အကူအညီများပေးမယ်ဆိုတဲ့ တောင်ကိုရီးယားသမ္မတရဲ့ကမ်းလှမ်းမှုတွေကို မြောက်ကိုရီးယား ငြင်းဆန်ပယ်ချ

 829

ဂျန်ဇက် (NP News) - သြဂုတ် ၁၉
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ညီမဖြစ်သူ ကင်ယိုဂျွန်ဟာ နျူကလီးယားအစီအစဉ်များ စွန့်လွှတ်မယ်ဆိုရင် စီးပွားရေး အကူအညီများပေးမယ်ဆိုတဲ့ တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ရဲ့ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ကင်ယိုဂျွန်က "တောင်ကိုရီးယားအာဏာပိုင်တွေဟာ မြောက်ကိုရီးယားနိုင်ငံအပေါ်ထားရှိမယ့်မူဝါဒတွေကို မစဉ်းစားခင် ပြောချင်တာတစ်ခုက မြောက်ကိုရီးယားဟာ တောင်ကိုရီးယားသမ္မတကို နှစ်သက်မှု မရှိဘူးဆိုတာကို သိစေလိုတယ်" လို့ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ ကမ်းလှမ်းမှုတွေဘယ်လောက်ရှိရှိ တောင်ကိုရီးယားသမ္မတ နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးတာမျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူးလို့ ကင်ယိုဂျွန်က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားကင်းစင်အောင်လုပ်ဆောင်မယ်ဆိုရင် အပြန်အလှန်အနေနဲ့ တောင်ကိုရီးယားအစိုးရက မြောက်ကိုရီးယားကို စီးပွားရေးအကူအညီတွေ၊ အစားစာအကူအညီတွေ ပံ့ပိုးပေးသွား မှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်က မကြာသေးမီက ကမ်းလှမ်းပြောဆိုခဲ့ဖူးပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုုံအမ်ရဲ့ညီမဖြစ်သူက "ခွေးဆိုတာ ခွေးသေးသေးပဲဖြစ်ဖြစ်၊ အရွယ်ရောက်ရှိ ပြီးသား ခွေးဘဲဖြစ်ဖြစ် အမြဲတမ်းဟောင်တယ်။ သမ္မတအဖြစ်တာဝန်ယူထားတဲ့သူတွေဟာ ထူးမခြားဘဲဖြစ်တယ်" လို့ ပြောပါတယ်။

တောင်ကိုရီးယားသမ္မတဟောင်းလီမြောင်ဘတ်ဟာ သမ္မတအဖြစ်တာဝန်ယူတဲ့ ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်း မြောက်ကိုရီးယားကို နျူးကလီးယားစွန့်လွှတ်မယ်ဆိုရင် အကူအညီတွေပေးမယ်လို့ဆိုခဲ့မှုအပေါ် ကင်ယိုဂျွန်က ရည်ရွယ်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ၂ဝ၁၈ ခုနှစ် ၂ဝ၁၉ ခုနှစ်တို့က တောင်ကိုရီးယားအစိုးရ၊ အမေရိကန်အစိုးရတို့နဲ့ ဆွေးနွေး တာမျိုးရှိခဲ့ပေမယ့် လက်ရှိ တောင်ကိုရီးယားသမ္မတလက်ထက်မှာ ဆွေးနွေးတာမျိုးလုပ်မှာမဟုတ်ကြောင်း ကင်ယိုဂျွန် က ပြောပါတယ်။

မြောက်ကိုရီးယားကိုရည်ရွယ်တဲ့ တောင်ကိုရီးယားရဲ့စစ်ရေးလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းက တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ရဲ့စစ်မှန်မှုကို ပြသနေတာဖြစ်တယ်လို့ ကင်ယိုဂျွန်က ပြောပါတယ်။

https://www.laprensalatina.com/pyongyang-rejects-seouls-offer-of-economic-support-for-disarmament/

Zawgyi Version;
အကူအညီမ်ားေပးမယ္ဆိုတဲ့ ေတာင္ကိုရီးယားသမၼတရဲ႕ကမ္းလွမ္းမႈေတြကို ေျမာက္ကိုရီးယား ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၉
ေျမာက္ကိုရီးယားေခါင္းေဆာင္ရဲ႕ညီမျဖစ္သူ ကင္ယိုဂြၽန္ဟာ န်ဴကလီးယားအစီအစဥ္မ်ား စြန႔္လႊတ္မယ္ဆိုရင္ စီးပြားေရး အကူအညီမ်ားေပးမယ္ဆိုတဲ့ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္ရဲ႕ကမ္းလွမ္းမႈေတြကို ျငင္းဆန္ ပယ္ခ်လိုက္တယ္လို႔ သိရပါတယ္။

ကင္ယိုဂြၽန္က "ေတာင္ကိုရီးယားအာဏာပိုင္ေတြဟာ ေျမာက္ကိုရီးယားႏိုင္ငံအေပၚထားရွိမယ့္မူဝါဒေတြကို မစဥ္းစားခင္ ေျပာခ်င္တာတစ္ခုက ေျမာက္ကိုရီးယားဟာ ေတာင္ကိုရီးယားသမၼတကို ႏွစ္သက္မႈ မရွိဘူးဆိုတာကို သိေစလိုတယ္" လို႔ေျပာပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ဟာ ကမ္းလွမ္းမႈေတြဘယ္ေလာက္ရွိရွိ ေတာင္ကိုရီးယားသမၼတ နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံေဆြးေႏြးတာမ်ိဳး ဘယ္ေတာ့မွလုပ္မွာမဟုတ္ဘူးလို႔ ကင္ယိုဂြၽန္က ေျပာပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ န်ဴကလီးယားကင္းစင္ေအာင္လုပ္ေဆာင္မယ္ဆိုရင္ အျပန္အလွန္အေနနဲ႔ ေတာင္ကိုရီးယားအစိုးရက ေျမာက္ကိုရီးယားကို စီးပြားေရးအကူအညီေတြ၊ အစားစာအကူအညီေတြ ပံ့ပိုးေပးသြား မွာျဖစ္ေၾကာင္း ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္က မၾကာေသးမီက ကမ္းလွမ္းေျပာဆိုခဲ့ဖူးပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳုံအမ္ရဲ႕ညီမျဖစ္သူက "ေခြးဆိုတာ ေခြးေသးေသးပဲျဖစ္ျဖစ္၊ အ႐ြယ္ေရာက္ရွိ ၿပီးသား ေခြးဘဲျဖစ္ျဖစ္ အၿမဲတမ္းေဟာင္တယ္။ သမၼတအျဖစ္တာဝန္ယူထားတဲ့သူေတြဟာ ထူးမျခားဘဲျဖစ္တယ္" လို႔ ေျပာပါတယ္။

ေတာင္ကိုရီးယားသမၼတေဟာင္းလီေျမာင္ဘတ္ဟာ သမၼတအျဖစ္တာဝန္ယူတဲ့ ၂ဝဝ၈ ခုႏွစ္မွ ၂ဝ၁၃ ခုႏွစ္အတြင္း ေျမာက္ကိုရီးယားကို န်ဴးကလီးယားစြန႔္လႊတ္မယ္ဆိုရင္ အကူအညီေတြေပးမယ္လို႔ဆိုခဲ့မႈအေပၚ ကင္ယိုဂြၽန္က ရည္႐ြယ္ေျပာဆိုလိုက္တာလည္းျဖစ္ပါတယ္။

ေျမာက္ကိုရီးယားဟာ ၂ဝ၁၈ ခုႏွစ္ ၂ဝ၁၉ ခုႏွစ္တို႔က ေတာင္ကိုရီးယားအစိုးရ၊ အေမရိကန္အစိုးရတို႔နဲ႔ ေဆြးေႏြး တာမ်ိဳးရွိခဲ့ေပမယ့္ လက္ရွိ ေတာင္ကိုရီးယားသမၼတလက္ထက္မွာ ေဆြးေႏြးတာမ်ိဳးလုပ္မွာမဟုတ္ေၾကာင္း ကင္ယိုဂြၽန္ က ေျပာပါတယ္။

ေျမာက္ကိုရီးယားကိုရည္႐ြယ္တဲ့ ေတာင္ကိုရီးယားရဲ႕စစ္ေရးေလ့က်င့္မႈမ်ား ဆက္လက္လုပ္ေဆာင္ေနျခင္းက ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္ရဲ႕စစ္မွန္မႈကို ျပသေနတာျဖစ္တယ္လို႔ ကင္ယိုဂြၽန္က ေျပာပါတယ္။

https://www.laprensalatina.com/pyongyang-rejects-seouls-offer-of-economic-support-for-disarmament/

Related news

© 2021. All rights reserved.