မြင်းခြံမြို့ ဝိန့်ဆန်းရွှေဆိုင်မှ ငွေကျပ်သိန်း ၃ဝဝဝ နီးပါးတန်ဖိုးရှိ ရွှေထည်များကို အမျိုးသား(၄)ဦး က သေနတ်၊ ဓါးတို့ဖြင့် ခြိမ်းခြောက်ကာ ဓါးပြတိုက်

1251

NP News - သြဂုတ် ၂၈
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ ဝိန့်ဆန်းရွှေဆိုင်မှ ငွေကျပ်သိန်း ၃ဝဝဝ နီးပါးတန်ဖိုး ရွှေထည်လက်ဝတ်ရတနာများကို အမျိုးသား (၄)ဦးက သေနတ်၊ ဓါးတို့ဖြင့် ခြိမ်းခြောက်ကာ ဓါးပြတိုက်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (သြဂုတ်လ ၂၈ ရက်)၊ နေ့လည် ၁ နာရီအချိန်ခန့်တွင် မြင်းခြံမြို့၊ အမှတ်(၈) ရပ်ကွက်၊ စည်ပင်သာယာဈေးကြီး တောင်ဘက်ရှိ ဝိန့်ဆန်းရွှေဆိုင်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေဆိုင်အနီးရှိသတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။
ဆိုင်ကယ်(၂)စီးဖြင့် အမျိုးသား(၄)ဦးသည် ဝိန့်ဆန်းရွှေဆိုင်ရှေ့သို့ ရောက်ရှိလာကာ ရွှေဆိုင်လုံခြုံရေးဝန်ထမ်း(၂)ဦးကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆိုင်ရှေ့၌ ထိုင်ခိုင်းထားကြောင်း သိရသည်။
ထို့နောက် ဓါးပြတိုက်သူ(၄)ဦးအနက် (၃)ဦးမှာ ရွှေဆိုင်အတွင်းဝင်ရောက်ပြီး သေနတ်၊ ဓါးတို့ဖြင့် ခြိမ်းခြောက်ပြီး ဆိုင်ဝန်ထမ်းများကို လက်မြှောက်ထိုင်ခိုင်းပြီးနောက် ရွှေလက်ဝတ်ရတနာများထည့်ထားသော မှန်ကောင်တာများကို ရိုက်ခွဲကာ လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဓါးပြတိုက်မှုဖြစ်စဉ်အတွင်း ရွှေလက်ကောက်များအပါအဝင် လက်ဝတ်ရတနာမျိုးစုံ စုစုပေါင်း တစ်ပိဿကျော် ဓါးပြတိုက်ခံရခြင်းဖြစ်ကာ စုစုပေါင်းကာလတန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၂၇ဝဝ ကျော်တန်ဖိုးရှိကြောင်း သိရသည်။
လက်ရှိတွင် ဓါးပြတိုက်မှုကျူးလွန်သူများကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။
မန္တလေးတိုင်းအတွင်း၌ ပြီးခဲ့သောလများအတွင်းကလည်း ရွှေဆိုင်(၃)ဆိုင်ထက်မနည်း ဓါးပြတိုက်ခံရမှုများဖြစ်ပွားခဲ့သည်ကို သတင်းအချက်အလက်များအရ သိရသည်။

zawgyi version
ျမင္းၿခံၿမိဳ႕ ဝိန႔္ဆန္းေ႐ႊဆိုင္မွ ေငြက်ပ္သိန္း ၃ဝဝဝ နီးပါးတန္ဖိုးရွိ ေ႐ႊထည္မ်ားကို အမ်ိဳးသား(၄)ဦးက ေသနတ္၊ ဓါးတို႔ျဖင့္ ၿခိမ္းေျခာက္ကာ ဓါးျပတိုက္
NP News - ၾသဂုတ္ ၂၈
မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕ရွိ ဝိန႔္ဆန္းေ႐ႊဆိုင္မွ ေငြက်ပ္သိန္း ၃ဝဝဝ နီးပါးတန္ဖိုး ေ႐ႊထည္လက္ဝတ္ရတနာမ်ားကို အမ်ိဳးသား (၄)ဦးက ေသနတ္၊ ဓါးတို႔ျဖင့္ ၿခိမ္းေျခာက္ကာ ဓါးျပတိုက္လုယက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ၾသဂုတ္လ ၂၈ ရက္)၊ ေန႔လည္ ၁ နာရီအခ်ိန္ခန႔္တြင္ ျမင္းၿခံၿမိဳ႕၊ အမွတ္(၈) ရပ္ကြက္၊ စည္ပင္သာယာေဈးႀကီး ေတာင္ဘက္ရွိ ဝိန႔္ဆန္းေ႐ႊဆိုင္၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေ႐ႊဆိုင္အနီးရွိသတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။
ဆိုင္ကယ္(၂)စီးျဖင့္ အမ်ိဳးသား(၄)ဦးသည္ ဝိန႔္ဆန္းေ႐ႊဆိုင္ေရွ႕သို႔ ေရာက္ရွိလာကာ ေ႐ႊဆိုင္လုံၿခဳံေရးဝန္ထမ္း(၂)ဦးကို လက္နက္ျဖင့္ ၿခိမ္းေျခာက္ကာ ဆိုင္ေရွ႕၌ ထိုင္ခိုင္းထားေၾကာင္း သိရသည္။
ထို႔ေနာက္ ဓါးျပတိုက္သူ(၄)ဦးအနက္ (၃)ဦးမွာ ေ႐ႊဆိုင္အတြင္းဝင္ေရာက္ၿပီး ေသနတ္၊ ဓါးတို႔ျဖင့္ ၿခိမ္းေျခာက္ၿပီး ဆိုင္ဝန္ထမ္းမ်ားကို လက္ေျမႇာက္ထိုင္ခိုင္းၿပီးေနာက္ ေ႐ႊလက္ဝတ္ရတနာမ်ားထည့္ထားေသာ မွန္ေကာင္တာမ်ားကို ႐ိုက္ခြဲကာ လုယက္ယူေဆာင္သြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ဓါးျပတိုက္မႈျဖစ္စဥ္အတြင္း ေ႐ႊလက္ေကာက္မ်ားအပါအဝင္ လက္ဝတ္ရတနာမ်ိဳးစုံ စုစုေပါင္း တစ္ပိႆေက်ာ္ ဓါးျပတိုက္ခံရျခင္းျဖစ္ကာ စုစုေပါင္းကာလတန္ဖိုးအေနျဖင့္ ေငြက်ပ္ သိန္း ၂၇ဝဝ ေက်ာ္တန္ဖိုးရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ဓါးျပတိုက္မႈက်ဴးလြန္သူမ်ားကို သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ပိတ္ဆို႔ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။
မႏၲေလးတိုင္းအတြင္း၌ ၿပီးခဲ့ေသာလမ်ားအတြင္းကလည္း ေ႐ႊဆိုင္(၃)ဆိုင္ထက္မနည္း ဓါးျပတိုက္ခံရမႈမ်ားျဖစ္ပြားခဲ့သည္ကို သတင္းအခ်က္အလက္မ်ားအရ သိရသည္။