မြန်မာသည် ငလျင်ဘေးအန္တရာယ်ကြီးမားသော နိုင်ငံတစ်ခုဖြစ်သည့်အတွက် ပြုမူနေထိုင်ရမည့်အချက်များကို နစကဝန်ကြီးဌာန အသိပေး

1359

မျိုးကြီး (NP News) - သြဂုတ် ၅
မြန်မာနိုင်ငံသည် ငလျင်ဘေးအန္တရာယ်ကြီးမားသော နိုင်ငံတစ်ခုဖြစ်သည့်အတွက် ပြုမူနေထိုင်ရမည့်အချက်များကို နစက ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသည် အဓိကပြတ်ရွေ့ကြောကြီးတစ်ခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့နှင့် အခြားသောငလျင်ပြတ်ရွေ့ကြော ငယ်များ တည်ရှိနေသည့်အတွက် ငလျင်ဘေးအန္တရာယ်ကြီးများကြောင်း ဝန်ကြီးဌာနက ဆိုသည်။
“ငလျင်ကတော့ တခြားသဘာဝဘေးလိုပေါ့ ကြိုတင်တွက်ချက်လို့မရဘူး။ ငလျင်ရွေ့လျားမှုဖြစ်ပေါ်စေတဲ့ မြေထု ချပ်ရွေ့လျားမှုတွေ၊ ပြတ်ရွေ့ရွေ့လျားမှုတွေ ရှိနေသရွေ့ကတော့ ငလျင်လှုပ်ရှားမှုဆိုတာကတော့ ဖြစ်ပေါ်နေမှာပေါ့ နော်။ ကမ္ဘာနဲ့တစ်ဝှမ်း မြန်မာနိုင်ငံမှာသာမကဘဲ မြေထုချပ်ရွေ့လျားမှုဖြစ်စဉ်တွေ၊ ပြတ်ရွေ့ရွေ့လျားမှုဖြစ်စဉ်တွေ ဆိုတာတော့ အမြဲကြုံ တွေ့နေရတယ်ပေါ့” ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မင်းမျိုးထွေးက NP News ပြောသည်။
ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိသေးဘဲ နေ့၊ ည အချိန်မရွေးလှုပ်ခတ်နိုင်ပြီး အဖျက်စွမ်းအား ကြီးမားသော ဘေးအန္တရာယ်တစ်ခုဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ငလျင်၏သဘောသဘာဝများ၊ ငလျင် ကြောင့် အသက်အန္တရာယ်ကင်းရှင်းရေး နေထိုင်ပြုမူရမည့် အသိပညာ၊ ဗဟုသုတများကို လေ့လာသိရှိရန်ထားရန် ဝန်ကြီးဌာနက အကြံပြုထားသည်။
“ငလျင်လှုပ်ရှားမှု မကြာခဏတွေ့ကြုံခံစားရတဲ့ဒေသတွေ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် စစ်ကိုင်းပြတ်ရွေ့ပေါ့နော် ဒီလိုမျိုးပြတ်ရွေ့တည်ရှိရာနေရာတစ်လျှောက်နဲ့ မြေထုချပ်တိုးဝင်မှုဖြစ်စဉ် မြန်မာနိုင်ငံရဲ့အနောက်ဘက်ခြမ်းတို့ အနောက်မြောက် ဘက်ခြမ်းတို့ ဒီဘက်အပိုင်းတွေမှာ မြေထုချပ်တိုးဝင်မှုဖြစ်စဉ်တွေ ရှိတဲ့အတွက်ကြောင့်မိုလို့ ဒီလိုမျိုးဒေသနဲ့အနီးတစ်ဝိုက်မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ငလျင်နဲ့ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်မှု အစီအမံလေးတွေ ဆောင်ရွက်ထားမယ်ဆိုရင်တော့ ပိုမိုပြီးကောင်းမွန်တယ်” ဟု ဒေါက်တာယဉ်မင်းမျိုးထွေးက ဆိုသည်။
ထို့ပြင် အရေးကြီးစာရွက်စာတမ်းများ၊ အရေးပေါ် အစားအစာ၊ သောက်ရေ၊ ဓာတ်မီး၊ ဓာတ်ခဲ၊ ရေဒီယို၊ ရှေးဦးသူနာ ပြုပစ္စည်းများ၊ ဆေးဝါး စသည့် အရေးပေါ်သုံးပစ္စည်းများ ကြိုတင်စုစည်း၍ အဆင်သင့်ထားရှိရန် အကြံပြုထား သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ကြိုတင်မသိရှိနိုင်ဘဲ အချိန်မရွေးလှုပ်ခတ်နိုင်သော ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အချိန်တိုင်း ဂရုပြုနေထိုင်ကြရန်နှင့် အထိတ်တလန့်ဖြစ်စေမည့် ကောလဟာလသတင်းများကို ဖြန့်ဝေ ခြင်းမပြုရန်လည်း အကြံပြုထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သောလများအတွင်း အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်မှုများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သော ၂ဝ၁၆ ခုနှစ် သြဂုတ်လအတွင်းက ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြုကာ အင်အား ၆ ဒသမ ၈ ရစ်ချ်တာစကေးရှိသော ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံရှိ စေတီအများအပြား ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။

Zawgyi Version;
ျမန္မာသည္ ငလ်င္ေဘးအႏၲရာယ္ႀကီးမားေသာ ႏိုင္ငံတစ္ခုျဖစ္သည့္အတြက္ ျပဳမူေနထိုင္ရမည့္အခ်က္မ်ားကို နစကဝန္ႀကီးဌာန အသိေပး
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၅
ျမန္မာႏိုင္ငံသည္ ငလ်င္ေဘးအႏၲရာယ္ႀကီးမားေသာ ႏိုင္ငံတစ္ခုျဖစ္သည့္အတြက္ ျပဳမူေနထိုင္ရမည့္အခ်က္မ်ားကို နစက ၏ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံသည္ အဓိကျပတ္ေ႐ြ႕ေၾကာႀကီးတစ္ခုျဖစ္ေသာ စစ္ကိုင္းျပတ္ေ႐ြ႕ႏွင့္ အျခားေသာငလ်င္ျပတ္ေ႐ြ႕ေၾကာ ငယ္မ်ား တည္ရွိေနသည့္အတြက္ ငလ်င္ေဘးအႏၲရာယ္ႀကီးမ်ားေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။
“ငလ်င္ကေတာ့ တျခားသဘာဝေဘးလိုေပါ့ ႀကိဳတင္တြက္ခ်က္လို႔မရဘူး။ ငလ်င္ေ႐ြ႕လ်ားမႈျဖစ္ေပၚေစတဲ့ ေျမထု ခ်ပ္ေ႐ြ႕လ်ားမႈေတြ၊ ျပတ္ေ႐ြ႕ေ႐ြ႕လ်ားမႈေတြ ရွိေနသေ႐ြ႕ကေတာ့ ငလ်င္လႈပ္ရွားမႈဆိုတာကေတာ့ ျဖစ္ေပၚေနမွာေပါ့ ေနာ္။ ကမာၻနဲ႔တစ္ဝွမ္း ျမန္မာႏိုင္ငံမွာသာမကဘဲ ေျမထုခ်ပ္ေ႐ြ႕လ်ားမႈျဖစ္စဥ္ေတြ၊ ျပတ္ေ႐ြ႕ေ႐ြ႕လ်ားမႈျဖစ္စဥ္ေတြ ဆိုတာေတာ့ အၿမဲႀကဳံ ေတြ႕ေနရတယ္ေပါ့” ဟု မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ေျမငလ်င္ဌာနခြဲမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာယဥ္မင္းမ်ိဳးေထြးက NP News ေျပာသည္။
ငလ်င္ေဘးအႏၲရာယ္သည္ ႀကိဳတင္ခန႔္မွန္းႏိုင္မႈမရွိေသးဘဲ ေန႔၊ ည အခ်ိန္မေ႐ြးလႈပ္ခတ္ႏိုင္ၿပီး အဖ်က္စြမ္းအား ႀကီးမားေသာ ေဘးအႏၲရာယ္တစ္ခုျဖစ္သည့္အတြက္ ျပည္သူလူထုအေနျဖင့္ ငလ်င္၏သေဘာသဘာဝမ်ား၊ ငလ်င္ ေၾကာင့္ အသက္အႏၲရာယ္ကင္းရွင္းေရး ေနထိုင္ျပဳမူရမည့္ အသိပညာ၊ ဗဟုသုတမ်ားကို ေလ့လာသိရွိရန္ထားရန္ ဝန္ႀကီးဌာနက အႀကံျပဳထားသည္။
“ငလ်င္လႈပ္ရွားမႈ မၾကာခဏေတြ႕ႀကဳံခံစားရတဲ့ေဒသေတြ ျမန္မာႏိုင္ငံမွာဆိုလို႔ရွိရင္ စစ္ကိုင္းျပတ္ေ႐ြ႕ေပါ့ေနာ္ ဒီလိုမ်ိဳးျပတ္ေ႐ြ႕တည္ရွိရာေနရာတစ္ေလွ်ာက္နဲ႔ ေျမထုခ်ပ္တိုးဝင္မႈျဖစ္စဥ္ ျမန္မာႏိုင္ငံရဲ႕အေနာက္ဘက္ျခမ္းတို႔ အေနာက္ေျမာက္ ဘက္ျခမ္းတို႔ ဒီဘက္အပိုင္းေတြမွာ ေျမထုခ်ပ္တိုးဝင္မႈျဖစ္စဥ္ေတြ ရွိတဲ့အတြက္ေၾကာင့္မိုလို႔ ဒီလိုမ်ိဳးေဒသနဲ႔အနီးတစ္ဝိုက္မွာေနထိုင္တဲ့ ျပည္သူေတြအေနနဲ႔ ငလ်င္နဲ႔ပတ္သက္ၿပီးေတာ့ ႀကိဳတင္ျပင္ဆင္မႈ အစီအမံေလးေတြ ေဆာင္႐ြက္ထားမယ္ဆိုရင္ေတာ့ ပိုမိုၿပီးေကာင္းမြန္တယ္” ဟု ေဒါက္တာယဥ္မင္းမ်ိဳးေထြးက ဆိုသည္။
ထို႔ျပင္ အေရးႀကီးစာ႐ြက္စာတမ္းမ်ား၊ အေရးေပၚ အစားအစာ၊ ေသာက္ေရ၊ ဓာတ္မီး၊ ဓာတ္ခဲ၊ ေရဒီယို၊ ေရွးဦးသူနာ ျပဳပစၥည္းမ်ား၊ ေဆးဝါး စသည့္ အေရးေပၚသုံးပစၥည္းမ်ား ႀကိဳတင္စုစည္း၍ အဆင္သင့္ထားရွိရန္ အႀကံျပဳထား သည္။
ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ႀကိဳတင္မသိရွိႏိုင္ဘဲ အခ်ိန္မေ႐ြးလႈပ္ခတ္ႏိုင္ေသာ ငလ်င္ေဘးအႏၲရာယ္ႏွင့္ ပတ္သက္၍ အခ်ိန္တိုင္း ဂ႐ုျပဳေနထိုင္ၾကရန္ႏွင့္ အထိတ္တလန႔္ျဖစ္ေစမည့္ ေကာလဟာလသတင္းမ်ားကို ျဖန႔္ေဝ ျခင္းမျပဳရန္လည္း အႀကံျပဳထားသည္။
ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့ေသာလမ်ားအတြင္း အင္အားအနည္းငယ္ရွိေသာ ငလ်င္လႈပ္ခတ္မႈမ်ား မၾကာခဏဆိုသလို ျဖစ္ပြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ၿပီးခဲ့ေသာ ၂ဝ၁၆ ခုႏွစ္ ၾသဂုတ္လအတြင္းက ေခ်ာက္ၿမိဳ႕၏ အေနာက္ဘက္ ၁၂ မိုင္ခန႔္အကြာကို ဗဟိုျပဳကာ အင္အား ၆ ဒသမ ၈ ရစ္ခ်္တာစေကးရွိေသာ ငလ်င္လႈပ္ခတ္မႈေၾကာင့္ ပုဂံရွိ ေစတီအမ်ားအျပား ထိခိုက္ပ်က္စီးမႈ ရွိခဲ့သည္။