အသစ်တိုးချဲ့လိုက်သော ခရိုင်(၄၆)ခု၌ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(၄၆)ရုံးကို ရဲတပ်ဖွဲ့ဝင်အင်အား (၇၆ဝဝ)ကျော်ဖြင့် တိုးချဲ့ဖွဲ့စည်း

 1167

မျိုးကြီး (NP News) - သြဂုတ် ၂၃
အသစ်တိုးချဲ့လိုက်သော ခရိုင်(၄၆)ခု၌ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(၄၆)ရုံးကို ရဲတပ်ဖွဲ့ဝင်အင် အား ၇၆ဝဝ ကျော်ဖြင့် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ သိရသည်။

နစကသည် မြန်မာနိုင်ငံအတွင်းရှိ ခရိုင်ပေါင်း (၇၅)ခုရှိခဲ့ရာမှ နောက်ထပ်ခရိုင် (၄၆)ခုကို အသစ်ထပ်မံတိုးချဲ့လိုက်ခြင်းဖြစ်သည်။

ထိုသို့တိုးချဲ့လိုက်သော ခရိုင်(၄၆)ခု၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံတွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(၄၆)ရုံး တိုးချဲ့ပြင်ဆင်ဖွဲ့စည်းရန်လည်း နစက၏ ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရိုင်ရဲတပ်ဖွဲ့မှူး(၄၆)ရုံးအတွက် အရာထမ်းရာထူး ရဲတပ်ဖွဲ့ဝင် ၃၂၂ ဦး၊ အမှု ထမ်းရာထူးရဲတပ်ဖွဲ့ဝင် ၇၃၁၄ ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၇၆၃၆ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ အရာထမ်းရာထူးရဲတပ်ဖွဲ့ဝင် ၅၆၁၇ ဦး၊ အမှုထမ်းရာထူးရဲတပ်ဖွဲ့ ဝင်ဦးရေးမှာ ၁၈၃၂၁၇ ဦးဖြစ်ပြီး စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၁၈၈၈၃၄ ဦးအထိရှိလာမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ တစ်နိုင်ငံလုံး၌ ခရိုင်(၄၆)ခု တိုးချဲ့ဖွဲ့စည်းလိုက်သည့်အတွက် ၎င်းခရိုင်များတွင် တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်လည်း ခရိုင်တရားရုံးများကို တိုးချဲ့ဖွဲ့စည်းထားပြီဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ်ဦးထွန်းထွန်းဦးက ပြောဆိုထားသည်။

zawgyi version
အသစ္တိုးခ်ဲ႕လိုက္ေသာ ခ႐ိုင္(၄၆)ခု၌ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံး(၄၆)႐ုံးကို ရဲတပ္ဖြဲ႕ဝင္အင္အား (၇၆ဝဝ)ေက်ာ္ျဖင့္ တိုးခ်ဲ႕ဖြဲ႕စည္း
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၂၃

အသစ္တိုးခ်ဲ႕လိုက္ေသာ ခ႐ိုင္(၄၆)ခု၌ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံး(၄၆)႐ုံးကို ရဲတပ္ဖြဲ႕ဝင္အင္ အား ၇၆ဝဝ ေက်ာ္ျဖင့္ တိုးခ်ဲ႕ျပင္ဆင္ဖြဲ႕စည္းလိုက္ၿပီျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီး ဌာနမွ သိရသည္။

နစကသည္ ျမန္မာႏိုင္ငံအတြင္းရွိ ခ႐ိုင္ေပါင္း (၇၅)ခုရွိခဲ့ရာမွ ေနာက္ထပ္ခ႐ိုင္ (၄၆)ခုကို အသစ္ထပ္မံတိုးခ်ဲ႕လိုက္ျခင္းျဖစ္သည္။

ထိုသို႔တိုးခ်ဲ႕လိုက္ေသာ ခ႐ိုင္(၄၆)ခု၌ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ဖြဲ႕စည္းပုံတြင္ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံး(၄၆)႐ုံး တိုးခ်ဲ႕ျပင္ဆင္ဖြဲ႕စည္းရန္လည္း နစက၏ ျပည္ေထာင္စုအစိုးရအဖြဲ႕က ခြင့္ျပဳထားၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး(၄၆)႐ုံးအတြက္ အရာထမ္းရာထူး ရဲတပ္ဖြဲ႕ဝင္ ၃၂၂ ဦး၊ အမႈ ထမ္းရာထူးရဲတပ္ဖြဲ႕ဝင္ ၇၃၁၄ ဦး စုစုေပါင္း ရဲတပ္ဖြဲ႕ဝင္ ၇၆၃၆ ဦးျဖင့္ တိုးခ်ဲ႕ဖြဲ႕စည္းလိုက္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ဆိုသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၌ အရာထမ္းရာထူးရဲတပ္ဖြဲ႕ဝင္ ၅၆၁၇ ဦး၊ အမႈထမ္းရာထူးရဲတပ္ဖြဲ႕ ဝင္ဦးေရးမွာ ၁၈၃၂၁၇ ဦးျဖစ္ၿပီး စုစုေပါင္း ရဲတပ္ဖြဲ႕ဝင္ ၁၈၈၈၃၄ ဦးအထိရွိလာမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔အတူ တစ္ႏိုင္ငံလုံး၌ ခ႐ိုင္(၄၆)ခု တိုးခ်ဲ႕ဖြဲ႕စည္းလိုက္သည့္အတြက္ ၎ခ႐ိုင္မ်ားတြင္ တရားစီရင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္လည္း ခ႐ိုင္တရား႐ုံးမ်ားကို တိုးခ်ဲ႕ဖြဲ႕စည္းထားၿပီျဖစ္ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီးခ်ဳပ္ဦးထြန္းထြန္းဦးက ေျပာဆိုထားသည္။

Picture

Myu hnin Wai

23/08/2022 13:25

✅✅✅👍👍👍

Picture

09422622249

23/08/2022 19:03

အားပေးလျှက်ပါ

Related news

© 2021. All rights reserved.