တရုတ်နိုင်ငံ ယန်ဇီမြစ်ရေ ကျဆင်းလာတာနဲ့အမျှ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များပေါ်ထွက်လာ

1111

ရောင်နီ (NP News) - သြဂုတ် ၂၁
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းမြို့မှာ ဖြတ်သန်းစီးဆင်းနေတဲ့ ယန်ဇီမြစ်ရေများ ခမ်းခြောက်လာခြင်းနဲ့ အတူ နှစ်ပေါင်း ၆ဝဝ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော် သုံးဆူ ပေါ်ထွက်လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ပြောကြားပါတယ်။
အဆိုပါ ရုပ်ပွားတော် ၃ ဆူကို မင်နဲ့ ချင်မင်းဆက်များအတွင်း တည်ဆောက်ခဲ့တဲ့ Foyeliang ခေါ် ကျွန်းကျောက် တန်းအမြင့်ဆုံးအပိုင်းမှာ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
ရုပ်ပွားတော်များထဲမှ တစ်ခုဟာ ကြာပန်းခုံပေါ် ထိုင်တော်မူနေသော ရဟန်းတစ်ပါးအသွင်ကို ပုံဖော်ထားပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသမှာ မိုးခေါင်မှုနဲ့ အပူလှိုင်းကြောင့် ယန်ဇီမြစ်ရေ လျင်မြန်စွာ ကျဆင်းလျက်ရှိ ပါတယ်။ ယန်စီမြစ်ဝှမ်းမှာ ဇူလိုင်လ ကတည်းက မိုးရွာသွန်းမှုမှာ ပုံမှန်ထက် ၄၅ ရာခိုင်နှုန်းခန့် လျော့နည်းနေပြီး အပူချိန်မြင့်မားမှုဟာ အနည်းဆုံး နောက်ထပ်တစ်ပတ်အထိ ဆက်လက်ရှိနေနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ချွန်ကျင်းမှာရှိတဲ့ ခရိုင် ၃၄ ခုမှာ မြစ်လက်တက် ၆၆ ခုလောက် ခန်းခြောက်သွားပြီဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က သောကြာနေ့ (သြဂုတ် ၁၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ဥရောပတစ်ဝှမ်း ရက်သတ္တပတ်များစွာကြာမြင့်နေ ပြီဖြစ်တဲ့ မိုးခေါင်ရေရှားမှုများကြောင့် ကာလကြာရှည်ကြာပျောက်ကွယ်နေတဲ့ ရှေးဟောင်းရတနာများကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။
စပိန်မှာလည်း ရှေးဟောင်းသုတေသနပညာရှင်များက "Spanish Stonehenge" လို့ အမည်ပေးထားတဲ့ သမိုင်း မတင်မီ ကျောက်တုံးစက်ဝိုင်းတစ်ခု မြစ်ရေခမ်းခြောက်ခြင်းနဲ့အတူ ပေါ်ထွက်လာခဲ့ပါတယ်။ ဥရောပရဲ့အင်အား ကြီးသော မြစ်များဖြစ်တဲ့ ဒါနုဘီမြစ်ရေဟာ ရာစုနှစ်တစ်ခုနီးပါးအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့တာ ကြောင့် ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်သွားခဲ့တဲ့ ဂျာမန်စစ်သင်္ဘော အစီး ၂ဝ ကျော် မြစ်ဆိပ်ကမ်းမြို့ Prahovo အနီး ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
https://www.facebook.com/93889432933/posts/pfbid06fHYprFQeUaWvUumEzhNuF7GoV3x3E2MaEV8p3PupxJyGC3JYCuVpveK2K8cfwcVl/

Zawgyi Version;
တ႐ုတ္ႏိုင္ငံ ယန္ဇီျမစ္ေရ က်ဆင္းလာတာနဲ႔အမွ် ေရွးေဟာင္း ဗုဒၶ႐ုပ္ပြားေတာ္မ်ား ေပၚထြက္လာ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၁
တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ခ်ဳံကင္းၿမိဳ႕မွာ ျဖတ္သန္းစီးဆင္းေနတဲ့ ယန္ဇီျမစ္ေရမ်ား ခမ္းေျခာက္လာျခင္းနဲ႔ အတူ ႏွစ္ေပါင္း ၆ဝဝ သက္တမ္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ သုံးဆူ ေပၚထြက္လာခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာ ဆင္ဟြာက ေျပာၾကားပါတယ္။
အဆိုပါ ႐ုပ္ပြားေတာ္ ၃ ဆူကို မင္နဲ႔ ခ်င္မင္းဆက္မ်ားအတြင္း တည္ေဆာက္ခဲ့တဲ့ Foyeliang ေခၚ ကြၽန္းေက်ာက္ တန္းအျမင့္ဆုံးအပိုင္းမွာ ေတြ႕ရွိခဲ့ျခင္းျဖစ္ပါတယ္။
႐ုပ္ပြားေတာ္မ်ားထဲမွ တစ္ခုဟာ ၾကာပန္းခုံေပၚ ထိုင္ေတာ္မူေနေသာ ရဟန္းတစ္ပါးအသြင္ကို ပုံေဖာ္ထားပါတယ္။ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းေဒသမွာ မိုးေခါင္မႈနဲ႔ အပူလႈိင္းေၾကာင့္ ယန္ဇီျမစ္ေရ လ်င္ျမန္စြာ က်ဆင္းလ်က္ရွိ ပါတယ္။ ယန္စီျမစ္ဝွမ္းမွာ ဇူလိုင္လ ကတည္းက မိုး႐ြာသြန္းမႈမွာ ပုံမွန္ထက္ ၄၅ ရာခိုင္ႏႈန္းခန႔္ ေလ်ာ့နည္းေနၿပီး အပူခ်ိန္ျမင့္မားမႈဟာ အနည္းဆုံး ေနာက္ထပ္တစ္ပတ္အထိ ဆက္လက္ရွိေနႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ ခြၽန္က်င္းမွာရွိတဲ့ ခ႐ိုင္ ၃၄ ခုမွာ ျမစ္လက္တက္ ၆၆ ခုေလာက္ ခန္းေျခာက္သြားၿပီျဖစ္တယ္လို႔ ႏိုင္ငံပိုင္႐ုပ္သံ CCTV က ေသာၾကာေန႔ (ၾသဂုတ္ ၁၉ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။ ဥေရာပတစ္ဝွမ္း ရက္သတၱပတ္မ်ားစြာၾကာျမင့္ေန ၿပီျဖစ္တဲ့ မိုးေခါင္ေရရွားမႈမ်ားေၾကာင့္ ကာလၾကာရွည္ၾကာေပ်ာက္ကြယ္ေနတဲ့ ေရွးေဟာင္းရတနာမ်ားကို ျပန္လည္ေတြ႕ရွိခဲ့ပါတယ္။
စပိန္မွာလည္း ေရွးေဟာင္းသုေတသနပညာရွင္မ်ားက "Spanish Stonehenge" လို႔ အမည္ေပးထားတဲ့ သမိုင္း မတင္မီ ေက်ာက္တုံးစက္ဝိုင္းတစ္ခု ျမစ္ေရခမ္းေျခာက္ျခင္းနဲ႔အတူ ေပၚထြက္လာခဲ့ပါတယ္။ ဥေရာပရဲ႕အင္အား ႀကီးေသာ ျမစ္မ်ားျဖစ္တဲ့ ဒါႏုဘီျမစ္ေရဟာ ရာစုႏွစ္တစ္ခုနီးပါးအတြင္း အနိမ့္ဆုံးအဆင့္သို႔ က်ဆင္းသြားခဲ့တာ ေၾကာင့္ ဒုတိယကမာၻစစ္အတြင္းက နစ္ျမဳပ္သြားခဲ့တဲ့ ဂ်ာမန္စစ္သေဘၤာ အစီး ၂ဝ ေက်ာ္ ျမစ္ဆိပ္ကမ္းၿမိဳ႕ Prahovo အနီး ျပန္လည္ေတြ႕ရွိခဲ့ရတယ္လို႔ သိရပါတယ္။
https://www.facebook.com/93889432933/posts/pfbid06fHYprFQeUaWvUumEzhNuF7GoV3x3E2MaEV8p3PupxJyGC3JYCuVpveK2K8cfwcVl/