တောင်ကိုရီးယား၊ ဂျယ်ဂျူကျွန်းကို အပန်းဖြေ ၃ ရက်တာ ခရီးစဉ်ဖြင့် လိုက်ပါလာသူ ထိုင်းလူမျိုး ၅၅ ဦး ပျောက်ဆုံးနေ၊ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း ခန့်မှန်းရ

 911

ရောင်နီ (NP News) - သြဂုတ် ၈
ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ အင်္ဂါနေ့နဲ့ သြဂုတ်လ ၅ ရက်နေ့ သောကြာနေ့အတွင်းက ထိုင်းနိုင်ငံမှ ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူကျွန်းသို့ တိုက်ရိုက်ပျံသန်းတဲ့လေကြောင်းလိုင်းနဲ့ လိုက်ပါလာသူ ထိုင်းနိုင်ငံသား ၆၉၇ ဦးအနက် ၄၁၇ ဦး ပြည်ဝင်ခွင့် ငြင်းပယ်ခံရကာ အိမ်ပြန်ခဲ့ရပြီး ကျန် ၂၈ဝ ဦးမှ ၅၅ ဦး ပျောက်ဆုံးနေကြောင်း ဂျယ်ဂျူ လူဝင်မှုကြီးကြပ် ရေးဌာနက ပြောပါတယ်။

၎င်းတို့လိုက်ပါလာတဲ့ခရီးစဉ်ဟာ သုံးရက်တာ ခရီးစဉ်ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ပြောပါတယ်။ ထိုင်းဧည့်သည်တွေဟာ ကိုရီးယားအီလက်ထရွန်နစ် ခရီးသွားခွင့်ပြုချက် (K-ETA) အစီအစဉ် လုပ်ထုံး လုပ်နည်းများ မဆောင်ရွက်ဘဲ ဝင်ရောက်နိုင်တဲ့ ဂျယ်ဂျူခရီးစဉ်မှတဆင့် ကိုရီးယားနိုင်ငံအတွင်း ဝင်ရောက်ခြင်းကို နှစ်သက်ကြပါတယ်။

K-ETA အစီအစဉ်အရ ထိုင်းနိုင်ငံအပါအဝင် ဗီဇာကင်းလွတ်ခွင့်လျှောက်ထားတဲ့ နိုင်ငံပေါင်း ၁၁၂ နိုင်ငံမှ နိုင်ငံသား များဟာ ခရီးသွားခြင်းမပြုမီ အွန်လ်လိုင်း ETA ရရှိဖို့ လိုအပ်ပါတယ်။ သို့သော်လည်း ဂျယ်ဂျူကျွန်းဟာ နာမည်ကြီး ခရီးသွားနေရာတစ်ခုဖြစ်တာကြောင့် ဆိုးလ်အစိုးရက ဂျယ်ဂျူအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ K-ETA စာရွက် စာတမ်းလုပ်ထုံးလုပ်နည်းများမှ ကင်းလွတ်ခွင့်ပြုထားပါတယ်။ တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနကတော့ K-ETA စနစ်ကို ဂျယ်ဂျူကျွန်းမှာလည်း ကျင့်သုံးဖို့ တွန်းအားပေးထားကြောင်း မကြာသေးမီက ပြောကြားခဲ့ ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ အထူးသဖြင့် ထိုင်းလူမျိုးများ တရားမဝင် ဝင်ရောက်လာခြင်းကို ကာလကြာရှည်ရင်ဆိုင်နေရပြီး ၎င်းတို့ဟာ များသောအားဖြင့် ခရီးသွားများအဖြစ် တောင်ကိုရီးယားသို့ ဝင်ရောက်ကြပေမယ့်လည်း အလုပ်သမားများအဖြစ် တရားမဝင် အလုပ်များလုပ်ကိုင်နေကာ တစ်လလျှင် ဘတ် ၆ဝဝဝဝ ခန့် ရရှိကြတယ်လို့ သိရပါတယ်။

https://www.bangkokpost.com/thailand/general/2363929/55-thais-disappear-from-tour-group-to-south-korea

Zawgyi Version;
ေတာင္ကိုရီးယား၊ ဂ်ယ္ဂ်ဴကြၽန္းကို အပန္းေျဖ ၃ ရက္တာ ခရီးစဥ္ျဖင့္ လိုက္ပါလာသူ ထိုင္းလူမ်ိဳး ၅၅ ဦး ေပ်ာက္ဆုံးေန၊ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားျဖစ္ေၾကာင္း ခန႔္မွန္းရ
ေရာင္နီ (NP News) - ၾသဂုတ္ ၈
ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂ ရက္ေန႔ အဂၤါေန႔နဲ႔ ၾသဂုတ္လ ၅ ရက္ေန႔ ေသာၾကာေန႔အတြင္းက ထိုင္းႏိုင္ငံမွ ကိုရီးယားႏိုင္ငံ၊ ဂ်ယ္ဂ်ဴကြၽန္းသို႔ တိုက္႐ိုက္ပ်ံသန္းတဲ့ေလေၾကာင္းလိုင္းနဲ႔ လိုက္ပါလာသူ ထိုင္းႏိုင္ငံသား ၆၉၇ ဦးအနက္ ၄၁၇ ဦး ျပည္ဝင္ခြင့္ ျငင္းပယ္ခံရကာ အိမ္ျပန္ခဲ့ရၿပီး က်န္ ၂၈ဝ ဦးမွ ၅၅ ဦး ေပ်ာက္ဆုံးေနေၾကာင္း ဂ်ယ္ဂ်ဴ လူဝင္မႈႀကီးၾကပ္ ေရးဌာနက ေျပာပါတယ္။

၎တို႔လိုက္ပါလာတဲ့ခရီးစဥ္ဟာ သုံးရက္တာ ခရီးစဥ္ျဖစ္တယ္လို႔ လူဝင္မႈႀကီးၾကပ္ေရး႐ုံးမွ တာဝန္ရွိသူမ်ားက ေျပာပါတယ္။ ထိုင္းဧည့္သည္ေတြဟာ ကိုရီးယားအီလက္ထ႐ြန္နစ္ ခရီးသြားခြင့္ျပဳခ်က္ (K-ETA) အစီအစဥ္ လုပ္ထုံး လုပ္နည္းမ်ား မေဆာင္႐ြက္ဘဲ ဝင္ေရာက္ႏိုင္တဲ့ ဂ်ယ္ဂ်ဴခရီးစဥ္မွတဆင့္ ကိုရီးယားႏိုင္ငံအတြင္း ဝင္ေရာက္ျခင္းကို ႏွစ္သက္ၾကပါတယ္။

K-ETA အစီအစဥ္အရ ထိုင္းႏိုင္ငံအပါအဝင္ ဗီဇာကင္းလြတ္ခြင့္ေလွ်ာက္ထားတဲ့ ႏိုင္ငံေပါင္း ၁၁၂ ႏိုင္ငံမွ ႏိုင္ငံသား မ်ားဟာ ခရီးသြားျခင္းမျပဳမီ အြန္လ္လိုင္း ETA ရရွိဖို႔ လိုအပ္ပါတယ္။ သို႔ေသာ္လည္း ဂ်ယ္ဂ်ဴကြၽန္းဟာ နာမည္ႀကီး ခရီးသြားေနရာတစ္ခုျဖစ္တာေၾကာင့္ ဆိုးလ္အစိုးရက ဂ်ယ္ဂ်ဴအျပည္ျပည္ဆိုင္ရာေလဆိပ္မွာ K-ETA စာ႐ြက္ စာတမ္းလုပ္ထုံးလုပ္နည္းမ်ားမွ ကင္းလြတ္ခြင့္ျပဳထားပါတယ္။ ေတာင္ကိုရီးယား တရားေရးဝန္ႀကီးဌာနကေတာ့ K-ETA စနစ္ကို ဂ်ယ္ဂ်ဴကြၽန္းမွာလည္း က်င့္သုံးဖို႔ တြန္းအားေပးထားေၾကာင္း မၾကာေသးမီက ေျပာၾကားခဲ့ ပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံဟာ တရားမဝင္ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား အထူးသျဖင့္ ထိုင္းလူမ်ိဳးမ်ား တရားမဝင္ ဝင္ေရာက္လာျခင္းကို ကာလၾကာရွည္ရင္ဆိုင္ေနရၿပီး ၎တို႔ဟာ မ်ားေသာအားျဖင့္ ခရီးသြားမ်ားအျဖစ္ ေတာင္ကိုရီးယားသို႔ ဝင္ေရာက္ၾကေပမယ့္လည္း အလုပ္သမားမ်ားအျဖစ္ တရားမဝင္ အလုပ္မ်ားလုပ္ကိုင္ေနကာ တစ္လလွ်င္ ဘတ္ ၆ဝဝဝဝ ခန႔္ ရရွိၾကတယ္လို႔ သိရပါတယ္။

https://www.bangkokpost.com/thailand/general/2363929/55-thais-disappear-from-tour-group-to-south-korea

Picture

Ko Moe

08/08/2022 19:48

ထိုင်းတွေလည်း လောဘကြီးလိုက်တာ

Related news

© 2021. All rights reserved.