မြန်မာ့လူဦးရေ (၅၅)သန်းအနက် ပြည်ပရောက်ရှိနေသူမှာ (၄)သန်းခန့်ရှိနေပြီး ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ရန် ပြင်ဆင်နေသူ အများအပြားရှိနေ

1003

မျိုးကြီး (NP News) - သြဂုတ် ၉
မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၅ သန်းရှိသော်လည်း ပြည်ပသို့ ရောက်ရှိနေသောလူဦးရေမှာ ၄ သန်းခန့်ရှိနေပြီး ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ရန် ပြင်ဆင်နေသူအများအပြားရှိနေကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၈ ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ပြုလုပ်သော အစိုးရအဖွဲ့အ စည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က နိုင်ငံ၏သန်းခေါင်စာရင်းတွင် မပြည့်စုံမှုများနှင့်လစ်ဟာမှုများရှိပြီး ကောက်ခံထားသည့်စာရင်းအရ လူဦးရေ ၅၅ သန်းရှိသော်လည်း ပြည်ပသို့ရောက်ရှိနေသူ ၄ သန်းခန့်ရှိကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် ပြည်သူလူထု၏ လူမှုစီးပွားပကတိအခြေအနေကိုသိရှိရန်လည်းလိုကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောဆိုထားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေမှာ စုစု ပေါင်း ၅၅ ဒသမ ၂ သန်းကျော်ရှိကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။
၎င်းလူဦးရေအနက် အမျိုးသားဦရေမှာ (၂၆ ဒသမ ၄)သန်းကျော်နှင့် အမျိုးသမီးဦးရေမှာ (၂၈ ဒသမ ၈)သန်းကျော်ရှိပြီး အမျိုးသားဦးရေထက် အမျိုးသမီးဦးရေမှာပိုမိုများပြားလျက်ရှိနေသည်ကို တွေ့ရသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ လူငယ်လူရွယ်အများအပြားမှာ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်လုပ်ကိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာကြသည်ကိုလည်း တွေ့ရှိနေရသည်။
“မြန်မာနိုင်ငံက ဘာကြောင့်ထွက်ချင်တာလဲဆိုတော့ နိုင်ငံရေးကြောင့်လည်း ပါတယ်။ ဂျပန်နိုင်ငံကို ထွက်ပြီးအလုပ်လုပ်လို့ရှိရင် လစာလည်းပိုရမယ်။ ဒီမှာဆက်နေမယ်ဆိုရင်လည်း အခက်အခဲတွေရှိတယ်။ မတိုးတက်တော့ဘူး ထင်လို့ ဆုံးဖြတ်လိုက်ရတာလည်း ပါတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်ပြီး ဂျပန်နိုင်ငံသွားရန် ပြင်ဆင်နေသူ အသက် (၂၈)နှစ်အရွယ်ရှိ မသီရိက NP News ကိုပြောသည်။
အများစုမှာ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူစသော ပြည်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး အသက်(၂၂)နှစ်အရွယ်ရှိ စင်္ကာနိုင်ငံသွားရန် ပြင်ဆင်နေသော မယဉ်မေက “ဒီမှာ အလုပ်တွေ လျှောက်နေတာလည်း တစ်ခုမှ အဆင်မပြေဘူး။ ပြီးတော့ ရောင်းနေတဲ့ အထည်တွေကလည်း ဈေးတွေ အရမ်းတက်နေတယ်။ ရောင်းရဝယ်ရတာ အ ဆင်မပြေဘူး။ ကိုယ်ပိုင်အလုပ်ကလည်း အဆင်မပြေတော့ဘူးလေ။ အဲဒါ ကြောင့် စင်ကာပူမှာသွားပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ” ဟု NP News ကို ပြောသည်။
ပြီးခဲ့သောရက်ပိုင်းအတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ဂျပန်ဘာသာအရည်အချင်းစစ်စာမွေးပွဲဖြေဆိုရန် လျှောက်လွှာဝယ်ယူသော လူငယ်အများအပြားရှိခဲ့ကာ လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် အမျိုးမျိုးသော ဝေဖန်သုံးသပ်မှုများလည်းရှိခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများတွင်လည်း ထိုင်းနိုင်ငံသို့ အလုပ်လုပ်သွားရောက်လုပ်ကိုင်ရန် နယ်မြို့များမှ တက်လာကာ လာရောက်ချိတ် ဆက်နေသူများကိုလည်း တွေ့မြင်နေရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စားသောက်ကုန်များ၏ ကုန်ဈေးနှုန်းများမှ ပိုမိုကြီးမြင့်လာသကဲ့သို့ စက်သုံးဆီ၊ စားသုံးဆီဈေးနှုန်းမှာလည်း ဈေးကွက်းအတွင်း၌ မြင့်မားလျက်ရှိနေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ဆုတ်ယုတ်လာသည်ဟု ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်ကို တွေ့နေရသည်။
စီးပွားရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ ဖြိုးတိုးတက်ရန်တည်ဆောက်ကာ အခြားကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်တည်ဆောက်ရေး၊ ဈေးကွက်စီးပွား ရေးစနစ် တည်ငြိမ်ရေးဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကာ တိုင်းရင်း သားပြည်သူလူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်တည်ဆောက်ရေး၊ ပြည် တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ် လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများဆောင်ရွက်ဖော်ဆောင်ရေး ဦးတည် ချက်(၃)ရပ်ချမှတ်ထားကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၅၅ သန်းအနက် ၅၀ ရာခိုင်နှုန်းနှင့်အထက်သည် အလုပ်လုပ်ကိုင်နိုင်ကြသူများဖြစ်ပြီး သန်းခေါင်စာ ရင်းအရ နိုင်ငံအတွင်း၌ အလုပ်လုပ်ကိုင်နိုင်သူနှင့် အခွင့်အလမ်းများ များစွာရှိသည်ကိုတွေ့ရကြောင်းနှင့် လက်ရှိအချိန်တွင် အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်သော လူသားအရင်းအမြစ်များကို အသုံးချရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဆိုသည်။

zawgyi version
ျမန္မာ့လူဦးေရ (၅၅)သန္းအနက္ ျပည္ပေရာက္ရွိေနသူမွာ (၄)သန္းခန႔္ရွိေနၿပီး ျပည္ပသို႔ ထြက္ခြာအလုပ္လုပ္ရန္ ျပင္ဆင္ေနသူ အမ်ားအျပားရွိေန
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၉
ျမန္မာႏိုင္ငံ၏ လူဦးေရမွာ ၅၅ သန္းရွိေသာ္လည္း ျပည္ပသို႔ ေရာက္ရွိေနေသာလူဦးေရမွာ ၄ သန္းခန႔္ရွိေနၿပီး ျပည္ပသို႔ ထြက္ခြာအလုပ္လုပ္ရန္ ျပင္ဆင္ေနသူအမ်ားအျပားရွိေနေၾကာင္း သတင္းရရွိသည္။
ၾသဂုတ္လ ၈ ရက္တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး၌ျပဳလုပ္ေသာ အစိုးရအဖြဲ႕အ စည္းအေဝးတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္က ႏိုင္ငံ၏သန္းေခါင္စာရင္းတြင္ မျပည့္စုံမႈမ်ားႏွင့္လစ္ဟာမႈမ်ားရွိၿပီး ေကာက္ခံထားသည့္စာရင္းအရ လူဦးေရ ၅၅ သန္းရွိေသာ္လည္း ျပည္ပသို႔ေရာက္ရွိေနသူ ၄ သန္းခန႔္ရွိေၾကာင္း ေျပာဆိုခဲ့သည္။
ထို႔ျပင္ ျပည္သူလူထု၏ လူမႈစီးပြားပကတိအေျခအေနကိုသိရွိရန္လည္းလိုေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာဆိုထားသည္။
လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနက ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္တြင္ရွိေသာ ျမန္မာႏိုင္ငံ၏ တိုင္းႏွင့္ျပည္နယ္အလိုက္ ခန႔္မွန္းလူဦးေရမွာ စုစု ေပါင္း ၅၅ ဒသမ ၂ သန္းေက်ာ္ရွိေၾကာင္း အသိေပးထုတ္ျပန္ခဲ့သည္။
၎လူဦးေရအနက္ အမ်ိဳးသားဦေရမွာ (၂၆ ဒသမ ၄)သန္းေက်ာ္ႏွင့္ အမ်ိဳးသမီးဦးေရမွာ (၂၈ ဒသမ ၈)သန္းေက်ာ္ရွိၿပီး အမ်ိဳးသားဦးေရထက္ အမ်ိဳးသမီးဦးေရမွာပိုမိုမ်ားျပားလ်က္ရွိေနသည္ကို ေတြ႕ရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္းရွိ လူငယ္လူ႐ြယ္အမ်ားအျပားမွာ ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္လုပ္လုပ္ကိုင္ရန္ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္လာၾကသည္ကိုလည္း ေတြ႕ရွိေနရသည္။
“ျမန္မာႏိုင္ငံက ဘာေၾကာင့္ထြက္ခ်င္တာလဲဆိုေတာ့ ႏိုင္ငံေရးေၾကာင့္လည္း ပါတယ္။ ဂ်ပန္ႏိုင္ငံကို ထြက္ၿပီးအလုပ္လုပ္လို႔ရွိရင္ လစာလည္းပိုရမယ္။ ဒီမွာဆက္ေနမယ္ဆိုရင္လည္း အခက္အခဲေတြရွိတယ္။ မတိုးတက္ေတာ့ဘူး ထင္လို႔ ဆုံးျဖတ္လိုက္ရတာလည္း ပါတယ္” ဟု ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္ၿပီး ဂ်ပန္ႏိုင္ငံသြားရန္ ျပင္ဆင္ေနသူ အသက္ (၂၈)ႏွစ္အ႐ြယ္ရွိ မသီရိက NP News ကိုေျပာသည္။
အမ်ားစုမွာ ထိုင္း၊ ဂ်ပန္၊ ကိုရီးယား၊ စင္ကာပူစေသာ ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာအလုပ္လုပ္ကိုင္ရန္ ျပင္ဆင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ဆက္လက္ၿပီး အသက္(၂၂)ႏွစ္အ႐ြယ္ရွိ စကၤာႏိုင္ငံသြားရန္ ျပင္ဆင္ေနေသာ မယဥ္ေမက “ဒီမွာ အလုပ္ေတြ ေလွ်ာက္ေနတာလည္း တစ္ခုမွ အဆင္မေျပဘူး။ ၿပီးေတာ့ ေရာင္းေနတဲ့ အထည္ေတြကလည္း ေဈးေတြ အရမ္းတက္ေနတယ္။ ေရာင္းရဝယ္ရတာ အ ဆင္မေျပဘူး။ ကိုယ္ပိုင္အလုပ္ကလည္း အဆင္မေျပေတာ့ဘူးေလ။ အဲဒါ ေၾကာင့္ စင္ကာပူမွာသြားၿပီး အလုပ္လုပ္ဖို႔ ဆုံးျဖတ္လိုက္တာ” ဟု NP News ကို ေျပာသည္။
ၿပီးခဲ့ေသာရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တြင္ ဂ်ပန္ဘာသာအရည္အခ်င္းစစ္စာေမြးပြဲေျဖဆိုရန္ ေလွ်ာက္လႊာဝယ္ယူေသာ လူငယ္အမ်ားအျပားရွိခဲ့ကာ လူစုလူေဝးျဖစ္ေပၚခဲ့ၿပီး လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ အမ်ိဳးမ်ိဳးေသာ ေဝဖန္သုံးသပ္မႈမ်ားလည္းရွိခဲ့သည္။
ထို႔ျပင္ ရန္ကုန္ၿမိဳ႕ရွိ ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီမ်ားတြင္လည္း ထိုင္းႏိုင္ငံသို႔ အလုပ္လုပ္သြားေရာက္လုပ္ကိုင္ရန္ နယ္ၿမိဳ႕မ်ားမွ တက္လာကာ လာေရာက္ခ်ိတ္ ဆက္ေနသူမ်ားကိုလည္း ေတြ႕ျမင္ေနရသည္။
လက္ရွိ ျမန္မာႏိုင္ငံတြင္ စားေသာက္ကုန္မ်ား၏ ကုန္ေဈးႏႈန္းမ်ားမွ ပိုမိုႀကီးျမင့္လာသကဲ့သို႔ စက္သုံးဆီ၊ စားသုံးဆီေဈးႏႈန္းမွာလည္း ေဈးကြက္းအတြင္း၌ ျမင့္မားလ်က္ရွိေနသည္ကို ေတြ႕ရသည္။
ျမန္မာႏိုင္ငံ၏ စီးပြားေရးအေျခအေနမွာ ဆုတ္ယုတ္လာသည္ဟု ေဝဖန္ေျပာဆိုမႈမ်ားလည္း ရွိေနသည္ကို ေတြ႕ေနရသည္။
စီးပြားေရးႏွင့္ပတ္သက္၍ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးကို အေျခခံသည့္ ကုန္ထုတ္လုပ္မႈမ်ားကို ေခတ္မီနည္းစနစ္မ်ားျဖင့္ ဖြံ႕ ၿဖိဳးတိုးတက္ရန္တည္ေဆာက္ကာ အျခားက႑မ်ားကိုလည္း ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ရန္တည္ေဆာက္ေရး၊ ေဈးကြက္စီးပြား ေရးစနစ္ တည္ၿငိမ္ေရးေဖာ္ေဆာင္ၿပီး ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဖိတ္ေခၚကာ တိုင္းရင္း သားျပည္သူလူတစ္ရပ္လုံး၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ရန္တည္ေဆာက္ေရး၊ ျပည္ တြင္း စီးပြားေရးလုပ္ငန္းမ်ားကို အားေပးကူညီၿပီး ႏိုင္ငံေတာ္၏ ထုတ္ကုန္မ်ားစြာ ထုတ္ လုပ္ႏိုင္သည့္ အလုပ္အကိုင္အခြင့္အလမ္းမ်ားေဆာင္႐ြက္ေဖာ္ေဆာင္ေရး ဦးတည္ ခ်က္(၃)ရပ္ခ်မွတ္ထားေၾကာင္း နစကဥကၠ႒က ဆိုသည္။
ျမန္မာႏိုင္ငံ၏ လူဦးေရ ၅၅ သန္းအနက္ ၅၀ ရာခိုင္ႏႈန္းႏွင့္အထက္သည္ အလုပ္လုပ္ကိုင္ႏိုင္ၾကသူမ်ားျဖစ္ၿပီး သန္းေခါင္စာ ရင္းအရ ႏိုင္ငံအတြင္း၌ အလုပ္လုပ္ကိုင္ႏိုင္သူႏွင့္ အခြင့္အလမ္းမ်ား မ်ားစြာရွိသည္ကိုေတြ႕ရေၾကာင္းႏွင့္ လက္ရွိအခ်ိန္တြင္ အလုပ္လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ေသာ လူသားအရင္းအျမစ္မ်ားကို အသုံးခ်ရန္လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္က ဆိုသည္။