အေးသာယာမြို့၌ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာစင်တာ ယခုဘဏ္ဍာနှစ်တွင်အပြီး တည်ဆောက်မည်

 644

မျိုးကြီး (NP News) သြဂုတ် ၇
မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် တောင်းကြီးမြို့နယ်၊ အေးသာယာမြို့၌ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာကို ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ သတင်းရရှိသည်။

ရန်ပုံငွေအဓိကထောက်ပံ့ပေးသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး မဲခေါင်ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကို အထောက်အကူပြုရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာ အဆောက်အဦးတည်ဆောက်နိုင်ရေးအတွက် တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ တည်ဆောက်မည့်ကုမ္ပဏီကို ရွေးချယ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန က ဆိုသည်။

၎င်းစင်တာတွင် သက်မွေးပညာကာလတိုသင်တန်းများကို ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး တိုင်းရင်းသားများအချင်းချင်း တွေ့ဆုံနှီးနှောဖလှယ်နိုင်ရေး၊ အစည်းအဝေးများ၊ အခမ်းအနားများ ကျင်းပပြုနိုင်ရေးအတွက် ရည်ရွယ်ကာ တည်ဆောက် မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။

ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာကို ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version
ေအးသာယာၿမိဳ႕၌ ရွမ္းျပည္နယ္တိုင္းရင္းသားေရးရာႏွင့္သက္ေမြးပညာစင္တာ ယခုဘ႑ာႏွစ္တြင္အၿပီး တည္ေဆာက္မည္
မ်ိဳးႀကီး (NP News) ၾသဂုတ္ ၇
မဲေခါင္-လန္ခ်န္းအထူးရန္ပုံေငြျဖင့္ ေတာင္းႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕၌ ရွမ္းျပည္နယ္တိုင္းရင္းသားေရးရာႏွင့္ သက္ေမြး ပညာသင္တန္းစင္တာကို ယခုဘ႑ာႏွစ္အတြင္း အၿပီးတည္ေဆာက္မည္ျဖစ္ေၾကာင္း တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးဌာနမွ သတင္းရရွိသည္။

ရန္ပုံေငြအဓိကေထာက္ပံ့ေပးသည့္ႏိုင္ငံမွာ တ႐ုတ္ႏိုင္ငံျဖစ္ၿပီး မဲေခါင္ေဒသတြင္းႏိုင္ငံမ်ား၏ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရး ကို အေထာက္အကူျပဳရန္အတြက္ ရည္႐ြယ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္တိုင္းရင္းသားေရးရာႏွင့္ သက္ေမြး ပညာသင္တန္းစင္တာ အေဆာက္အဦးတည္ေဆာက္ႏိုင္ေရးအတြက္ တင္ဒါလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ တည္ေဆာက္မည့္ကုမၸဏီကို ေ႐ြးခ်ယ္တာဝန္ေပးအပ္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာန က ဆိုသည္။

၎စင္တာတြင္ သက္ေမြးပညာကာလတိုသင္တန္းမ်ားကို ဖြင့္လွစ္ပို႔ခ်ေပးသြားမည္ျဖစ္ၿပီး တိုင္းရင္းသားမ်ားအခ်င္းခ်င္း ေတြ႕ဆုံႏွီးေႏွာဖလွယ္ႏိုင္ေရး၊ အစည္းအေဝးမ်ား၊ အခမ္းအနားမ်ား က်င္းပျပဳႏိုင္ေရးအတြက္ ရည္႐ြယ္ကာ တည္ေဆာက္ မည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ေျပာသည္။

ရွမ္းျပည္နယ္တိုင္းရင္းသားေရးရာႏွင့္ သက္ေမြးပညာသင္တန္းစင္တာကို ယခု ၂ဝ၂၂-၂ဝ၂၃ ဘ႑ာေရးႏွစ္အတြင္း အၿပီး တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.