“မိုးကောင်းရတနာ” ကလေးဆေးရုံအား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ(၅)ဦးအား ဖမ်းဆီးရမိ

 1230

NP News သြဂုတ် ၁၉

ရန်ကုန်တိုင်းရှိ မိုးကောင်းရတနာ ကလေးဆေးရုံအား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သတ်ခဲ့သူ(၅)ဦးအာ ဖမ်းဆီးရမိခဲ့ ကြောင်း နစကမှထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်မှာ ဇူလိုင် ၂၁ ရက် ည ၉ နာရီ ၅ဝ မိနစ်အချိန်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၁၅)ရပ် ကွက်၊ မိုးကောင်းလမ်းရှိ “မိုးကောင်းရတနာ” ကလေးဆေးရုံအား အကြမ်းဖက်များက ဆေးရုံအရှေ့လမ်းတစ်ဖက်ခြမ်းရှိ ဘောလုံးကွင်းဟောင်းမှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုကိုမလိုလားသည့် တာဝန်သိပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် အဆိုပါဖြစ်စဉ်တွင် အကြမ်းဖက်သူ များအား သယ်ယူပို့ဆောင်ပေးခဲ့သည့် YGN EE – 5830 Toyota Fielder အမျိုးအစားခဲရောင် (အငှားယာဉ်)အား သြဂုတ် ၄ ရက်နေ့ ညပိုင်းတွင် ပါရမီလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းမီးပွိုင့်တွင် ရွှေပြည်သာမြို့နယ်၊ (၂၅)ရပ်ကွက်၊ သံဖြူဆိုင်လမ်းနေ ဦးသန်းနိုင်နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မောင်း ဦးသန်းနိုင်၏ထွက်ဆိုချက်အရ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အငှားယာဉ်အားငှား၍ အကြမ်းဖက်သမားများနှင့် ဖောက်ခွဲရေးပစ္စည်းများအား သယ်ယူပေးခဲ့သူ ရွှေပြည်သာမြို့နယ်၊ (၂၅) ရပ်ကွက်၊ ရှင်သန်ခြင်း(၂)လမ်း၊ ဒေါ်လွင်လွင်သက်အဆောင် အခန်း(၂)တွင် ငှားနေသူ ကိုဂျယ်လီ ဆိုသူအား သြဂုတ် ၆ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ၎င်းနေထိုင်ရာအခန်းမှ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။

ထို့ပြင် သြဂုတ် ၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုတွင် ကြီးကြပ်ဆောင်ရွက်ပေးသူ ရွှေပြည်သာမြို့နယ်၊ (၆)ရပ်ကွက်နေ မိုက်(ခ) ဇော်ကြီးအား ၎င်း၏နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။

၎င်းအပြင် ဖြစ်စဉ်တွင် ရှောတိုက်ဒုံးများအား သိမ်းဆည်းထုတ်ပိုးပေးခဲ့သူ ရွှေပြည်သာမြို့နယ်၊ (ထ/၁၆) ရပ်ကွက်နေ ဒေါက်တာပြည်ဖြိုးပိုင်အား ထိုနေ့ ည ၈ နာရီ ၄ဝ မိနစ်တွင် ၎င်း၏နေအိမ်အတွင်း သိမ်းဆည်းထားသည့် ရှော့တိုက်ဒုံး ၉ လုံး၊ ပို့ကျည်(ဖျူးစ်) ၉ လုံး၊ ရှော့တိုက်ဒုံးများ သယ်ဆောင်လာသည့် သံပီပါအခွံ ၂ လုံး၊ ဖောက်ခွဲဖျက်ဆီးရေးတွင် သုံးသည့် ပုလဲဓာတ်မြေသြဇာ အိတ် ၄ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် သြဂုတ် ၇ ရက် နံနက် ၉ နာရီ ၅၅ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၂၁)ရပ်ကွက်တွင်နေထိုင်သော ပြစ်မှုကျူးလွန်ရန် အခြေအနေစောင့်ကြည့်ပေးခဲ့သူ ပန်ဒါ(ခ) မင်းမင်းဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှဆိုသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ ၅ ဦးအား ရှော့တိုက်ဒုံး ၉ လုံး၊ ပို့ကျည်(ဖျူးစ်) ၉ လုံး၊ Sigsauer ပစ္စတို ၁လက်၊ ကျည်အိမ် ၂ ခု၊ Glock ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈ဝ ကျည် ၇၅ တောင့်၊ ၉ မမ ကျည် ၅ဝ တောင့်၊ အသံတိပ်ပြောင်း ၁ ခု၊ ရှော့တိုက်ဒုံးများ သယ်ဆောင်လာသည့် သံပီပါအခွံ ၂ လုံး၊ ဖောက်ခွဲဖျက်ဆီးရေးတွင် သုံးသည့် ပုလဲဓာတ်မြေသြဇာ အိတ် ၄ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှဆိုထားသည်။

Zawgyi Version;
“မိုးေကာင္းရတနာ” ကေလးေဆး႐ုံအား ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည့္ျဖစ္စဥ္တြင္ ပါဝင္ခဲ့သူ(၅)ဦးအား ဖမ္းဆီးရမိ
NP News ၾသဂုတ္ ၁၉

ရန္ကုန္တိုင္းရွိ မိုးေကာင္းရတနာ ကေလးေဆး႐ုံအား ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည့္ ျဖစ္စဥ္တြင္ ပါဝင္ပတ္သတ္ခဲ့သူ(၅)ဦးအာ ဖမ္းဆီးရမိခဲ့ ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

အဆိုပါျဖစ္စဥ္မွာ ဇူလိုင္ ၂၁ ရက္ ည ၉ နာရီ ၅ဝ မိနစ္အခ်ိန္တြင္ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၁၅)ရပ္ ကြက္၊ မိုးေကာင္းလမ္းရွိ “မိုးေကာင္းရတနာ” ကေလးေဆး႐ုံအား အၾကမ္းဖက္မ်ားက ေဆး႐ုံအေရွ႕လမ္းတစ္ဖက္ျခမ္းရွိ ေဘာလုံးကြင္းေဟာင္းမွ ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ဆိုသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ အၾကမ္းဖက္မ်ားအား ေဖာ္ထုတ္ဖမ္းဆီးမႈမ်ားေဆာင္႐ြက္ခဲ့ရာ အၾကမ္းဖက္မႈကိုမလိုလားသည့္ တာဝန္သိျပည္သူမ်ား၏ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ အဆိုပါျဖစ္စဥ္တြင္ အၾကမ္းဖက္သူ မ်ားအား သယ္ယူပို႔ေဆာင္ေပးခဲ့သည့္ YGN EE – 5830 Toyota Fielder အမ်ိဳးအစားခဲေရာင္ (အငွားယာဥ္)အား ၾသဂုတ္ ၄ ရက္ေန႔ ညပိုင္းတြင္ ပါရမီလမ္းႏွင့္ ကမာၻေအးဘုရားလမ္းမီးပြိဳင့္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၂၅)ရပ္ကြက္၊ သံျဖဴဆိုင္လမ္းေန ဦးသန္းႏိုင္ႏွင့္အတူ ဖမ္းဆီးရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါယာဥ္ေမာင္း ဦးသန္းႏိုင္၏ထြက္ဆိုခ်က္အရ ျဖစ္စဥ္တြင္ ပါဝင္ခဲ့သည့္ အငွားယာဥ္အားငွား၍ အၾကမ္းဖက္သမားမ်ားႏွင့္ ေဖာက္ခြဲေရးပစၥည္းမ်ားအား သယ္ယူေပးခဲ့သူ ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၂၅) ရပ္ကြက္၊ ရွင္သန္ျခင္း(၂)လမ္း၊ ေဒၚလြင္လြင္သက္အေဆာင္ အခန္း(၂)တြင္ ငွားေနသူ ကိုဂ်ယ္လီ ဆိုသူအား ၾသဂုတ္ ၆ ရက္ေန႔ နံနက္ ၈ နာရီ ၁၅ မိနစ္အခ်ိန္တြင္ ၎ေနထိုင္ရာအခန္းမွ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထို႔ျပင္ ၾသဂုတ္ ၆ ရက္ ညေန ၄ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ပစ္ခတ္တိုက္ခိုက္မႈတြင္ ႀကီးၾကပ္ေဆာင္႐ြက္ေပးသူ ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၆)ရပ္ကြက္ေန မိုက္(ခ) ေဇာ္ႀကီးအား ၎၏ေနအိမ္တြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ဆက္လက္ထုတ္ျပန္ထားသည္။

၎အျပင္ ျဖစ္စဥ္တြင္ ေရွာတိုက္ဒုံးမ်ားအား သိမ္းဆည္းထုတ္ပိုးေပးခဲ့သူ ေ႐ႊျပည္သာၿမိဳ႕နယ္၊ (ထ/၁၆) ရပ္ကြက္ေန ေဒါက္တာျပည္ၿဖိဳးပိုင္အား ထိုေန႔ ည ၈ နာရီ ၄ဝ မိနစ္တြင္ ၎၏ေနအိမ္အတြင္း သိမ္းဆည္းထားသည့္ ေရွာ့တိုက္ဒုံး ၉ လုံး၊ ပို႔က်ည္(ဖ်ဴးစ္) ၉ လုံး၊ ေရွာ့တိုက္ဒုံးမ်ား သယ္ေဆာင္လာသည့္ သံပီပါအခြံ ၂ လုံး၊ ေဖာက္ခြဲဖ်က္ဆီးေရးတြင္ သုံးသည့္ ပုလဲဓာတ္ေျမၾသဇာ အိတ္ ၄ လုံးႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ထို႔ေနာက္ ၾသဂုတ္ ၇ ရက္ နံနက္ ၉ နာရီ ၅၅ မိနစ္အခ်ိန္တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေ႐ႊေပါကၠံၿမိဳ႕သစ္၊ (၂၁)ရပ္ကြက္တြင္ေနထိုင္ေသာ ျပစ္မႈက်ဴးလြန္ရန္ အေျခအေနေစာင့္ၾကည့္ေပးခဲ့သူ ပန္ဒါ(ခ) မင္းမင္းဦးအား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွဆိုသည္။

ျဖစ္စဥ္တြင္ အၾကမ္းဖက္ပစ္ခတ္တိုက္ခိုက္မႈ က်ဴးလြန္ရာတြင္ ပါဝင္ခဲ့သူ ၅ ဦးအား ေရွာ့တိုက္ဒုံး ၉ လုံး၊ ပို႔က်ည္(ဖ်ဴးစ္) ၉ လုံး၊ Sigsauer ပစၥတို ၁လက္၊ က်ည္အိမ္ ၂ ခု၊ Glock ပစၥတို ၁ လက္၊ ၎က်ည္အိမ္ ၂ ခု၊ ပြိဳင့္-၃၈ဝ က်ည္ ၇၅ ေတာင့္၊ ၉ မမ က်ည္ ၅ဝ ေတာင့္၊ အသံတိပ္ေျပာင္း ၁ ခု၊ ေရွာ့တိုက္ဒုံးမ်ား သယ္ေဆာင္လာသည့္ သံပီပါအခြံ ၂ လုံး၊ ေဖာက္ခြဲဖ်က္ဆီးေရးတြင္ သုံးသည့္ ပုလဲဓာတ္ေျမၾသဇာ အိတ္ ၄ လုံးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

သို႔ျဖစ္၍ ဖမ္းဆီးရမိခဲ့သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွဆိုထားသည္။

Related news

© 2021. All rights reserved.