စမိုင်းလ်တို့ဇနီးမောင်နှံက အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်မှ အပန်းဖြေစံအိမ်ကြီးတစ်လုံးကို လေလံစျေးထက်ပိုပေးကာ ဒေါ်လာ ၁၆.၇ သန်း၊ (ကျပ် ၃၅ ဘီလျံကျော်) ဖြင့် ဝယ်ယူ

 2245

ဖြိုးခန့် (NP News) - သြဂုတ် ၉
မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်နှင့် ကိုပြည့်မောင်တို့ဇနီးမောင်နှံသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှ အပန်းဖြေစံအိမ်ကြီးတစ်ခုကို လေလံစျေးထက်ပိုပေးကာ အမေရိကန်ဒေါ်လာ(၁၆ ဒသမ ၇)သန်း၊ မြန်မာငွေ ကျပ်သန်းပေါင်း သုံးသောင်းငါးထောင်ကျော် ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

စမိုင်းလ်တို့ဇနီးမောင်နှံက အမေရိကန်နိုင်ငံတွင် လူသိများထင်ရှားသည့် မိတ်ကပ်ပညာရှင်၊ အလှကုန်လုပ်ငန်းရှင်၊ Youtuber တစ်ဦးလည်းဖြစ်သည့် Jeffree Star ပိုင်ဆိုင်သော အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ‌ အပန်းဖြေစံအိမ်ကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါအပန်းဖြေစံအိမ်ကြီးသည် ၂ ဒသမ ၈ ဧကကျယ်ဝန်းပြီး Hidden Hills မြို့ရှိ အိမ်များအားလုံးထဲတွင် ခမ်းနားအထည်ဝါဆုံးနှင့် အကြီးဆုံးအိမ်ဖြစ်နိုင်သည့် အိမ်ကြီးတစ်လုံးဖြစ်ကြောင်း သိရကာ၊ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊၊

Jeffree Star သည် အဆိုပါနေအိမ်ကိုရောင်းချခဲ့ရာတွင် လေလံတင်စျေးသည် မူလသတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ သန်း ၂ဝ စျေးအောက်လျော့နည်းခဲ့သော်လည်း လွန်ခဲ့သည့်(၃)နှစ်အတွင်း ဝယ်ယူချိန် ၎င်းပေးချေခဲ့ရသော ဒေါ်လာ(၁၄.၆) သန်းထက် ပိုရသည့်ပမာဏမျိုးဖြစ်နေကြာင်း သိရသည်။

The Real Deal ၏အဆိုအရ လေလံစျေးကွက် နောက်ဆုံးမိနစ်တွင် Jeffree Star သည် အိမ်ကို နောက်ဆုံးစျေးအဖြစ် ‌ဒေါ်လာ(၁၅.၅) သန်း တောင်းဆိုခဲ့ပြီး အဆိုပါပမာဏထက် စျေးပိုရခဲ့ကြောင်းသိရသည်၊၊ ဝယ်သူများအကြောင်းစုံစမ်းရာတွင် ၎င်းတို့သည် စီးပွားရေးလုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံမှ ပြည့်မောင်နှင့်စမိုင်းလ်တို့ ဇနီးမောင်နှံဖြစ်ကြောင်းသိရသည်၊၊

Beverly Hills မြို့တွင် မကြာသေးမီက ခေတ်ပြိုင်အိမ်ကြီးတစ်လုံးကိုငှားရမ်းထားသော ပြည့်မောင်နှင့်စမိုင်းလ်မောင်တို့ဇနီးမောင်နှံသည် ကယ်လီဖိုးနီးယားပြည်နယ် Rancho Cucamonga မြို့တွင် အချိန်အတော်ကြာနေထိုင်ခဲ့းဖူးကြောင်း သိရသည်။

အဆိုပါအိမ်သည် San Bernardino ကောင်တီရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သည့် Rancho Cucamonga မြို့တွင် တည်ရှိပြီး Hidden Hills မြို့၏အရှေ့ဖက် မိုင်(၇ဝ) အကွာတွင် ရှိကြောင်းသိရသည်၊၊

Jeffree Star သည် အဆိုပါအိမ်ကိုပိုင်ဆိုင်ခဲ့သည့် အချိန်အတွင်း ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ကြောင်း သိရသည်၊၊

အဆိုပါနေအိမ်ကြီးကို လျှပ်စစ်၊ HAVC နှင့် လုံခြုံရေးအစီအစဉ်မျာအားလုံးကို အစားထိုးအဆင့်မြှင့်တင်ခဲ့ပြီး အိမ်၏နေရာအတော်များများကို တောက်ပလွန်းသော အဖြူရောင်နှင့် ရွှေရောင် ဆေးသုတ်ခဲ့ပြီး ၎င်း၏ ဒေါ်လာသန်းပေါင်းများစွာတန်သော လက်ဝတ်ရတနာနှင့် အသုံးအဆောင်ပစ္စည်းများ စုဆောင်းမှုအတွက် ဘဏ်တိုက်အသစ်တစ်ခုကိုပါ ထည့်သွင်းတည်ဆောက်ခဲ့ကြောင်း သိရသည်။

Jeffree Star သည် အိမ်၏အနှိပ်ခန်း နှင့် spa အခန်းကို ပြီးပြည့်စုံသော ပြုပြင်မွမ်းမံမှုပေးရန်၊သဘာဝကျကျတည်ဆောက်ရန်၊ YouTube တွင် မှတ်တမ်းတင်ထားသည့်လုပ်ငန်းစဉ်တစ်ခုအဖြစ် YouTube မှ နာမည်ကြီး ဒီဇိုင်းအဖွဲ့ Mr. Kate ကို ငှားရမ်းခဲ့ကြောင်းသိရသည်၊၊

အဆိုပါနေအိမ်ကို ပြုပြင်မွမ်းမံရန်အတွက် သီတင်းပတ်နှစ်ပတ်ကြာ အချိန်ယူခဲ့ရကြောင်းသိရသည်၊၊ Wyoming နှင့် ကယ်လီဖိုးနီးယားပြည်နယ်တို့တွင် အခြေစိုက်ထားသော ဝန်ထမ်းရာပေါင်းများစွာနှင့်လုပ်ငန်းပေါင်းများစွာတို့ကို စီမံခန့်ခွဲသော စီပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် Even Star က အဆိုပါနေအိမ်၏အရွယ်အစားတည်ဆောက်မှုကိုထိန်းသိမ်းရန် အချိန်နှင့် ကြိုးစားအားထုတ်မှုများစွာ ယူခဲ့ရကြောင်း ဝန်ခံခဲ့သည်။

အဆိုပါနေအိမ်သည် စတုရန်းပေ(၂ဝဝဝဝ) ခန့် ကျယ်ဝန်းပြီး ရေချိုးခန်း(၁၃)ခန်းနှင့် အိပ်ခန်း(၇)ခန်းပါဝင်ကြောင်းသိရသည်၊၊

https://www.dirt.com/gallery/entertainers/influencers/jeffree-star-sold-house-hidden-hills-calabasas-1203574650/

စမိုင္းလ္တို႔ဇနီးေမာင္ႏွံက အေမရိကန္၊ ကယ္လီဖိုးနီးယားျပည္နယ္မွ အပန္းေျဖစံအိမ္ႀကီးတစ္လုံးကို ေလလံေစ်းထက္ပိုေပးကာ ေဒၚလာ(၁၆.၇)သန္း၊ (က်ပ္ ၃၅ ဘီလ်ံေက်ာ္) ျဖင့္ ဝယ္ယူ
ၿဖိဳးခန႔္ (NP News) - ၾသဂုတ္ ၉
ျမန္မာႏိုင္ငံမွ ႐ုပ္ရွင္သ႐ုပ္ေဆာင္ စမိုင္းလ္ႏွင့္ ကိုျပည့္ေမာင္တို႔ဇနီးေမာင္ႏွံသည္ အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္မွ အပန္းေျဖစံအိမ္ႀကီးတစ္ခုကို ေလလံေစ်းထက္ပိုေပးကာ အေမရိကန္ေဒၚလာ(၁၆ ဒသမ ၇)သန္း၊ ျမန္မာေငြ က်ပ္သန္းေပါင္း သုံးေသာင္းငါးေထာင္ေက်ာ္ ျဖင့္ ဝယ္ယူခဲ့ေၾကာင္း သိရသည္။

စမိုင္းလ္တို႔ဇနီးေမာင္ႏွံက အေမရိကန္ႏိုင္ငံတြင္ လူသိမ်ားထင္ရွားသည့္ မိတ္ကပ္ပညာရွင္၊ အလွကုန္လုပ္ငန္းရွင္၊ Youtuber တစ္ဦးလည္းျဖစ္သည့္ Jeffree Star ပိုင္ဆိုင္ေသာ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ရွိ ‌ အပန္းေျဖစံအိမ္ကို ဝယ္ယူခဲ့ျခင္းျဖစ္သည္။

အဆိုပါအပန္းေျဖစံအိမ္ႀကီးသည္ ၂ ဒသမ ၈ ဧကက်ယ္ဝန္းၿပီး Hidden Hills ၿမိဳ႕ရွိ အိမ္မ်ားအားလုံးထဲတြင္ ခမ္းနားအထည္ဝါဆုံးႏွင့္ အႀကီးဆုံးအိမ္ျဖစ္ႏိုင္သည့္ အိမ္ႀကီးတစ္လုံးျဖစ္ေၾကာင္း သိရကာ၊ အေမရိကန္ေဒၚလာ ၁၆ ဒသမ ၇ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္၊၊

Jeffree Star သည္ အဆိုပါေနအိမ္ကိုေရာင္းခ်ခဲ့ရာတြင္ ေလလံတင္ေစ်းသည္ မူလသတ္မွတ္ထားသည့္ အေမရိကန္ေဒၚလာ သန္း ၂ဝ ေစ်းေအာက္ေလ်ာ့နည္းခဲ့ေသာ္လည္း လြန္ခဲ့သည့္(၃)ႏွစ္အတြင္း ဝယ္ယူခ်ိန္ ၎ေပးေခ်ခဲ့ရေသာ ေဒၚလာ(၁၄.၆) သန္းထက္ ပိုရသည့္ပမာဏမ်ိဳးျဖစ္ေနၾကာင္း သိရသည္။

The Real Deal ၏အဆိုအရ ေလလံေစ်းကြက္ ေနာက္ဆုံးမိနစ္တြင္ Jeffree Star သည္ အိမ္ကို ေနာက္ဆုံးေစ်းအျဖစ္ ‌ေဒၚလာ(၁၅.၅) သန္း ေတာင္းဆိုခဲ့ၿပီး အဆိုပါပမာဏထက္ ေစ်းပိုရခဲ့ေၾကာင္းသိရသည္၊၊ ဝယ္သူမ်ားအေၾကာင္းစုံစမ္းရာတြင္ ၎တို႔သည္ စီးပြားေရးလုပ္ငန္းေပါင္းမ်ားစြာကို ပိုင္ဆိုင္ထားေသာ ျမန္မာႏိုင္ငံမွ ျပည့္ေမာင္ႏွင့္စမိုင္းလ္တို႔ ဇနီးေမာင္ႏွံျဖစ္ေၾကာင္းသိရသည္၊၊

Beverly Hills ၿမိဳ႕တြင္ မၾကာေသးမီက ေခတ္ၿပိဳင္အိမ္ႀကီးတစ္လုံးကိုငွားရမ္းထားေသာ ျပည့္ေမာင္ႏွင့္စမိုင္းလ္ေမာင္တို႔ဇနီးေမာင္ႏွံသည္ ကယ္လီဖိုးနီးယားျပည္နယ္ Rancho Cucamonga ၿမိဳ႕တြင္ အခ်ိန္အေတာ္ၾကာေနထိုင္ခဲ့းဖူးေၾကာင္း သိရသည္။

အဆိုပါအိမ္သည္ San Bernardino ေကာင္တီရွိ ဆင္ေျခဖုံးရပ္ကြက္တစ္ခုျဖစ္သည့္ Rancho Cucamonga ၿမိဳ႕တြင္ တည္ရွိၿပီး Hidden Hills ၿမိဳ႕၏အေရွ႕ဖက္ မိုင္(၇ဝ) အကြာတြင္ ရွိေၾကာင္းသိရသည္၊၊

Jeffree Star သည္ အဆိုပါအိမ္ကိုပိုင္ဆိုင္ခဲ့သည့္ အခ်ိန္အတြင္း ျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္၊၊

အဆိုပါေနအိမ္ႀကီးကို လွ်ပ္စစ္၊ HAVC ႏွင့္ လုံၿခဳံေရးအစီအစဥ္မ်ာအားလုံးကို အစားထိုးအဆင့္ျမႇင့္တင္ခဲ့ၿပီး အိမ္၏ေနရာအေတာ္မ်ားမ်ားကို ေတာက္ပလြန္းေသာ အျဖဴေရာင္ႏွင့္ ေ႐ႊေရာင္ ေဆးသုတ္ခဲ့ၿပီး ၎၏ ေဒၚလာသန္းေပါင္းမ်ားစြာတန္ေသာ လက္ဝတ္ရတနာႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား စုေဆာင္းမႈအတြက္ ဘဏ္တိုက္အသစ္တစ္ခုကိုပါ ထည့္သြင္းတည္ေဆာက္ခဲ့ေၾကာင္း သိရသည္။

Jeffree Star သည္ အိမ္၏အႏွိပ္ခန္း ႏွင့္ spa အခန္းကို ၿပီးျပည့္စုံေသာ ျပဳျပင္မြမ္းမံမႈေပးရန္၊သဘာဝက်က်တည္ေဆာက္ရန္၊ YouTube တြင္ မွတ္တမ္းတင္ထားသည့္လုပ္ငန္းစဥ္တစ္ခုအျဖစ္ YouTube မွ နာမည္ႀကီး ဒီဇိုင္းအဖြဲ႕ Mr. Kate ကို ငွားရမ္းခဲ့ေၾကာင္းသိရသည္၊၊

အဆိုပါေနအိမ္ကို ျပဳျပင္မြမ္းမံရန္အတြက္ သီတင္းပတ္ႏွစ္ပတ္ၾကာ အခ်ိန္ယူခဲ့ရေၾကာင္းသိရသည္၊၊ Wyoming ႏွင့္ ကယ္လီဖိုးနီးယားျပည္နယ္တို႔တြင္ အေျခစိုက္ထားေသာ ဝန္ထမ္းရာေပါင္းမ်ားစြာႏွင့္လုပ္ငန္းေပါင္းမ်ားစြာတို႔ကို စီမံခန႔္ခြဲေသာ စီပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သည့္ Even Star က အဆိုပါေနအိမ္၏အ႐ြယ္အစားတည္ေဆာက္မႈကိုထိန္းသိမ္းရန္ အခ်ိန္ႏွင့္ ႀကိဳးစားအားထုတ္မႈမ်ားစြာ ယူခဲ့ရေၾကာင္း ဝန္ခံခဲ့သည္။

အဆိုပါေနအိမ္သည္ စတုရန္းေပ(၂ဝဝဝဝ) ခန႔္ က်ယ္ဝန္းၿပီး ေရခ်ိဳးခန္း(၁၃)ခန္းႏွင့္ အိပ္ခန္း(၇)ခန္းပါဝင္ေၾကာင္းသိရသည္၊၊

https://www.dirt.com/gallery/entertainers/influencers/jeffree-star-sold-house-hidden-hills-calabasas-1203574650/

Related news

© 2021. All rights reserved.