အင်းစိန်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

 840

NP News သြဂုတ် ၁၂
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် အပစ်ခတ်ခံခဲ့ရကြောင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်၊ (၁၄/၁၅)ရပ်ကွက်၊ မြတ်အိမ်ယာလမ်းသွယ် (၂)လမ်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင် ကိုလှိုင်မင်းထွန်းဆိုသူမှာ ယနေ့ သြဂုတ် ၁၂ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် ၄င်း၏နေအိမ်ပေါ်မှနေ ဆင်းလာစဥ် ဆိုင်ကယ်နဲ့အသင့်စောင့်ဆိုင်းနေသူ အမည်မသိလူနှစ်ဦးမှ ပစ်ခတ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ပစ်ခတ်ခံရမှုကြောင့် ကိုလှိုင်မင်းထွန်းမှာ သေနတ်ဒဏ်များရရှိခဲ့ပြီး လတ်တလောတွင် ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်းသိရပြီး အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်ကာ စစ်ဆေးမှုများပြုလုပ်သွားကြောင်း သိရသည်။

ထို့အတူ သြဂုတ် ၁၁ ရက် ညပိုင်းကလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ချို့တွင်လည်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

Zawgyi Version;
အင္းစိန္ၿမိဳ႕နယ္တြင္ အရန္မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
NP News ၾသဂုတ္ ၁၂
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ အရန္မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး ေသနတ္ျဖင့္ အပစ္ခတ္ခံခဲ့ရေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးရွိ သတင္းအရင္းအျမစ္တစ္ဦးက ေျပာသည္။

ျဖစ္စဥ္မွာ အင္းစိန္ၿမိဳ႕နယ္၊ (၁၄/၁၅)ရပ္ကြက္၊ ျမတ္အိမ္ယာလမ္းသြယ္ (၂)လမ္း၌ အရန္မီးသတ္တပ္ဖြဲ႕ဝင္ ကိုလႈိင္မင္းထြန္းဆိုသူမွာ ယေန႔ ၾသဂုတ္ ၁၂ ရက္ နံနက္ ၈ နာရီအခ်ိန္ခန႔္တြင္ ၄င္း၏ေနအိမ္ေပၚမွေန ဆင္းလာစဥ္ ဆိုင္ကယ္နဲ႔အသင့္ေစာင့္ဆိုင္းေနသူ အမည္မသိလူႏွစ္ဦးမွ ပစ္ခတ္ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔သို႔ပစ္ခတ္ခံရမႈေၾကာင့္ ကိုလႈိင္မင္းထြန္းမွာ ေသနတ္ဒဏ္မ်ားရရွိခဲ့ၿပီး လတ္တေလာတြင္ ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေနေၾကာင္းသိရၿပီး အခင္းျဖစ္ပြားရာေနရာသို႔ သက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား လာေရာက္ကာ စစ္ေဆးမႈမ်ားျပဳလုပ္သြားေၾကာင္း သိရသည္။

ထို႔အတူ ၾသဂုတ္ ၁၁ ရက္ ညပိုင္းကလည္း ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးတစ္ခ်ိဳ႕တြင္လည္း ဗုံးေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.