“ရေစင်ရေမန်းတော်ကြီး” အမှတ်တံဆိပ်သောက်ရေသန့်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် FDA တားမြစ်

 1367

မျိုးကြီး (NP News) - သြဂုတ် ၁၅
“ရေစင်ရေမန်းတော်ကြီး” အမှတ်တံဆိပ်သောက်ရေသန့်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က တားမြစ်လိုက်သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ယနေ့ (သြဂုတ်လ ၁၅ ရက်)တွင် အများပြည်သူအား အထက်ပါကဲ့သို့ အသိပေးကာ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ “ရေစင်ရေမန်းတော်ကြီး” အမှတ်တံဆိပ်သောက် ရေသန့်များသည် ဓာတ်ခွဲစစ်ဆေးချက်အရ အဏုဇီဝနှင့် ဓာတု သတ်မှတ်ချက်တို့ဖြင့် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု FDA က ဆိုသည်။

ထို့ကြောင့် သောက်ရေသန့်သည် သောက်သုံးရန်မသင့်ကြောင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)အ နေဖြင့် “ရေစင်ရေမန်းတော်ကြီး” အမှတ်တံဆိပ်သောက် ရေသန့်လုပ်ငန်းကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ညွှန်ကြားရေးမှူးဒေါက်တာပြည့်ဖြိုးက NP News ကိုပြောသည်။

“ရေစင်ရေမန်းတော်ကြီးကို တားမြစ်ရတဲ့အကြောင်းက ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ရောင်းတယ်ပေါ့။ သို့သော် သူ့ရဲ အညွှန်းစာတွေမှာကျတော့ အစားအသောက်သဖွယ်ရောင်းနေတာ မဟုတ်ပြန်ဘူးဗျ။ သူ့ရဲ့ ဒီအပေါ်မှာ ရေးထား တဲ့အချက်တွေကို ကြည့်လို့ရှိရင် အင်းကွက်လေးတွေပါမယ်။ နောက်ပြီးတော့ အနောက်တိုင်းဆေးပညာရှင် လေးဆက်မြောက်ထွက်ပေါက်ရပ် ဆရာကြီးအဘရှိန်တို့ ဘာတို့ပေါ့ဗျာ။ သူ့အထဲမှာ ရေးထားတာဆိုလို့ရှိရင် ရေကောင်းမှ နေကောင်းမည်ဆိုတဲ့ စာရယ်။ နောက်ပြီးတစ်ခါ ရေစင်ရေမန်းတော်ကြီး ဆိုပြီးတော့ ရေး တယ်ပေါ့ဗျာ။ အဲဒီအချက်တွေ အကုန်လုံးက ကျွန်တော်တို့က ဈေးကွက်တင်တဲ့ အစားအ သောက်တွေကို ဈေးကွက်တင်ခြင်းဆိုင်ရာအမိန့်ပေါ့နော်။ သူက အစားအသောက်အနေနဲ့ ရောင်းနေတာလားဆိုတော့ မဟုတ်ပြန် ဘူးဗျ” ဟု FDA မှ ညွှန်ကြားရေးမှူးဒေါက်တာပြည့်ဖြိုးက ပြောသည်။

၎င်း ရေစင်ရေမန်းတော်ကြီး အမှတ်တံဆိပ်သောက်ရေသန့်သည် ဈေးကွက်အတွင်း၌ လီတာ (၂ဝ) တစ်ဗူးလျှင် ကျပ် ၂ဝဝဝဝ ဝန်းကျင်အထိ ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဒေါက်တာပြည့်ဖြိုးက “ ဒီပစ္စည်းကို ရေသန့်အနေနဲ့ စည်းမျဉ်းစည်းကမ်းမှာ တွေ့ရတဲ့အခါကြတော့ ကျွန်တော်တို့က ဒါကို ရေလို့ပဲ မှတ်ယူပြီးတော့ ကျွန်တော်တို့ သူကို ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ထုတ်လုပ်ရောင်းချတဲ့အတွက်ကြောင့်မို့ အရေးယူတယ်ပေါ့ဗျာ။ လုပ်ငန်းကို ကျွန်တော်တို့က ပိတ်တယ်ပေါ့။ တကယ်လို့ သူဖြန့်ဖြူးရောင်းချ ချင်တယ်ဆိုရင်တော့ ဥပဒေနဲ့ညီဖို့ ဆိုရင် ရေသန့်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ရမှာပေါ့။ ရေသန့်ထုတ်လုပ်ခွင့် လိုင်စင်လျှောက်မယ်ဆိုရင် အဲဒီအပေါ်မှာ ရေးထားတဲ့ အချက်အလက် တွေအကုန်လုံးက ဖျက်ပေးရမယ်” ဟု ဆိုသည်။

အဆိုပါရေသန့်သည် ကျန်းမာရေးကောင်းမွန်ပြီး ရောဂါပျောက်ကင်းသည်ဟုဆိုကာ ပြည်သူလူထုကြားတွင် ဝယ်ယူ သောက်သုံးနေမှုများလည်း ရှိခဲ့သည်ကို တွေ့ရသည်။

“တွေ့ရှိချက်ကတော့ PH 9 ကျော်နေတယ်။ နောက်ပြီးတော့ bacteria count တက်နေတယ်။ အဲဒါကြောင့်မိုလို့ SPC count တက်တာပါ။ SPC count တက်နေတဲ့အတွက်ကြောင့်မိုလို့ ကျွန်တော်တို့က သောက်သုံးရန် မသင့်လို့ ကြေ ညာတာပါ” ဟု FDA မှညွှန်ကြားရေးမှူးဒေါက်တာပြည့်ဖြိုးက ဆက်လက်ပြောသည်။

zawgyi version
“ေရစင္ေရမန္းေတာ္ႀကီး” အမွတ္တံဆိပ္ေသာက္ေရသန႔္မ်ားကို ေဈးကြက္အတြင္း ျဖန႔္ျဖဴးေရာင္းခ်ျခင္းမျပဳလုပ္ရန္ FDA တားျမစ္
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၁၅

“ေရစင္ေရမန္းေတာ္ႀကီး” အမွတ္တံဆိပ္ေသာက္ေရသန႔္မ်ားကို ေဈးကြက္အတြင္း ျဖန႔္ျဖဴးေရာင္းခ်ျခင္း မျပဳလုပ္ရန္ က်န္းမာေရးဝန္ႀကီးဌာန၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)က တားျမစ္လိုက္သည္။

အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)က ယေန႔ (ၾသဂုတ္လ ၁၅ ရက္)တြင္ အမ်ားျပည္သူအား အထက္ပါကဲ့သို႔ အသိေပးကာ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

အဆိုပါ “ေရစင္ေရမန္းေတာ္ႀကီး” အမွတ္တံဆိပ္ေသာက္ ေရသန႔္မ်ားသည္ ဓာတ္ခြဲစစ္ေဆးခ်က္အရ အဏုဇီဝႏွင့္ ဓာတု သတ္မွတ္ခ်က္တို႔ျဖင့္ ကိုက္ညီမႈမရွိေၾကာင္း စစ္ေဆးေတြ႕ရွိရသည္ဟု FDA က ဆိုသည္။

ထို႔ေၾကာင့္ ေသာက္ေရသန႔္သည္ ေသာက္သုံးရန္မသင့္ေၾကာင္းႏွင့္ ေဈးကြက္အတြင္း ျဖန႔္ျဖဴးေရာင္းခ်ျခင္းမျပဳလုပ္ရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက အမ်ိဳးသားအစားအေသာက္ဥပေဒ ပုဒ္မ ၂၈(က)အရ အေရးယူမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)အ ေနျဖင့္ “ေရစင္ေရမန္းေတာ္ႀကီး” အမွတ္တံဆိပ္ေသာက္ ေရသန႔္လုပ္ငန္းကို ဝင္ေရာက္စစ္ေဆးခဲ့ေၾကာင္း ၫႊန္ၾကားေရးမႉးေဒါက္တာျပည့္ၿဖိဳးက NP News ကိုေျပာသည္။

“ေရစင္ေရမန္းေတာ္ႀကီးကို တားျမစ္ရတဲ့အေၾကာင္းက ထုတ္လုပ္ခြင့္လိုင္စင္မရွိဘဲ ေရာင္းတယ္ေပါ့။ သို႔ေသာ္ သူ႔ရဲ အၫႊန္းစာေတြမွာက်ေတာ့ အစားအေသာက္သဖြယ္ေရာင္းေနတာ မဟုတ္ျပန္ဘူးဗ်။ သူ႔ရဲ႕ ဒီအေပၚမွာ ေရးထား တဲ့အခ်က္ေတြကို ၾကည့္လို႔ရွိရင္ အင္းကြက္ေလးေတြပါမယ္။ ေနာက္ၿပီးေတာ့ အေနာက္တိုင္းေဆးပညာရွင္ ေလးဆက္ေျမာက္ထြက္ေပါက္ရပ္ ဆရာႀကီးအဘရွိန္တို႔ ဘာတို႔ေပါ့ဗ်ာ။ သူ႔အထဲမွာ ေရးထားတာဆိုလို႔ရွိရင္ ေရေကာင္းမွ ေနေကာင္းမည္ဆိုတဲ့ စာရယ္။ ေနာက္ၿပီးတစ္ခါ ေရစင္ေရမန္းေတာ္ႀကီး ဆိုၿပီးေတာ့ ေရး တယ္ေပါ့ဗ်ာ။ အဲဒီအခ်က္ေတြ အကုန္လုံးက ကြၽန္ေတာ္တို႔က ေဈးကြက္တင္တဲ့ အစားအ ေသာက္ေတြကို ေဈးကြက္တင္ျခင္းဆိုင္ရာအမိန႔္ေပါ့ေနာ္။ သူက အစားအေသာက္အေနနဲ႔ ေရာင္းေနတာလားဆိုေတာ့ မဟုတ္ျပန္ ဘူးဗ်” ဟု FDA မွ ၫႊန္ၾကားေရးမႉးေဒါက္တာျပည့္ၿဖိဳးက ေျပာသည္။

၎ ေရစင္ေရမန္းေတာ္ႀကီး အမွတ္တံဆိပ္ေသာက္ေရသန႔္သည္ ေဈးကြက္အတြင္း၌ လီတာ (၂ဝ) တစ္ဗူးလွ်င္ က်ပ္ ၂ဝဝဝဝ ဝန္းက်င္အထိ ရွိေၾကာင္း သိရသည္။

ဆက္လက္ၿပီး ေဒါက္တာျပည့္ၿဖိဳးက “ ဒီပစၥည္းကို ေရသန႔္အေနနဲ႔ စည္းမ်ဥ္းစည္းကမ္းမွာ ေတြ႕ရတဲ့အခါၾကေတာ့ ကြၽန္ေတာ္တို႔က ဒါကို ေရလို႔ပဲ မွတ္ယူၿပီးေတာ့ ကြၽန္ေတာ္တို႔ သူကို ထုတ္လုပ္ခြင့္လိုင္စင္မရွိဘဲ ထုတ္လုပ္ေရာင္းခ်တဲ့အတြက္ေၾကာင့္မို႔ အေရးယူတယ္ေပါ့ဗ်ာ။ လုပ္ငန္းကို ကြၽန္ေတာ္တို႔က ပိတ္တယ္ေပါ့။ တကယ္လို႔ သူျဖန႔္ျဖဴးေရာင္းခ် ခ်င္တယ္ဆိုရင္ေတာ့ ဥပေဒနဲ႔ညီဖို႔ ဆိုရင္ ေရသန႔္ထုတ္လုပ္ခြင့္လိုင္စင္ ေလွ်ာက္ရမွာေပါ့။ ေရသန႔္ထုတ္လုပ္ခြင့္ လိုင္စင္ေလွ်ာက္မယ္ဆိုရင္ အဲဒီအေပၚမွာ ေရးထားတဲ့ အခ်က္အလက္ ေတြအကုန္လုံးက ဖ်က္ေပးရမယ္” ဟု ဆိုသည္။

အဆိုပါေရသန႔္သည္ က်န္းမာေရးေကာင္းမြန္ၿပီး ေရာဂါေပ်ာက္ကင္းသည္ဟုဆိုကာ ျပည္သူလူထုၾကားတြင္ ဝယ္ယူ ေသာက္သုံးေနမႈမ်ားလည္း ရွိခဲ့သည္ကို ေတြ႕ရသည္။

“ေတြ႕ရွိခ်က္ကေတာ့ PH 9 ေက်ာ္ေနတယ္။ ေနာက္ၿပီးေတာ့ bacteria count တက္ေနတယ္။ အဲဒါေၾကာင့္မိုလို႔ SPC count တက္တာပါ။ SPC count တက္ေနတဲ့အတြက္ေၾကာင့္မိုလို႔ ကြၽန္ေတာ္တို႔က ေသာက္သုံးရန္ မသင့္လို႔ ေၾက ညာတာပါ” ဟု FDA မွၫႊန္ၾကားေရးမႉးေဒါက္တာျပည့္ၿဖိဳးက ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.