ဂျပန်နိုင်ငံ နာဂါစကီမြို့ကို အမေရိကန်တို့ အဏုမြူဗုံးကြဲခံရမှု ၇၇ နှစ်ပြည့်အခမ်းအနားကျင်းပ၊ ဂျပန်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်

 879

ဂျန်ဇက် (NP News) - သြဂုတ် ၁ဝ
ဂျပန်နိုင်ငံ နာဂါစကီမြို့ကို ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တို့ အဏုမြူဗုံးကြဲခံရမှု ၇၇ နှစ် ပြည့်အခမ်း အနားကို သြဂုတ် ၉ ရက်နေ့က ကျင်းပခဲ့ပြီး လူထောင်ချီတက်ရောက်ကာ စစ်ပွဲတွေနဲ့ နျူကလီးယားလက်နက် တွေကင်းမဲ့တဲ့ ကမ္ဘာကြီးဖြစ်လာရေးအတွက် ဆုတောင်းခဲ့ကြပါတယ်။

အဆိုပါအခမ်းနားကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဖူမီအို နဲ့အတူ ဒါဇင်နဲ့ချီရှိတဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေဟာ နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အမေရိကန်ဟာ နာကာစကီမြို့ကို အဏုမြူဗုံးမကြဲခင် ဟီရိုရှီးမားမြို့ကို အရင်ဗုံးကြဲခဲ့ရာ လူပေါင်း ၃ သိန်းကျော်သေဆုံးခဲ့ရပြီး နာဂါစကီမြို့ ဗုံးကြဲခံရမှုမှာတော့ လူ ၇ဝဝဝဝ ကျော် ချက်ချင်း သေဆုံးသွားခဲ့ပါတယ်။

အသက်ရှင်လွတ်မြောက်လာခဲ့တဲ့သူအမြောက်အမြားဟာ ကင်ဆာရောဂါ၊ ဓာတ်ရောင်ခြည်သင့်ခံရတာနဲ့ ဆက်နွယ်တဲ့ တခြားရောဂါတွေ ခံစားခဲ့ရပြီး အခုဆိုရင် အဲဒီသက်ရောက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့သူ ၁၉၂၃၁ဝ ဦး ရှိနေခဲ့တယ်လို့ သိရပါတယ်။

အသက်ရှင်လွတ်မြောက်ခဲ့သူ တာကာရှီက "အဲဒီအချိန်တုန်းက အသက် ၅ နှစ်ပဲ ရှိပါသေးတယ်။ ဗုံးပေါက်ကွဲချိန်မှာ သူဟာ ဗုံးကျခဲ့တဲ့နေရာကနေ ၂ ဒသမ ၄ ကီလိုမီတာအကွာမှာရှိတဲ့ နေအိမ်မှာရှိနေခဲ့ပါတယ်။ သူ့ရဲ့ ဦးလေးနဲ့ အဒေါ်တို့ သေဆုံးသွားခဲ့ပြီး ဖခင်ကတော့ နောက် ၅ နှစ်အကြာမှာ သွေးကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်" လို့ ပြောပါတယ်။

၄င်းဟာ လက်ရှိအချိန်မှာ ကင်ဆာရောဂါခံစားနေရပြီး၊ ဂျပန်အစိုးရကို နျူကလီးယားလက်နက် တားမြစ်ပိတ်ပင် ရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး အတည်ပြုဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။

https://www3.nhk.or.jp/nhkworld/en/news/20220809_13/

Zawgyi Version;
ဂ်ပန္ႏိုင္ငံ နာဂါစကီၿမိဳ႕ကို အေမရိကန္တို႔ အဏုျမဴဗုံးႀကဲခံရမႈ ၇၇ ႏွစ္ျပည့္အခမ္းအနားက်င္းပ၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ကိုယ္တိုင္တက္ေရာက္
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁ဝ
ဂ်ပန္ႏိုင္ငံ နာဂါစကီၿမိဳ႕ကို ဒုတိယကမာၻစစ္အတြင္း အေမရိကန္တို႔ အဏုျမဴဗုံးႀကဲခံရမႈ ၇၇ ႏွစ္ ျပည့္အခမ္း အနားကို ၾသဂုတ္ ၉ ရက္ေန႔က က်င္းပခဲ့ၿပီး လူေထာင္ခ်ီတက္ေရာက္ကာ စစ္ပြဲေတြနဲ႔ န်ဴကလီးယားလက္နက္ ေတြကင္းမဲ့တဲ့ ကမာၻႀကီးျဖစ္လာေရးအတြက္ ဆုေတာင္းခဲ့ၾကပါတယ္။

အဆိုပါအခမ္းနားကို ဂ်ပန္ဝန္ႀကီးခ်ဳပ္ ကီရွီဒါ ဖူမီအို နဲ႔အတူ ဒါဇင္နဲ႔ခ်ီရွိတဲ့ႏိုင္ငံေတြက ကိုယ္စားလွယ္ေတြဟာ ႏွစ္ပတ္လည္အခမ္းအနားကို တက္ေရာက္ခဲ့ပါတယ္။ အေမရိကန္ဟာ နာကာစကီၿမိဳ႕ကို အဏုျမဴဗုံးမႀကဲခင္ ဟီ႐ိုရွီးမားၿမိဳ႕ကို အရင္ဗုံးႀကဲခဲ့ရာ လူေပါင္း ၃ သိန္းေက်ာ္ေသဆုံးခဲ့ရၿပီး နာဂါစကီၿမိဳ႕ ဗုံးႀကဲခံရမႈမွာေတာ့ လူ ၇ဝဝဝဝ ေက်ာ္ ခ်က္ခ်င္း ေသဆုံးသြားခဲ့ပါတယ္။

အသက္ရွင္လြတ္ေျမာက္လာခဲ့တဲ့သူအေျမာက္အျမားဟာ ကင္ဆာေရာဂါ၊ ဓာတ္ေရာင္ျခည္သင့္ခံရတာနဲ႔ ဆက္ႏြယ္တဲ့ တျခားေရာဂါေတြ ခံစားခဲ့ရၿပီး အခုဆိုရင္ အဲဒီသက္ေရာက္မႈေတြေၾကာင့္ ေသဆုံးခဲ့ရတဲ့သူ ၁၉၂၃၁ဝ ဦး ရွိေနခဲ့တယ္လို႔ သိရပါတယ္။

အသက္ရွင္လြတ္ေျမာက္ခဲ့သူ တာကာရွီက "အဲဒီအခ်ိန္တုန္းက အသက္ ၅ ႏွစ္ပဲ ရွိပါေသးတယ္။ ဗုံးေပါက္ကြဲခ်ိန္မွာ သူဟာ ဗုံးက်ခဲ့တဲ့ေနရာကေန ၂ ဒသမ ၄ ကီလိုမီတာအကြာမွာရွိတဲ့ ေနအိမ္မွာရွိေနခဲ့ပါတယ္။ သူ႔ရဲ႕ ဦးေလးနဲ႔ အေဒၚတို႔ ေသဆုံးသြားခဲ့ၿပီး ဖခင္ကေတာ့ ေနာက္ ၅ ႏွစ္အၾကာမွာ ေသြးကင္ဆာနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္" လို႔ ေျပာပါတယ္။

၄င္းဟာ လက္ရွိအခ်ိန္မွာ ကင္ဆာေရာဂါခံစားေနရၿပီး၊ ဂ်ပန္အစိုးရကို န်ဴကလီးယားလက္နက္ တားျမစ္ပိတ္ပင္ ေရးဆိုင္ရာသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးၿပီး အတည္ျပဳဖို႔ ေတာင္းဆိုေနတယ္လို႔ သိရပါတယ္။

https://www3.nhk.or.jp/nhkworld/en/news/20220809_13/

Related news

© 2021. All rights reserved.