ဟင်္သာတမြို့တွင် လက်လုပ်မိုင်းအား ဆိုင်ကယ်တူးဘောက်အတွင်းထည့်၍ သယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ အမျိုးသား (၂)ဦးသေဆုံး

 946

NP News - သြဂုတ် ၂၂
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် လက်လုပ်မိုင်းအား ဆိုင်ကယ်တူးဘောက်အတွင်း ထည့်၍ သယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား (၂)ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂ဝ ရက်၊ ည ၇နာရီခွဲအချိန်ခန့်တွင် ဟင်္သာတမြို့၊ လက်ပံစုရွာအနီးရှိ လယ်ကန်သင်းရိုးပေါ်တွင် မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီး အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါဖြစ်စဉ်မှာ အကြမ်းဖက်အမျိုးသား (၂)ဦးသည် အကြမ်းဖက်မှုများလုပ်ဆောင်ရန် လက်လုပ်မိုင်းအား ၎င်းတို့၏ဆိုင်ကယ်တူးဘောက်အတွင်းထည့်၍ သယ်ဆောင်လာချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်မှာ မီးလောင်ပျက်စီးခဲ့၍ အ ကြမ်းဖက်အမျိုးသား (၂)ဦးမှာ ခန္ဓာကိုယ်အောက်ပိုင်းပြတ်၊ ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာ၊ ရင်အုံပွင့်ထွက်ဒဏ်ရာ နှင့် လက်နှစ်ဖက် ပြတ်ဒဏ်ရာများဖြင့် သေဆုံးနေခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် အကြမ်းဖက် (၂)ဦးအား စိစစ်အတည်ပြုနိုင်ရန်နှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ဟသၤာတၿမိဳ႕တြင္ လက္လုပ္မိုင္းအား ဆိုင္ကယ္တူးေဘာက္အတြင္းထည့္၍ သယ္ေဆာင္လာစဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့၍ အမ်ိဳးသား (၂)ဦးေသဆုံး
NP News - ၾသဂုတ္ ၂၂

ဧရာဝတီတိုင္း၊ ဟသၤာတၿမိဳ႕နယ္တြင္ လက္လုပ္မိုင္းအား ဆိုင္ကယ္တူးေဘာက္အတြင္း ထည့္၍ သယ္ေဆာင္လာစဥ္ ေပါက္ကြဲမႈျဖစ္ပြား၍ အမ်ိဳးသား (၂)ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၾသဂုတ္လ ၂ဝ ရက္၊ ည ၇နာရီခြဲအခ်ိန္ခန႔္တြင္ ဟသၤာတၿမိဳ႕၊ လက္ပံစု႐ြာအနီးရွိ လယ္ကန္သင္း႐ိုးေပၚတြင္ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္တစ္စီး အတြင္းမွ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါျဖစ္စဥ္မွာ အၾကမ္းဖက္အမ်ိဳးသား (၂)ဦးသည္ အၾကမ္းဖက္မႈမ်ားလုပ္ေဆာင္ရန္ လက္လုပ္မိုင္းအား ၎တို႔၏ဆိုင္ကယ္တူးေဘာက္အတြင္းထည့္၍ သယ္ေဆာင္လာခ်ိန္တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ေပါက္ကြဲမႈေၾကာင့္ ၎တို႔စီးနင္းလာသည့္ ဆိုင္ကယ္မွာ မီးေလာင္ပ်က္စီးခဲ့၍ အ ၾကမ္းဖက္အမ်ိဳးသား (၂)ဦးမွာ ခႏၶာကိုယ္ေအာက္ပိုင္းျပတ္၊ ဝမ္းဗိုက္ပြင့္ထြက္ ဒဏ္ရာ၊ ရင္အုံပြင့္ထြက္ဒဏ္ရာ ႏွင့္ လက္ႏွစ္ဖက္ ျပတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ထိုသို႔ ေပါက္ကြဲမႈေၾကာင့္ ေသဆုံးခဲ့သည့္ အၾကမ္းဖက္ (၂)ဦးအား စိစစ္အတည္ျပဳႏိုင္ရန္ႏွင့္ ဥပေဒႏွင့္အညီ အေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Picture

Htun Aung Kyaw

22/08/2022 14:54

ကံကံ၏အကျိုးပါပဲ

Related news

© 2021. All rights reserved.