၂ဝ၂၂ ပညာသင်နှစ် အဝေးသင်ဒုတိယအသုတ်နှင့် တတိယအသုတ်အတွက် အနီးကပ်တက်ရောက်ရမည့်ရက် နှင့် စာမေးပွဲဖြေဆိုရမည့်ရက်များအား ထုတ်ပြန်

1022

ရဲပြည့် (NPNews) - ဩဂုတ် ၂၅
၂ဝ၂၂ ပညာသင်နှစ် အဝေးသင် ဒုတိယအသုတ်နှင့် တတိယအသုတ်အတွက် အနီးကပ်တက်ရောက်ရမည့် ရက်နှင့်စာမေးပွဲဖြေဆိုရမည့်ရက်များအား ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မှ ထုတ်ပြန်ကြေညာလိုက်သည်။
အဝေးသင် ဒုတိယအသုတ်နှင့် တတိယအသုတ်အပြင် ဝိဇ္ဇာဘာသာအထူးပြု ပထမနှစ် ၂ဝ၁၉ အောင်မြင်သူများ နှင့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ၂ဝ၂ဝ ပြည်နှစ်တွင် တက္ကသိုလ်ဝင်စားမေးပွဲအောင်မြင်သူများပါဝင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဝေးသင် ဒုတိယအသုတ်အတွက် အနီးကပ်တက်ရောက်ရမည့်ရက်နှင့် စာမေးပွဲဖြေဆိုမည့်ရက်များအနေဖြင့် အဂ်လိပ်စာ၊ ဥပဒေပညာ၊ စိတ်ပညာ၊ ဒသနိကဗေဒ၊ ပထဝီဝင်၊ အရှေ့တိုင်းပညာမေဂျာများအတွက် အနီးကပ်တက်ရောက်ရမည့်ရက်သည် လာမယ့်လ စက်တင်ဘာလ(၁၂) ရက်နေ့မှ စက်တင် ဘာလ ၂၂ ရက်နေ့အထိဖြစ်ပြီး စာမေးပွဲဖြေဆိုရမည့်ရက်သည် စက်တင်ဘာလ(၂၆)ရက်နေ့မှ အောက်တိုဘာလ(၁)ရက်အထိဖြစ်သည်။
အဝေးသင် တတိယအသုတ်အတွက် အနီးကပ်တက်ရောက်ရမည့်ရက်နှင့် စာမေးပွဲဖြေဆိုမည့်ရက်များမှာ မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွာစီမံပညာမေဂျာများအတွက် အနီးကပ်တက်ရောက်ရမည့်ရက်သည် အောက်တိုဘာလ(၃)ရက်နေ့မှ အောက်တိုဘာလ(၁၅)ရက်နေ့အထိဖြစ်ပြီး စာမေးပွဲဖြေဆိုရမည့်ရက်သည် အောက်တိုဘာလ(၁၈)ရက်နေ့မှ အောက်တိုဘာလ(၂၅)ရက်နေ့အထိဖြစ်သည်။
၂ဝ၂၂ ပညာသင်နှစ်အတွက် အဝေးသင်းစတုတ္ထနှစ် ဝိဇ္ဇာအထူးပြု ဒုတိယအသုတ်နှင့် တတိယအသုတ်များ၏ အနီးကပ်သင်တန်းများနှင့် စာမေးပွဲဖြေဆိုခြင်းများကို ယခု ၂ဝ၂၂ ခုနှစ် မေလ နှင့် ဇွန်လအတွင်း ကျင်းပပြုလုပ်ခဲ့ပြီးလည်းဖြစ်သည်။

Zawgyi Version;
၂ဝ၂၂ ပညာသင္ႏွစ္ အေဝးသင္ဒုတိယအသုတ္ႏွင့္ တတိယအသုတ္အတြက္ အနီးကပ္တက္ေရာက္ရမည့္ရက္ ႏွင့္ စာေမးပြဲေျဖဆိုရမည့္ရက္မ်ားအား ထုတ္ျပန္
ရဲျပည့္ (NPNews) - ဩဂုတ္ ၂၅
၂ဝ၂၂ ပညာသင္ႏွစ္ အေဝးသင္ ဒုတိယအသုတ္ႏွင့္ တတိယအသုတ္အတြက္ အနီးကပ္တက္ေရာက္ရမည့္ ရက္ႏွင့္စာေမးပြဲေျဖဆိုရမည့္ရက္မ်ားအား ပညာေရးဝန္ႀကီးဌာန အဆင့္ျမင့္ပညာဦးစီးဌာန မွ ထုတ္ျပန္ေၾကညာလိုက္သည္။
အေဝးသင္ ဒုတိယအသုတ္ႏွင့္ တတိယအသုတ္အျပင္ ဝိဇၨာဘာသာအထူးျပဳ ပထမႏွစ္ ၂ဝ၁၉ ေအာင္ျမင္သူမ်ား ႏွင့္ ပထမႏွစ္၊ ဒုတိယႏွစ္၊ တတိယႏွစ္ ၂ဝ၂ဝ ျပည္ႏွစ္တြင္ တကၠသိုလ္ဝင္စားေမးပြဲေအာင္ျမင္သူမ်ားပါဝင္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
အေဝးသင္ ဒုတိယအသုတ္အတြက္ အနီးကပ္တက္ေရာက္ရမည့္ရက္ႏွင့္ စာေမးပြဲေျဖဆိုမည့္ရက္မ်ားအေနျဖင့္ အဂ္လိပ္စာ၊ ဥပေဒပညာ၊ စိတ္ပညာ၊ ဒသနိကေဗဒ၊ ပထဝီဝင္၊ အေရွ႕တိုင္းပညာေမဂ်ာမ်ားအတြက္ အနီးကပ္တက္ေရာက္ရမည့္ရက္သည္ လာမယ့္လ စက္တင္ဘာလ(၁၂) ရက္ေန႔မွ စက္တင္ ဘာလ ၂၂ ရက္ေန႔အထိျဖစ္ၿပီး စာေမးပြဲေျဖဆိုရမည့္ရက္သည္ စက္တင္ဘာလ(၂၆)ရက္ေန႔မွ ေအာက္တိုဘာလ(၁)ရက္အထိျဖစ္သည္။
အေဝးသင္ တတိယအသုတ္အတြက္ အနီးကပ္တက္ေရာက္ရမည့္ရက္ႏွင့္ စာေမးပြဲေျဖဆိုမည့္ရက္မ်ားမွာ ျမန္မာစာ၊ သမိုင္း၊ စီးပြားေရးပညာ၊ စီးပြာစီမံပညာေမဂ်ာမ်ားအတြက္ အနီးကပ္တက္ေရာက္ရမည့္ရက္သည္ ေအာက္တိုဘာလ(၃)ရက္ေန႔မွ ေအာက္တိုဘာလ(၁၅)ရက္ေန႔အထိျဖစ္ၿပီး စာေမးပြဲေျဖဆိုရမည့္ရက္သည္ ေအာက္တိုဘာလ(၁၈)ရက္ေန႔မွ ေအာက္တိုဘာလ(၂၅)ရက္ေန႔အထိျဖစ္သည္။
၂ဝ၂၂ ပညာသင္ႏွစ္အတြက္ အေဝးသင္းစတုတၳႏွစ္ ဝိဇၨာအထူးျပဳ ဒုတိယအသုတ္ႏွင့္ တတိယအသုတ္မ်ား၏ အနီးကပ္သင္တန္းမ်ားႏွင့္ စာေမးပြဲေျဖဆိုျခင္းမ်ားကို ယခု ၂ဝ၂၂ ခုႏွစ္ ေမလ ႏွင့္ ဇြန္လအတြင္း က်င္းပျပဳလုပ္ခဲ့ၿပီးလည္းျဖစ္သည္။