နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရေး ဆောင်ရွက်နေဟု လျှပ်စစ်စွမ်းအားဝန်ကြီးဆို

1256

မျိုးကြီး (NP News) - သြဂုတ် ၁၄
နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရေးဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်က ပြောသည်။
ဝန်ကြီးဦးသောင်းဟန်က သြဂုတ်လ ၁၃ ရက်တွင် ရန်ကုန်တိုင်အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော ရန်ကုန်ရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ပတ်သက်သော အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများနှင့် စက်မှုဇုန်၊ စက်မှုလက်မှုလုပ်ငန်းများတွင် တည်ငြိမ်စွာ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်နေကြောင်း ဝန်ကြီးက ဆို သည်။
ထို့ပြင် နိုင်ငံအတွင်း နှစ်စဉ်တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့် ဆည်းနိုင်ရေးအတွက် ရေအားလျှပ်စစ်စီမံကိန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံးဓာတ် အားပေးစက်ရုံများအပြင် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဦးသောင်းဟန်က ပြောသည်။
လက်ရှိတွင် နိုင်ငံအတွင်း၌ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ၏ လိုအပ်ချက်ပမာဏကို ဖြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိဘဲ အချိန်ပိုင်းပြတ်တောက်မှုများရှိနေသေးကြောင်း သိရသည်။
နိုင်ငံအတွင်း၌ သဘာဝဓာတ်ငွေ့လုံလောက်စွာ မရရှိခြင်း၊ ဓာတ်ငွေ့သုံးစက်ရုံများ ပြု ပြင်နေရခြင်း၊ CNG ဈေးနှုန်းများ အဆမတန်ကြီးမြင့်ခြင်းနှင့် မဟာလျှပ်စစ်ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံရခြင်းတို့ကြောင့် လိုအပ်သော လျှပ်စစ်ဓာတ်အားကို အ ပြည့်အဝမရရှိခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောဆိုထားသည်။
လက်ရှိတွင် ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံတစ်ရုံ၊ သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ ၂၈ ရုံ၊ ဒီဇယ်ဓာတ် အားပေးစက် ၆၁ဝ ခုနှင့် နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ ၂ ရုံတို့ဖြင့် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
နယ္စပ္ျဖတ္ေက်ာ္ဓာတ္အားလိုင္းမ်ားႏွင့္ လွ်ပ္စစ္ဓာတ္အားဝယ္ယူႏိုင္ေရး ေဆာင္႐ြက္ေနဟု လွ်ပ္စစ္စြမ္းအားဝန္ႀကီးဆို
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၁၄
နယ္စပ္ျဖတ္ေက်ာ္ဓာတ္အားလိုင္းမ်ားႏွင့္ လွ်ပ္စစ္ဓာတ္အားဝယ္ယူႏိုင္ေရးေဆာင္႐ြက္ေနေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဦးေသာင္းဟန္က ေျပာသည္။
ဝန္ႀကီးဦးေသာင္းဟန္က ၾသဂုတ္လ ၁၃ ရက္တြင္ ရန္ကုန္တိုင္အစိုးရအဖြဲ႕႐ုံး၌ ျပဳလုပ္ေသာ ရန္ကုန္ရွိ စက္မႈဇုန္မ်ားသို႔ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေပးေနမႈအေျခအေနမ်ားႏွင့္ပတ္သက္ေသာ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
လွ်ပ္စစ္ဓာတ္အားသုံးစြဲသူ ျပည္သူမ်ားႏွင့္ စက္မႈဇုန္၊ စက္မႈလက္မႈလုပ္ငန္းမ်ားတြင္ တည္ၿငိမ္စြာ လွ်ပ္စစ္ဓာတ္အားသုံးစြဲႏိုင္ေရးအတြက္ ဓာတ္အားေပးစက္႐ုံမ်ား၊ မဟာဓာတ္အားလိုင္းမ်ားႏွင့္ ဓာတ္အားခြဲ႐ုံမ်ားကို တည္ေဆာက္ေနေၾကာင္း ဝန္ႀကီးက ဆို သည္။
ထို႔ျပင္ ႏိုင္ငံအတြင္း ႏွစ္စဥ္တိုးတက္သုံးစြဲလာသည့္ ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ ဆည္းႏိုင္ေရးအတြက္ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားႏွင့္ ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္ အားေပးစက္႐ုံမ်ားအျပင္ နယ္စပ္ျဖတ္ေက်ာ္ဓာတ္အားလိုင္းမ်ားႏွင့္ လွ်ပ္စစ္ဓာတ္အားဝယ္ယူႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဝန္ႀကီးဦးေသာင္းဟန္က ေျပာသည္။
လက္ရွိတြင္ ႏိုင္ငံအတြင္း၌ လွ်ပ္စစ္ဓာတ္အားသုံးစြဲသူမ်ား၏ လိုအပ္ခ်က္ပမာဏကို ျဖည့္မီစြာ ျဖည့္ဆည္းေပးႏိုင္ျခင္းမရွိဘဲ အခ်ိန္ပိုင္းျပတ္ေတာက္မႈမ်ားရွိေနေသးေၾကာင္း သိရသည္။
ႏိုင္ငံအတြင္း၌ သဘာဝဓာတ္ေငြ႕လုံေလာက္စြာ မရရွိျခင္း၊ ဓာတ္ေငြ႕သုံးစက္႐ုံမ်ား ျပဳ ျပင္ေနရျခင္း၊ CNG ေဈးႏႈန္းမ်ား အဆမတန္ႀကီးျမင့္ျခင္းႏွင့္ မဟာလွ်ပ္စစ္ဓာတ္အားလိုင္းမ်ား ေဖာက္ခြဲဖ်က္ဆီးခံရျခင္းတို႔ေၾကာင့္ လိုအပ္ေသာ လွ်ပ္စစ္ဓာတ္အားကို အ ျပည့္အဝမရရွိျခင္းျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာဆိုထားသည္။
လက္ရွိတြင္ ေရအားလွ်ပ္စစ္စက္႐ုံ ၂၉ ႐ုံ၊ ေက်ာက္မီးေသြးသုံးစက္႐ုံတစ္႐ုံ၊ သဘာဝ ဓာတ္ေငြ႕သုံးစက္႐ုံ ၂၈ ႐ုံ၊ ဒီဇယ္ဓာတ္ အားေပးစက္ ၆၁ဝ ခုႏွင့္ ေနေရာင္ျခည္စြမ္းအင္သုံးစက္႐ုံ ၂ ႐ုံတို႔ျဖင့္ ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။