတယ်၊ ပြစ်တင်လာတယ်၊ ဝေဖန်လာတယ်၊ ရှုံ့ချလာတယ်၊ မကောင်းတဲ့ သံဃာတွေလည်း ရှိပါတယ်။ မကောင်းတာတွေရှိတိုင်း အကုန်လုံးကောင်းတာတွေပါ ရောပြီးတော့မှ ဒါမျိုးတွေ အပြစ်ပုံချတာမျိုးက သဘာဝမကျဘူး။ အဲဒီလိုအခြေအနေမျိုးမှာ နိုင်ငံတကာရဲ့ International Organizations တွေက မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ လူတွေက မြန်မာ့ လူ့အဖွဲ့အစည်းကိုတော်လှန်ရေးနဲ့အတူ မကျေနပ်နေကြတဲ့သူတွေကို မင်းတို့ဘုန်းကြီးတွေက စစ်တပ်နဲ့ ပေါင်းနေ တာ စစ်တပ်နဲ့တစ်ဂိုဏ်းထဲပဲဆိုတဲ့ ဆဲလ်တွေပစ်ထည့်တာ၊ ဂျင်းပါးပါးထည့်လိုက်တာပေါ့။ ဂျင်းပါးပါး ကောက်ထည့်လိုက်တာ အဲဒီဂျင်းကိုဝါးပြီးတော့ မှ ဗမာတွေက social media ကိုအသုံးချပြီး ဘုန်းကြီးမှန်သမျှ စောက်သုံးမကျတဲ့ပုံစံမျိုးဖြစ်အောင်ဆဲဆို။ အဲဒီ ဆဲဆိုတဲ့အဆင့်တွေကနေ ဘာဖြစ်လာလဲဆိုတော့ဟာ ဘုန်းကြီးတွေ က တပ်နဲ့ပတ်သတ်တယ် “သတ်” ဒီလိုအဆင့်တွေဖြစ်တယ်။ အဲဒီတော့ ဘုန်းကြီးအပါးပေါင်း (၅ဝ) ကျော်ထိ အသတ်ခံရတာကို တစ်တိုင်းပြည်လုံးက ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေက သတင်းစကားလေးတောင် မပြောရဲဘဲနဲ့ ငြိမ်ခံနေရတဲ့အဆင့်။ အဲဒီတော့ ခုကျုပ်က ဒီကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ထံထိအောင် ကျုပ်လက်မှတ်ရေး ထိုးပြီးတော့မှ ပို့ခဲ့ပြီ။ အေး Antonio Guterres ရေ အဲဒီတော့ တို့တိုင်းပြည်မှာ ဒီလိုတွေဖြစ်နေတယ်။ အကြောင်း အမျိုးမျိုးကြောင့် ငါ့ကိုခြိမ်းခြောက်တဲ့လူတွေ သတ်ဖြတ်တဲ့သူတွေရှိခဲ့ရင်လည်း အဲဒီလူတွေက အကြမ်းဖက်သမား တွေပဲ။ အဲဒီတော့ မင်းအဲဒါကိုတော့ မင်းတို့ ကမ္ဘာကြီး သိအောင်တော့ ငါ့ကိုယ်စား Declaration လုပ်ပေးရမယ် ဆိုပြီးတော့မှ ကျုပ်က တရားဝင်ပြောခဲ့ပြီးပြီ။ ဒါကြောင့်မို့လို့ တချို့ကိစ္စတွေမှာ အကြမ်းဖက်တာကို အကြမ်းဖက် မှန်းသိသိ ဒီလိုဖြစ်ပေါ်လာအောင် နိုင်ငံတကာက အဖွဲ့အစည်း တွေတချို့က ဆဲလ်တွေ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ မြန်မာလူမျိုးတွေရိုးတယ်၊ အ တယ်၊ မခံချင်စိတ်များတယ်။ အဲဒီတော့ မခံချင်စိတ်များတဲ့သူတွေကို သူတို့က ဂျင်းပါးပါးထည့်ပြီးတော့မှနော် ဂျင်းပါးပါး ထည့်တဲ့နေရာကနေ ဂျင်းထူထူ ထည့်ပြီးတော့မှ သတ်တဲ့ဖြတ်တဲ့အဆင့် ထိအောင် တွန်းအားပေးလိုက်တော့ ဘာဖြစ်လာလဲဆိုတော့ ဒီနိုင်ငံရေးသမားယောင်ယောင်၊ တော်လှန်ရေးသမား ယောင်ယောင်တွေက သူတို့စိတ်ထဲမှာ ဘီလူးစိတ်ဝင်တယ်။ ဘီလူးစိတ်ဝင်ပြီးတော့မှ မဲမဲမြင်ရာ အကုန်ဆွဲကိုက်ပြီး တော့မှ သတ်မယ်၊ ဖြတ်မယ်အဆင့်တွေ ရောက်လာတာ။ ဒါကြောင့်မို့လို့ ဒီဟာက မြန်မာ့လူ့အဖွဲ့အစည်းထဲတွင် သာဖြစ်တာမဟုတ်ဘဲနဲ့ နိုင်ငံတကာရဲ့နောက်က လက်မဲကြီး တွေ မြောက်များစွာပါတယ်ဆိုတာ ဦးဇင်းက အခိုင်အမာပြောခြင်းဖြစ်ပါတယ် ဒကာတော် ကျော်မျိုးမင်းရေ။

မေး ။ ။ အဲဒီမှာလည်း တစ်ခုကို တပည့်တော်တို့သတိထားမိလိုက်တာ တစ်ချက်ရှိပါတယ် ဘုရား။ ခုနက ဆရာတော်ပြောတဲ့အထဲမှာလည်း ပါပါတယ်။ ဒီဗုဒ္ဓဘာသာနဲ့ စစ်တပ်ကို တစ်ဖက်ထဲပဲဆိုပြီးတော့ မြင်အောင် တွန်းပို့တဲ့သူတွေရှိတယ် ဘုရား။ ပြီးတော့ အဲဒီလိုတွန်းပို့ပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာနဲ့စစ်တပ်ကို တစ်ဖက်ထဲပဲမြင် အောင်တွန်းပို့ပြီးတော့ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုပေါ့ တပည့်တော်တို့နိုင်ငံရဲ့တကယ့်ကိုချစ်စရာ ကောင်းတဲ့ဓလေ့တွေပေါ့။ ရိုက်ချိုးဖျက်ဆီးတဲ့သဘောမျိုးကို အရှေ့ကိုတွန်းပို့နေတာကို တွေ့ရပါတယ် ဘုရား။ အရှင်ဘုရားရော ဒီမြင်ကွင်းမျိုးကို သတိထားမိပါရဲ့လား ဘုရား။ ဘာများပြောချင်ပါသလဲဘုရား။
ဖြေ ။ ။ ဒီမြင်ကွင်းကိုစပြီးတော့မှ တပ်က အာဏာမသိမ်းခင်ထဲက ဒါတွေကျုပ်တို့ကမြင်နေပြီ။ ဘယ်ကာလလဲ ဆိုတော့ ပြီးခဲ့တဲ့ ၅ နှစ် NLD အစိုးရလက်ထက်မှာထဲက ဒီပုံရိပ်တွေက စလာနေတာ ကျုပ်တို့ကိုယ်တိုင်သိတယ်။ ကျုပ်ကသာ အဲဒီ မဘသ ဆိုတဲ့အဖွဲ့အစည်းထဲမှာ ကျုပ်မပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့ မဘသ အဖွဲ့အစည်းထဲမှာ ကျုပ်ကိုယ်တိုင်မပါဘူး။ ဒါပေမယ့် ကျုပ်သည် ရဟန်းတစ်ပါးဖြစ်တဲ့အတွက် တိုင်းပြည်ချစ် တယ်။ လူမျိုးချစ်တယ်။ ကျုပ်တို့လူမျိုးဆိုတာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးလုံးကို ခေါ်ဆိုတဲ့လူမျိုး။ ဘာသာဆိုတဲ့ နေရာမှာလည်း ဓမ္မနဲ့အညီ ဘဝတွေကိုရှင်သန်ဖြတ်သန်းကြတဲ့ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ အစ္စလာမ်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ် အားလုံးပေါ်မှာတန်ဖိုးထားတယ်။ မတူကွဲပြားတဲ့လူ့အဖွဲ့အစည်းကို ဒီလိုတန်ဖိုး ထားတတ်တဲ့ရဟန်းတော်တစ်ပါးထဲမှာ ကျုပ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံမှာ မည်သည့်အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ် ဥပဒေအရခွင့်ပြုပေးရတယ်။ ကျော်မျိုးမင်းမကောင်းရင် ကျော်မျိုးမင်းကို ဥပဒေအရဖမ်းပြီးတော့မှ ထောင်ချပိုင်ခွင့် ရှိတယ်။ ဦးသောဘိတ မကောင်းရင် ဦးသောဘိတကို ဥပဒေအရ တိုင်းပြည်ရဲ့ဥပဒေအရ ကျူးလွန် မှုရှိတယ်ဆိုရင် ထောင်ချပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် အဖွဲ့အစည်းကြီးတစ်ခုလုံးကို ဖြိုဖျက်ပြီးတော့မှ မဘသ မလိုဘူး ဆိုတာမျိုးလည်း ဒါအဲဒီထဲက စပြီးတော့ မှားတော့တာပဲ။ ဘာကြောင့်လဲ အဲဒီနောက်မှာလည်း သူကဆဲလ်တွေရှိနေ တယ် အဲဒီစကားက ဘယ်သူကပြောခဲ့တာလဲဆိုတော့ ရန်ကုန်တိုင်းက ဖြိုးမင်းသိန်းပြောခဲ့တာ။ ဖြိုးမင်းသိန်း ပြောခဲ့တဲ့ အချိန်ထဲကစပြီး ဒါတွေကဘာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ ဒီ social capital လို့ခေါ်တဲ့ လူမှု့အရင်းအနှီးမှာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာ၊ ကိုးကွယ်ယုံကြည်မှုတွေကိုဖြိုချဖို့ရာအတွက် ဒါ plan အကြီးကြီးရှိခဲ့ကြတာ ပေါ့နော်။ အဲဒီတော့ အဲဒီကနေ စခဲ့တဲ့ဟာတွေက တပ်မတော်က စစ်တပ်ဘက်က အာဏာသိမ်းတဲ့အချိန်အခါ ကာလမှာ ဘာဖြစ်လာလဲဆိုတော့ လူထုရဲ့နာကျင်မှုနောက်မှာ ရဟန်းသံဃာတွေကို အဓိကပစ်မှတ်ထားပြီးတော့မှ နိုင်ငံတကာအဝန်းအဝိုင်းတွေက လူတွေက (၁) အချက် media နဲ့ပံ့ပိုးတယ်၊ (၂) အချက် ဒေါ်လာနဲ့ပံ့ပိုးတယ်၊ (၃) အချက်က တော်လှန်ရေးကိုအကြောင်းပြပြီးတော့ တွန်းအားဖြစ်အောင် ပံ့ပိုးတယ်ဆိုတဲ့အချက်တွေကို မြင်နေရ တယ်။ အဲဒီတော့ တို့တိုင်းပြည်ဟာ ထောင်စုနှစ်နဲ့ချီတဲ့ယဉ်ကျေးမှုနောက်မှာ ဆရာနဲ့တပည့်ဆက်ဆံရေး၊ မိဘနဲ့ သားသမီးဆက်ဆံရေး နောက်ပြီးတော့မှ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေရဲ့ဆက်ဆံရေးမှာ အင်မတန်မှယဉ်ကျေးခဲ့ကြတယ်။ အင်မတန်မှတန်ဖိုးထားခဲ့ကြတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမြစ်ကနေ တူးလှန်တဲ့ပုံစံမျိုးဖြစ်အောင်၊ ပျက်စီးသွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးကိုအယောင်ပြပြီးတော့မှ နောက်က ဒေါ်လာစီးကြောင်းတွေနဲ့ ဒေါ်လာစီးကြောင်းတွေ၊ Media စီးကြောင်းတွေနဲ့လုပ်ပေးကြတာ ဒါငြင်းလို့မရဘူး။ အဲဒီ အဖွဲ့အစည်းထဲမှာ များသောအားဖြင့် MIZZMA တို့၊ DVB တို့နော်၊ သူတို့လည်း အဓိကပါတယ်။ ခေတ်သစ်တို့၊ Myanmar Now က ဆွေဝင်းတို့ ဒီကောင်တွေလည်း ပါတယ်။ အဲဒီတော့ ပြောချင်တာက သူတို့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမဟုတ်ဘူး။ ဗုဒ္ဓသာသနာတော်နဲ့ ငြိမ်းချမ်းရေး၊ ပညာရေးနဲ့ တို့နိုင်ငံရဲ့ထောင်စုနှစ်နဲ့ချီတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေကို ဖျက်ဆီးတဲ့လူတွေမှန်သမျှ တို့ကဒါကိုရဲရဲဝံ့ဝံ့ပြောရဲရမယ်။ အဲဒါ Revolution။ ဒါကြောင့်မို့လို့ ငါအမြဲတမ်း ငါ့တပည့်တွေရှေ့မှာပြောတယ်၊ အကြောက်တရားတွေကိုတော်လှန်ရင်းနဲ့ ကြောက်နေ ရတဲ့လောကကြီးထဲမှာ ဘာကြောင့်မို့လို့အမှန်တရားတွေကို မပြောရဲရမှာတုန်း။ အမှန်တရားတွေကိုမပြောရဲတဲ့ အခါကျတော့ မမှန်တဲ့တရားတွေ၊ အဓမ္မတရားတွေ လွှမ်းမိုးလာပြီးတော့မှ လက်နက်ကိုင်တဲ့လူတွေရဲ့ လုပ်သမျှကို ကြောက်နေရပြီဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းကြီးဟာ social capital ကြီး တစ်ခုလုံးပျက်စီးသွားပြီ။ ဒါကြောင့်မို့လို့ အဲဒီလိုမှားယွင်းတဲ့စနစ်တွေကို တို့ထောက်ပြပေးတဲ့ Statemen တွေ၊ States Novel Person တွေ၊ States Person တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ ဘက်ပေါင်းစုံကနေပြီး တော့မှ အင်အားရှိတဲ့လူတွေက ဒီအသံကိုထွက်ပေးရမယ်။ ဒါကိုလည်း ကုလသမဂ္ဂက ငါ့ကိုလည်းအကြံပြုတယ်။ အမေရိကန်အစိုးရကလည်း အကြံပြုတယ်။ အဲဒီတော့ ဟုတ်ပြီ အဲဒီလိုအင်အားရှိတဲ့ပုဂ္ဂိုလ်တွေက တိုင်းသိ ပြည်သိ ဒီလို statement တွေ ထုတ်ပြန်ပြီးတော့မှ ပြောဆိုမှသာလျှင် လူတွေကနားလည်ကြမှာ။

“ခေတ်အဆက်ဆက် မြန်မာပြည်ရဲ့သမိုင်းမှာ ဘုန်းကြီးအပါး လေး၊ ငါးဆယ်လောက်ကို သတ်ဖြတ်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး”
မြန်မာပြည်လွတ်လပ်ရေးရပြီးကာစ ကွန်မြူနစ်ခေတ်ကတောင် တစ်ပါးလောက်ပဲ ကြားဖူးတယ်။ အခုအပါး လေး၊ ငါးဆယ် ကို သတ်တာတောင်မှ ပြည်သူလူထုရော ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေရောက တစ်စုံတစ်ရာပြန်မပြောရဲတဲ့ အနေအထားတစ်ခုကိုရောက်နေရတာ ဒကာကျော်မျိုးမင်းရေ မင်းသာစဉ်းစားကြည့်ပါ။ အဲဒါကြောင့်မို့လို့ ဒီလို စနစ်ဆိုးတွေကို တို့ကပြန်လည်ပြီးတော့မှ နည်းမှန်ကမ်းမှန်နဲ့ပြန်လည်ပြီးတော့ ပြည်သူလူထုသိအောင် ပြောပြခြင်း ဟာ ဒါတော်လှန်ရေးတစ်မျိုးပဲ။

မေး ။ ။ အဲဒီတော့ ဘုန်းဘုန်းဘုရား စစ်တပ်ကိုရော တစ်ဖက်က စင်ပြိုင်အစိုးရလို့ပြောတဲ့ NUG ကိုရော နောက်လက်နက်ကိုင်ပြီးတော့ အကြမ်းဖက်သတ်ဖြတ်နေတဲ့လူတွေကိုရော သူတို့ကိုအကုန်လုံးကိုရော ဘုန်းဘုန်း အနေနဲ့ ဘယ်လိုအသိသတိတရားဝင်အောင်လို့ ဘုန်းဘုန်းအနေနဲ့ ဘယ်လိုမိန့်ကြားချင်ပါလဲဘုရား။ သူတို့ အသိ၊ သတိ တရားဝင်ဖို့ပေါ့။
ဖြေ ။ ။ ရှေးဦးစွာတော့ တိုင်းရင်းသားလက်နက်ကိုင်လို့ခေါ်တဲ့ NCA အဖွဲ့တွေပေါ့။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေကို အရင်ဆုံးပြောချင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးဟာ EAO တွေ EAO တွေက NCA လက်မှတ်ရေးထိုးထားတဲ့ ပုဂ္ဂိုလ်တွေရော၊ မထိုးရသေးတဲ့ ပုဂ္ဂိုလ်တွေရောပေါ့ EAO တွေ အားလုံးဟာ သူတို့လွတ်လပ်ရေးရပြီးတဲ့ကာလထဲက လက်နက်ကိုင်လမ်းစဉ်ကို သူတို့ဆုပ်ကိုင်လာကြတာ။ အဲဒီ တော့ လက်နက်ကိုင်လမ်းစဉ်ကိုဆုပ်ကိုင်လာကြပြီးတော့မှ စစ်တပ်နဲ့နှစ်ပေါင်းများစွာ သူတို့တိုက်လာကြတာ နှစ်ပေါင်း (၇ဝ) ကျော်နီးပါးလောက် ရှိလာပြီ။ နှစ် (၇ဝ) လောက် လက်နက်ကိုင်ပြီးတိုက်လာကြတာ ခုချိန်ထိ တပ်မတော်ဆိုတာလည်း မြန်မာပြည်ကနေပျောက်ကွယ်သွားတာ မဟုတ်ဘူး။ အဲဒီတော့ သူတို့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း မိမိတို့ရဲ့အခွင့်အရေးတွေ တောင်တန်းပြည်မအခွင့်အရေးတွေကို မျှမျှတတနဲ့ ဆွေးနွေး အကြံပြုပြီးတော့မှ လက်နက်ကိုင်လမ်းစဉ်ကနေပြီးတော့မှ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကိုသွားဖို့အတွက် အတ္တတွေ၊ မာန်မာနတွေ လျော့ဖို့၊ အဲဒီကနေပြီးတော့မှ ကချင်က ကချင့်နိုင်ငံတော်တည်ထောင်ချင်တယ်၊ ရှမ်းက ရှမ်း နိုင်ငံတော်တည်ထောင်ချင်တယ်ဆိုရင်တော့ ဒါမြောက်မြန်မာ၊ တောင်မြန်မာ၊ အရှေ့မြန်မာ၊ အနောက်မြန်မာ ဖြစ်နေမှာ ဘယ်တော့မှတိုက်ပွဲတွေလည်း ပြီးမှာမဟုတ်ဘူး။ အခုသွားနေတာက တချို့က အဲဒီလိုသွားနေတာရှိ တယ်။ ဒါကြောင့်မို့ EAO တွေပေါ့ကွာ KIA တို့၊ KIO တို့အပါအဝင် နောက်ဘက်မှာဆိုလည်း ရခိုင်က ထွန်းမြင့်နိုင် တို့အပါအဝင်ပေါ့ ဟိုဘက်ဆိုလည်း KNU က ပုဂ္ဂိုလ်အပါအဝင်အားလုံးကို ဘုန်းဘုန်းက မေတ္တာရပ်ခံချင်တာက တစ်အူတုံဆင်းတို့မောင်နှမအရင်းတွေ လူသတ်ဝါဒတွေကိုစွန့်လွှတ်ပြီးတော့မှ ကိုယ်လိုချင်တဲ့ဟာတွေကို အချင်းချင်းညှိပြီးတော့မှ ဖက်ဒရယ်နိုင်ငံတော်ကိုသွားဖို့အတွက် ဒါကိုတော့ တိုက်တွန်းချင်တယ်။ အဲဒါက EAO တွေကိုတိုက်တွန်းတာ။ အဲဒီတော့ ကရင်ရော ဟိုဘက်က KIA က ဟိုကောင်တွေ ဂွမ်မော်တို့အုပ်စုရော အနောက် ဘက်က ထွန်းမြင့်နိုင်တို့အုပ်စုတွေကိုလည်း ငါကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော်တစ်ပါးအဖြစ် တိုက်တွန်း တယ်ပေါ့။ အဲဒီတော့ ဘာလုပ်လုပ် ကိုယ့်တိုင်းရင်းသားတွေအချင်းချင်း ကိုယ့်ပြည်သူတွေအချင်းချင်း သတ်ဖြတ်နေ တာကြီးကို ဘာကြောင့်မို့လို့ မင်းတို့သွေးဆာနေကြတာတုန်း အားလုံးက အပြုသဘောဆန်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ဘက်ကိုဦးတည်ကြဖို့အတွက် ဒါလေးတော့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ လူကြီးမင်းများကိုလည်း မေတ္တာရပ်ခံပါတယ်။ ဒါကသူတို့ဘက်၊ နောက်တစ်ချက်က လက်ရှိ NUG က NUG နဲ့ PDF ပေါ့ NUG မှာလည်း မန်းဝင်းခိုင်သန်းတို့ နောက်ပြီး ဒူဝါလရှီးလတို့ နောက်ပြီးတော့မှ ရည်မွန်တို့၊ ဇင်မာအောင်တို့၊ ဆာဆာတို့အားလုံး ပေါ့ကွာ။ သူတို့တာဝန်ရှိကြတဲ့ NUG က ထိပ်သီးခေါင်းဆောင်တွေ။ ဘာကြောင့်မို့လို့ မင်းတို့တော်လှန်ရေးကို နည်းမှန် လမ်းမှန် မလုပ်ကြတာတုန်း။ တော်လှန်ရေးကို နည်းမှန်ကမ်းမှန်လုပ်ပြီးတော့မှ ဂုဏ်သိက္ခာရှိရှိနဲ့နော် လက်နက် ကိုင်အချင်းချင်းဖြစ်သွားတဲ့အခါမှ မင်းတို့စားပွဲပေါ်မှာတွေ့ဆုံဆွေးနွေးတဲ့အခါမှာ ပိုတောင်မှ အားကောင်းပါသေးတယ်။ အဲဒီတော့ ရည်မွန်တို့အုပ်စုရော၊ ဒူဝါလရှီးလတို့၊ မန်းဝင်းခိုင်သန်းတို့ရော၊ ငါသူတို့ကို တစ်ချိန်က ငါသိခဲ့တဲ့ပုဂ္ဂိုလ်တွေ ဇင်မာအောင်တို့အားလုံးကို မေတ္တာရပ်ခံချင်တာက အဲဒီတော့ တကယ့် ပြည်သူ လူထုကို သတင်းအမှားတွေမဖြန့်ကြဘဲနဲ့ တော်လှန်ရေးကိုရည်ရွယ်ချက်ရှိရှိနဲ့လုပ်ကြတယ်ဆိုရင်လည်း ပြည်သူ လူထုကို ဒုက္ခမပေးဘဲနဲ့ဆောင်ရွက်ကြဖို့ အထူးတိုက်တွန်းလိုတာပေါ့နော်။ အဲဒီတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို သတ်ဖြတ်ပြီးတော့မှ နိုင်ငံခြားကနေ ဒေါ်လာစီးကြောင်းထဲရောက်အောင် လုပ်နေကြ မယ့်အစား မင်းတို့ကမ္ဘာကြီးပေါ်မှာ ဘယ်လောက်ပဲပြောပြော မင်းတို့ကမ္ဘာကြီးပေါ်မှာသာ ပတ်လိမ်လို့ရမှာ ပြည်တွင်းဘက်မှာ လိမ်ယူလို့မရဘူး။ ငါတို့ကမြေပြင်မှာ စစ်ကိုင်းတိုင်းမှာနေတာ ပိုသိတယ်နော်။ ဒါကြောင့်မို့လို့ NUG က ထိပ်သီးခေါင်းဆောင်တွေ ဒူဝါလရှီးလတို့အပါအဝင် မန်းဝင်းခိုင်သန်းတို့၊ ရည်မွန်တို့၊ နောက်ပြီးတော့မှ ဒေါ်ဇင်မာအောင်တို့အကုန်လုံးပေါ့ ဆာဆာတို့ရော ငါတောင်းပန်တာကတော့ နည်းမှန်ကမ်းမှန်နဲ့ စနစ်တစ်ခုကို သွားနိုင်ဖို့အတွက် သတင်းအမှား တွေဖြန့်ဝေနေကြမယ့်အစား Social media တွေနဲ့ Social Influencer ပေါ့။ အဲဒီလိုလူတွေကို အသုံးချပြီးလုပ်နေကြမယ့်အစား တကယ့် target ကို ရည်ရွယ်ချက်ရှိရှိနဲ့ တော်လှန်ရေးရဲ့ သဘောကို နည်းမှန်ကမ်းမှန်နဲ့သွားပြီးတော့မှ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရောက်အောင် ဘယ်လိုအားပြိုင်မလဲ ဆိုတာမျိုးကို စဉ်းစားကြပါလို့ အထူးမေတ္တာရပ်ခံချင်ပါတယ်။ ဒါက NUG နဲ့ PDF ကိုပြောတဲ့ မေတ္တာရပ်ခံတဲ့စကား။ နောက်ပြီး တပ်မတော် လို့ပဲ ခေါ်ခေါ်၊ စစ်တပ်ပဲခေါ်ခေါ်ကွာ စစ်ကောင်စီပဲခေါ်ခေါ်ပေါ့၊ အတူတူတော့ အတူတူပါပဲ။ အဲဒီတော့ မြန်မာ့သမိုင်းတစ်လျှောက်ကိုကြည့်ရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အပါအဝင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့အပါအဝင်ပေါ့၊ အဲဒီတော့ တိုင်းပြည်ရဲ့ပြဿနာကြီးဟာ အခုတစ်နှစ်ခွဲကျော် ကြာပြီ တိုင်းပြည်မှာ တရားဥပဒေ ဘယ်နား မှာမှ မရှိတော့ဘူး။ တရားဥပဒေမရှိတော့တဲ့အတွက် ပြည်သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ အကုန်ပျက်စီး သွားပြီ ကမ္ဘာကြီးကလည်း မြန်မာဆိုလို့ရှိရင်နော် နှာခေါင်းရှုံ့ တယ်။ အဲဒီတော့ အဲဒီလိုအခြေအနေမှာ သံခင်းတမန်ခင်းဆိုတာ သိပ်အရေးကြီးပါတယ်။ အဲဒီတော့ သံခင်းတမန်ခင်းကို စနစ်တကျမသုံးချတတ်။ ဒီတော့ ဘာဖြစ်လဲဆိုရင် ဘေးနားကလူတွေပြောတဲ့ အားလုံးကနေမြှောက်ပင့် ပြီးတော့မှ အဘ..အဘ ဟုတ်ကဲ့ ဒါကမှန်နေပြီ၊ ဒါကတော်နေပြီ.. ဒါမျိုးပေါ့နော်။ အဲဒါမျိုးတွေကိုလည်း နားမယောင်ဖို့ သိပ်အရေးကြီးတယ်။ ဒါလူကြီးလုပ်ကြတဲ့ပုဂ္ဂိုလ်တွေ သေချာစဉ်းစားဖို့လိုတာပေါ့နော်။ အဲဒီတော့ EAO ပဲဖြစ်ဖြစ်ကွာ ကချင်ပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ ကယားပဲဖြစ်ဖြစ်၊ ရှမ်းပဲဖြစ်ဖြစ် အကုန်လုံးကမြန်မာနိုင်ငံသားတွေ တိုင်းရင်းသားတွေ NUG ပဲဖြစ်ဖြစ်၊ PDF ပဲ ဖြစ်ဖြစ် အားလုံးကိုသူတို့ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ တရားဝင် ဖိတ်ခေါ်သင့်တယ်။ ပြီးခဲ့တဲ့အတိတ်ကဟာတွေ ကို ခဝါချပြီးခဲ့ပြီ။ ပဋိပက္ခနွံကြီးထဲမှာ မကြာဖို့အတွက် သူတို့ကိုလည်း ငြိမ်းချမ်းရေးစားပွဲဝိုင်းထဲကိုဖိတ်ခေါ်မယ်ဆို ရင်တော့ ဒါအင်မတန်ကောင်းတာပေါ့။ အဲဒီတော့ ငြိမ်းချမ်းရေးစားပွဲဝိုင်းထဲမှာ ဖိတ်ခေါ်ပြီးတော့မှ သေနတ်တွေနဲ့ ယမ်းငွေ့တွေနဲ့အစား မေတ္တာနှလုံးသားတွေနဲ့ ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ ဒါကိုဆွေးနွေးကြရင် အကောင်းဆုံးလို့ ငါတော့အကြံပြုလိုတယ်။ နောက်တစ်ခုက လက်အောက်ငယ်သားတွေ တို့တိုင်းပြည်မှာက ခေတ်အဆက်ဆက်ကွာ အောက်ခြေကနေစပြီး အထက်ကိုလိမ်ပြီးတော့ တင်ပြခဲ့တဲ့ Report တွေ ခေတ်အဆက်ဆက်မှာ အများကြီးကို မှားခဲ့ကြတာ။ အဲဒါက ခုခေတ်မှ မဟုတ်ဘူး ၁၉၄၈ လွတ်လပ်ရေးရပြီးစကာလ အဲဒီကနေမှ ၆၂၊ ဦးနေဝင်း ကာလတစ်လျှောက် ပြီးတော့ ဦးစောမောင်တို့၊ ဦးသန်းရွှေတို့ခေတ်တစ်လျှာက်၊ ပြီးတော့ ဦးသိန်းစိန် ခေတ်တစ်လျှာက်၊ ဒေါ်အောင်ဆန်းစုကြည် ခေတ်တစ်လျှာက် ခေတ်အဆက်ဆက်မှာ အောက်ခြေကလူတွေရဲ့ လွဲမှားတဲ့ Report တွေကြောင့်မို့လို့ အထက်မှာဆုံးဖြတ်ချက်အမှားတွေ တိုင်းပြည်ရဲ့စီးပွားရေးကိစ္စတွေ ပြည်တွင်း ပြည်ပကုန်သွယ်ရေးကိစ္စတွေ ကအစ အကုန်လုံးက ပရမ်းပတာဖြစ်နေပြီ။ အဲဒီတော့ တကယ်တမ်း လက်ရှိ တပ်မတော်ပဲဆိုဆို စစ်ကောင်စီပဲ ဆိုဆိုပေါ့နော်.. ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ ဒုချုပ်ကြီးစိုးဝင်းတို့ကို ဦးဇင်းအနေနဲ့ အထူးမေတ္တာ ရပ်ခံချင်တာက အားလုံးကိုငြိမ်းချမ်းရေး အသံတွေလွှမ်းအောင် ဖိတ်ခေါ်ပေးလိုက်ပါ။ NUG ပဲဖြစ်ဖြစ်၊ PDF ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေပဲဖြစ်ဖြစ် အကြိမ်ကြိမ်အခါခါ ဖိတ်ခေါ်ခြင်းအား ဖြင့် တကယ်လို့ တဖက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုသွားချင်တယ်ဆိုရင် ညှိနှိုင်းကြရမယ်။ တပ်ရဲ့အပိုင်းကဏ္ဍ၊ နိုင်ငံတော်ရဲ့ အပိုင်းကဏ္ဍ၊ ပါတီတွေရဲ့အပိုင်းကဏ္ဍ၊ Civil Society ရဲ့ အပိုင်းကဏ္ဍတွေ အဲဒါလေးတော့ ငါ အထူးမေတ္တာ ရပ်ခံချင်တာပေါ့။ ငါ့မှာလည်း အရဲစွန့်ပြီးပြောရတာပါ။ ဘာကြောင့်လဲဆိုတော့ ငါတို့က တပ်ဖက်မှာလည်း ရင်းနှီး တာမရှိဘူး NUG နဲ့လည်း တိုက်ရိုက်ပတ်သက်တာမရှိဘူး။ PDF နဲ့လည်း ပတ်သက်တာမရှိဘူး။ ငါပတ်သက်တာ တစ်ခုတော့ရှိတယ် ကမ္ဘာ့ကုလသမဂ္ဂတို့၊ အဲဒါတွေနဲ့တော့ ငါက ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်လုပ်နေတော့ ပတ်သက်မှုရှိတယ်။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးသတင်းစကားတွေကို ကုလသမဂ္ဂအထိ သွားပြီးတော့ ငါပြောပေး နေပြီ။ ပြောပေးနေတဲ့အတွက် ဒါဟာ...ဘာလဲဆို တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်၊ ပဋိပက္ခတွေချုပ်ငြိမ်းစေချင် တယ်။ အဲဒီတော့ မြန်မာ့တပ်မတော်ရော၊ EAOs ရော၊ ဒီဘက်က NUG ရော၊ PDF ရော အခုလူသတ်ဝါဒတွေအစား မြန်မာနိုင်ငံသားတွေအချင်းချင်း မေတ္တာနှလုံးသားတွေ ထားပေးကြရင်မကောင်းဘူးလားဆိုတဲ့ ဆုံးမစကားလေး တော့ ငါ ပါးချင်တာပေါ့ကွာ။ ဒါကြောင့် အထူးတိုက်တွန်း ချင်တာက နိုင်ငံခေါင်းဆောင်တွေလို့ ယူဆနေရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၊ ဒူဝါလရှီးလတို့၊ ဟိုဘက်က ဂွမ်မော်တို့၊ ဟိုကောင် ထွန်းမြင့်နိုင်တို့ အပါအဝင် ပေါ့။ ဝတွေရော၊ ရှမ်းတွေရော တိုင်းပြည်ကြီးငြိမ်းချမ်းသာယာ အောင် မင်းတို့ရဲ့အတ္တ၊ မာန်မာနတွေ လက်နက်တွေ ကိုအားကိုးပြီးတော့မှ ရမ်းကားနေကြမယ့်အစား ညီညွတ်ငြိမ်းချမ်းတဲ့အနာဂတ်လမ်းကို ဖော်ဆောင်ပေးကြပါလို့ တော့ မေတ္တာစကားပါးချင်ပါတယ် ဒကာ..ကျော်မျိုးမင်းရေ။

မေး ။ ။ တင့်ပါ့ဘုရား တင့််ပါ့။ နောက်ဆုံးမေးခွန်းလေး တစ်ခုပါဘုရား။ ဘုန်းဘုန်းရှေ့မှာ မိန့်သွားတာလဲရှိတယ် ပညာရေးနဲ့ပတ်သက်ပြီး မိန့်ထားတယ်။ ဘုန်းဘုန်းရဲ့ IBEC မှာ တွေ့ဖူးပါတယ်။ အဲဒီတော့ ပညာရေးနဲ့ ပတ်သက် ရင်လည်း တော်တော်လေး နှိပ်စက်ခံနေရတာလည်းတွေ့ပါတယ်။ ဆရာ/ဆရာမတွေလည်း မနည်းပါဘူး အယောက် ၃၀ လောက် သေဆုံးထားရပါတယ်။ တစ်ချိန်ထဲမှာပဲ တစ်ခါ အဲဒါကိုပဲ သူတို့က ဓမ္မနဲ့ အဓမ္မ ဆိုပြီး ခွဲခြား ထားတာတွေရှိပါတယ်။ အဲဒီတော့ ဆရာတော်ဘုရားခံယူထားတဲ့ ဓမ္မ၊ အဓမ္မ နောက်ပြီး မြတ်ဗုဒ္ဓက သင်ကြား ပေးထားတဲ့ ဓမ္မနဲ့ အဓမ္မက ဘယ်လိုများပြောချင်ပါသလဲ ဘုရား။ အဲဒါလေး ခွဲခြားပြီးတော့ ပြောပေးပါဦး ဘုရား။ အချိန်လေး နည်းနည်းပဲကျန်တော့လို့။
ဖြေ ။ ။ NP News က ဒကာကျော်မျိုးမင်းရေ ဓမ္မ ဆိုတာ ကာယဝိညက်၊ ဝဇီဝိညက်၊ မနောဝိညက် ဆိုတဲ့ ကာယကံ၊ ဝဇီကံ၊ မနောကံ ကံသုံးပါးလုံးမှာ ကိုယ်ကလွဲ၍ တစ်ဖက်သူကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် စကားလုံးနဲ့တောင် မနှိပ်စက်ဘူး။ ကာယကံနဲ့ နှိပ်စက်သတ်ဖြတ်ဖို့ဆိုတာတော့ မင်းမပြောတော့နဲ့။ အဲဒါ စကားလုံး နဲ့တောင် သူများကို Social Punishment မလုပ်ဘူး။ သူများကိုနှိပ်စက်တယ်ဆိုတာစကားလုံးနဲ့ နှိပ်စက်ရင်တောင် အဲဒါ ဓမ္မမဟုတ်ဘူး။ အဲဒါ အဓမ္မ အဲဒါသတ်ဖြတ်ပြီဆိုရင်တော့ မင်းမပြောတော့နဲ့ အဲဒါအကုသိုလ်သိပ်ကြီးတဲ့သူ တွေ။ အဲဒါ ဘယ်သူကနေပဲ ဘယ်သူ့ကိုညှင်းဆဲညှင်းဆဲ၊ ဘယ်သူ့ကနေ ဘယ်သူ့ကိုသတ်သတ် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ ရဟန်းသံဃာတွေ၊ နိုင်ငံဝန်ထမ်းတွေ အကုန်လုံးကို အဲဒီဟာကို ညှင်းဆဲသတ်ဖြတ် နှိပ်စက်တဲ့ဟာမှန်သမျှကတော့ အဲဒါအဓမ္မပဲ။ ဓမ္မကတော့ အပြစ်ကင်းတယ်။ သူများကို ကာယကံ၊ ဝဇီကံ၊ မနောကံ နဲ့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲအောင်မလုပ်ဘူး။ အသက်ကို သတ်ဖို့ဆိုတာ ဝေးရော။ ဒါကြောင့် တို့တိုင်းပြည်က ဘာဖြစ်လဲဆိုတော့ ဓမ္မလို့ကြွေးကြော်ပြီးတော့မှ အဓမ္မဖြစ်နေတယ်။ အဓမ္မလို့ကြွေးကြော်တဲ့သူတွေကလည်း ဓမ္မ တွေကိုလည်း အဓမ္မလို့ကြွေးကြော်ခံရတယ်။ ဒါကြောင့်မို့လို့ တိုင်းပြည်မှာက တို့ငယ်ငယ်တုန်းက မဟော်သဓာ ဇာတ်တော် မင်း..သင်ဖူးမှာပေါ့ကွာ။ မဟော်သဓာဇာတ်တော် သားတရားစီရင်ခန်းမှာ မဟော်သဓာမင်းသားက မိခင်ရင်းနဲ့ ဘီလူးမနဲ့ သားလုခိုင်းတဲ့အခါမှာ မိခင်ရင်းက လျော့ပေးတာပေါ့။ လျော့ပေးလိုက်တော့ သူသားလေး နာကျင်မှာဆိုးလို့ ဆိုပြီးမှ လျော့ပေးတယ်။ အဲဒီတော့ တို့တိုင်းပြည်မှာက မိခင်ရင်း၊ ဖခင်ရင်းလည်း မရှိဘဲနဲ့ အကုန်လုံးက ဘီလူးတွေ သားလုခန်းဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဘီလူးအဆင့်ကနေပြီးတော့ လူစိတ်လေးတွေ ဝင်ဖို့အတွက် ဓမ္မကို မင်းတို့က အဓမ္မ လို့ပြော၊ အဓမ္မကို ဓမ္မလို့ပြောတဲ့ စိတ်လေးတွေကနေ တကယ့်သူများကို မညှင်းဆဲတဲ့ ဓမ္မလမ်းကြောင်းကိုရှင်းရှင်းသိအောင် အရင်လေ့လာကြဦးလို့ ငါကတော့ အဲဒါကို တော်လှန်ရေးလုပ် တဲ့ သူတွေရော၊ လက်နက်ကိုင်တဲ့ သူတွေရော၊ နိုင်ငံရေးသမားတွေရော ဒါပြောချင်တာပေါ့။ ဓမ္မ သည် သူများကို Social Punishment မလုပ်။ ဓမ္မသည် သူများရဲ့ကိုယ်ရေးကိုယ်တာ တိုက်ခိုက်စော်ကားခြင်းမရှိ။ ဓမ္မ သည် သူများ ရဲ့အသက်အိုးအိမ်စည်းစိမ်ရွာတွေကို မီးရှို့ခြင်းမရှိ။ ဓမ္မ သည် သူများရဲ့အသက်ကို မသတ်။ အဲဒါဆိုရင်တော့ အဲဒါ တွေလုပ်နေတဲ့ ကောင်တွေမှန်သမျှက အဓမ္မသမားတွေ အဓမ္မဝါဒီတွေလို့၊ ဒီလိုပဲသတ်မှတ်ရမှာပဲ ကျော်မျိုးမင်းရေ။

မေး ။ ။ တင်ပါ့ဘုရား။ အခုလိုအချိန်ပေးပြီ မိန့်တော်မူပေးတာ ကျေးဇူးတင်ပါတယ်ဘုရား။

Zawgyi Version;
“ဘုန္းႀကီးအပါး (၅ဝ) ေက်ာ္ထိ အသတ္ခံရတာကို တစ္တိုင္းျပည္လုံးရွိ ဗုဒၶဘာသာအဖြဲ႕အစည္းေတြက သတင္းစကားေလးေတာင္ မေျပာရဲဘဲနဲ႔ ၿငိမ္ခံေနရတဲ့အဆင့္” (အင္တာဗ်ဴး)

ေမးျမန္း - ေက်ာ္မ်ိဳးမင္း
ေရးသား - ယြန္း

“အေၾကာက္တရားေတြကိုေတာ္လွန္ရင္းနဲ႔ ေၾကာက္ေနရတဲ့ေလာကႀကီးထဲမွာ ဘာေၾကာင့္မို႔လို႔ အမွန္တရားေတြ ကို မေျပာရဲရမွာတုန္း။ အမွန္တရားေတြကိုမေျပာရဲတဲ့အခါက်ေတာ့ မမွန္တဲ့တရားေတြ၊ အဓမၼတရားေတြ လႊမ္းမိုး လာၿပီးေတာ့မွ လက္နက္ကိုင္တဲ့လူေတြရဲ႕ လုပ္သမွ်ကို ေၾကာက္ေနရၿပီဆိုရင္ ….” ဟု IBEC ဆရာေတာ္ ဦးေသာဘိတ က ျမန္မာ့ႏိုင္ငံေရးႏွင့္ပတ္သက္၊ သက္ဆိုင္သည့္အဖြဲ႕အစည္းအားလုံးကို ေမတၱာရပ္ခံေတာင္းဆို လိုက္သည္။

IBEC ဆရာေတာ္ အရွင္ဘဒၵႏၲေသာဘိတ (စေတာ့ဟုမ္း ကမာၻ႔ၿငိမ္းခ်မ္းေရးဆုရွင္) သည္ လက္ရွိျမန္မာ့ႏိုင္ငံေရး ပဋိပကၡမ်ားၾကား သံဃာေတာ္မ်ားအား လုပ္ႀကံသတ္ျဖတ္ခံေနရမႈမ်ား အပါအဝင္ အျပစ္မဲ့ျပည္သူမ်ား စြပ္စြဲ သတ္ျဖတ္ခံေနရမႈမ်ား ႏွင့္ ျမန္မာ့ႏိုင္ငံေရးအေျခအေနမ်ားကို ကမာၻ႔ကုလသမဂၢ႐ုံးခ်ဳပ္အထိ ၄င္းကိုယ္တိုင္ႂကြကာ ကမာၻ႔ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ႏွင့္ေတြ႕ဆုံၿပီး အိတ္ဖြင့္ေပးစာေပးအပ္ခဲ့သည့္အေၾကာင္းႏွင့္ ပတ္သက္၍ အေျခအေနအေသးစိတ္ကို NP News သတင္းဌာနမွ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္မ်ိဳးမင္း မွ ဆက္သြယ္ ေမးျမန္းခဲ့ပါသည္။

ေမး ။ ။ ဆရာေတာ္ဘုရား မဂၤလာပါဘုရား။ တပည့္ေတာ္ ၿပီးခဲ့တဲ့ရက္ပိုင္းေတြတုန္းက ဆရာေတာ္က ကုလသမဂၢအထိကို ေရာက္သြားတာေတြ႕ခဲ့ရတယ္ ဘုရား။ ဒါေလးနဲ႔ပတ္သက္ၿပီး အဲဒီခရီးစဥ္အေၾကာင္းေလးကို အရင္ဆုံးေျပာျပေပးပါလား ဘုရား။ ခရီးစဥ္ရည္႐ြယ္ခ်က္ေလးေတြေရာေပါ့ ဘုရား။
ေျဖ ။ ။ ဟုတ္ကဲ့ NP News က ဒကာေက်ာ္မ်ိဳးမင္းေရ။ ကမာၻ႔ကုလသမဂၢကိုသြားတာကေတာ့ မသြားခင္ကတည္း က ရည္႐ြယ္ခ်က္ရွိပါတယ္။ ရည္႐ြယ္ခ်က္က ဘာလဲဆိုေတာ့ လက္ရွိျမန္မာျပည္မွာျဖစ္ေပၚေနတဲ့ပဋိပကၡ အထူးသျဖင့္ေတာ့ ႏိုင္ငံေရးပဋိပကၡနဲ႔ ေတာ္လွန္ေရးပဋိပကၡ၊ ပဋိပကၡဆိုတာက နားလည္မႈမရွိလို႔ျဖစ္ၾကတဲ့ ျပႆနာေတြေပါ့ေနာ္။ အဲဒီေတာ့ နားလည္မႈမရွိၾကလို႔ျဖစ္ၾကတဲ့ ျပႆနာေတြေပၚမွာ ကမာၻ႔ကုလသမဂၢရဲ႕အေထြ ေထြအတြင္းေရးမႉးခ်ဳပ္ Antonio Guterres ဆီကို ျမန္မာႏိုင္ငံမွာျဖစ္ေပၚေနတဲ့ ပကတိေျမျပင္ပဋိပကၡရဲ႕အေျခ အေနေတြကို ဘက္ေပါင္းစုံက မွားယြင္းေနတဲ့အမွားေတြကို ကမာၻႀကီးနဲ႔အညီျပန္ၿပီးေတာ့မွ တင္ျပႏိုင္ဖို႔အတြက္ တိုင္းသူျပည္သားေတြရဲ႕ကိုယ္စား ႏိုင္ငံေတာ္ရဲ႕ႏိုင္ငံေတာ္ဆိုတာက အစိုးရတို႔၊ Civilian ရဲ႕ကိုယ္စား၊ အျပစ္မဲ့ ျပည္သူလူထုေတြရဲ႕ကိုယ္စား သတင္းစကားသြားၿပီးေတာ့မွ ပါးေပးဖို႔အတြက္ဆိုၿပီးေတာ့ အေမရိကန္ခရီးစဥ္ကို အသြားအျပန္ေတာ့ (၂) ပတ္ေပါ့ေနာ္။ လမ္းခရီးက (၁) ပတ္ ေလာက္ကုန္တာနဲ႔ဆိုေတာ့ အေမရိကားမွာ (၁) ပတ္ ေလာက္ေနခဲ့ၿပီးေတာ့မွ ကမာၻ႔ကုလသမဂၢရဲ႕အေထြေထြအတြင္းေရးမႉးခ်ဳပ္ Antonio Guterres ထံမွာ လက္မွတ္ ေရးထိုးၿပီးေတာ့မွ ျမန္မာ့ပဋိပကၡျပႆနာေတြ ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ဖို႔၊ ဘက္ေပါင္းစုံကေန အၾကမ္းဖက္မႈေတြ ရပ္တန႔္ဖို႔၊ လူသတ္ဝါဒေတြကို အားမေပးၾကဖို႔ဆိုၿပီးေတာ့မွ သြားၿပီးေတာ့မွ သြားရွင္းျပတာ။

ေမး ။ ။ အဲဒီေတာ့ သြားရွင္းျပတဲ့အခါမွာေရာ ထိေရာက္မႈရွိခဲ့လား။ တပည့္ေတာ္တို႔က ထိေရာက္မႈအေၾကာင္း ေလးလည္း သိခ်င္ပါတယ္ဘုရား။ ထိေရာက္မႈေရာ ဘယ္လိုမ်ားရွိပါသလဲဘုရား။
ေျဖ ။ ။ ထိေရာက္မႈကေတာ့ ကမာၻ႔ကုလသမဂၢဆိုတာ ႏိုင္ငံေပါင္းစုံအဖြဲ႕အစည္းႀကီးပဲေပါ့ေနာ္။ ေနာက္ Antonio Guterres ထံမွာ စာမပို႔ခင္ထဲက ဒီ Appointment မခ်ိန္းခင္ထဲက ဘာလဲဆိုေတာ့ သူတို႔ကိုယ္တိုင္က ဦးဇင္းရဲ႕ Profile ကိုေတာင္းပါတယ္ Profile ကိုေတာင္းတဲ့အခါမွာ ဦးဇင္းကိုယ္တိုင္က United Nation World Peace Association ႀကီးရဲ႕ ကမာၻ႔ကုလသမဂၢၿငိမ္းခ်မ္းေရးအဖြဲ႕အစည္းႀကီးရဲ႕ ၿငိမ္းခ်မ္းေရးသံတမန္ရဟန္းေတာ္တစ္ပါး ျဖစ္တယ္။ ျမန္မာျပည္ဆိုင္ရာလည္း အဲဒီ United Nation World Peace မွာလည္းျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အဲဒီ profile အေနနဲ႔ ကမာၻအရပ္ရပ္မွာပူးေပါင္းေဆာင္႐ြက္ေပးထားတဲ့ၿငိမ္းခ်မ္းေရးဆိုင္ရာ ေဆာင္႐ြက္ခ်က္ေတြ အမ်ားႀကီးရွိေတာ့ ဒါကို Antonio Guterres က အသိအမွတ္ျပဳပါတယ္။ အသိအမွတ္ျပဳၿပီးေတာ့မွ ကုလသမဂၢရဲ႕ Political in Peace Building လို႔ေခၚတဲ့ ႏိုင္ငံေရးနဲ႔ၿငိမ္းခ်မ္းမႈတည္ေဆာက္ေရးဌာနရဲ႕ ဦးေဆာင္အရာရွိခ်ဳပ္ေတြ နဲ႔ ေတြ႕ဆုံေဆြးေႏြးေစတယ္ ေနာက္ၿပီးေတာ့မွ ကမာၻေပၚမွာ ပဋိပကၡေတြျဖစ္ေပၚလာရတဲ့ေနရာ ဌာနေတြကေန ၿပီးေတာ့မွ ခ်ဳပ္ၿငိမ္းေစဖို႔ရာအတြက္ အဲဒီလို သူတို႔ကုလသမဂၢရဲ႕အေရးပါတဲ့ Sector က ပုဂၢိဳလ္ေတြနဲ႔ေတြ႕ဆုံ ေဆြးေႏြးေစတယ္။ ဒါေၾကာင့္မို႔လို႔ အက်ိဳးသက္ေရာက္မႈက ဘာရွိႏိုင္သလဲဆိုေတာ့ ဦးဇင္းအႀကံျပဳေပးခဲ့တာက လာမယ့္စက္တင္ဘာမွာ က်င္းပမယ့္ General Assembly လို႔ေခၚတဲ့ ကမာၻ႔ကုလသမဂၢရဲ႕ ႏိုင္ငံေပါင္းစုံေခါင္းေဆာင္ ေတြ တက္ေရာက္တဲ့အစည္းအေဝးမွာ ျမန္မာႏိုင္ငံရဲ႕အေရးအပါအဝင္ ယူကရိန္း၊ ႐ုရွား၊ ကမာၻေပၚမွာ လက္နက္ ေတြကို ကိုင္ၿပီးေတာ့မွ လူသတ္ေနၾကတဲ့ဝါဒေတြက ဘက္ေပါင္းစုံကေနအၾကမ္းဖက္မႈေတြျဖစ္ေနတယ္ အဲဒီအၾကမ္းဖက္မႈေတြ War Crime ေတြျဖစ္ေနတယ္။ တစ္ဖက္ထဲျဖစ္ေနတာမဟုတ္ဘူး၊ ဘက္ေပါင္းစုံကေန ျဖစ္ေနတဲ့အၾကမ္းဖက္မႈေတြကို ဘက္ေပါင္းစုံရွိ ပုဂၢိဳလ္ေတြအားလုံးက အျပစ္မဲ့ျပည္သူလူထုရဲ႕ အသက္အိုးအိမ္ စည္းစိမ္ေတြကို သတ္ျဖတ္တာေတြ၊ ႐ြာေတြမီးရႈိ႕တာေတြ ေနာက္ၿပီးေတာ့မွ လူေတြကို အမ်ိဳးမ်ိဳးေပါ့။ ဒလန္၊ ဒလက္ဆိုၿပီး သတ္ေနၾကတာေတြအားလုံးေပါ့။ ရပ္တန႔္ၿပီးေတာ့မွ တကယ့္ Peace Building ကို သြားႏိုင္ဖို႔ရာ အတြက္ကို သတင္းစကားပါးေပးပါဆိုၿပီးေတာ့မွ Antonio Guterres ကို တိုက္႐ိုက္သတင္းစကားသြား ပါးေပးတာ ေပါ့။ အဲဒီအတြက္ သူတို႔ကမာၻ႔ကုလသမဂၢကလည္း လက္ခံလိုက္ပါတယ္။ လက္ခံလိုက္ၿပီးေတာ့မွ ဦးေသာဘိတ လို ပုဂၢိဳလ္ေတြ ျမန္မာျပည္မွာ မ်ားမ်ားစားစား လိုအပ္ပါၿပီဆိုတဲ့မွတ္ခ်က္ သူတို႔ဘက္ကျပန္ေျပာပါတယ္။

ေမး ။ ။ ဆရာေတာ္ရဲ႕ကုလခရီးစဥ္ရယ္၊ ေနာက္တစ္ခါ အဲဒီမွာမီဒီယာတစ္ခုနဲ႔ေျဖထားတဲ့ ကိစၥေလးနဲ႔ ပတ္သက္ ရင္ တစ္ဖက္မွာေတာ့ ဆရာေတာ့္ကို ေဝဖန္ျပစ္တင္ပုတ္ခတ္တာေတြ၊ စြပ္စြဲတာေတြေတာ့ ေတြ႕ခဲ့ရပါ တယ္ ဘုရား။ ဆရာေတာ္တို႔ဘက္ကလည္း ဒါကိုျပန္ၿပီးေတာ့ ထုတ္ျပန္ခ်က္ေလးေတြ ျပန္ထုတ္ထား တာေတြ႕ရပါတယ္ ဘုရား။ ဒါေလးကို အက်ယ္ခ်ဲ႕ၿပီးေတာ့ သိေအာင္ေျပာျပေပးလို႔ရမလား ဘုရား။ ဘာေၾကာင့္ ဒီလိုျဖစ္ရတယ္ဆိုတာ ေလးကိုေလ။
ေျဖ ။ ။ ဟုတ္ကဲ့... ဒကာေတာ္ ေက်ာ္မ်ိဳးမင္းေရ။ အဲဒါက အေမရိကန္ႏိုင္ငံမွာ ဇူလိုင္လ ၆ ရက္ေန႔ ေန႔လည္ပိုင္း မွာ National Democratic Institute ဥကၠ႒ျဖစ္တဲ့ ဒါရက္စ္မစ္ခ်ယ္လ္ ဆိုတာျမန္မာျပည္မွာ သံအမတ္ႀကီးအျဖစ္ ထမ္းေဆာင္ဖူးခဲ့တယ္။ တာဝန္ထမ္းေဆာင္ဖူးေတာ့ သူနဲ႔ျမန္မာေရးရာကိစၥေတြ၊ ပဋိပကၡေတြ ေနာက္ဆုံးျပည္သူ လူထုေတြ အျပစ္မဲ့ျပည္သူလူထုေတြကို ႏွစ္ဖက္စလုံးက ဘက္ေပါင္းစုံကေန သတ္ျဖတ္ေနၾကတယ္ လူသားမဆန္ တဲ့ကိစၥေတြ။ အဲဒီေတာ့ ျဖစ္တဲ့ျဖစ္စဥ္ေတြက ပထမပိုင္းမွာတပ္မေတာ္ဘက္က ေတာ္ေတာ္ဆိုးဆိုးဝါးဝါးျဖစ္ထား တယ္။ ဒုတိယပိုင္းမွာေတာ့ တပ္မေတာ္ကိုမေက်နပ္လို႔ေတာ္လွန္ၾကရင္းနဲ႔ ေတာ္လွန္ေရးသမားေတြက ငါႏွင့္မတူ ငါ့ရန္သူဆိုၿပီး သတ္တာေတာ့ ဘုန္းႀကီးေတြပါအပါအဝင္ အပါး ၄ဝ ေက်ာ္ ၅ဝ ေလာက္ရွိၿပီ။ အဲဒီေတာ့ ဒါေတြကို ဘယ္သူကမွ မေျပာရဲၾကဘူး။ မေျပာရဲၾကတဲ့အတြက္ မင္းတို႔အေမရိကန္အစိုးရက Stop Violence Both sides ဆိုတဲ့ အသံကိုေျပာေပးပါ။ မင္းတို႔လက္နက္ေတြႀကီးပဲေရာင္းၿပီး ေျမႇာက္ထိုးပင့္ေကာ္လုပ္ေနမယ့္အစား ဒီလို ပဋိပကၡေတြနဲ႔ လူေတြကိုသတ္ေနၾကတဲ့ကိစၥေတြကို မင္းတို႔မွန္မွန္ကန္ကန္တည့္တည့္္မတ္မတ္၊ မင္းတို႔ အေမရိကန္အစိုးရကို တင္ျပေပးပါဆိုၿပီးေတာ့မွ အဲဒီကိစၥကို ဒါရက္စ္မစ္ခ်ယ္လ္ နဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီးေတာ့ တင္ျပေပးခဲ့တယ္ေပါ့ေနာ္။ အဲဒါအၿပီးမွာ RFA ကသူတို႔ အင္တာဗ်ဴးခ်င္ပါတယ္။ Antonio Guterres ဆီမွာ အိတ္ဖြင့္ေပးစာေတြေပးတဲ့ကိစၥ၊ ေနာက္ၿပီးေတာ့ NDI နဲ႔ေတြ႕ဆုံခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီး အင္တာဗ်ဴးခ်င္ပါတယ္ ဆိုေတာ့ RFA ႐ုံးခန္းေပါ့၊ ဝါရွင္တန္ဒီစီမွာရွိတဲ့ RFA ႐ုံးခန္းကိုပင့္လို႔ သြားၿပီးေတာ့ အင္တာဗ်ဴးအစီအစဥ္ (၁၇) မိနစ္၊ ဘက္ပါပဲနဲ႔ ဟိုဘက္၊ ဒီဘက္ေနာ္ စစ္ေကာင္စီဘက္လည္းမပါဘူး။ ဒီဘက္ေတာ္လွန္ေရးသမားဘက္လည္း မပါဘဲနဲ႔ ပကတိေျမျပင္ အေနအထားေတြကို အဲဒီမွာ အင္တာဗ်ဴး Section (၁၇) မိနစ္စာေလာက္႐ိုက္ကူးခဲ့ပါ တယ္။ ႐ိုက္ကူးခဲ့တာမွာ၊ က်ဳပ္ကအျပတ္ေျပာခဲ့တယ္။ မင္းတို႔ငါနဲ႔ဗ်ဴးတဲ့ဟာကို တိုက္႐ိုက္လႊင့္ပါ ျဖတ္ညႇပ္ကပ္ေတြမလုပ္ပါနဲ႔ဆိုေတာ့ သူတို႔ လည္း ဖ်က္ညႇပ္ကပ္မလုပ္ဘဲနဲ႔ အားလုံး အစ၊ အဆုံး ထုတ္လႊင့္ေပးပါ တယ္။ အဲဒီလိုထုတ္လႊင့္ေပးတဲ့အခ်ိန္မွာ ႏွစ္ဖက္စလုံးက အၾကမ္းဖက္တာေတြရပ္တန႔္ၾကဖို႔ လူသတ္ဝါဒေတြကို ရပ္ဆိုင္းၾကဖို႔အတြက္ က်ဳပ္ေျပာခဲ့တဲ့အခ်ိန္မွာ ေတာ္လွန္ေရးအမည္ခံတဲ့ပုဂၢိဳလ္ေတြ အထူးသျဖင့္ေပါ့ ေႏြဦး ေတာ္လွန္ေရးသံဃာ့ကြန္ရက္က မင္းဇီး႐ိုး ဆိုလား၊ မင္းသုညဆိုလား အဲဒီကိုယ္ေတာ္ေတြေပါ့။ မင္းသုညတို႔၊ ဝါယမတို႔ ေနာက္ၿပီး အဂၢတို႔ မႏၲေလးသံဃာ သမဂၢတို႔ဆိုတဲ့ ေနာက္ျမဝတီမင္းႀကီး၊ ဦးရာဘိဝံသ တို႔၊ ဒီဆရာေတာ္ေတြက Social Media ကေနၿပီးေတာ့မွ MIZZMA တို႔၊ DVB တို႔၊ ေခတ္သစ္တို႔ အဲဒီလို Media ေတြ ကေနၿပီးေတာ့မွ မဟုတ္တမ္းတရားေတြနဲ႔ သူတို႔စြပ္စြဲပုတ္ခတ္ၾကတယ္။ သူတို႔ကဘာလဲဆိုေတာ့ တစ္ဖက္သတ္ပဲ ေျပာေစခ်င္တာ ဒီေကာင္ေတြကၿငိမ္းခ်မ္းတာကို မလိုခ်င္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ႏိုင္ငံတကာရဲ႕ေပးစာ ကမ္းစာေလးေတြ စားၿပီးေတာ့မွ မျဖစ္စေလာက္ ေဒၚလာေလးေတြနဲ႔ လမင္းကိုေခြးေဟာင္သလိုဆိုတာမ်ိဳးလိုပဲ ခပ္႐ိုင္း႐ိုင္း ဘယ္လိုသံဃာေတြပဲျဖစ္ျဖစ္ ရဟန္း သံဃာေတာ္ေတြ ျမန္မာျပည္မွာရွိတဲ့ ေထႀကီးဝါႀကီးေတြပါမက်န္ အကုန္လုံး ေစာ္ကားေမာ္ကားလုပ္ေနၾကတယ္။ အဲဒီေတာ့ မီဒီယာမွာ RFA မွာ အင္တာဗ်ဴးထားတဲ့ထဲက ျမန္မာ ျပည္မွာ လက္နက္ကိုင္လမ္းစဥ္ကို ႏွစ္ေပါင္း ၇ဝ ေက်ာ္ၾကာၿပီ လက္နက္ကိုင္ေတာ္လွန္ေရးဟာ ေအာင္ျမင္ခဲ့တယ္ မရွိဘူး။ ဒါေၾကာင့္မို႔လို႔ တပ္မေတာ္ပဲျဖစ္ျဖစ္၊ PDF ပဲျဖစ္ျဖစ္၊ EAO ေတြပဲျဖစ္ျဖစ္၊ NUG ပဲျဖစ္ျဖစ္ စားပြဲဝိုင္း ယဥ္ေက်းမႈကိုျပန္သြားၿပီးေတာ့မွ ေတြ႕ဆုံညႇိႏႈိင္းအေျဖရွာၿပီး တိုင္းျပည္ရဲ႕ပဋိပကၡႏြံႀကီး၊ ႏွစ္ေပါင္း ၂ဝ၊ ၃ဝ ၾကာေန ၾကမယ့္အစား အာဃာတေတြ ေလွ်ာ့ၿပီးေတာ့မွ အျပန္ျပန္အလွန္လွန္ညႇိႏႈိင္းၾကရင္ ဒို႔တိုင္းျပည္က ပဋိပကၡႏြံကေန ျမန္ျမန္႐ုန္းထႏိုင္လိမ့္မယ္ဆိုတဲ့အႀကံျပဳခ်က္ကို သူတို႔ကမႀကိဳက္ၾကဘူး။ ေနာက္တစ္ခ်က္က Antonio Guterres ထံကို ႏွစ္ဖက္စလုံးရဲ႕ေျမျပင္ေတြကိုသြားၿပီးေတာ့မွ Report တင္တာကို သူတို႔မႀကိဳက္ဘူး။ မႀကိဳက္တဲ့အခါက် ေတာ့ အႀကီးအက်ယ္တိုက္ခိုက္တာေပါ့။ တိုက္ခိုက္တဲ့အခါက်ေတာ့ ဘာျဖစ္လဲဆိုေတာ့ ဓမၼနဲ႔ ဝိနိယ ကို ေကာင္းေကာင္းနားမလည္ဘဲနဲ႔ ဓမၼကို ဆုပ္ကိုင္ထားတယ္ဆိုၿပီးေတာ့မွ အဓမၼစကားေတြ အၿမဲတမ္း ႐ုတ္ရင္းၾကမ္းတမ္းတဲ့စကားေတြေျပာ၊ အၿမဲတမ္းလူတကာကို ဆဲဆို ေတာ္လွန္ေရးဘက္မပါတဲ့ သူမွန္သမွ်ကို အကုန္လုံးရန္ရွာေနတဲ့ ရန္လိုေနတဲ့ အဲဒီမင္းသုညဆိုတဲ့ ခပ္ခ်ာခ်ာ ေပါ့။ အဲဒီလို ခပ္ခ်ာခ်ာေကာင္က ဘာျဖစ္လဲ ဦးေဆာင္ၿပီးေတာ့မွ တိုက္ခိုက္တာေတြ ဒါေတြလုပ္ၾကတာေပါ့။ ဒီေတာ့ ဦးဇင္းတို႔အေနအထားနဲ႔ကေတာ့ သူတို႔ယုံၾကည္ရာ သူတို႔လုပ္တာကို အျပစ္ေျပာစရာအေၾကာင္းမရွိပါဘူး။ သူယုံၾကည္ရာသူလုပ္ ဒို႔ဘယ္သူကိုမွ မတိုက္ခိုက္ဘူး။ ဒါေပမယ့္ ဦးဇင္းက တစ္ခုေတာ့ရွိတာေပါ့ေနာ္ ေအး... မင္းတို႔ အရွင္ဘုရားလိုစြမ္းရင္ သြားေျပာၾက၊ ကုလသမဂၢမွာလည္း ကိုယ္တိုင္သြားၾက၊ ေနာက္ေဖးေပါက္ကပဲ ဝင္ဝင္ ေရွ႕ေဘးေပါက္ကပဲ ဝင္ဝင္၊ စြမ္းတယ္ ထင္ရင္ ကုလသမဂၢတို႔၊ EU တို႔၊ အာဆီယံတို႔ကိုသြားေျပာၾက။ ဒီကုလသမဂၢ တို႔၊ အာဆီယံတို႔၊ EU တို႔ဆိုတာ က်ဳပ္အဖို႔က အၿမဲတမ္းဆက္သြယ္ၿပီးေတာ့မွေဆာင္႐ြက္ေနတာ ျမန္မာျပည္မွာ စစ္ေကာင္စီဘက္ပါမယ္ဆိုရင္ ေတာ့ ဒီလိုေနရာမ်ိဳးေတြမွာ ဝင္/ထြက္ သြား/လာလို႔မရဘူး။ ေတာ္လွန္ေရးသမား ဘက္ပါရင္လည္း က်ဳပ္တို႔က ေတာ္လွန္ေရးဘက္ပါတယ္ဆိုၿပီး ဝင္/ထြက္ သြား/လာလို႔မရဘူး။ ကမာၻႀကီးက ဘယ္လိုလူေတြက ၿငိမ္းခ်မ္း ေစခ်င္တယ္၊ ဘယ္လိုလူေတြက ဘက္မပါဘူးဆိုတာ သူတို႔သိၿပီးသားျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ကမာၻ႔ကုလသမဂၢ တို႔၊ အာဆီယံတို႔၊ ဥေရာပသမဂၢတို႔ဆိုတာ က်ဳပ္ရဲ႕အၿမဲတမ္းမဟာမိတ္ မိတ္ေဆြေတြ ရွိတယ္။ အခုလည္း ဒီလို Blame တဲ့သူေတြ၊ ဆဲဆိုရမ္းကားတတ္တဲ့သူေတြက ဒီမိုကေရစီနဲ႔ဆန႔္က်င္ဘက္ျဖစ္ေနကာ၊ ဒီမိုကေရစီလို႔ ေျပာၿပီး ေတာ့မွ ဒီမိုကေရစီရဲ႕ဆန႔္က်င္ဘက္ေတြကိုလုပ္ေနတဲ့ပုဂၢိဳလ္ေတြျဖစ္ေနၿပီ။ ဒီေတာ့ ေလာကႀကီးထဲမွာ ေျခာက္တိုင္းသာေၾကာက္ေနရရင္ ဘယ္မွာေနစရာရွိေတာ့မလဲ ဒကာေက်ာ္မ်ိဳးမင္းရဲ႕။ ေျခာက္တိုင္းသာ ေၾကာက္ရ တယ္ဆိုတာ ခပ္ညံ့ညံ့လူစားေတြေၾကာက္ရတာ။ အဲဒီလိုေျခာက္ေနတဲ့လူေတြဟာ ဘာလဲဆိုေတာ့ သူတို႔ရဲ႕ လြဲမွားေနတဲ့အယူအဆေတြကို တကယ့္ကမာၻ႔ႏိုင္ငံေပါင္းစုံက ပုဂၢိဳလ္ေတြသိသြားမွာ စိုးရိမ္တယ္။ က်ဳပ္တို႔ စစ္တပ္ဖက္လည္း အားမေပးဘူး။ ေတာ္လွန္ေရးဘက္လည္း အားမေပးဘူး။ ဘာေၾကာင့္လဲဆိုေတာ့ လူသတ္ဝါဒေတြ လုပ္ေနၾကတယ္၊ အၾကမ္းဖက္ဝါဒေတြ လုပ္ေနၾကတယ္ အဲဒီအၾကမ္းဖက္ဝါဒေတြ လုပ္ေနတာ ေတြ ႏွစ္ဖက္စလုံးကရပ္တန႔္ဖို႔အတြက္ ကမာၻ႔ကုလသမဂၢကိုသြားေျပာတယ္ဆိုေတာ့ တီကို ဆားနဲ႔ပတ္၊ ေမွ်ာ့ ကို ဆားနဲ႔ပတ္၊ ကြၽတ္ကို ဆားနဲ႔ပတ္သလို ေဆြ႕ေဆြ႕ခုန္သြားတာ ဒါကေတာ့မဆန္းပါဘူး ဒကာေက်ာ္မ်ိဳးမင္းေရ။

ေမး ။ ။ ဒီေန႔ႏိုင္ငံေရးအခင္းအက်င္းကိုၾကည့္လိုက္တဲ့အခါမွာ ၂ဝ၂၁ ႏိုင္ငံေရးအခင္းအက်င္းႀကီးျဖစ္လာတဲ့ ေနာက္ပိုင္းကေနစၿပီးေတာ့ တပည့္ေတာ္တို႔သတိထားမိလိုက္တဲ့အခ်ိန္မွာ သံဃာေတာ္အပါး(၅၀)ေက်ာ္က လုပ္ႀကံသတ္ျဖတ္ခံထားရပါတယ္ ဘုရား။ လုပ္ႀကံသတ္ျဖတ္ခံရၿပီးတဲ့ေနာက္မွာေတာ့ တပည့္ေတာ္တို႔က ဘာကို သြားေတြ႕ရလဲဆိုေတာ့ ဒါကိုလည္း လူထုကအမွန္အတိုင္း ေသေသခ်ာခ်ာသိခြင့္မရၾကပါဘူး ဘုရား။ လူထုက ေတာ္ေတာ္မ်ားမ်ား အဲဒီကိစၥကို ေမ့ေနၾကတယ္၊ သတိလည္းမထားမိၾကပါဘူး ဘုရား။ ဆိုေတာ့ ဒီေနရာမွာ တစ္ဖက္ထဲ တပည့္ေတာ္ေတြးလိုက္မိတာကေတာ့ ဗုဒၶဘာသာသာသနာေတာ္ေပါ့ေနာ္ သာသနာကိုလည္း ေပ်ာက္ကြယ္ဖို႔အတြက္ကို ႏိုင္ငံတကာအဖြဲ႕အစည္းေတြက ရည္႐ြယ္ခ်က္ရွိရွိလုပ္တယ္ ႏိုင္ငံေရးသမားေတြက ရည္႐ြယ္ခ်က္ရွိရွိလုပ္တယ္ဆိုတဲ့စကားမ်ိဳးလည္း ဆရာေတာ္ဘုရားက မိန႔္ၾကားဖူးတာလည္းရွိေတာ့ေလ ဒါေလး ေတြနဲ႔ဆပ္စပ္ၿပီးေတာ့ လူထုကိုသိသင့္တာေလးေတြ ထပ္ၿပီးေတာ့ မိန႔္ၾကားေပးလို႔ရမလား ဘုရား။
ေျဖ ။ ။ ရတာေပါ့ ဒကာကိုေက်ာ္မ်ိဳးမင္းေရ။ ဘာေၾကာင့္လဲဆိုေတာ့ ဦးဇင္က ႏိုင္ငံတကာစက္ဝန္းထဲမွာ ဆယ္စု ႏွစ္တစ္ခု ေက်ာ္ၿပီေပါ့။ တစ္စုခြဲေလာက္ေပါ့ ၁၅ ႏွစ္ေလာက္ေပါ့။ ဒီ interfaith section ေတြ၊ ေနာက္ၿပီးေတာ့ dialogue ေတြ၊ ေနာက္ Peace Process ေတြ ေနာက္ၿပီးေတာ့မွ NGO ေတြ၊ INGO ေတြ၊ ႏိုင္ငံေပါင္းစုံက အဖြဲ႕အစည္းေတြ၊ ႏိုင္ငံေရးသမားေတြ၊ စီးပြားေရးသမားေတြ ကုလသမဂၢဆိုလို႔ရွိရင္လည္း United Nation Global Compact Leader အဖြဲ႕ အစည္း ေတြ၊ Organizations ေတြ၊ ကမာၻအရပ္ရပ္မွာရွိတဲ့စီးပြားေရးလုပ္ငန္းရွင္ေတြ၊ ကမာၻအရပ္ရပ္မွာရွိတဲ့ ႏိုင္ငံေရး သမားေတြ၊ ကမာၻအရပ္ရပ္မွာရွိတဲ့ ဘာသာေရးေခါင္းေဆာင္ေတြ၊ ကမာၻအရပ္ရပ္မွာရွိတဲ့ မတူကြဲျပားတဲ့ လူ႔အဖြဲ႕ အစည္းေတြနဲ႔ေပါင္းသင္းဆက္ဆံလာတာ ၁၅ ႏွစ္ေလာက္ ရွိပါၿပီ။ အဲဒီ ၁၅ ႏွစ္ေလာက္အေတြ႕အႀကဳံ အေတာ အတြင္းမွာ ဒီႏိုင္ငံတကာကလူေတြဆိုတာ တကယ့္ Educated Person ပညာတတ္တဲ့လူေတြက ပညာမဲ့တဲ့သူေတြ ကိုစည္း႐ုံးတဲ့အခါမွာ သိပ္လြယ္တယ္။ သူကဘာလဲဆိုေတာ့ ဒီျမန္မာ့လူ႔အဖြဲ႕အစည္းက လူေတြက ယုံလြယ္တယ္၊ ေနာက္ၿပီးေတာ့မွ ခံစားခ်က္ျပင္းတယ္။ အဲဒီေတာ့ မေက်နပ္ခ်က္ျပင္းတဲ့အခါက်ေတာ့ ဒီလိုေတာ္လွန္ေရးျဖစ္လာ တဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံမွာရွိတဲ့ဗုဒၶဘာသာရဲ႕ အင္အားေတြ ႀကီးထြားလာတာကို မလိုလားၾကဘူး။ မလိုလားၾကတဲ့ အခါက်ေတာ့ ျမန္မာလူ႔အဖြဲ႕အစည္းက စစ္အာဏာရွင္စနစ္ကိုမေက်နပ္ေနၾကတဲ့အခ်ိန္မွာ ရဟန္း၊ သံဃာဆိုတာ နဂိုထဲက ေမတၱာသမားေတြ ျပည္သူ လူထုေမွ်ာ္လင့္ထားသေလာက္ လုပ္မေပးႏိုင္ၾကဘူး လုပ္မေပးႏိုင္တဲ့အခါ အားမလိုအားမရျဖစ္ၿပီးေတာ့ အဲဒီမွာ ရဟန္း၊ သံဃာေတြကို စၿပီးေတာ့မွ ဆဲလာတယ္၊ ျပစ္တင္လာတယ္၊ ေဝဖန္လာတယ္၊ ရႈံ႕ခ်လာတယ္၊ မေကာင္းတဲ့ သံဃာေတြလည္း ရွိပါတယ္။ မေကာင္းတာေတြရွိတိုင္း အကုန္လုံးေကာင္းတာေတြပါ ေရာၿပီးေတာ့မွ ဒါမ်ိဳးေတြ အျပစ္ပုံခ်တာမ်ိဳးက သဘာဝမက်ဘူး။ အဲဒီလိုအေျခအေနမ်ိဳးမွာ ႏိုင္ငံတကာရဲ႕ International Organizations ေတြက မတူကြဲျပားတဲ့ လူ႔အဖြဲ႕အစည္းထဲမွာရွိတဲ့ လူေတြက ျမန္မာ့ လူ႔အဖြဲ႕အစည္းကိုေတာ္လွန္ေရးနဲ႔အတူ မေက်နပ္ေနၾကတဲ့သူေတြကို မင္းတို႔ဘုန္းႀကီးေတြက စစ္တပ္နဲ႔ ေပါင္းေန တာ စစ္တပ္နဲ႔တစ္ဂိုဏ္းထဲပဲဆိုတဲ့ ဆဲလ္ေတြပစ္ထည့္တာ၊ ဂ်င္းပါးပါးထည့္လိုက္တာေပါ့။ ဂ်င္းပါးပါး ေကာက္ထည့္လိုက္တာ အဲဒီဂ်င္းကိုဝါးၿပီးေတာ့ မွ ဗမာေတြက social media ကိုအသုံးခ်ၿပီး ဘုန္းႀကီးမွန္သမွ် ေစာက္သုံးမက်တဲ့ပုံစံမ်ိဳးျဖစ္ေအာင္ဆဲဆို။ အဲဒီ ဆဲဆိုတဲ့အဆင့္ေတြကေန ဘာျဖစ္လာလဲဆိုေတာ့ဟာ ဘုန္းႀကီးေတြ က တပ္နဲ႔ပတ္သတ္တယ္ “သတ္” ဒီလိုအဆင့္ေတြျဖစ္တယ္။ အဲဒီေတာ့ ဘုန္းႀကီးအပါးေပါင္း (၅ဝ) ေက်ာ္ထိ အသတ္ခံရတာကို တစ္တိုင္းျပည္လုံးက ဗုဒၶဘာသာအဖြဲ႕အစည္းေတြက သတင္းစကားေလးေတာင္ မေျပာရဲဘဲနဲ႔ ၿငိမ္ခံေနရတဲ့အဆင့္။ အဲဒီေတာ့ ခုက်ဳပ္က ဒီကိစၥကို ကမာၻ႔ကုလသမဂၢရဲ႕အေထြေထြအတြင္းေရးမႉးခ်ဳပ္ Antonio Guterres ထံထိေအာင္ က်ဳပ္လက္မွတ္ေရး ထိုးၿပီးေတာ့မွ ပို႔ခဲ့ၿပီ။ ေအး Antonio Guterres ေရ အဲဒီေတာ့ တို႔တိုင္းျပည္မွာ ဒီလိုေတြျဖစ္ေနတယ္။ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ငါ့ကိုၿခိမ္းေျခာက္တဲ့လူေတြ သတ္ျဖတ္တဲ့သူေတြရွိခဲ့ရင္လည္း အဲဒီလူေတြက အၾကမ္းဖက္သမား ေတြပဲ။ အဲဒီေတာ့ မင္းအဲဒါကိုေတာ့ မင္းတို႔ ကမာၻႀကီး သိေအာင္ေတာ့ ငါ့ကိုယ္စား Declaration လုပ္ေပးရမယ္ ဆိုၿပီးေတာ့မွ က်ဳပ္က တရားဝင္ေျပာခဲ့ၿပီးၿပီ။ ဒါေၾကာင့္မို႔လို႔ တခ်ိဳ႕ကိစၥေတြမွာ အၾကမ္းဖက္တာကို အၾကမ္းဖက္ မွန္းသိသိ ဒီလိုျဖစ္ေပၚလာေအာင္ ႏိုင္ငံတကာက အဖြဲ႕အစည္း ေတြတခ်ိဳ႕က ဆဲလ္ေတြ ျမန္မာ့လူ႔အဖြဲ႕အစည္းထဲမွာ ျမန္မာလူမ်ိဳးေတြ႐ိုးတယ္၊ အ တယ္၊ မခံခ်င္စိတ္မ်ားတယ္။ အဲဒီေတာ့ မခံခ်င္စိတ္မ်ားတဲ့သူေတြကို သူတို႔က ဂ်င္းပါးပါးထည့္ၿပီးေတာ့မွေနာ္ ဂ်င္းပါးပါး ထည့္တဲ့ေနရာကေန ဂ်င္းထူထူ ထည့္ၿပီးေတာ့မွ သတ္တဲ့ျဖတ္တဲ့အဆင့္ ထိေအာင္ တြန္းအားေပးလိုက္ေတာ့ ဘာျဖစ္လာလဲဆိုေတာ့ ဒီႏိုင္ငံေရးသမားေယာင္ေယာင္၊ ေတာ္လွန္ေရးသမား ေယာင္ေယာင္ေတြက သူတို႔စိတ္ထဲမွာ ဘီလူးစိတ္ဝင္တယ္။ ဘီလူးစိတ္ဝင္ၿပီးေတာ့မွ မဲမဲျမင္ရာ အကုန္ဆြဲကိုက္ၿပီး ေတာ့မွ သတ္မယ္၊ ျဖတ္မယ္အဆင့္ေတြ ေရာက္လာတာ။ ဒါေၾကာင့္မို႔လို႔ ဒီဟာက ျမန္မာ့လူ႔အဖြဲ႕အစည္းထဲတြင္ သာျဖစ္တာမဟုတ္ဘဲနဲ႔ ႏိုင္ငံတကာရဲ႕ေနာက္က လက္မဲႀကီး ေတြ ေျမာက္မ်ားစြာပါတယ္ဆိုတာ ဦးဇင္းက အခိုင္အမာေျပာျခင္းျဖစ္ပါတယ္ ဒကာေတာ္ ေက်ာ္မ်ိဳးမင္းေရ။

ေမး ။ ။ အဲဒီမွာလည္း တစ္ခုကို တပည့္ေတာ္တို႔သတိထားမိလိုက္တာ တစ္ခ်က္ရွိပါတယ္ ဘုရား။ ခုနက ဆရာေတာ္ေျပာတဲ့အထဲမွာလည္း ပါပါတယ္။ ဒီဗုဒၶဘာသာနဲ႔ စစ္တပ္ကို တစ္ဖက္ထဲပဲဆိုၿပီးေတာ့ ျမင္ေအာင္ တြန္းပို႔တဲ့သူေတြရွိတယ္ ဘုရား။ ၿပီးေတာ့ အဲဒီလိုတြန္းပို႔ၿပီးတဲ့ေနာက္မွာ ဗုဒၶဘာသာနဲ႔စစ္တပ္ကို တစ္ဖက္ထဲပဲျမင္ ေအာင္တြန္းပို႔ၿပီးေတာ့ ဘာသာ၊ သာသနာ၊ စာေပ၊ ယဥ္ေက်းမႈေပါ့ တပည့္ေတာ္တို႔ႏိုင္ငံရဲ႕တကယ့္ကိုခ်စ္စရာ ေကာင္းတဲ့ဓေလ့ေတြေပါ့။ ႐ိုက္ခ်ိဳးဖ်က္ဆီးတဲ့သေဘာမ်ိဳးကို အေရွ႕ကိုတြန္းပို႔ေနတာကို ေတြ႕ရပါတယ္ ဘုရား။ အရွင္ဘုရားေရာ ဒီျမင္ကြင္းမ်ိဳးကို သတိထားမိပါရဲ႕လား ဘုရား။ ဘာမ်ားေျပာခ်င္ပါသလဲဘုရား။
ေျဖ ။ ။ ဒီျမင္ကြင္းကိုစၿပီးေတာ့မွ တပ္က အာဏာမသိမ္းခင္ထဲက ဒါေတြက်ဳပ္တို႔ကျမင္ေနၿပီ။ ဘယ္ကာလလဲ ဆိုေတာ့ ၿပီးခဲ့တဲ့ ၅ ႏွစ္ NLD အစိုးရလက္ထက္မွာထဲက ဒီပုံရိပ္ေတြက စလာေနတာ က်ဳပ္တို႔ကိုယ္တိုင္သိတယ္။ က်ဳပ္ကသာ အဲဒီ မဘသ ဆိုတဲ့အဖြဲ႕အစည္းထဲမွာ က်ဳပ္မပါဘူး။ အမ်ိဳး၊ ဘာသာ၊ သာသနာ ဆိုတဲ့ မဘသ အဖြဲ႕အစည္းထဲမွာ က်ဳပ္ကိုယ္တိုင္မပါဘူး။ ဒါေပမယ့္ က်ဳပ္သည္ ရဟန္းတစ္ပါးျဖစ္တဲ့အတြက္ တိုင္းျပည္ခ်စ္ တယ္။ လူမ်ိဳးခ်စ္တယ္။ က်ဳပ္တို႔လူမ်ိဳးဆိုတာ တိုင္းရင္းသားလူမ်ိဳး ၁၃၅ မ်ိဳးလုံးကို ေခၚဆိုတဲ့လူမ်ိဳး။ ဘာသာဆိုတဲ့ ေနရာမွာလည္း ဓမၼနဲ႔အညီ ဘဝေတြကိုရွင္သန္ျဖတ္သန္းၾကတဲ့ဗုဒၶဘာသာပဲျဖစ္ျဖစ္၊ ခရစ္ယာန္ပဲျဖစ္ျဖစ္၊ အစၥလာမ္ပဲျဖစ္ျဖစ္၊ ဟိႏၵဴပဲျဖစ္ျဖစ္ အားလုံးေပၚမွာတန္ဖိုးထားတယ္။ မတူကြဲျပားတဲ့လူ႔အဖြဲ႕အစည္းကို ဒီလိုတန္ဖိုး ထားတတ္တဲ့ရဟန္းေတာ္တစ္ပါးထဲမွာ က်ဳပ္ပါတယ္။ ဒါေပမယ့္ ဒီမိုကေရစီႏိုင္ငံမွာ မည္သည့္အဖြဲ႕အစည္းေတြပဲ ျဖစ္ျဖစ္ ဥပေဒအရခြင့္ျပဳေပးရတယ္။ ေက်ာ္မ်ိဳးမင္းမေကာင္းရင္ ေက်ာ္မ်ိဳးမင္းကို ဥပေဒအရဖမ္းၿပီးေတာ့မွ ေထာင္ခ်ပိုင္ခြင့္ ရွိတယ္။ ဦးေသာဘိတ မေကာင္းရင္ ဦးေသာဘိတကို ဥပေဒအရ တိုင္းျပည္ရဲ႕ဥပေဒအရ က်ဴးလြန္ မႈရွိတယ္ဆိုရင္ ေထာင္ခ်ပိုင္ခြင့္ရွိတယ္။ ဒါေပမယ့္ အဖြဲ႕အစည္းႀကီးတစ္ခုလုံးကို ၿဖိဳဖ်က္ၿပီးေတာ့မွ မဘသ မလိုဘူး ဆိုတာမ်ိဳးလည္း ဒါအဲဒီထဲက စၿပီးေတာ့ မွားေတာ့တာပဲ။ ဘာေၾကာင့္လဲ အဲဒီေနာက္မွာလည္း သူကဆဲလ္ေတြရွိေန တယ္ အဲဒီစကားက ဘယ္သူကေျပာခဲ့တာလဲဆိုေတာ့ ရန္ကုန္တိုင္းက ၿဖိဳးမင္းသိန္းေျပာခဲ့တာ။ ၿဖိဳးမင္းသိန္း ေျပာခဲ့တဲ့ အခ်ိန္ထဲကစၿပီး ဒါေတြကဘာလဲဆိုေတာ့ ျမန္မာႏိုင္ငံရဲ႕ ဒီ social capital လို႔ေခၚတဲ့ လူမႈ႕အရင္းအႏွီးမွာ ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္းစဥ္လာ၊ ကိုးကြယ္ယုံၾကည္မႈေတြကိုၿဖိဳခ်ဖို႔ရာအတြက္ ဒါ plan အႀကီးႀကီးရွိခဲ့ၾကတာ ေပါ့ေနာ္။ အဲဒီေတာ့ အဲဒီကေန စခဲ့တဲ့ဟာေတြက တပ္မေတာ္က စစ္တပ္ဘက္က အာဏာသိမ္းတဲ့အခ်ိန္အခါ ကာလမွာ ဘာျဖစ္လာလဲဆိုေတာ့ လူထုရဲ႕နာက်င္မႈေနာက္မွာ ရဟန္းသံဃာေတြကို အဓိကပစ္မွတ္ထားၿပီးေတာ့မွ ႏိုင္ငံတကာအဝန္းအဝိုင္းေတြက လူေတြက (၁) အခ်က္ media နဲ႔ပံ့ပိုးတယ္၊ (၂) အခ်က္ ေဒၚလာနဲ႔ပံ့ပိုးတယ္၊ (၃) အခ်က္က ေတာ္လွန္ေရးကိုအေၾကာင္းျပၿပီးေတာ့ တြန္းအားျဖစ္ေအာင္ ပံ့ပိုးတယ္ဆိုတဲ့အခ်က္ေတြကို ျမင္ေနရ တယ္။ အဲဒီေတာ့ တို႔တိုင္းျပည္ဟာ ေထာင္စုႏွစ္နဲ႔ခ်ီတဲ့ယဥ္ေက်းမႈေနာက္မွာ ဆရာနဲ႔တပည့္ဆက္ဆံေရး၊ မိဘနဲ႔ သားသမီးဆက္ဆံေရး ေနာက္ၿပီးေတာ့မွ ေတာ္လွန္ေရးေခါင္းေဆာင္ေတြနဲ႔ ေနာက္လိုက္ေတြရဲ႕ဆက္ဆံေရးမွာ အင္မတန္မွယဥ္ေက်းခဲ့ၾကတယ္။ အင္မတန္မွတန္ဖိုးထားခဲ့ၾကတဲ့ လူ႔အဖြဲ႕အစည္းတစ္ခုလုံးကို အျမစ္ကေန တူးလွန္တဲ့ပုံစံမ်ိဳးျဖစ္ေအာင္၊ ပ်က္စီးသြားေအာင္ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ႏိုင္ငံေရးကိုအေယာင္ျပၿပီးေတာ့မွ ေနာက္က ေဒၚလာစီးေၾကာင္းေတြနဲ႔ ေဒၚလာစီးေၾကာင္းေတြ၊ Media စီးေၾကာင္းေတြနဲ႔လုပ္ေပးၾကတာ ဒါျငင္းလို႔မရဘူး။ အဲဒီ အဖြဲ႕အစည္းထဲမွာ မ်ားေသာအားျဖင့္ MIZZMA တို႔၊ DVB တို႔ေနာ္၊ သူတို႔လည္း အဓိကပါတယ္။ ေခတ္သစ္တို႔၊ Myanmar Now က ေဆြဝင္းတို႔ ဒီေကာင္ေတြလည္း ပါတယ္။ အဲဒီေတာ့ ေျပာခ်င္တာက သူတို႔ကို ပုဂၢိဳလ္ေရး တိုက္ခိုက္တာမဟုတ္ဘူး။ ဗုဒၶသာသနာေတာ္နဲ႔ ၿငိမ္းခ်မ္းေရး၊ ပညာေရးနဲ႔ တို႔ႏိုင္ငံရဲ႕ေထာင္စုႏွစ္နဲ႔ခ်ီတဲ့ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းစဥ္လာေတြကို ဖ်က္ဆီးတဲ့လူေတြမွန္သမွ် တို႔ကဒါကိုရဲရဲဝံ့ဝံ့ေျပာရဲရမယ္။ အဲဒါ Revolution။ ဒါေၾကာင့္မို႔လို႔ ငါအၿမဲတမ္း ငါ့တပည့္ေတြေရွ႕မွာေျပာတယ္၊ အေၾကာက္တရားေတြကိုေတာ္လွန္ရင္းနဲ႔ ေၾကာက္ေန ရတဲ့ေလာကႀကီးထဲမွာ ဘာေၾကာင့္မို႔လို႔အမွန္တရားေတြကို မေျပာရဲရမွာတုန္း။ အမွန္တရားေတြကိုမေျပာရဲတဲ့ အခါက်ေတာ့ မမွန္တဲ့တရားေတြ၊ အဓမၼတရားေတြ လႊမ္းမိုးလာၿပီးေတာ့မွ လက္နက္ကိုင္တဲ့လူေတြရဲ႕ လုပ္သမွ်ကို ေၾကာက္ေနရၿပီဆိုရင္ ျမန္မာ့လူ႔အဖြဲ႕အစည္းႀကီးဟာ social capital ႀကီး တစ္ခုလုံးပ်က္စီးသြားၿပီ။ ဒါေၾကာင့္မို႔လို႔ အဲဒီလိုမွားယြင္းတဲ့စနစ္ေတြကို တို႔ေထာက္ျပေပးတဲ့ Statemen ေတြ၊ States Novel Person ေတြ၊ States Person ေတြ၊ ဘာသာေရးေခါင္းေဆာင္ေတြ၊ လူမႈေရးေခါင္းေဆာင္ေတြ၊ ႏိုင္ငံေရးေခါင္းေဆာင္ေတြ ဘက္ေပါင္းစုံကေနၿပီး ေတာ့မွ အင္အားရွိတဲ့လူေတြက ဒီအသံကိုထြက္ေပးရမယ္။ ဒါကိုလည္း ကုလသမဂၢက ငါ့ကိုလည္းအႀကံျပဳတယ္။ အေမရိကန္အစိုးရကလည္း အႀကံျပဳတယ္။ အဲဒီေတာ့ ဟုတ္ၿပီ အဲဒီလိုအင္အားရွိတဲ့ပုဂၢိဳလ္ေတြက တိုင္းသိ ျပည္သိ ဒီလို statement ေတြ ထုတ္ျပန္ၿပီးေတာ့မွ ေျပာဆိုမွသာလွ်င္ လူေတြကနားလည္ၾကမွာ။

“ေခတ္အဆက္ဆက္ ျမန္မာျပည္ရဲ႕သမိုင္းမွာ ဘုန္းႀကီးအပါး ေလး၊ ငါးဆယ္ေလာက္ကို သတ္ျဖတ္တယ္ဆိုတာ တစ္ခါမွ မၾကားဖူးဘူး”
ျမန္မာျပည္လြတ္လပ္ေရးရၿပီးကာစ ကြန္ျမဴနစ္ေခတ္ကေတာင္ တစ္ပါးေလာက္ပဲ ၾကားဖူးတယ္။ အခုအပါး ေလး၊ ငါးဆယ္ ကို သတ္တာေတာင္မွ ျပည္သူလူထုေရာ ဗုဒၶဘာသာအဖြဲ႕အစည္းေတြေရာက တစ္စုံတစ္ရာျပန္မေျပာရဲတဲ့ အေနအထားတစ္ခုကိုေရာက္ေနရတာ ဒကာေက်ာ္မ်ိဳးမင္းေရ မင္းသာစဥ္းစားၾကည့္ပါ။ အဲဒါေၾကာင့္မို႔လို႔ ဒီလို စနစ္ဆိုးေတြကို တို႔ကျပန္လည္ၿပီးေတာ့မွ နည္းမွန္ကမ္းမွန္နဲ႔ျပန္လည္ၿပီးေတာ့ ျပည္သူလူထုသိေအာင္ ေျပာျပျခင္း ဟာ ဒါေတာ္လွန္ေရးတစ္မ်ိဳးပဲ။

ေမး ။ ။ အဲဒီေတာ့ ဘုန္းဘုန္းဘုရား စစ္တပ္ကိုေရာ တစ္ဖက္က စင္ၿပိဳင္အစိုးရလို႔ေျပာတဲ့ NUG ကိုေရာ ေနာက္လက္နက္ကိုင္ၿပီးေတာ့ အၾကမ္းဖက္သတ္ျဖတ္ေနတဲ့လူေတြကိုေရာ သူတို႔ကိုအကုန္လုံးကိုေရာ ဘုန္းဘုန္း အေနနဲ႔ ဘယ္လိုအသိသတိတရားဝင္ေအာင္လို႔ ဘုန္းဘုန္းအေနနဲ႔ ဘယ္လိုမိန႔္ၾကားခ်င္ပါလဲဘုရား။ သူတို႔ အသိ၊ သတိ တရားဝင္ဖို႔ေပါ့။
ေျဖ ။ ။ ေရွးဦးစြာေတာ့ တိုင္းရင္းသားလက္နက္ကိုင္လို႔ေခၚတဲ့ NCA အဖြဲ႕ေတြေပါ့။ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕အစည္းေတြကို အရင္ဆုံးေျပာခ်င္တယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြအားလုံးဟာ EAO ေတြ EAO ေတြက NCA လက္မွတ္ေရးထိုးထားတဲ့ ပုဂၢိဳလ္ေတြေရာ၊ မထိုးရေသးတဲ့ ပုဂၢိဳလ္ေတြေရာေပါ့ EAO ေတြ အားလုံးဟာ သူတို႔လြတ္လပ္ေရးရၿပီးတဲ့ကာလထဲက လက္နက္ကိုင္လမ္းစဥ္ကို သူတို႔ဆုပ္ကိုင္လာၾကတာ။ အဲဒီ ေတာ့ လက္နက္ကိုင္လမ္းစဥ္ကိုဆုပ္ကိုင္လာၾကၿပီးေတာ့မွ စစ္တပ္နဲ႔ႏွစ္ေပါင္းမ်ားစြာ သူတို႔တိုက္လာၾကတာ ႏွစ္ေပါင္း (၇ဝ) ေက်ာ္နီးပါးေလာက္ ရွိလာၿပီ။ ႏွစ္ (၇ဝ) ေလာက္ လက္နက္ကိုင္ၿပီးတိုက္လာၾကတာ ခုခ်ိန္ထိ တပ္မေတာ္ဆိုတာလည္း ျမန္မာျပည္ကေနေပ်ာက္ကြယ္သြားတာ မဟုတ္ဘူး။ အဲဒီေတာ့ သူတို႔ တိုင္းရင္းသား လက္နက္ကိုင္ေတြလည္း မိမိတို႔ရဲ႕အခြင့္အေရးေတြ ေတာင္တန္းျပည္မအခြင့္အေရးေတြကို မွ်မွ်တတနဲ႔ ေဆြးေႏြး အႀကံျပဳၿပီးေတာ့မွ လက္နက္ကိုင္လမ္းစဥ္ကေနၿပီးေတာ့မွ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံကိုသြားဖို႔အတြက္ အတၱေတြ၊ မာန္မာနေတြ ေလ်ာ့ဖို႔၊ အဲဒီကေနၿပီးေတာ့မွ ကခ်င္က ကခ်င့္ႏိုင္ငံေတာ္တည္ေထာင္ခ်င္တယ္၊ ရွမ္းက ရွမ္း ႏိုင္ငံေတာ္တည္ေထာင္ခ်င္တယ္ဆိုရင္ေတာ့ ဒါေျမာက္ျမန္မာ၊ ေတာင္ျမန္မာ၊ အေရွ႕ျမန္မာ၊ အေနာက္ျမန္မာ ျဖစ္ေနမွာ ဘယ္ေတာ့မွတိုက္ပြဲေတြလည္း ၿပီးမွာမဟုတ္ဘူး။ အခုသြားေနတာက တခ်ိဳ႕က အဲဒီလိုသြားေနတာရွိ တယ္။ ဒါေၾကာင့္မို႔ EAO ေတြေပါ့ကြာ KIA တို႔၊ KIO တို႔အပါအဝင္ ေနာက္ဘက္မွာဆိုလည္း ရခိုင္က ထြန္းျမင့္ႏိုင္ တို႔အပါအဝင္ေပါ့ ဟိုဘက္ဆိုလည္း KNU က ပုဂၢိဳလ္အပါအဝင္အားလုံးကို ဘုန္းဘုန္းက ေမတၱာရပ္ခံခ်င္တာက တစ္အူတုံဆင္းတို႔ေမာင္ႏွမအရင္းေတြ လူသတ္ဝါဒေတြကိုစြန႔္လႊတ္ၿပီးေတာ့မွ ကိုယ္လိုခ်င္တဲ့ဟာေတြကို အခ်င္းခ်င္းညႇိၿပီးေတာ့မွ ဖက္ဒရယ္ႏိုင္ငံေတာ္ကိုသြားဖို႔အတြက္ ဒါကိုေတာ့ တိုက္တြန္းခ်င္တယ္။ အဲဒါက EAO ေတြကိုတိုက္တြန္းတာ။ အဲဒီေတာ့ ကရင္ေရာ ဟိုဘက္က KIA က ဟိုေကာင္ေတြ ဂြမ္ေမာ္တို႔အုပ္စုေရာ အေနာက္ ဘက္က ထြန္းျမင့္ႏိုင္တို႔အုပ္စုေတြကိုလည္း ငါကမာၻ႔ၿငိမ္းခ်မ္းေရးသံတမန္ရဟန္းေတာ္တစ္ပါးအျဖစ္ တိုက္တြန္း တယ္ေပါ့။ အဲဒီေတာ့ ဘာလုပ္လုပ္ ကိုယ့္တိုင္းရင္းသားေတြအခ်င္းခ်င္း ကိုယ့္ျပည္သူေတြအခ်င္းခ်င္း သတ္ျဖတ္ေန တာႀကီးကို ဘာေၾကာင့္မို႔လို႔ မင္းတို႔ေသြးဆာေနၾကတာတုန္း အားလုံးက အျပဳသေဘာဆန္တဲ့ ေတြ႕ဆုံညႇိႏႈိင္းမႈေတြ ဘက္ကိုဦးတည္ၾကဖို႔အတြက္ ဒါေလးေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြ လူႀကီးမင္းမ်ားကိုလည္း ေမတၱာရပ္ခံပါတယ္။ ဒါကသူတို႔ဘက္၊ ေနာက္တစ္ခ်က္က လက္ရွိ NUG က NUG နဲ႔ PDF ေပါ့ NUG မွာလည္း မန္းဝင္းခိုင္သန္းတို႔ ေနာက္ၿပီး ဒူဝါလရွီးလတို႔ ေနာက္ၿပီးေတာ့မွ ရည္မြန္တို႔၊ ဇင္မာေအာင္တို႔၊ ဆာဆာတို႔အားလုံး ေပါ့ကြာ။ သူတို႔တာဝန္ရွိၾကတဲ့ NUG က ထိပ္သီးေခါင္းေဆာင္ေတြ။ ဘာေၾကာင့္မို႔လို႔ မင္းတို႔ေတာ္လွန္ေရးကို နည္းမွန္ လမ္းမွန္ မလုပ္ၾကတာတုန္း။ ေတာ္လွန္ေရးကို နည္းမွန္ကမ္းမွန္လုပ္ၿပီးေတာ့မွ ဂုဏ္သိကၡာရွိရွိနဲ႔ေနာ္ လက္နက္ ကိုင္အခ်င္းခ်င္းျဖစ္သြားတဲ့အခါမွ မင္းတို႔စားပြဲေပၚမွာေတြ႕ဆုံေဆြးေႏြးတဲ့အခါမွာ ပိုေတာင္မွ အားေကာင္းပါေသးတယ္။ အဲဒီေတာ့ ရည္မြန္တို႔အုပ္စုေရာ၊ ဒူဝါလရွီးလတို႔၊ မန္းဝင္းခိုင္သန္းတို႔ေရာ၊ ငါသူတို႔ကို တစ္ခ်ိန္က ငါသိခဲ့တဲ့ပုဂၢိဳလ္ေတြ ဇင္မာေအာင္တို႔အားလုံးကို ေမတၱာရပ္ခံခ်င္တာက အဲဒီေတာ့ တကယ့္ ျပည္သူ လူထုကို သတင္းအမွားေတြမျဖန႔္ၾကဘဲနဲ႔ ေတာ္လွန္ေရးကိုရည္႐ြယ္ခ်က္ရွိရွိနဲ႔လုပ္ၾကတယ္ဆိုရင္လည္း ျပည္သူ လူထုကို ဒုကၡမေပးဘဲနဲ႔ေဆာင္႐ြက္ၾကဖို႔ အထူးတိုက္တြန္းလိုတာေပါ့ေနာ္။ အဲဒီေတာ့ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို သတ္ျဖတ္ၿပီးေတာ့မွ ႏိုင္ငံျခားကေန ေဒၚလာစီးေၾကာင္းထဲေရာက္ေအာင္ လုပ္ေနၾက မယ့္အစား မင္းတို႔ကမာၻႀကီးေပၚမွာ ဘယ္ေလာက္ပဲေျပာေျပာ မင္းတို႔ကမာၻႀကီးေပၚမွာသာ ပတ္လိမ္လို႔ရမွာ ျပည္တြင္းဘက္မွာ လိမ္ယူလို႔မရဘူး။ ငါတို႔ကေျမျပင္မွာ စစ္ကိုင္းတိုင္းမွာေနတာ ပိုသိတယ္ေနာ္။ ဒါေၾကာင့္မို႔လို႔ NUG က ထိပ္သီးေခါင္းေဆာင္ေတြ ဒူဝါလရွီးလတို႔အပါအဝင္ မန္းဝင္းခိုင္သန္းတို႔၊ ရည္မြန္တို႔၊ ေနာက္ၿပီးေတာ့မွ ေဒၚဇင္မာေအာင္တို႔အကုန္လုံးေပါ့ ဆာဆာတို႔ေရာ ငါေတာင္းပန္တာကေတာ့ နည္းမွန္ကမ္းမွန္နဲ႔ စနစ္တစ္ခုကို သြားႏိုင္ဖို႔အတြက္ သတင္းအမွား ေတြျဖန႔္ေဝေနၾကမယ့္အစား Social media ေတြနဲ႔ Social Influencer ေပါ့။ အဲဒီလိုလူေတြကို အသုံးခ်ၿပီးလုပ္ေနၾကမယ့္အစား တကယ့္ target ကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ေတာ္လွန္ေရးရဲ႕ သေဘာကို နည္းမွန္ကမ္းမွန္နဲ႔သြားၿပီးေတာ့မွ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚေရာက္ေအာင္ ဘယ္လိုအားၿပိဳင္မလဲ ဆိုတာမ်ိဳးကို စဥ္းစားၾကပါလို႔ အထူးေမတၱာရပ္ခံခ်င္ပါတယ္။ ဒါက NUG နဲ႔ PDF ကိုေျပာတဲ့ ေမတၱာရပ္ခံတဲ့စကား။ ေနာက္ၿပီး တပ္မေတာ္ လို႔ပဲ ေခၚေခၚ၊ စစ္တပ္ပဲေခၚေခၚကြာ စစ္ေကာင္စီပဲေခၚေခၚေပါ့၊ အတူတူေတာ့ အတူတူပါပဲ။ အဲဒီေတာ့ ျမန္မာ့သမိုင္းတစ္ေလွ်ာက္ကိုၾကည့္ရင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔ အပါအဝင္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းတို႔အပါအဝင္ေပါ့၊ အဲဒီေတာ့ တိုင္းျပည္ရဲ႕ျပႆနာႀကီးဟာ အခုတစ္ႏွစ္ခြဲေက်ာ္ ၾကာၿပီ တိုင္းျပည္မွာ တရားဥပေဒ ဘယ္နား မွာမွ မရွိေတာ့ဘူး။ တရားဥပေဒမရွိေတာ့တဲ့အတြက္ ျပည္သူ လူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြ အကုန္ပ်က္စီး သြားၿပီ ကမာၻႀကီးကလည္း ျမန္မာဆိုလို႔ရွိရင္ေနာ္ ႏွာေခါင္းရႈံ႕ တယ္။ အဲဒီေတာ့ အဲဒီလိုအေျခအေနမွာ သံခင္းတမန္ခင္းဆိုတာ သိပ္အေရးႀကီးပါတယ္။ အဲဒီေတာ့ သံခင္းတမန္ခင္းကို စနစ္တက်မသုံးခ်တတ္။ ဒီေတာ့ ဘာျဖစ္လဲဆိုရင္ ေဘးနားကလူေတြေျပာတဲ့ အားလုံးကေနေျမႇာက္ပင့္ ၿပီးေတာ့မွ အဘ..အဘ ဟုတ္ကဲ့ ဒါကမွန္ေနၿပီ၊ ဒါကေတာ္ေနၿပီ.. ဒါမ်ိဳးေပါ့ေနာ္။ အဲဒါမ်ိဳးေတြကိုလည္း နားမေယာင္ဖို႔ သိပ္အေရးႀကီးတယ္။ ဒါလူႀကီးလုပ္ၾကတဲ့ပုဂၢိဳလ္ေတြ ေသခ်ာစဥ္းစားဖို႔လိုတာေပါ့ေနာ္။ အဲဒီေတာ့ EAO ပဲျဖစ္ျဖစ္ကြာ ကခ်င္ပဲျဖစ္ျဖစ္၊ ကရင္ပဲျဖစ္ျဖစ္၊ ကယားပဲျဖစ္ျဖစ္၊ ရွမ္းပဲျဖစ္ျဖစ္ အကုန္လုံးကျမန္မာႏိုင္ငံသားေတြ တိုင္းရင္းသားေတြ NUG ပဲျဖစ္ျဖစ္၊ PDF ပဲ ျဖစ္ျဖစ္ အားလုံးကိုသူတို႔ၿငိမ္းခ်မ္းေရးစားပြဲဝိုင္းမွာ တရားဝင္ ဖိတ္ေခၚသင့္တယ္။ ၿပီးခဲ့တဲ့အတိတ္ကဟာေတြ ကို ခဝါခ်ၿပီးခဲ့ၿပီ။ ပဋိပကၡႏြံႀကီးထဲမွာ မၾကာဖို႔အတြက္ သူတို႔ကိုလည္း ၿငိမ္းခ်မ္းေရးစားပြဲဝိုင္းထဲကိုဖိတ္ေခၚမယ္ဆို ရင္ေတာ့ ဒါအင္မတန္ေကာင္းတာေပါ့။ အဲဒီေတာ့ ၿငိမ္းခ်မ္းေရးစားပြဲဝိုင္းထဲမွာ ဖိတ္ေခၚၿပီးေတာ့မွ ေသနတ္ေတြနဲ႔ ယမ္းေငြ႕ေတြနဲ႔အစား ေမတၱာႏွလုံးသားေတြနဲ႔ ဘယ္လိုတည္ေဆာက္ၾကမလဲဆိုတဲ့ ဒါကိုေဆြးေႏြးၾကရင္ အေကာင္းဆုံးလို႔ ငါေတာ့အႀကံျပဳလိုတယ္။ ေနာက္တစ္ခုက လက္ေအာက္ငယ္သားေတြ တို႔တိုင္းျပည္မွာက ေခတ္အဆက္ဆက္ကြာ ေအာက္ေျခကေနစၿပီး အထက္ကိုလိမ္ၿပီးေတာ့ တင္ျပခဲ့တဲ့ Report ေတြ ေခတ္အဆက္ဆက္မွာ အမ်ားႀကီးကို မွားခဲ့ၾကတာ။ အဲဒါက ခုေခတ္မွ မဟုတ္ဘူး ၁၉၄၈ လြတ္လပ္ေရးရၿပီးစကာလ အဲဒီကေနမွ ၆၂၊ ဦးေနဝင္း ကာလတစ္ေလွ်ာက္ ၿပီးေတာ့ ဦးေစာေမာင္တို႔၊ ဦးသန္းေ႐ႊတို႔ေခတ္တစ္လွ်ာက္၊ ၿပီးေတာ့ ဦးသိန္းစိန္ ေခတ္တစ္လွ်ာက္၊ ေဒၚေအာင္ဆန္းစုၾကည္ ေခတ္တစ္လွ်ာက္ ေခတ္အဆက္ဆက္မွာ ေအာက္ေျခကလူေတြရဲ႕ လြဲမွားတဲ့ Report ေတြေၾကာင့္မို႔လို႔ အထက္မွာဆုံးျဖတ္ခ်က္အမွားေတြ တိုင္းျပည္ရဲ႕စီးပြားေရးကိစၥေတြ ျပည္တြင္း ျပည္ပကုန္သြယ္ေရးကိစၥေတြ ကအစ အကုန္လုံးက ပရမ္းပတာျဖစ္ေနၿပီ။ အဲဒီေတာ့ တကယ္တမ္း လက္ရွိ တပ္မေတာ္ပဲဆိုဆို စစ္ေကာင္စီပဲ ဆိုဆိုေပါ့ေနာ္.. ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔နဲ႔ ဒုခ်ဳပ္ႀကီးစိုးဝင္းတို႔ကို ဦးဇင္းအေနနဲ႔ အထူးေမတၱာ ရပ္ခံခ်င္တာက အားလုံးကိုၿငိမ္းခ်မ္းေရး အသံေတြလႊမ္းေအာင္ ဖိတ္ေခၚေပးလိုက္ပါ။ NUG ပဲျဖစ္ျဖစ္၊ PDF ပဲျဖစ္ျဖစ္၊ တိုင္းရင္းသားလက္နက္ကိုင္ေတြပဲျဖစ္ျဖစ္ အႀကိမ္ႀကိမ္အခါခါ ဖိတ္ေခၚျခင္းအား ျဖင့္ တကယ္လို႔ တဖက္က ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ကိုသြားခ်င္တယ္ဆိုရင္ ညႇိႏႈိင္းၾကရမယ္။ တပ္ရဲ႕အပိုင္းက႑၊ ႏိုင္ငံေတာ္ရဲ႕ အပိုင္းက႑၊ ပါတီေတြရဲ႕အပိုင္းက႑၊ Civil Society ရဲ႕ အပိုင္းက႑ေတြ အဲဒါေလးေတာ့ ငါ အထူးေမတၱာ ရပ္ခံခ်င္တာေပါ့။ ငါ့မွာလည္း အရဲစြန႔္ၿပီးေျပာရတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ငါတို႔က တပ္ဖက္မွာလည္း ရင္းႏွီး တာမရွိဘူး NUG နဲ႔လည္း တိုက္႐ိုက္ပတ္သက္တာမရွိဘူး။ PDF နဲ႔လည္း ပတ္သက္တာမရွိဘူး။ ငါပတ္သက္တာ တစ္ခုေတာ့ရွိတယ္ ကမာၻ႔ကုလသမဂၢတို႔၊ အဲဒါေတြနဲ႔ေတာ့ ငါက ကမာၻ႔ၿငိမ္းခ်မ္းေရးသံတမန္လုပ္ေနေတာ့ ပတ္သက္မႈရွိတယ္။ ဒါေၾကာင့္မို႔လို႔ ၿငိမ္းခ်မ္းေရးသတင္းစကားေတြကို ကုလသမဂၢအထိ သြားၿပီးေတာ့ ငါေျပာေပး ေနၿပီ။ ေျပာေပးေနတဲ့အတြက္ ဒါဟာ...ဘာလဲဆို တိုင္းျပည္ကို ၿငိမ္းခ်မ္းေစခ်င္တယ္၊ ပဋိပကၡေတြခ်ဳပ္ၿငိမ္းေစခ်င္ တယ္။ အဲဒီေတာ့ ျမန္မာ့တပ္မေတာ္ေရာ၊ EAOs ေရာ၊ ဒီဘက္က NUG ေရာ၊ PDF ေရာ အခုလူသတ္ဝါဒေတြအစား ျမန္မာႏိုင္ငံသားေတြအခ်င္းခ်င္း ေမတၱာႏွလုံးသားေတြ ထားေပးၾကရင္မေကာင္းဘူးလားဆိုတဲ့ ဆုံးမစကားေလး ေတာ့ ငါ ပါးခ်င္တာေပါ့ကြာ။ ဒါေၾကာင့္ အထူးတိုက္တြန္း ခ်င္တာက ႏိုင္ငံေခါင္းေဆာင္ေတြလို႔ ယူဆေနရတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔၊ ဒူဝါလရွီးလတို႔၊ ဟိုဘက္က ဂြမ္ေမာ္တို႔၊ ဟိုေကာင္ ထြန္းျမင့္ႏိုင္တို႔ အပါအဝင္ ေပါ့။ ဝေတြေရာ၊ ရွမ္းေတြေရာ တိုင္းျပည္ႀကီးၿငိမ္းခ်မ္းသာယာ ေအာင္ မင္းတို႔ရဲ႕အတၱ၊ မာန္မာနေတြ လက္နက္ေတြ ကိုအားကိုးၿပီးေတာ့မွ ရမ္းကားေနၾကမယ့္အစား ညီၫြတ္ၿငိမ္းခ်မ္းတဲ့အနာဂတ္လမ္းကို ေဖာ္ေဆာင္ေပးၾကပါလို႔ ေတာ့ ေမတၱာစကားပါးခ်င္ပါတယ္ ဒကာ..ေက်ာ္မ်ိဳးမင္းေရ။

ေမး ။ ။ တင့္ပါ့ဘုရား တင့္္ပါ့။ ေနာက္ဆုံးေမးခြန္းေလး တစ္ခုပါဘုရား။ ဘုန္းဘုန္းေရွ႕မွာ မိန႔္သြားတာလဲရွိတယ္ ပညာေရးနဲ႔ပတ္သက္ၿပီး မိန႔္ထားတယ္။ ဘုန္းဘုန္းရဲ႕ IBEC မွာ ေတြ႕ဖူးပါတယ္။ အဲဒီေတာ့ ပညာေရးနဲ႔ ပတ္သက္ ရင္လည္း ေတာ္ေတာ္ေလး ႏွိပ္စက္ခံေနရတာလည္းေတြ႕ပါတယ္။ ဆရာ/ဆရာမေတြလည္း မနည္းပါဘူး အေယာက္ ၃၀ ေလာက္ ေသဆုံးထားရပါတယ္။ တစ္ခ်ိန္ထဲမွာပဲ တစ္ခါ အဲဒါကိုပဲ သူတို႔က ဓမၼနဲ႔ အဓမၼ ဆိုၿပီး ခြဲျခား ထားတာေတြရွိပါတယ္။ အဲဒီေတာ့ ဆရာေတာ္ဘုရားခံယူထားတဲ့ ဓမၼ၊ အဓမၼ ေနာက္ၿပီး ျမတ္ဗုဒၶက သင္ၾကား ေပးထားတဲ့ ဓမၼနဲ႔ အဓမၼက ဘယ္လိုမ်ားေျပာခ်င္ပါသလဲ ဘုရား။ အဲဒါေလး ခြဲျခားၿပီးေတာ့ ေျပာေပးပါဦး ဘုရား။ အခ်ိန္ေလး နည္းနည္းပဲက်န္ေတာ့လို႔။
ေျဖ ။ ။ NP News က ဒကာေက်ာ္မ်ိဳးမင္းေရ ဓမၼ ဆိုတာ ကာယဝိညက္၊ ဝဇီဝိညက္၊ မေနာဝိညက္ ဆိုတဲ့ ကာယကံ၊ ဝဇီကံ၊ မေနာကံ ကံသုံးပါးလုံးမွာ ကိုယ္ကလြဲ၍ တစ္ဖက္သူကို စိတ္ဆင္းရဲ၊ ကိုယ္ဆင္းရဲျဖစ္ေအာင္ စကားလုံးနဲ႔ေတာင္ မႏွိပ္စက္ဘူး။ ကာယကံနဲ႔ ႏွိပ္စက္သတ္ျဖတ္ဖို႔ဆိုတာေတာ့ မင္းမေျပာေတာ့နဲ႔။ အဲဒါ စကားလုံး နဲ႔ေတာင္ သူမ်ားကို Social Punishment မလုပ္ဘူး။ သူမ်ားကိုႏွိပ္စက္တယ္ဆိုတာစကားလုံးနဲ႔ ႏွိပ္စက္ရင္ေတာင္ အဲဒါ ဓမၼမဟုတ္ဘူး။ အဲဒါ အဓမၼ အဲဒါသတ္ျဖတ္ၿပီဆိုရင္ေတာ့ မင္းမေျပာေတာ့နဲ႔ အဲဒါအကုသိုလ္သိပ္ႀကီးတဲ့သူ ေတြ။ အဲဒါ ဘယ္သူကေနပဲ ဘယ္သူ႔ကိုညႇင္းဆဲညႇင္းဆဲ၊ ဘယ္သူ႔ကေန ဘယ္သူ႔ကိုသတ္သတ္ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြ၊ ရဟန္းသံဃာေတြ၊ ႏိုင္ငံဝန္ထမ္းေတြ အကုန္လုံးကို အဲဒီဟာကို ညႇင္းဆဲသတ္ျဖတ္ ႏွိပ္စက္တဲ့ဟာမွန္သမွ်ကေတာ့ အဲဒါအဓမၼပဲ။ ဓမၼကေတာ့ အျပစ္ကင္းတယ္။ သူမ်ားကို ကာယကံ၊ ဝဇီကံ၊ မေနာကံ နဲ႔ စိတ္ဆင္းရဲ၊ ကိုယ္ဆင္းရဲေအာင္မလုပ္ဘူး။ အသက္ကို သတ္ဖို႔ဆိုတာ ေဝးေရာ။ ဒါေၾကာင့္ တို႔တိုင္းျပည္က ဘာျဖစ္လဲဆိုေတာ့ ဓမၼလို႔ေႂကြးေၾကာ္ၿပီးေတာ့မွ အဓမၼျဖစ္ေနတယ္။ အဓမၼလို႔ေႂကြးေၾကာ္တဲ့သူေတြကလည္း ဓမၼ ေတြကိုလည္း အဓမၼလို႔ေႂကြးေၾကာ္ခံရတယ္။ ဒါေၾကာင့္မို႔လို႔ တိုင္းျပည္မွာက တို႔ငယ္ငယ္တုန္းက မေဟာ္သဓာ ဇာတ္ေတာ္ မင္း..သင္ဖူးမွာေပါ့ကြာ။ မေဟာ္သဓာဇာတ္ေတာ္ သားတရားစီရင္ခန္းမွာ မေဟာ္သဓာမင္းသားက မိခင္ရင္းနဲ႔ ဘီလူးမနဲ႔ သားလုခိုင္းတဲ့အခါမွာ မိခင္ရင္းက ေလ်ာ့ေပးတာေပါ့။ ေလ်ာ့ေပးလိုက္ေတာ့ သူသားေလး နာက်င္မွာဆိုးလို႔ ဆိုၿပီးမွ ေလ်ာ့ေပးတယ္။ အဲဒီေတာ့ တို႔တိုင္းျပည္မွာက မိခင္ရင္း၊ ဖခင္ရင္းလည္း မရွိဘဲနဲ႔ အကုန္လုံးက ဘီလူးေတြ သားလုခန္းျဖစ္ေနတယ္။ ဒါေၾကာင့္မို႔လို႔ ဘီလူးအဆင့္ကေနၿပီးေတာ့ လူစိတ္ေလးေတြ ဝင္ဖို႔အတြက္ ဓမၼကို မင္းတို႔က အဓမၼ လို႔ေျပာ၊ အဓမၼကို ဓမၼလို႔ေျပာတဲ့ စိတ္ေလးေတြကေန တကယ့္သူမ်ားကို မညႇင္းဆဲတဲ့ ဓမၼလမ္းေၾကာင္းကိုရွင္းရွင္းသိေအာင္ အရင္ေလ့လာၾကဦးလို႔ ငါကေတာ့ အဲဒါကို ေတာ္လွန္ေရးလုပ္ တဲ့ သူေတြေရာ၊ လက္နက္ကိုင္တဲ့ သူေတြေရာ၊ ႏိုင္ငံေရးသမားေတြေရာ ဒါေျပာခ်င္တာေပါ့။ ဓမၼ သည္ သူမ်ားကို Social Punishment မလုပ္။ ဓမၼသည္ သူမ်ားရဲ႕ကိုယ္ေရးကိုယ္တာ တိုက္ခိုက္ေစာ္ကားျခင္းမရွိ။ ဓမၼ သည္ သူမ်ား ရဲ႕အသက္အိုးအိမ္စည္းစိမ္႐ြာေတြကို မီးရႈိ႕ျခင္းမရွိ။ ဓမၼ သည္ သူမ်ားရဲ႕အသက္ကို မသတ္။ အဲဒါဆိုရင္ေတာ့ အဲဒါ ေတြလုပ္ေနတဲ့ ေကာင္ေတြမွန္သမွ်က အဓမၼသမားေတြ အဓမၼဝါဒီေတြလို႔၊ ဒီလိုပဲသတ္မွတ္ရမွာပဲ ေက်ာ္မ်ိဳးမင္းေရ။

ေမး ။ ။ တင္ပါ့ဘုရား။ အခုလိုအခ်ိန္ေပးၿပီ မိန႔္ေတာ္မူေပးတာ ေက်းဇူးတင္ပါတယ္ဘုရား။

Related news

© 2021. All rights reserved.