မုဒုံမြို့၌ တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအတွက် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ရန် ကိုရီးယားကုမ္ပဏီတစ်ခုက တင်ဒါအောင်မြင်ထားဟုဆို

1209

ယွန်း (NP News) - သြဂုတ် ၂၈
မွန်ပြည်နယ်၊ မုဒုံမြို့၌ တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအတွက် ဖြစ်နိုင် ခြေလေ့လာ ဆန်းစစ်ရန် ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီတစ်ခုက တင်ဒါအောင်မြင်ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
နစကအနေဖြင့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တည်ဆောက်ရန်အတွက် မွန်ပြည်နယ်၊ မုဒုံမြို့ရှိ ဘလောက်ညောင်ဝိုင်းနှင့် ဝဲကလိကျေးရွာကြားတွင် သတ်မှတ်ထားခြင်းဖြစ်သည်။
၎င်းစီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု(Feasibility Study) ဆောင်ရွက်နိုင်ရေးအတွက် အတွေ့အကြုံ ရှိပြီး စိတ်ဝင်စားသော ကုမ္ပဏီများအနေဖြင့် တင်ဒါတင်သွင်းရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ယခုနှစ် မေလ ၂၅ ရက်မှ ဇွန်လ ၃ ရက်အထိ ဖိတ်ခေါ်ခဲ့သည်။
လက်ရှိတွင် နိုင်ငံတကာအဆင့်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်ရန် ကိုးရီယား နိုင်ငံရှိ ကုမ္ပဏီတစ်ခုက တင်ဒါအောင်မြင်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင် ကြည်သိန်းက NP News ကို ပြောသည်။
“ဆိပ်ကမ်းကတော့ တင်ဒါခေါ်တာတော့ ပြီးသွားပြီပေါ့နော်။ ကြားတာတော့ ကိုရီးယားကုမ္ပဏီတစ်ခုကရ သွားတယ်လို့ ကြားတယ်။ သူတို့က ဆန်းစစ်လေ့လာပြီးတော့မှ ဒီနေရာမှာတည်ဆောက်သင့်၊ မသင့် ရေအတိမ်အနက် စသည်ဖြင့်ပေါ့နော် ဒါတွေသူတို့လုပ်မယ်။ နောက်ပိုင်းကျရင် ဒါလုပ်ဖို့အတွက်က ဖြစ်ဖို့များတာကတော့ နိုင်ငံခြားဖြစ်ဖို့များမှာပေါ့” ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဦးအောင် ကြည်သိန်းက ပြောသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတည်ဆောက်ရန်အတွက် မြေဧရိယာ ၄၆၉ ဒသမ ၁၇ ဧကအပါအဝင် အများအပြား လိုအပ်မည်ဖြစ်၍ ၎င်းစီမံကိန်းအနီးရှိ တောင်သူများ၏ မြေများကို အသုံးပြုသွားမည်ဖြစ်သည့် အတွက် လျော်ကြေးငွေများ ပေးချေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းထံမှ သိရသည်။
၎င်းဆိပ်ကမ်းအသစ် တည်ဆောက်ရန်အတွက် စီမံကိန်းအကောင်အထည်ဖော်ရေးဗဟိုကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ၎င်းကော်မတီတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။
အလားတူ မွန်ပြည်နယ်၊ မုဒုံမြို့၌ နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့်အတူ လေဆိပ်တစ်ခုကိုလည်း အကောင်အထည်ဖော်ရန် နစကမှ ပြင်ဆင်လျက်ရှိနေကြောင်း သိရသည်။

Zawgyi Version;
မုဒုံၿမိဳ႕၌ တည္ေဆာက္မည့္ ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းအတြက္ ျဖစ္ႏိုင္ေျခ ေလ့လာဆန္းစစ္ရန္ ကိုရီးယားကုမၸဏီတစ္ခုက တင္ဒါေအာင္ျမင္ထားဟုဆို
ယြန္း (NP News) - ၾသဂုတ္ ၂၈
မြန္ျပည္နယ္၊ မုဒုံၿမိဳ႕၌ တည္ေဆာက္မည့္ ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းအတြက္ ျဖစ္ႏိုင္ ေျခေလ့လာ ဆန္းစစ္ရန္ ကိုရီးယားႏိုင္ငံရွိ ကုမၸဏီတစ္ခုက တင္ဒါေအာင္ျမင္ထားေၾကာင္း မြန္ျပည္နယ္ အစိုးရအဖြဲ႕ထံမွ သိရသည္။
နစကအေနျဖင့္ ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္း တည္ေဆာက္ရန္အတြက္ မြန္ျပည္နယ္၊ မုဒုံၿမိဳ႕ရွိ ဘေလာက္ေညာင္ဝိုင္းႏွင့္ ဝဲကလိေက်း႐ြာၾကားတြင္ သတ္မွတ္ထားျခင္းျဖစ္သည္။
၎စီမံကိန္းအတြက္ ျဖစ္ႏိုင္ေျခေလ့လာဆန္းစစ္မႈ(Feasibility Study) ေဆာင္႐ြက္ႏိုင္ေရးအတြက္ အေတြ႕အႀကဳံ ရွိၿပီး စိတ္ဝင္စားေသာ ကုမၸဏီမ်ားအေနျဖင့္ တင္ဒါတင္သြင္းရန္ ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္အဖြဲ႕က ယခုႏွစ္ ေမလ ၂၅ ရက္မွ ဇြန္လ ၃ ရက္အထိ ဖိတ္ေခၚခဲ့သည္။
လက္ရွိတြင္ ႏိုင္ငံတကာအဆင့္အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းအတြက္ ျဖစ္ႏိုင္ေျခေလ့လာဆန္းစစ္ရန္ ကိုးရီယား ႏိုင္ငံရွိ ကုမၸဏီတစ္ခုက တင္ဒါေအာင္ျမင္ထားေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ ဦးေအာင္ ၾကည္သိန္းက NP News ကို ေျပာသည္။
“ဆိပ္ကမ္းကေတာ့ တင္ဒါေခၚတာေတာ့ ၿပီးသြားၿပီေပါ့ေနာ္။ ၾကားတာေတာ့ ကိုရီးယားကုမၸဏီတစ္ခုကရ သြားတယ္လို႔ ၾကားတယ္။ သူတို႔က ဆန္းစစ္ေလ့လာၿပီးေတာ့မွ ဒီေနရာမွာတည္ေဆာက္သင့္၊ မသင့္ ေရအတိမ္အနက္ စသည္ျဖင့္ေပါ့ေနာ္ ဒါေတြသူတို႔လုပ္မယ္။ ေနာက္ပိုင္းက်ရင္ ဒါလုပ္ဖို႔အတြက္က ျဖစ္ဖို႔မ်ားတာကေတာ့ ႏိုင္ငံျခားျဖစ္ဖို႔မ်ားမွာေပါ့” ဟု မြန္ျပည္နယ္အစိုးရ အဖြဲ႕၏ေျပာေရးဆိုခြင့္ရွိသူ ဦးေအာင္ ၾကည္သိန္းက ေျပာသည္။
အဆိုပါ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းတည္ေဆာက္ရန္အတြက္ ေျမဧရိယာ ၄၆၉ ဒသမ ၁၇ ဧကအပါအဝင္ အမ်ားအျပား လိုအပ္မည္ျဖစ္၍ ၎စီမံကိန္းအနီးရွိ ေတာင္သူမ်ား၏ ေျမမ်ားကို အသုံးျပဳသြားမည္ျဖစ္သည့္ အတြက္ ေလ်ာ္ေၾကးေငြမ်ား ေပးေခ်ႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ၎ထံမွ သိရသည္။
၎ဆိပ္ကမ္းအသစ္ တည္ေဆာက္ရန္အတြက္ စီမံကိန္းအေကာင္အထည္ေဖာ္ေရးဗဟိုေကာ္မတီတစ္ရပ္ကို ဖြဲ႕စည္းထားၿပီး ၎ေကာ္မတီတြင္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ဥကၠ႒အျဖစ္ တာဝန္ယူ ေဆာင္႐ြက္ေနသည္။
အလားတူ မြန္ျပည္နယ္၊ မုဒုံၿမိဳ႕၌ ႏိုင္ငံတကာအဆင့္မီအျပည္ျပည္ဆိုင္ရာဆိပ္ကမ္းႏွင့္အတူ ေလဆိပ္တစ္ခုကိုလည္း အေကာင္အထည္ေဖာ္ရန္ နစကမွ ျပင္ဆင္လ်က္ရွိေနေၾကာင္း သိရသည္။