မိန်းကလေးတွေ တစ်ယောက်တည်း သွားလည်လို့ အကောင်းဆုံးနေရာတွေ
 952
ဝတီ (NP News) - ဩဂုတ် ၂၃
ခရီးသွားတာဟာ အပေါင်းအသင်းနဲ့သွားတာ တစ်မျိုးကောင်းသလို တစ်ယောက်တည်း သွားတာလည်း တစ်မျိုးကောင်းပါတယ်။
ဒါကြောင့် ရသ နှစ်ခုစလုံးကို ခံစားဖူးအောင် အပေါင်းအသင်းနဲ့လည်း ခရီးထွက်သင့်သ လို တစ်ယောက်တည်းလည်း ခရီးထွက်ကြည့်သင့်ပါတယ်။ နှစ်မျိုးလုံးက ပျော်စရာ ကောင်းတာချည်းပဲဆိုပေမယ့် အဆိုးအကောင်းတွေကတော့ ဒွန်တွဲနေမှာပါ။ အပေါင်း အသင်းနဲ့ ခရီးထွက်တာကအဖော်ပါတော့ ပျော်ဖို့ကောင်းသလို တစ်ယောက်တစ်မျိုးကြောင့်မို့ နည်းနည်းစိတ်ညစ်ရတာတွေလည်း ရှိပါလိမ့်မယ်။ တစ်ယောက်တည်း ခရီး ထွက်တာကတော့ ကိုယ့်တစ်ယောက်တည်း ကိုယ့်စိတ်ကြိုက် သွားချင်သလို သွားလို့ရတာမို့ လွတ်လပ်သလို နည်းနည်းတော့ အထီးကျန်ဆန်နိုင်ပါတယ်။ ဒါပေမဲ့ တစ် ယောက်တည်း ခရီးထွက်ရတာက စွန့်စားမှုလေးတွေ ပါနိုင်တာမို့ စိတ်လှုပ်ရှားစရာလည်း ကောင်းနေနိုင်ပါသေးတယ်။ ဒါကြောင့် တစ်ကိုယ်တော် ခရီးထွက်ကြည့်သင့်ပါတယ်။
ဒါပေမဲ့ မိန်းကလေးတွေကတော့ ယောက်ျားလေးတွေထက် ပိုသတိထားရတာမို့ နေရာတိုင်းမှာ တစ်ယောက်တည်း စွန့်စွန့်စားစား လျှောက်သွားဖို့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ဘယ်နေရာတွေက မိန်းကလေးတွေ တစ်ယောက်တည်း ခရီးသွားဖို့အကောင်းဆုံးလဲဆိုတာ စုစည်းဖော်ပြလိုက်ပါတယ်။ အခုဖော်ပြသွားမယ့်နေရာတွေက မိန်းက လေးတွေအတွက် လုံခြုံမှုအပြည့်ရှိတဲ့အပြင် အင်မတန်ကိုမှသာယာလှပပြီး သွားရကျိုး၊ ငွေကုန်ရကျိုး နပ်တဲ့နေရာတွေချည်းပဲဖြစ်မှာပါ။
zawgyi version
ဝတီ (NP News) - ဩဂုတ် ၂၃
ကို့စ်တာရီကာ (Costa Rica)
ကို့စ်တာရီကာဟာ အင်မတန် သာယာလှပတဲ့နိုင်ငံဖြစ်ပြီး မိန်းကလေးတွေ တစ် ယောက်တည်း သွားလို့လာလို့ ကောင်းတဲ့နေရာပါ။ အဲဒီကို ရောက်ပြီဆိုရင် ခရီးသွားတွေ အသွားများတဲ့ နာမည်ကြီး နေရာတွေကို သွားလည်လို့ရသလို ခရီးသွားတွေ အသွားနည်းတဲ့ နေ ရာတွေကိုလည်း သွားလေ့လာလို့ ရပါတယ်။ ဒီနှစ်မျိုးထဲက ဘယ်ဟာကို ပိုအားသန်လဲ
ဆိုတာကတော့ ကိုယ့်အပေါ်ပဲ မူတည်မှာပါ။ အဲဒီက ဒေသခံတွေက ဖော်ရွေကြတယ်၊ ရာ သီဥတုကလည်း ကောင်းတယ်၊ ကမ်းခြေတွေ၊ မိုးသစ်တောတွေ အစရှိတဲ့ သဘာဝအလှ အပ နေရာတွေလည်း ရှိပါတယ်။
zawgyi version
ဂျပန်နိုင်ငံက ကိုယာဆန် တောင် (Mt. Koyasan, Japan)
သိပ်ဝေးဝေးလံလံ မသွားချင်ဘူး။ အာရှထဲပဲ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် လျှောက်လည်ချင်တယ်ဆိုရင်တော့ ဒီနေရာကိုပဲ ရွေးလိုက်ပါ။ တိုကျိုကနေ ငါးနာရီ ရထားစီးသွားလိုက်ရင် အဲဒီ နေရာလေးကို ရောက်ပါပြီ။ အဲဒီက ဘုန်းကြီးကျောင်းမှာ တည်းလို့ရတယ်ဆိုတော့ တည်းဖို့ခိုဖို့ စိတ်ပူစရာ မလိုတော့ဘူးပေါ့။ ဒီတော့ ဂျပန်ရိုးရာအတိုင်း ကြမ်းပြင်ပေါ်မှာ အိပ်ရမှာဖြစ်သလို သားသတ်လွတ်လည်း စားရမှာပါ။ ဂျပန်ဘုန်းကြီးကျောင်းမှာတည်းမှာဆိုရင် ဂျပန်တွေရဲ့ ဓလေ့ရိုးရာကိုလည်း လေ့လာပြီးသား
ဖြစ်သွားမှာပေါ့။
zawgyi version
အီတလီက တပ်စ်ကန်နီ (Tuscany, Italy)
အီတလီနိုင်ငံ အလယ်ပိုင်းဒေသဖြစ်တဲ့ တပ်စ်ကန်နီမှာ ကော်တိုနာ (Cortona) ဆိုတဲ့ မြို့လေး ရှိပါတယ်။ အဲဒီနေရာလေးဟာ အမျိုးသမီးတွေ တစ်ယောက်တည်း လျှောက်လည်လို့အင်မတန် ကောင်းတဲ့နေရာလေးပါတဲ့။ ဒေသခံတွေက ဖော်ရွေကြသလို ကူလည်းကူညီ တတ်ကြပါတယ်။ အဲဒီမြို့လေးမှာ ခြေကျင်လျှောက်လည်သင့်ပါသတဲ့။ အဲဒီမှာ ဝယ်စရာ ခြမ်းစရာတွေ၊ မြည်းစမ်း စားသောက် ကြည့်စရာတွေ၊ ဝိုင်တွေလည်း အများကြီးပေါ့။
zawgyi version
အီတလီက တပ္စ္ကန္နီ (Tuscany, Italy)
ဂရိနိုင်ငံက မိုင်ကိုနို့စ် (Mykonos, Greece)
ဂရိနိုင်ငံက မိုင်ကိုနို့စ်ကတော့ နာမည်ကြီးကျွန်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားက ကမ်းခြေအလှ အပတွေ၊ ကျွန်းအလှတွေ ခံစားချင်သူတွေအတွက်ကတော့ ဒီနေရာက ကွက်တိဖြစ်နေမှာပါ။ ဒါတင်မက ဝိုင်ကလည်း ကောင်း၊ အစားအစာတွေကလည်း အင်မ တန်မှ ကောင်းပါသတဲ့။ ဒီတော့ ပင်လယ်ပြင်ကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေညှင်းလေးကို ခံစားရင်း၊ မျက်စိတဆုံးမြင်နေရမယ့် ရှုခင်းအလှအပတွေကို ကြည့်ရင်း၊အစားအ သောက်ကောင်းတွေကို ဝိုင်အကောင်းစားနဲ့ တွဲဖက် စားသောက်ရင်း လောကနိဗ္ဗာန်ကို ခံစားနိုင်မှာပေါ့။
ဒါပေမဲ့ အဲဒီမှာ ခါးပိုက်နှိုက်တွေ ပေါတော့ ကိုယ့်ပိုက်ဆံကို အချိန်ပြည့် သတိထားဖို့တော့ လိုပါလိမ့်မယ်တဲ့။
zawgyi version
အိုင်ယာလန် (Ireland)
အိုင်ယာလန်ကလည်း တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ကမ္ဘာပတ် ခရီးသွားချင်တဲ့ မိန်းကလေးတွေအတွက် အကောင်းဆုံးနေရာပါပဲ။ ဒေသခံတွေက အင်မတန်ဖော်ရွေတယ်၊ ခရီးသွားတွေ လမ်း မသိလို့ မေးရင် အရမ်းလိုက်ပြချင်ကြတယ်လေ။ ပြီးတော့
အဲဒီမှာ အာရှနဲ့ မတူတဲ့ သဘာဝအလှအပတွေ အများကြီးရှိတဲ့အပြင် အင်္ဂလိပ်စကားသာ တတ်လို့ကတော့ ဘာမှ ဘာသာစကားအဟန့်အတားလည်း မရှိပါဘူး။
zawgyi version
အိုင်ယာလန် (Ireland)
ဗီယက်နမ်နိုင်ငံက ဟိုချီမင်းမြို့ (Ho Chi Minh City, Vietnam )
ပိုက်ဆံ အများကြီး မသုံးချင်ဘူး၊ ကိုယ်နဲ့ အရမ်းကြီး စိမ်းတဲ့နေရာကိုလည်း မသွားရဲသေးဘူး။ နိုင်ငံခြားခရီးကို တစ်ကိုယ်တော်လည်း ထွက်ချင်တယ် ၊ အဲဒီနေရာက မိန်းကလေးတွေအတွက်လည်း လုံခြုံမှု ရှိရမယ် ဆိုရင်တော့ ဗီယက်နမ်ကို ရွေးချယ်သင့်ပါတယ်။ ဗီ ယက်နမ်က အနောက်နိုင်ငံတွေနဲ့ယှဉ်ရင် အင်မတန်ကုန်ကျစရိတ် သက်သာပြီး ဒေသခံတွေကလည်း ဖော်ရွေကြတယ်လေ။ ပြီးတော့ အစားသောက်ကလည်း အင်မတန် ကောင်းပါတယ်။
zawgyi version
ပေါ်တူဂီနိုင်ငံက ပေါ်တိုမြို့ (Porto, Portugal)
ပေါ်တူဂီနိုင်ငံက ပေါ်တိုမြို့ကြီးဟာ ကမ်းရိုးတန်းမြို့ဖြစ်ပြီး မိန်းကလေးတွေအတွက် လုံ ခြုံစိတ်ချရတဲ့နေရာပါ။ ဒီမြို့က ဝိုင်ကြောင့် နာမည်ကြီးသလို ယူနက်စ်ကို ကမ္ဘာ့အမွေအ နှစ်စာရင်းဝင် နေရာတွေကြောင့်လည်း ကမ္ဘာကျော်ပါတယ်။ ဒါ့ပြင် အလှအပနဲ့ အစားအ သောက်ကြောင့်လည်း နာမည်ကြီးပါသေးတယ်။ ဒါကြောင့် တောင်ကုန်းလမ်းလေးတွေပေါ် အေးအေးလူလူ လမ်းလျှောက်ရင်း ဗိသုကာလက်ရာတွေကို တဝကြီး စိမ်ပြေနပြေ ငေးမောလို့ရတာပေ့ါ။
zawgyi version
https://twistedsifter.com/2022/08/7-great-places-for-women-to-travel-alone/
Related news
© 2021. All rights reserved.