ပြင်သစ်နိုင်ငံ၊ ကော်စီကာမှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

 450

ရောင်နီ (NP News) - သြဂုတ် ၁၉

ပြင်သစ်နိုင်ငံ၊ ကော်စီကာကျွန်းမှာ မုန်တိုင်းနဲ့အတူ လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေကျမှုကြောင့် လူ ၂ ဦး သေဆုံး ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကာ ပြည်မကြီးမှာ အိမ်ခြေ ၁ဝဝဝ ခန့် လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံရဲ့ ဒေသအစိတ်အပိုင်းများမှာ မကြာသေးမီလများအတွင်း ရက်သတ္တပတ်များစွာ အပူလှိုင်းများ ကျ ရောက်ကာ မိုးခေါင်ရေရှားမှုများဖြစ်ပွားခဲ့ပြီး ယင်းရဲ့အကျိုးဆက်အနေနဲ့ နာရီအနည်းငယ်ကြာ မိုးရွာသွန်းမှုဟာ ရေကြီးရေလျှံခြင်းကိုပါ ဖြစ်စေခဲ့ပါတယ်။ သြဂုတ် ၁၈ ရက်၊ ကြသပတေးနေ့က နိုင်ငံရဲ့ အဓိကခရီးသွားနေရာ ဖြစ်တဲ့ ကော်စီကာကျွန်းဟာ လေဖိအားနည်းရပ်၀န်းရဲ့ဗဟိုဖြစ်လာခဲ့ပြီး တစ်နာရီကို ကီလိုမီတာ ၂၂ဝ (တစ်နာရီ လျှင် ၁၃၆ မိုင်) ရှိ ပြင်းထန်သောမုန်တိုင်းနဲ့အတူ မိုးသီးများ ပါ၀င်စွာ မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း စီရင်စုပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အဆိုပါ မုန်တိုင်းကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၇၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ခရိုင်ရုံးမှ ပြောကြားခဲ့ပြီး လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် တောင်ပိုင်းလော်ရီနဲ့ အန်းဌာနများရှိ အခြေခံအဆောက်အဦးအချို့ ပျက်စီးသွားပြီးနောက် အိမ်ထောင်စု ၁ဝဝဝ ခန့် လျှပ်စစ်မီးပြတ်တောက်သွားကြောင်း ဂရစ်အော်ပရေတာ Enedis က ဆိုပါတယ်။

သြဂုတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မာဆယ်လီမြို့လမ်းတွေမှာ ရေလျှံနေ ကာ လှေကားထစ်တွေဟာ ရေစီးကြောင်းတွေလိုဖြစ်နေတာကို ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ဗီဒီယိုတွေမှာ မြင်တွေ့ရပါတယ်။

ပြီးခဲ့တဲ့လများက ပြင်သစ်နိုင်ငံ မြောက်ပိုင်းဒေသမှာ မိုးခေါင်ရေရှားမှုကြောင့် ၎င်းရဲ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ရဲတိုက်များကြောင့် ကျော်ကြားတဲ့ လော်ရီမြစ်ဟာ တိမ်ကောသွားခဲ့ကာ ခရီးသည်တင်သင်္ဘောများပင် သွားလာဖို့ ခက်ခဲသွားခဲ့ပါတယ်။

https://l.facebook.com/l.php?u=https%3A%2F%2Fwww.aljazeera.com%2Fnews%2F2022%2F8%2F18%2Ftwo-killed-12-injured-as-storms-hit-frances-corsica%3Futm_campaign%3DtrueAnthem%253A%2BTrending%2BContent%26utm_medium%3DtrueAnthem%26utm_source%3Dfacebook&h=AT1Dw8_c0eKg4oq1N3efARdZWIhU28U8PUGGiKvOkx4NvedbuUamz-orm44EEsVh3MtpldhFisB-DKBiv67oJLwXk-_svkmeCi1jRvH6APzoutI-OYhO1CsMas76XdFY8vR8QMkvQzZPS64&d=m

Zawgyi Version;
ျပင္သစ္ႏိုင္ငံ၊ ေကာ္စီကာမွာ မုန္တိုင္းတိုက္ခတ္မႈေၾကာင့္ လူ ၂ ဦးေသဆုံး၊ ၁၂ ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - ၾသဂုတ္ ၁၉
ျပင္သစ္ႏိုင္ငံ၊ ေကာ္စီကာကြၽန္းမွာ မုန္တိုင္းနဲ႔အတူ ေလျပင္းတိုက္ခတ္ၿပီး မိုးသီးေႂကြက်မႈေၾကာင့္ လူ ၂ ဦး ေသဆုံး ၿပီး ၁၂ ဦး ဒဏ္ရာရရွိခဲ့ကာ ျပည္မႀကီးမွာ အိမ္ေျခ ၁ဝဝဝ ခန႔္ လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့ပါတယ္။

ျပင္သစ္ႏိုင္ငံရဲ႕ ေဒသအစိတ္အပိုင္းမ်ားမွာ မၾကာေသးမီလမ်ားအတြင္း ရက္သတၱပတ္မ်ားစြာ အပူလႈိင္းမ်ား က် ေရာက္ကာ မိုးေခါင္ေရရွားမႈမ်ားျဖစ္ပြားခဲ့ၿပီး ယင္းရဲ႕အက်ိဳးဆက္အေနနဲ႔ နာရီအနည္းငယ္ၾကာ မိုး႐ြာသြန္းမႈဟာ ေရႀကီးေရလွ်ံျခင္းကိုပါ ျဖစ္ေစခဲ့ပါတယ္။ ၾသဂုတ္ ၁၈ ရက္၊ ၾကသပေတးေန႔က ႏိုင္ငံရဲ႕ အဓိကခရီးသြားေနရာ ျဖစ္တဲ့ ေကာ္စီကာကြၽန္းဟာ ေလဖိအားနည္းရပ္၀န္းရဲ႕ဗဟိုျဖစ္လာခဲ့ၿပီး တစ္နာရီကို ကီလိုမီတာ ၂၂ဝ (တစ္နာရီ လွ်င္ ၁၃၆ မိုင္) ရွိ ျပင္းထန္ေသာမုန္တိုင္းနဲ႔အတူ မိုးသီးမ်ား ပါ၀င္စြာ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ေၾကာင္း စီရင္စုေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

အဆိုပါ မုန္တိုင္းေၾကာင့္ အသက္ ၁၃ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးနဲ႔ အသက္ ၇၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးတို႔ ေသဆုံးခဲ့ေၾကာင္း ခ႐ိုင္႐ုံးမွ ေျပာၾကားခဲ့ၿပီး လူ ၁၂ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

မုန္တိုင္းေၾကာင့္ ေတာင္ပိုင္းေလာ္ရီနဲ႔ အန္းဌာနမ်ားရွိ အေျခခံအေဆာက္အဦးအခ်ိဳ႕ ပ်က္စီးသြားၿပီးေနာက္ အိမ္ေထာင္စု ၁ဝဝဝ ခန႔္ လွ်ပ္စစ္မီးျပတ္ေတာက္သြားေၾကာင္း ဂရစ္ေအာ္ပေရတာ Enedis က ဆိုပါတယ္။

ၾသဂုတ္ ၁၈ ရက္၊ ဗုဒၶဟူးေန႔ ညေနပိုင္းက မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ မာဆယ္လီၿမိဳ႕လမ္းေတြမွာ ေရလွ်ံေန ကာ ေလွကားထစ္ေတြဟာ ေရစီးေၾကာင္းေတြလိုျဖစ္ေနတာကို ဆိုရွယ္မီဒီယာမွာ မွ်ေဝထားတဲ့ဗီဒီယိုေတြမွာ ျမင္ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့လမ်ားက ျပင္သစ္ႏိုင္ငံ ေျမာက္ပိုင္းေဒသမွာ မိုးေခါင္ေရရွားမႈေၾကာင့္ ၎ရဲ႕ကမ္း႐ိုးတန္းတစ္ေလွ်ာက္ရွိ ရဲတိုက္မ်ားေၾကာင့္ ေက်ာ္ၾကားတဲ့ ေလာ္ရီျမစ္ဟာ တိမ္ေကာသြားခဲ့ကာ ခရီးသည္တင္သေဘၤာမ်ားပင္ သြားလာဖို႔ ခက္ခဲသြားခဲ့ပါတယ္။

https://l.facebook.com/l.php?u=https%3A%2F%2Fwww.aljazeera.com%2Fnews%2F2022%2F8%2F18%2Ftwo-killed-12-injured-as-storms-hit-frances-corsica%3Futm_campaign%3DtrueAnthem%253A%2BTrending%2BContent%26utm_medium%3DtrueAnthem%26utm_source%3Dfacebook&h=AT1Dw8_c0eKg4oq1N3efARdZWIhU28U8PUGGiKvOkx4NvedbuUamz-orm44EEsVh3MtpldhFisB-DKBiv67oJLwXk-_svkmeCi1jRvH6APzoutI-OYhO1CsMas76XdFY8vR8QMkvQzZPS64&d=m

Related news

© 2021. All rights reserved.