ချင်းပြည်နယ်တွင် ထင်ရှားသည့် ကျောက်တောင်တစ်ခုဖြစ်သည့် ကျီရီးယန်းတောင်ကို အမျိုးသာဥယျာဉ်အဖြစ်သတ်မှတ်

 876

ရဲပြည့် (NP News) - ဩဂုတ် ၁၁
ချင်းပြည်နယ်တွင် ထင်ရှားသည့် ကျောက်တောင်ကြီးဖြစ်သည့် ကျီရီးယန်းတောင်ကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ကြောင်းသိရသည်။

အဆိုပါ ကျောက်တောင်ကြီးသည် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အ တွင်းရှိ ဧက ၆၄ဝ၈ ဒသမ ၅ဝ ရှိပြီး ဇီဝမျိုးစုံ မျိုးကွဲများ ထိန်သိမ်းရန်အတွက် ဩဂုတ် လ ၈ ရက်တွင် အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှသိရသည်။

ကျီရီးယန်းတောင်သည် ချင်းပြည်နယ်တွင် ထင်ရှားသည့် ကျောက်တောင်ကြီးတစ်ခုဖြစ်ပြီး ထန်တလန်မြို့မှ ၄၃ မိုင်ခန့်အကွာတွင်တည်ရှိ၍ ဟားခါး - ထန်တလန် - ဆာဆီချောက် ကားလမ်းမကြီးဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းပေါက်ပြီး ပြည် တွင်းပြည်ပ ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာအပန်းဖြေနိုင်သည့် နေရာဖြစ်သည်။

ထို့ပြင် ချင်းပြည်နယ်၏ အမှတ်အသားသင်္ကေတဖြစ်သည့် တောင်ဇလပ်ဖြူ၊ တောင် ဇလပ်နီနှင့် ချယ်ရီပင်များပေါက်ရောက်ပြီး သဘာဝတောအနေအထားများ ကောင်းမွန်ခြင်း၊ မျိုးသုန်းရန်အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ် စသည့် တောရိုင်းတိရစ္ဆာန်များကျက်စားနေထိုင်ခြင်း၊ ဘူမိရူပသွင်ပြင်ထူးခြားသည့် သ ဘာဝကျောက်ဆောင်ကျောက်တန်းများနှင့် ရေတံခွန်များတည်ရှိခြင်းနှင့် ရှည်လျားပြီး လူတစ်ရပ်ခန့်မြင့်သည့် လိုဏ်ဂူအတွင်း သေးငယ်သည့် လင်းနို့များစွာတွေ့ရှိရခြင်းတို့ကြောင့် ဇီဝမျိုးစုံမျိုးကွဲများစုံလင်သည့် နေရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၈)ရက်တွင်လည်း ဝက်ဝံအပါအဝင် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်သည့် ဧက(၄၉ဝဝ)ကျော်ရှိ ပလက်ဝမြို့မှနယ်မြေတစ်ခုအား ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခဲ့သည်။

zawgyi version
ခ်င္းျပည္နယ္တြင္ ထင္ရွားသည့္ ေက်ာက္ေတာင္တစ္ခုျဖစ္သည့္ က်ီရီးယန္းေတာင္ကို အမ်ိဳးသာဥယ်ာဥ္အျဖစ္သတ္မွတ္
ရဲျပည့္ (NP News) - ဩဂုတ္ ၁၁

ခ်င္းျပည္နယ္တြင္ ထင္ရွားသည့္ ေက်ာက္ေတာင္ႀကီးျဖစ္သည့္ က်ီရီးယန္းေတာင္ကို အမ်ိဳးသားဥယ်ာဥ္အျဖစ္ သတ္မွတ္လိုက္ေၾကာင္းသိရသည္။

အဆိုပါ ေက်ာက္ေတာင္ႀကီးသည္ ခ်င္းျပည္နယ္၊ ဟားခါးခ႐ိုင္၊ ထန္တလန္ၿမိဳ႕နယ္အ တြင္းရွိ ဧက ၆၄ဝ၈ ဒသမ ၅ဝ ရွိၿပီး ဇီဝမ်ိဳးစုံ မ်ိဳးကြဲမ်ား ထိန္သိမ္းရန္အတြက္ ဩဂုတ္ လ ၈ ရက္တြင္ အမ်ိဳးသားဥယ်ာဥ္အျဖစ္သတ္မွတ္လိုက္ျခင္းျဖစ္ေၾကာင္းလည္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနမွသိရသည္။

က်ီရီးယန္းေတာင္သည္ ခ်င္းျပည္နယ္တြင္ ထင္ရွားသည့္ ေက်ာက္ေတာင္ႀကီးတစ္ခုျဖစ္ၿပီး ထန္တလန္ၿမိဳ႕မွ ၄၃ မိုင္ခန႔္အကြာတြင္တည္ရွိ၍ ဟားခါး - ထန္တလန္ - ဆာဆီေခ်ာက္ ကားလမ္းမႀကီးျဖင့္ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္သို႔ ကားလမ္းေပါက္ၿပီး ျပည္ တြင္းျပည္ပ ခရီးသြားဧည့္သည္မ်ား ဝင္ထြက္သြားလာအပန္းေျဖႏိုင္သည့္ ေနရာျဖစ္သည္။

ထို႔ျပင္ ခ်င္းျပည္နယ္၏ အမွတ္အသားသေကၤတျဖစ္သည့္ ေတာင္ဇလပ္ျဖဴ၊ ေတာင္ ဇလပ္နီႏွင့္ ခ်ယ္ရီပင္မ်ားေပါက္ေရာက္ၿပီး သဘာဝေတာအေနအထားမ်ား ေကာင္းမြန္ျခင္း၊ မ်ိဳးသုန္းရန္အႏၲရာယ္ရွိသည့္ ေတာဆိတ္၊ ေတာင္ဆိတ္၊ က်ားသစ္ႏွင့္ သင္းေခြခ်ပ္ စသည့္ ေတာ႐ိုင္းတိရစာၦန္မ်ားက်က္စားေနထိုင္ျခင္း၊ ဘူမိ႐ူပသြင္ျပင္ထူးျခားသည့္ သ ဘာဝေက်ာက္ေဆာင္ေက်ာက္တန္းမ်ားႏွင့္ ေရတံခြန္မ်ားတည္ရွိျခင္းႏွင့္ ရွည္လ်ားၿပီး လူတစ္ရပ္ခန႔္ျမင့္သည့္ လိုဏ္ဂူအတြင္း ေသးငယ္သည့္ လင္းႏို႔မ်ားစြာေတြ႕ရွိရျခင္းတို႔ေၾကာင့္ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားစုံလင္သည့္ ေနရာတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။

ၿပီးခဲ့သည့္ ဩဂုတ္လ (၈)ရက္တြင္လည္း ဝက္ဝံအပါအဝင္ ေတာ႐ိုင္းတိရစာၦန္မ်ား က်က္စားေနထိုင္သည့္ ဧက(၄၉ဝဝ)ေက်ာ္ရွိ ပလက္ဝၿမိဳ႕မွနယ္ေျမတစ္ခုအား ႀကိဳးျပင္ကာကြယ္ေတာအျဖစ္ သတ္မွတ္ခဲ့သည္။

© 2021. All rights reserved.