မင်းမော်ကွန်းရဲ့သတိပေး Comment ကြောင့် Live လွှင့် ဈေးရောင်းနေမှုကို ခင်လှိုင်တို့အဖွဲ့ ချက်ချင်းရပ်ကာ ဖြုတ်ချခဲ့ရ

 8411

ဟိန်း (NP News) - ဩဂုတ် ၂၅

ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာခင်လှိုင်ဟာ Tik Tok ဆယ်လီတွေနဲ့အတူ Live လွှင့် ဈေးရောင်းနေစဉ် စစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ မင်းမော်ကွန်းရဲ့ သတိပေး Comment ကြောင့် စျေးရောင်းနေတဲ့ Live ကို ချက်ချင်းရပ်ကာ အဆိုပါ Live ကိုလည်း ဖြုတ်ချသွားခဲ့ပါတယ်။

ခင်လှိုင်နဲ့ Tik Tok ဆယ်လီနှစ်ဦးတို့ဟာ ဒီနေ့ သြဂုတ်လ ၂၅ ရက် နံနက်ပိုင်းက “လင်းလက်စံ” စီးပွားရေးလုပ်ငန်းမှ ပြုလုပ်တဲ့ သိန်း(၉ဝဝဝ)တန် အိမ် နဲ့ ဆုမဲများစွာကို တစ်စောင်ကို (၁၁ဝဝဝ) ကျပ်နှုန်းနဲ့ Live လွှင့် ရောင်းချပေးခဲ့ ကြတာဖြစ်ပါတယ်။

ထိုသို့ Live လွှင့် ဈေးရောင်းနေစဉ် မင်းမော်ကွန်းက “ကိုခင်လှိုင်ရေ... ကျွန်တော် သတိထပ်ပေးချင်ပါတယ်၊ ပုံမှန် ဖြစ်နေသလို မနေကြဖို့ပါ” လို့ ကွန်းမန့်ဘောက်စ်မှာ ဝင်ရောက်ရေးသားခဲ့တာဖြစ်ပါတယ်။ မင်းမော်ကွန်း ကွန်းမန့်တက်လာချိန်မှာတော့ သရုပ်ဆောင် ခင်လှိုင်အနေနဲ့လည်း မျက်နှာပျက်သွားတာကို အဆိုပါ Live ထဲ မှာ တွေ့မြင်ခဲ့ရပါတယ်။

ထို့နောက် ခင်လှိုင်တို့ကလည်း မင်းမော်ကွန်းရဲ့ Comment ဝင်ရေးပြီး သိပ်မကြာခင်မှာပဲ Tik Tok ဆယ်လီ ဇော်ဝင်းမောင်က လိုင်းမကောင်းဖြစ်နေတယ်လို့ အကြောင်းပြကာ အဆိုပါ Live ကို ချက်ချင်း ဖြုတ်ချသွားခဲ့တာဖြစ်ပါတယ်။
ခင်လှိုင်တို့ဘက်က Live ဗီဒီယိုရုပ်သံဖိုင်ကို ပြန်ဖျက်သွားပေမယ့် လူမှုကွန်ရက်တခွင်မှာတော့ မင်းမော်ကွန်း ပြောထားတဲ့စာသားနဲ့ ဓါတ်ပုံတွေကတော့ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

မင်းမော်ကွန်းရဲ့သတိပေး ပြောဆိုမှုကိုကြည့်ခြင်းအားဖြင့် ယခင်ကလည်း သရုပ်ဆောင်ခင်လှိုင်ဟာ လက်နက်ကိုင် တော်လှန်နေတဲ့မင်းမော်ကွန်းရဲ့ သတိပေးခြိမ်းခြောက်မှုမျိုးတွေနဲ့ရင်ဆိုင်ခဲ့ရပုံပေါ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း ပြစ်ဒဏ်ကျခံပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ထားတဲ့ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန် အနုပညာအလုပ်များ ပြန်လုပ်နေတဲ့အပေါ်ကိုလည်း မင်းမော်ကွန်းဟာ သတိပေးပြောဆိုမှုများရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ပိုင်တံခွန်အနေနဲ့ ၄င်းလက်ခံထားတဲ့ ပွဲတက်အားလုံးကို ဖျက်သိမ်းခဲ့ပြီး၊ လက်ရှိမှာတော့ ဆိုရှယ်လူမှုကွန်ရက် အသုံးပြုမှုများကိုပါ ခေတ္တရပ်နားထားကြောင်း တရားဝင် ကြေညာ ကာ လူမှုကွန်ရက်ပေ့ချ်တွေကို ဖျက်ခဲ့ရတဲ့အထိ ရှိခဲ့ပါတယ်။

အလားတူပါပဲ တပ်မတော်နဲ့ပတ်သက်ဆက်နွယ်တဲ့ အနုပညာရှင်များနဲ့ တပ်မတော်အခမ်းအနားများ၊ အစီအစဥ် များသို့ တက်ရောက်သူတိုင်းကိုလည်း စစ်တပ်အားပေးသူများလို့ စွပ်စွဲပြောဆိုကာ ပြစ်တင်ဝေဖန်ခြင်း၊ ခြိမ်းခြောက်ခြင်းအပြင် လုပ်ကြံသတ်ဖြတ်တဲ့အထိ လုပ်ဆောင်နေတာမျိုးကိုလည်း တွေ့ရပါတယ်။

Zawgyi Version;
မင္းေမာ္ကြန္းရဲ႕သတိေပး Comment ေၾကာင့္ Live လႊင့္ ေဈးေရာင္းေနမႈကို ခင္လႈိင္တို႔အဖြဲ႕ ခ်က္ခ်င္းရပ္ကာ ျဖဳတ္ခ်ခဲ့ရ
ဟိန္း (NP News) - ဩဂုတ္ ၂၅

႐ုပ္ရွင္သ႐ုပ္ေဆာင္ ဒါ႐ိုက္တာခင္လႈိင္ဟာ Tik Tok ဆယ္လီေတြနဲ႔အတူ Live လႊင့္ ေဈးေရာင္းေနစဥ္ စစ္တပ္ကို လက္နက္ကိုင္ေတာ္လွန္ေနတဲ့ မင္းေမာ္ကြန္းရဲ႕ သတိေပး Comment ေၾကာင့္ ေစ်းေရာင္းေနတဲ့ Live ကို ခ်က္ခ်င္းရပ္ကာ အဆိုပါ Live ကိုလည္း ျဖဳတ္ခ်သြားခဲ့ပါတယ္။

ခင္လႈိင္နဲ႔ Tik Tok ဆယ္လီႏွစ္ဦးတို႔ဟာ ဒီေန႔ ၾသဂုတ္လ ၂၅ ရက္ နံနက္ပိုင္းက “လင္းလက္စံ” စီးပြားေရးလုပ္ငန္းမွ ျပဳလုပ္တဲ့ သိန္း(၉ဝဝဝ)တန္ အိမ္ နဲ႔ ဆုမဲမ်ားစြာကို တစ္ေစာင္ကို (၁၁ဝဝဝ) က်ပ္ႏႈန္းနဲ႔ Live လႊင့္ ေရာင္းခ်ေပးခဲ့ ၾကတာျဖစ္ပါတယ္။

ထိုသို႔ Live လႊင့္ ေဈးေရာင္းေနစဥ္ မင္းေမာ္ကြန္းက “ကိုခင္လႈိင္ေရ... ကြၽန္ေတာ္ သတိထပ္ေပးခ်င္ပါတယ္၊ ပုံမွန္ ျဖစ္ေနသလို မေနၾကဖို႔ပါ” လို႔ ကြန္းမန႔္ေဘာက္စ္မွာ ဝင္ေရာက္ေရးသားခဲ့တာျဖစ္ပါတယ္။ မင္းေမာ္ကြန္း ကြန္းမန႔္တက္လာခ်ိန္မွာေတာ့ သ႐ုပ္ေဆာင္ ခင္လႈိင္အေနနဲ႔လည္း မ်က္ႏွာပ်က္သြားတာကို အဆိုပါ Live ထဲ မွာ ေတြ႕ျမင္ခဲ့ရပါတယ္။

ထို႔ေနာက္ ခင္လႈိင္တို႔ကလည္း မင္းေမာ္ကြန္းရဲ႕ Comment ဝင္ေရးၿပီး သိပ္မၾကာခင္မွာပဲ Tik Tok ဆယ္လီ ေဇာ္ဝင္းေမာင္က လိုင္းမေကာင္းျဖစ္ေနတယ္လို႔ အေၾကာင္းျပကာ အဆိုပါ Live ကို ခ်က္ခ်င္း ျဖဳတ္ခ်သြားခဲ့တာျဖစ္ပါတယ္။
ခင္လႈိင္တို႔ဘက္က Live ဗီဒီယို႐ုပ္သံဖိုင္ကို ျပန္ဖ်က္သြားေပမယ့္ လူမႈကြန္ရက္တခြင္မွာေတာ့ မင္းေမာ္ကြန္း ေျပာထားတဲ့စာသားနဲ႔ ဓါတ္ပုံေတြကေတာ့ ပ်ံ႕ႏွံ႔ေနတာကို ေတြ႕ရပါတယ္။

မင္းေမာ္ကြန္းရဲ႕သတိေပး ေျပာဆိုမႈကိုၾကည့္ျခင္းအားျဖင့္ ယခင္ကလည္း သ႐ုပ္ေဆာင္ခင္လႈိင္ဟာ လက္နက္ကိုင္ ေတာ္လွန္ေနတဲ့မင္းေမာ္ကြန္းရဲ႕ သတိေပးၿခိမ္းေျခာက္မႈမ်ိဳးေတြနဲ႔ရင္ဆိုင္ခဲ့ရပုံေပၚပါတယ္။

ၿပီးခဲ့တဲ့လပိုင္းကလည္း ျပစ္ဒဏ္က်ခံၿပီး လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္ထားတဲ့ ေမာ္ဒယ္ သ႐ုပ္ေဆာင္ ပိုင္တံခြန္ အႏုပညာအလုပ္မ်ား ျပန္လုပ္ေနတဲ့အေပၚကိုလည္း မင္းေမာ္ကြန္းဟာ သတိေပးေျပာဆိုမႈမ်ားရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ပိုင္တံခြန္အေနနဲ႔ ၄င္းလက္ခံထားတဲ့ ပြဲတက္အားလုံးကို ဖ်က္သိမ္းခဲ့ၿပီး၊ လက္ရွိမွာေတာ့ ဆိုရွယ္လူမႈကြန္ရက္ အသုံးျပဳမႈမ်ားကိုပါ ေခတၱရပ္နားထားေၾကာင္း တရားဝင္ ေၾကညာ ကာ လူမႈကြန္ရက္ေပ့ခ်္ေတြကို ဖ်က္ခဲ့ရတဲ့အထိ ရွိခဲ့ပါတယ္။

အလားတူပါပဲ တပ္မေတာ္နဲ႔ပတ္သက္ဆက္ႏြယ္တဲ့ အႏုပညာရွင္မ်ားနဲ႔ တပ္မေတာ္အခမ္းအနားမ်ား၊ အစီအစဥ္ မ်ားသို႔ တက္ေရာက္သူတိုင္းကိုလည္း စစ္တပ္အားေပးသူမ်ားလို႔ စြပ္စြဲေျပာဆိုကာ ျပစ္တင္ေဝဖန္ျခင္း၊ ၿခိမ္းေျခာက္ျခင္းအျပင္ လုပ္ႀကံသတ္ျဖတ္တဲ့အထိ လုပ္ေဆာင္ေနတာမ်ိဳးကိုလည္း ေတြ႕ရပါတယ္။

Picture

Shwe Tharr Oo

25/08/2022 19:38

ဒီမှာရှိနေတဲ့ကောင်တွေကလည်းဘာတွေကြောက်နေတာလဲ တောထဲထွက်ပြေးနေတဲ့အနုပညာရှင်တွေစုစုပေါင်းရဲ့သုံးပုံတစ်ပုံတောင်မရှိပါဘူးကွာ ဒီကောင်ကဇိမ်ကျတဲ့နေရာကနေဟောင်နေပြီး မင်းတို့ဒီလိုစီးပွားရှာလို့သတ်မယ်လို့ပြောရင် မင်းတို့ကလည်း သူ့အဖေနဲ့သူ့အမေကိုပြန်ဒုက္ခပေးမယ်ပြောလိုက်ပေါ့ကွာ ဇင်ဝိုင်းတို့လင်မယားကအခုထက်ထိ တက္ကသိုလ်ရိပ်မွန်အိမ်ယာမှာနေနေသေးတယ်

Picture

Ko Yee Htut

25/08/2022 21:35

အော် သူကတော့သြစီမှာနေနေပြီးတော့မြန်မာပြည်မှာလုပ်ကိုစားနေတဲ့သူတွေကိုပြောရသေးတယ်နော် အေးလေးသူ့ခြိမ်းခြောက်ပြောဆိုမူတွေကိုကြောက်တဲ့သူကြောက်ပေါ့ဗျာ

Picture

min thein

25/08/2022 21:52

သူလိုသတောင်းစားခွက်ပြောက်ဘဝမျိုးဖြစ်စေချင်နေတာပါ

Picture

Wan Jaywan

25/08/2022 23:23

ငါဒုတ္ခ ေရာက္ သလို မင္း တို့လဲ ဒုတ္ခ ေရာက္ ရမယ္ ဆို တယ္ ေအာက္ တန္း က် တဲ့စိတ္ နဲ့ မင္း ေမာ္ ကြန္း ရယ္

Related news

© 2021. All rights reserved.