မုဒုံမြို့နယ်ရှိ မြေဧက ၄၆ဝဝ ကျော် ကျယ်ဝန်းသည့်မြေနေရာကို နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဉ်ကွင်းအသစ်တည်ဆောက်ရန် စီမံကိန်းနေရာအဖြစ် နစကသတ်မှတ်

1273

ယွန်း (NP News) - သြဂုတ် ၁၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ မြေဧကပေါင်း (၄၆ဝဝ)ကျော် ကျယ်ဝန်းသည့် မြေနေရာများတွင် နိုင်ငံ တကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဉ်ကွင်းအသစ်တည်ဆောက်ရန် သတ်မှတ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
နစကအနေဖြင့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအား မုဒုံမြို့နယ်ရှိ ဘလောက်ညောင်ဝိုင်းနှင့် ဝဲကလိကျေးရွာကြားတွင် တည်ဆောက်မည်ဖြစ်ပြီး လေယာဉ်ကွင်းအသစ်အား မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ထံမှသိရ သည်။
“နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ မော်လမြိုင်နဲ့ သိပ်မဝေးတဲ့နေရာပေါ့ နိုင်ငံတကာလေယာဉ်ကွင်းအသစ်တစ်ခုတည်ဖို့ရယ် ဆိပ်ကမ်းတစ်ခုတည်ဖို့ဆိုပြီး လမ်းညွှန်ထားတာရှိတယ်။ သက်ဆိုင်တဲ့ဝန်ကြီးဌာန ပြည်ထောင်စုကနေဒုဝန်ကြီးကိုယ်တိုင် ဆင်းလာပြီးတော့မှ နေရာလိုက်ကြည့်တာပေါ့နော်။ လိုက်ကြည့်တော့ လေယာဉ်ကွင်းအသစ်တစ်ခု ဆောက်ဖို့ဆိုပြီးတော့ မုဒုံ၊ ကော့ပရံကျေးရွာအနီးမှာ ရွေးလိုက်တဲ့မြေနေရာကို လူကြီးကသဘောတူတယ်။ နောက်နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကျတော့ မုဒုံ၊ ဘလောက်ညောင်ဝိုင်း၊ ဝဲကလိကျေးရွာကြားမှာ အဲဒီမြေနေရာကိုရွေးချယ်တာလည်း သဘောတူခဲ့တယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်သိန်းမှ NP News ကိုပြောသည်။
အပြည်ပြည်ဆိုင်ရာလေဆိပ်ပင်မလေယာဉ်ကွင်း ဧရိယာအတွက် မြေဧက ၃၄၄၇.၄၂ ဧကနှင့် အပြည်ပြည်ဆိုင်ရာ ပင်မဆိပ်ကမ်းဧရိယာ ၄၆၉.၁၇ ဧက အပါအဝင် စုစုပေါင်းမြေဧရိယာဧက ၄၆၂၆.၂၉ ဧက လျာထားကြောင်း သိရသည်။
လက်ရှိတွင် မြေအသုံးချမှုများအတွက် လျော်ကြေးငွေများပေးချေရန်တွက်ချက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ပေးဆောင်ထားကြောင်း ၎င်းမှဆိုသည်။

Zawgyi Version;
မုဒုံၿမိဳ႕နယ္ရွိ ေျမဧက ၄၆ဝဝ ေက်ာ္ က်ယ္ဝန္းသည့္ေျမေနရာကို ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းႏွင့္ ေလယာဥ္ကြင္းအသစ္တည္ေဆာက္ရန္ စီမံကိန္းေနရာအျဖစ္ နစကသတ္မွတ္
ယြန္း (NP News) - ၾသဂုတ္ ၁၉
မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္ရွိ ေျမဧကေပါင္း (၄၆ဝဝ)ေက်ာ္ က်ယ္ဝန္းသည့္ ေျမေနရာမ်ားတြင္ ႏိုင္ငံ တကာအဆင့္မီ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းႏွင့္ ေလယာဥ္ကြင္းအသစ္တည္ေဆာက္ရန္ သတ္မွတ္ထားေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရသည္။
နစကအေနျဖင့္ ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းအား မုဒုံၿမိဳ႕နယ္ရွိ ဘေလာက္ေညာင္ဝိုင္းႏွင့္ ဝဲကလိေက်း႐ြာၾကားတြင္ တည္ေဆာက္မည္ျဖစ္ၿပီး ေလယာဥ္ကြင္းအသစ္အား မုဒုံၿမိဳ႕နယ္၊ ေကာ့ပရံေက်း႐ြာအနီးတြင္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕ ထံမွသိရ သည္။
“ႏိုင္ငံေတာ္အႀကီးအကဲ၏လမ္းၫႊန္ခ်က္အရ ေမာ္လၿမိဳင္နဲ႔ သိပ္မေဝးတဲ့ေနရာေပါ့ ႏိုင္ငံတကာေလယာဥ္ကြင္းအသစ္တစ္ခုတည္ဖို႔ရယ္ ဆိပ္ကမ္းတစ္ခုတည္ဖို႔ဆိုၿပီး လမ္းၫႊန္ထားတာရွိတယ္။ သက္ဆိုင္တဲ့ဝန္ႀကီးဌာန ျပည္ေထာင္စုကေနဒုဝန္ႀကီးကိုယ္တိုင္ ဆင္းလာၿပီးေတာ့မွ ေနရာလိုက္ၾကည့္တာေပါ့ေနာ္။ လိုက္ၾကည့္ေတာ့ ေလယာဥ္ကြင္းအသစ္တစ္ခု ေဆာက္ဖို႔ဆိုၿပီးေတာ့ မုဒုံ၊ ေကာ့ပရံေက်း႐ြာအနီးမွာ ေ႐ြးလိုက္တဲ့ေျမေနရာကို လူႀကီးကသေဘာတူတယ္။ ေနာက္ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းက်ေတာ့ မုဒုံ၊ ဘေလာက္ေညာင္ဝိုင္း၊ ဝဲကလိေက်း႐ြာၾကားမွာ အဲဒီေျမေနရာကိုေ႐ြးခ်ယ္တာလည္း သေဘာတူခဲ့တယ္” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕၏ေျပာေရးဆိုခြင့္ရွိသူ ဦးေအာင္ၾကည္သိန္းမွ NP News ကိုေျပာသည္။
အျပည္ျပည္ဆိုင္ရာေလဆိပ္ပင္မေလယာဥ္ကြင္း ဧရိယာအတြက္ ေျမဧက ၃၄၄၇.၄၂ ဧကႏွင့္ အျပည္ျပည္ဆိုင္ရာ ပင္မဆိပ္ကမ္းဧရိယာ ၄၆၉.၁၇ ဧက အပါအဝင္ စုစုေပါင္းေျမဧရိယာဧက ၄၆၂၆.၂၉ ဧက လ်ာထားေၾကာင္း သိရသည္။
လက္ရွိတြင္ ေျမအသုံးခ်မႈမ်ားအတြက္ ေလ်ာ္ေၾကးေငြမ်ားေပးေခ်ရန္တြက္ခ်က္၍ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနသို႔ ေပးေဆာင္ထားေၾကာင္း ၎မွဆိုသည္။