ရပ်ထားသော ၁၂ ဘီးကားအား ခရီးသည်တင်ကားမှ ဝင်တိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင်(၄)ဦးသေဆုံး

 1144

NP News - သြဂုတ် ၇
ပဲခူးတိုင်း၊ ဘုရားကြီးမြို့အနီးတွင် ဘီးပေါက်၍ ရပ်ထားသော ၁၂ ဘီးကားအား ခရီး သည်တင်ကားမှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဘုရားကြီးအရန်မီးသတ်ဌာနမှ သတင်းရရှိသည်။

ယနေ့(သြဂုတ်လ ၇ ရက်) နံနက်ပိုင်းတွင် ဘုရားကြီးမြို့၊ မယင်းကျေးရွာရှိ ထမင်းဆိုင်ရှေ့တွင် ဘီးပေါက်၍ရပ်ထားသော ၁၂ဘီးကားအား ခွေးဘီလူးခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၉)ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကြီးမြို့ အရန်မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးပစ္စည်းများသုံး၍ ကယ်ဆယ်ခဲ့ကာ ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ခွေးဘီလူးခရီးသည်တင်ယာဉ်ပေါ်တွင် စုစုပေါင်း ခရီးသည် (၁၃) ဦးပါဝင်ကြောင်းသိရ သည်။

၎င်းဖြစ်စဉ်တွင် အမျိုးသမီး(၂)ဦးနှင့် ကလေးတစ်ဦးတို့မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများထဲမှ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေများလည်းရှိပြီး ယာဉ်မောင်းဖြစ်သူသည် ဆေးရုံးတွင် သေဆုံးခဲ့ကြောင်း ဘုရားကြီးအရန်မီးသတ်ဌာနမှ ထုတ်ပြန်ထားသည်။

zawgyi version
ရပ္ထားေသာ ၁၂ ဘီးကားအား ခရီးသည္တင္ကားမွ ဝင္တိုက္ရာ ကေလးငယ္တစ္ဦးအပါအဝင္(၄)ဦးေသဆုံး
NP News - ၾသဂုတ္ ၇

ပဲခူးတိုင္း၊ ဘုရားႀကီးၿမိဳ႕အနီးတြင္ ဘီးေပါက္၍ ရပ္ထားေသာ ၁၂ ဘီးကားအား ခရီး သည္တင္ကားမွ အရွိန္မထိန္းႏိုင္ဘဲ ဝင္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ဘုရားႀကီးအရန္မီးသတ္ဌာနမွ သတင္းရရွိသည္။

ယေန႔(ၾသဂုတ္လ ၇ ရက္) နံနက္ပိုင္းတြင္ ဘုရားႀကီးၿမိဳ႕၊ မယင္းေက်း႐ြာရွိ ထမင္းဆိုင္ေရွ႕တြင္ ဘီးေပါက္၍ရပ္ထားေသာ ၁၂ဘီးကားအား ေခြးဘီလူးခရီးသည္တင္ယာဥ္မွ အရွိန္မထိန္းႏိုင္ဘဲ ဝင္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ အမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္း(၉)ဦးတို႔မွာ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ဘုရားႀကီးၿမိဳ႕ အရန္မီးသတ္တပ္ဖြဲ႕မွ ကယ္ဆယ္ေရးပစၥည္းမ်ားသုံး၍ ကယ္ဆယ္ခဲ့ကာ ပဲခူးေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ေခြးဘီလူးခရီးသည္တင္ယာဥ္ေပၚတြင္ စုစုေပါင္း ခရီးသည္ (၁၃) ဦးပါဝင္ေၾကာင္းသိရ သည္။

၎ျဖစ္စဥ္တြင္ အမ်ိဳးသမီး(၂)ဦးႏွင့္ ကေလးတစ္ဦးတို႔မွာ ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးခဲ့သည္။

ထို႔ျပင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားထဲမွ အသက္အႏၲရာယ္ စိုးရိမ္ရသည့္ အေျခအေနမ်ားလည္းရွိၿပီး ယာဥ္ေမာင္းျဖစ္သူသည္ ေဆး႐ုံးတြင္ ေသဆုံးခဲ့ေၾကာင္း ဘုရားႀကီးအရန္မီးသတ္ဌာနမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.