ဘရာဇီးဟာ ၁၅ နှစ်အတွင်း အမေဇုန်တောမီးလောင်ကျွမ်းမှု အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်

728

ရောင်နီ (NP News) - သြဂုတ် ၂၆
ဘရာဇီးနိုင်ငံ၊ မြောက်ဘက် အမေဇုန်မိုးသစ်တောမှာ တောမီးလောင်ကျွမ်းမှုအရေအတွက်ဟာ ယခုသီတင်းပတ် အတွင်း လွန်ခဲ့တဲ့ ၁၅ နှစ်နီးပါးကထက် မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့အကြီးမားဆုံး မိုးသစ်တောကြီး ပျက်စီးမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးသတိပေးချက်ပေးထားတဲ့ တရားဝင်ကိန်းဂဏန်းများအရ သိရပါတယ်။
ဂြိုလ်တုစောင့်ကြည့်လေ့လာရေးအရ တနင်္လာနေ့ (သြဂုတ် ၂၂ ရက်) မှာ မီးလောင်ကျွမ်းမှုပေါင်း ၃၃၅၈ ခုကို တွေ့ရှိခဲ့ပြီး ၂ဝဝ၇ ခုနှစ် စက်တင်ဘာလနောက်ပိုင်းမြင်တွေ့ရတဲ့ ၂၄ နာရီအတွင်း အမြင့်ဆုံးသော မီးလောင်မှုအရေ အတွက်ဖြစ်ကြောင်း ဘရာဇီးအာကာသအေဂျင်စီ INPE က ပြောကြားပါတယ်။
ယင်းနောက် ကီလိုမီတာ ၂၅ဝဝ ခန့်အကွာရှိ ဆာအိုပေါ်လိုမြို့အနီးသို့ မီးခိုးများ ထူထဲစွာ ပျံ့နှံ့နေပုံများ ပေါ်ထွက် လာပြီး ကမ္ဘာလုံးဆိုင်ရာလှုံ့ဆော်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အမေဇုန်တောမီးလောင်မှုဟာ အဓိကအားဖြင့် တရားမဝင်လယ်သမားများ၊ မွေးမြူရေးသမားများ၊ ဈေးကစားသူများရဲ့မြေယာရှင်းလင်းခြင်းနဲ့သစ်ပင်များကို မီးရှို့ခြင်းကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
ဩဂုတ်လဟာ ဘရာဇီးနိုင်ငံမှာ ခြောက်သွေ့တဲ့ ရာသီဥတုကုန်ဆုံးချိန်လည်း ဖြစ်သလို မိုးရာသီစတင်ချိန်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက မီးလောင်ကျွမ်းမှု ၅၃၇၃ ခု တွေ့ရှိခဲ့ပြီး ယမန်နှစ် ဇူလိုင်လထက် ၈ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကာ ကမ္ဘာကြီးပူနွေးလာမှုကိုဆန့်ကျင်တဲ့ အဓိကကြားခံဖြစ်တဲ့သစ်တောအတွက် အခုအချိန်ဟာ စိုးရိမ်စရာ နှစ်ဖြစ်တယ်လို့ INPE က ဆိုပါတယ်။
ဘရာဇီး လယ်ယာစီးပွားရေးဝန်ကြီးဖြစ်တဲ့ မစ္စတာ ဘိုဆိုနာရို ဟာလည်း အမေဇုန်ပျက်စီးမှုအတွက် နိုင်ငံတကာရဲ့ ဝေဖန်မှုနဲ့ရင်ဆိုင်နေရပြီး ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ၊ သူအာဏာရလာကတည်းက ဘရာဇီးအမေဇုန်မှာ နှစ်စဉ် သစ်တောပြုန်းတီးမှုဟာ ယခင်ဆယ်စုနှစ်များနဲ့ နှိုင်းယှဉ်ရင် ၇၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ဘရာဇီးဟာ ၁၅ ႏွစ္အတြင္း အေမဇုန္ေတာမီးေလာင္ကြၽမ္းမႈ အဆိုး႐ြားဆုံးအျဖစ္ မွတ္တမ္းဝင္
ေရာင္နီ (NP News) - ၾသဂုတ္ ၂၆
ဘရာဇီးႏိုင္ငံ၊ ေျမာက္ဘက္ အေမဇုန္မိုးသစ္ေတာမွာ ေတာမီးေလာင္ကြၽမ္းမႈအေရအတြက္ဟာ ယခုသီတင္းပတ္ အတြင္း လြန္ခဲ့တဲ့ ၁၅ ႏွစ္နီးပါးကထက္ ျမင့္တက္လာခဲ့ေၾကာင္း ကမာၻ႔အႀကီးမားဆုံး မိုးသစ္ေတာႀကီး ပ်က္စီးမႈနဲ႔ ပတ္သက္ၿပီး ေနာက္ဆုံးသတိေပးခ်က္ေပးထားတဲ့ တရားဝင္ကိန္းဂဏန္းမ်ားအရ သိရပါတယ္။
ၿဂိဳလ္တုေစာင့္ၾကည့္ေလ့လာေရးအရ တနလၤာေန႔ (ၾသဂုတ္ ၂၂ ရက္) မွာ မီးေလာင္ကြၽမ္းမႈေပါင္း ၃၃၅၈ ခုကို ေတြ႕ရွိခဲ့ၿပီး ၂ဝဝ၇ ခုႏွစ္ စက္တင္ဘာလေနာက္ပိုင္းျမင္ေတြ႕ရတဲ့ ၂၄ နာရီအတြင္း အျမင့္ဆုံးေသာ မီးေလာင္မႈအေရ အတြက္ျဖစ္ေၾကာင္း ဘရာဇီးအာကာသေအဂ်င္စီ INPE က ေျပာၾကားပါတယ္။
ယင္းေနာက္ ကီလိုမီတာ ၂၅ဝဝ ခန႔္အကြာရွိ ဆာအိုေပၚလိုၿမိဳ႕အနီးသို႔ မီးခိုးမ်ား ထူထဲစြာ ပ်ံ႕ႏွံ႔ေနပုံမ်ား ေပၚထြက္ လာၿပီး ကမာၻလုံးဆိုင္ရာလႈံ႕ေဆာ္မႈေတြ ထြက္ေပၚလာခဲ့ပါတယ္။ အေမဇုန္ေတာမီးေလာင္မႈဟာ အဓိကအားျဖင့္ တရားမဝင္လယ္သမားမ်ား၊ ေမြးျမဴေရးသမားမ်ား၊ ေဈးကစားသူမ်ားရဲ႕ေျမယာရွင္းလင္းျခင္းနဲ႔သစ္ပင္မ်ားကို မီးရႈိ႕ျခင္းေၾကာင့္ျဖစ္တယ္လို႔ ကြၽမ္းက်င္သူမ်ားက ဆိုပါတယ္။
ဩဂုတ္လဟာ ဘရာဇီးႏိုင္ငံမွာ ေျခာက္ေသြ႕တဲ့ ရာသီဥတုကုန္ဆုံးခ်ိန္လည္း ျဖစ္သလို မိုးရာသီစတင္ခ်ိန္လည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လက မီးေလာင္ကြၽမ္းမႈ ၅၃၇၃ ခု ေတြ႕ရွိခဲ့ၿပီး ယမန္ႏွစ္ ဇူလိုင္လထက္ ၈ ရာခိုင္ႏႈန္း ျမင့္တက္ လာခဲ့ကာ ကမာၻႀကီးပူေႏြးလာမႈကိုဆန႔္က်င္တဲ့ အဓိကၾကားခံျဖစ္တဲ့သစ္ေတာအတြက္ အခုအခ်ိန္ဟာ စိုးရိမ္စရာ ႏွစ္ျဖစ္တယ္လို႔ INPE က ဆိုပါတယ္။
ဘရာဇီး လယ္ယာစီးပြားေရးဝန္ႀကီးျဖစ္တဲ့ မစၥတာ ဘိုဆိုနာ႐ို ဟာလည္း အေမဇုန္ပ်က္စီးမႈအတြက္ ႏိုင္ငံတကာရဲ႕ ေဝဖန္မႈနဲ႔ရင္ဆိုင္ေနရၿပီး ၂ဝ၁၉ ခုႏွစ္ ဇန္နဝါရီလ၊ သူအာဏာရလာကတည္းက ဘရာဇီးအေမဇုန္မွာ ႏွစ္စဥ္ သစ္ေတာျပဳန္းတီးမႈဟာ ယခင္ဆယ္စုႏွစ္မ်ားနဲ႔ ႏႈိင္းယွဥ္ရင္ ၇၅ ရာခိုင္ႏႈန္း တိုးလာခဲ့တယ္လို႔ သိရပါတယ္။