စိတ်ကျန်းမာရေးအခြေအနေများကြောင့် ဆိုရှယ်မီဒီယာအသုံးပြုမှုကို ရပ်နားတော့မည့် Spider-Man ဇာတ်ကားသရုပ်ဆောင် တွမ်ဟောလန်း

519

ဖြိုးခန့် (NP News) - သြဂုတ် ၁၅
Avengers: Endgame နှင့် Spider-Man: No Way Home ရုပ်ရှင်ဇာတ်ကားများ၏သရုပ်ဆောင်တစ်ဦးဖြစ်သူ တွမ်ဟောလန်းသည် ယခင်က အင်စတာဂရမ်လူမှုကွန်ရက်အသုံးပြုမှုကိုရပ်နားခဲ့ပြီးနောက် လက်ရှိအချိန်တွင် ဆိုရှယ်မီဒီယာ ကွန်ရက်များအသုံးပြုခြင်းကို အနားယူတော့မည်ဖြစ်ကြောင်းသိရသည်၊၊
Marvel ရုပ်ရှင်သရုပ်ဆောင် တွမ်ဟောလန်းသည် စိတ်ကျန်းမာရေးအခြေအနေများကြောင့် ဆိုရှယ်မီဒီယာများမှ အနားယူတော့မည်ဖြစ်ကြောင်း အင်စတာဂရမ်နှင့် တွစ်တာ app များကို ၎င်း၏ဖုန်းမှဖျက်တော့မည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်၊၊
တွမ်ဟောလန်းက “အင်စတာဂရမ်နဲ့ တွစ်တာလို app တွေဟာ စိတ်ကိုမွန်းကြပ်စေပြီး လွှမ်းမိုးလာနိုင်ပါတယ်၊၊ ကျွန်တော်ကိုယ်တိုင်လည်း ဆိုရှယ်မီဒီယာတွေရဲ့ လွှမ်းမိုးမှုတွေကိုခံခဲ့ရပါတယ်၊၊ အွန်လိုင်းပေါ်က စာတွေဖတ်ချိန် မှာ ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကို အရမ်းထိခိုက်စေပါတယ်” ဟု ပြောကြားခဲ့သည်၊၊
တွမ်ဟောလန်းသည် The Brothers Trust အဖွဲ့အစည်းမှတစ်ဆင့် ၎င်းနှင့်အလုပ်တူတူတွဲလုပ်သော ပရဟိတ အဖွဲ့အစည်း stem4 မှ အထောက်အကူဖြစ်သော app များအကြောင်းကို ဗီဒီယိုများတွင် ထည့်သွင်းပြောကြားခဲ့ ကြောင်း သိရသည်၊၊
တွမ်ဟောလန်းသည် stem4 မှ ကမ်းလှမ်းထားသော မတူညီသော app (၄) ခုအကြောင်းနှင့် ၎င်း၏အဖွဲ့သည် ပရဟိတအဖွဲ့ကို မည်သို့ထောက်ပံ့ပေးကြောင်း ပြောကြားခဲ့ပြီး stem4 ဝက်ဘ်ဆိုက်နှင့် ၎င်း၏ညီငယ်သုံးယောက် နှင့်အတူဖွဲ့စည်းထားသည့် The Brothers Trust ဝက်ဘ်ဆိုက်တို့ကို ပရိသတ်များကို လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်၊၊
တွမ်ဟောလန်းက “ကျွန်တော့်ရဲ့စိတ်ကျန်းမာရေးအခြေအေနတွေကြောင့် ဆိုရှယ်မီဒီယာတွေကနေ အနားယူ တော့မှာပါ၊၊ ဘာကြောင့်လဲဆိုတော့ အင်စတာဂရမ်နဲ့ တွစ်တာလို app တွေဟာ စိတ်မွန်းကြပ်မှုတွေကိုဖြစ်စေပြီး လူကိုလွှမ်းမိုးလာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော် အဲဒီ app တွေကို ဖျက်ပစ်တော့မှာပါ၊၊ အတိုချုံးပြောရ မယ်ဆိုရင် ကျွန်တော်တို့စပွန်ဆာပေးထားတဲ့ stem4 ပရဟိတအဖွဲ့ဝက်ဘ်ဆိုက်ကို လမ်းညွှန်ပေးခြင်းဟာ ပိုကောင်းတဲ့ စိတ်ကူးတစ်ခုဖြစ်မှာပါ၊၊ stem4 ပရဟိတအဖွဲ့ဟာ အလွန်ဆန်းသစ်တဲ့ ပညာရေးပရိုဂရမ်တစ်ခု ဖြစ်ပါတယ်၊၊ stem4 ၏ ရှေ့ဆောင် app များ၊ ဆေးခန်းဆိုင်ရာအကြုံပြုချက် ဝက်ဘ်ဆိုက်များ၊ စိတ်ကျန်းမာရေး ဆိုင်ရာဆွေးနွေးပွဲများသည် ဒုက္ခရောက်နေသော ကလေးငယ်များကို ကူညီရာတွင် အထောက်အကူဖြစ်စေပါ တယ်၊၊ stem4 မှာ မတူညီတဲ့ App (၄) ခုရှိပါတယ်၊၊ ပထမတစ်ခုဟာ စိတ်ငြိမ်ဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့ ပြင်းထန်သော စိတ်ခံစားမှုများကိုထိန်းချုပ်ဖို့ နဲ့ လျှော့ချဖို့အတွက် ကူညီပေးဖို့အတွက်ပါ၊၊ ဒုတိယအချက်က ကြောက်ရွံ့စိတ်ကိုထိန်းချုပ်ဖို့နဲ့လျော့ချရန်အတွက် ကူညီပေးဖို့ဖြစ်ပါတယ်။ တတိယအချက်ကတော့ စိတ်ကျန်းမာ ရေးအခြေအနေမကောင်းတဲ့ လူငယ်တစ်ဦးကို သူငယ်ချင်းများနှင့် မိသားစုဝင်များက စိတ်ငြိမ်စေဖို့အတွက် ကူညီ ပေးဖို့ဖြစ်ပါတယ်၊၊ နောက်ဆုံးအချက်ကတော့ စိတ်ဓာတ်လှုံ့ဆော်မှုတွေကို တိုးမြင့်စေပြီး နိမ့်ကျနေတဲ့စိတ်တွေကို မြှင့်တင်ဖို့ပါပဲ” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ဒီ App တွေဟာ အားလုံးပျော်ရွှင်ပြီး ကျန်းမာဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။ ဒါကြောင့် stem4 ပရဟိတအဖွဲ့ကို ကူညီထောက်ပံ့ပေးချင်တယ်ဆိုရင် ကျွန်တော်တို့ဝက်ဘ်ဆိုက်ကိုလာပြီး အင်္ကျီတွေ လာဝယ်လိုက်ပါ၊၊ ငွေတွေအားလုံးက ကျွန်တော်တို့ပံ့ပိုးပေးတဲ့ ပရဟိတအဖွဲ့တွေဆီကို ရောက်သွားမှာပါ” ဟု ပြောခဲ့သည်၊၊
တွမ်ဟောလန်းသည် နယူးယောက်မြို့တွင် ရိုက်ကူးနေသည့် Apple TV+ စီးရီး The Crowded Room တွင် ပါဝင်သရုပ်ဆောင်ထားပြီး ထပ်မံတွေ့မြင်ရဖွယ်ရှိနေကြောင်းသိရသည်။
https://comicbook.com/marvel/news/marvels-tom-holland-social-media-hiatus-mental-health/
Zawgyi Version;
စိတ္က်န္းမာေရးအေျခအေနမ်ားေၾကာင့္ ဆိုရွယ္မီဒီယာအသုံးျပဳမႈကို ရပ္နားေတာ့မည့္ Spider-Man ဇာတ္ကားသ႐ုပ္ေဆာင္ တြမ္ေဟာလန္း
ၿဖိဳးခန႔္ (NP News) - ၾသဂုတ္ ၁၅
Avengers: Endgame ႏွင့္ Spider-Man: No Way Home ႐ုပ္ရွင္ဇာတ္ကားမ်ား၏သ႐ုပ္ေဆာင္တစ္ဦးျဖစ္သူ တြမ္ေဟာလန္းသည္ ယခင္က အင္စတာဂရမ္လူမႈကြန္ရက္အသုံးျပဳမႈကိုရပ္နားခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္တြင္ ဆိုရွယ္မီဒီယာ ကြန္ရက္မ်ားအသုံးျပဳျခင္းကို အနားယူေတာ့မည္ျဖစ္ေၾကာင္းသိရသည္၊၊
Marvel ႐ုပ္ရွင္သ႐ုပ္ေဆာင္ တြမ္ေဟာလန္းသည္ စိတ္က်န္းမာေရးအေျခအေနမ်ားေၾကာင့္ ဆိုရွယ္မီဒီယာမ်ားမွ အနားယူေတာ့မည္ျဖစ္ေၾကာင္း အင္စတာဂရမ္ႏွင့္ တြစ္တာ app မ်ားကို ၎၏ဖုန္းမွဖ်က္ေတာ့မည္ျဖစ္ေၾကာင္း အသိေပးေျပာၾကားခဲ့သည္၊၊
တြမ္ေဟာလန္းက “အင္စတာဂရမ္နဲ႔ တြစ္တာလို app ေတြဟာ စိတ္ကိုမြန္းၾကပ္ေစၿပီး လႊမ္းမိုးလာႏိုင္ပါတယ္၊၊ ကြၽန္ေတာ္ကိုယ္တိုင္လည္း ဆိုရွယ္မီဒီယာေတြရဲ႕ လႊမ္းမိုးမႈေတြကိုခံခဲ့ရပါတယ္၊၊ အြန္လိုင္းေပၚက စာေတြဖတ္ခ်ိန္ မွာ ကြၽန္ေတာ့္ရဲ႕စိတ္ပိုင္းဆိုင္ရာအေျခအေနကို အရမ္းထိခိုက္ေစပါတယ္” ဟု ေျပာၾကားခဲ့သည္၊၊
တြမ္ေဟာလန္းသည္ The Brothers Trust အဖြဲ႕အစည္းမွတစ္ဆင့္ ၎ႏွင့္အလုပ္တူတူတြဲလုပ္ေသာ ပရဟိတ အဖြဲ႕အစည္း stem4 မွ အေထာက္အကူျဖစ္ေသာ app မ်ားအေၾကာင္းကို ဗီဒီယိုမ်ားတြင္ ထည့္သြင္းေျပာၾကားခဲ့ ေၾကာင္း သိရသည္၊၊
တြမ္ေဟာလန္းသည္ stem4 မွ ကမ္းလွမ္းထားေသာ မတူညီေသာ app (၄) ခုအေၾကာင္းႏွင့္ ၎၏အဖြဲ႕သည္ ပရဟိတအဖြဲ႕ကို မည္သို႔ေထာက္ပံ့ေပးေၾကာင္း ေျပာၾကားခဲ့ၿပီး stem4 ဝက္ဘ္ဆိုက္ႏွင့္ ၎၏ညီငယ္သုံးေယာက္ ႏွင့္အတူဖြဲ႕စည္းထားသည့္ The Brothers Trust ဝက္ဘ္ဆိုက္တို႔ကို ပရိသတ္မ်ားကို လမ္းၫႊန္ေပးခဲ့ေၾကာင္း သိရသည္၊၊
တြမ္ေဟာလန္းက “ကြၽန္ေတာ့္ရဲ႕စိတ္က်န္းမာေရးအေျခေအနေတြေၾကာင့္ ဆိုရွယ္မီဒီယာေတြကေန အနားယူ ေတာ့မွာပါ၊၊ ဘာေၾကာင့္လဲဆိုေတာ့ အင္စတာဂရမ္နဲ႔ တြစ္တာလို app ေတြဟာ စိတ္မြန္းၾကပ္မႈေတြကိုျဖစ္ေစၿပီး လူကိုလႊမ္းမိုးလာႏိုင္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ အဲဒီ app ေတြကို ဖ်က္ပစ္ေတာ့မွာပါ၊၊ အတိုခ်ဳံးေျပာရ မယ္ဆိုရင္ ကြၽန္ေတာ္တို႔စပြန္ဆာေပးထားတဲ့ stem4 ပရဟိတအဖြဲ႕ဝက္ဘ္ဆိုက္ကို လမ္းၫႊန္ေပးျခင္းဟာ ပိုေကာင္းတဲ့ စိတ္ကူးတစ္ခုျဖစ္မွာပါ၊၊ stem4 ပရဟိတအဖြဲ႕ဟာ အလြန္ဆန္းသစ္တဲ့ ပညာေရးပ႐ိုဂရမ္တစ္ခု ျဖစ္ပါတယ္၊၊ stem4 ၏ ေရွ႕ေဆာင္ app မ်ား၊ ေဆးခန္းဆိုင္ရာအႀကဳံျပဳခ်က္ ဝက္ဘ္ဆိုက္မ်ား၊ စိတ္က်န္းမာေရး ဆိုင္ရာေဆြးေႏြးပြဲမ်ားသည္ ဒုကၡေရာက္ေနေသာ ကေလးငယ္မ်ားကို ကူညီရာတြင္ အေထာက္အကူျဖစ္ေစပါ တယ္၊၊ stem4 မွာ မတူညီတဲ့ App (၄) ခုရွိပါတယ္၊၊ ပထမတစ္ခုဟာ စိတ္ၿငိမ္ဖို႔ နဲ႔ ကိုယ့္ကိုယ္ကိုယ္ ထိခိုက္ေစတဲ့ ျပင္းထန္ေသာ စိတ္ခံစားမႈမ်ားကိုထိန္းခ်ဳပ္ဖို႔ နဲ႔ ေလွ်ာ့ခ်ဖို႔အတြက္ ကူညီေပးဖို႔အတြက္ပါ၊၊ ဒုတိယအခ်က္က ေၾကာက္႐ြံ႕စိတ္ကိုထိန္းခ်ဳပ္ဖို႔နဲ႔ေလ်ာ့ခ်ရန္အတြက္ ကူညီေပးဖို႔ျဖစ္ပါတယ္။ တတိယအခ်က္ကေတာ့ စိတ္က်န္းမာ ေရးအေျခအေနမေကာင္းတဲ့ လူငယ္တစ္ဦးကို သူငယ္ခ်င္းမ်ားႏွင့္ မိသားစုဝင္မ်ားက စိတ္ၿငိမ္ေစဖို႔အတြက္ ကူညီ ေပးဖို႔ျဖစ္ပါတယ္၊၊ ေနာက္ဆုံးအခ်က္ကေတာ့ စိတ္ဓာတ္လႈံ႕ေဆာ္မႈေတြကို တိုးျမင့္ေစၿပီး နိမ့္က်ေနတဲ့စိတ္ေတြကို ျမႇင့္တင္ဖို႔ပါပဲ” လို႔ ဆိုပါတယ္။
ဆက္လက္ၿပီး “ဒီ App ေတြဟာ အားလုံးေပ်ာ္႐ႊင္ၿပီး က်န္းမာဖို႔အတြက္ အေထာက္အကူျဖစ္ေစမွာပါ။ ဒါေၾကာင့္ stem4 ပရဟိတအဖြဲ႕ကို ကူညီေထာက္ပံ့ေပးခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ဝက္ဘ္ဆိုက္ကိုလာၿပီး အက်ႌေတြ လာဝယ္လိုက္ပါ၊၊ ေငြေတြအားလုံးက ကြၽန္ေတာ္တို႔ပံ့ပိုးေပးတဲ့ ပရဟိတအဖြဲ႕ေတြဆီကို ေရာက္သြားမွာပါ” ဟု ေျပာခဲ့သည္၊၊
တြမ္ေဟာလန္းသည္ နယူးေယာက္ၿမိဳ႕တြင္ ႐ိုက္ကူးေနသည့္ Apple TV+ စီးရီး The Crowded Room တြင္ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ထပ္မံေတြ႕ျမင္ရဖြယ္ရွိေနေၾကာင္းသိရသည္။
https://comicbook.com/marvel/news/marvels-tom-holland-social-media-hiatus-mental-health/