မန္တလေး-ရွှေဘိုကားလမ်းတွင် ဓါတ်မြေသြဇာများ တင်ဆောင်လာသော (၁၂)ဘီးကား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရ

903

NP News - သြဂုတ် ၂၉
မန္တလေး-ရွှေဘိုကားလမ်းတွင် ဓါတ်မြေသြဇာ တင်ဆောင်လာသော (၁၂)ဘီးကား တစ်စင်းလက် လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၂၇ရက်၊ နေ့လယ် ၂နာရီခွဲအချိန်တွင် ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ရွာနှင့် ဇီးတော ရွာကြားတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
အဆိုပါဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ (၈)ရပ်ကွက်နေ ဦးသန့်ဇင်ဦး(၄၃)နှစ် မောင်းနှင်သည့် 8J/6369 NISSAN အမျိုးအစား (၁၂)ဘီးယာဉ်သည် မန္တလေးမြို့မှ ဓါတ်မြေသြဇာများ တင်ဆောင်ကာ ရွှေဘိုမြို့သို့ မန္တလေး-ရွှေဘို ကားလမ်းအတိုင်း မောင်းနှင်လာချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့မောင်းနှင်လာချိန် ဘုန်းဘွဲ့ရွာနှင့် ဇီးတောရွာကြား အရောက်တွင် အကြမ်းဖက်သမားများက လက်လုပ်မိုင်း (၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖောက်ခွဲမှုကြောင့် (၁၂)ဘီးယာဉ်၏ တံခါးနှင့် ယာဉ်၏ ဦးခေါင်းပိုင်းတို့ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ယာဉ်မောင်း ဦးကျော်ဇင်ဦးတွင် မျက်ခုံး၊ ပေါင်၊ လက်ကောက်ဝက်၊ နားနှင့် ခြေကျင်းဝတ်တို့၌ မိုင်းစထိမှန် ဒဏ်ရာ(၅)ချက် ရရှိခဲ့သဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ် ဖွဲ့မှ ဆိုထားသည်။

zawgyi version
မႏၲေလး-ေ႐ႊဘိုကားလမ္းတြင္ ဓါတ္ေျမၾသဇာမ်ား တင္ေဆာင္လာေသာ (၁၂)ဘီးကား လက္လုပ္မိုင္းမ်ားျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခံရ
NP News - ၾသဂုတ္ ၂၉
မႏၲေလး-ေ႐ႊဘိုကားလမ္းတြင္ ဓါတ္ေျမၾသဇာ တင္ေဆာင္လာေသာ (၁၂)ဘီးကား တစ္စင္းလက္ လုပ္မိုင္းမ်ားျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၾသဂုတ္လ ၂၇ရက္၊ ေန႔လယ္ ၂နာရီခြဲအခ်ိန္တြင္ ေ႐ႊဘိုၿမိဳ႕နယ္၊ ဘုန္းဘြဲ႕႐ြာႏွင့္ ဇီးေတာ ႐ြာၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။
အဆိုပါျဖစ္စဥ္မွာ စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕၊ (၈)ရပ္ကြက္ေန ဦးသန႔္ဇင္ဦး(၄၃)ႏွစ္ ေမာင္းႏွင္သည့္ 8J/6369 NISSAN အမ်ိဳးအစား (၁၂)ဘီးယာဥ္သည္ မႏၲေလးၿမိဳ႕မွ ဓါတ္ေျမၾသဇာမ်ား တင္ေဆာင္ကာ ေ႐ႊဘိုၿမိဳ႕သို႔ မႏၲေလး-ေ႐ႊဘို ကားလမ္းအတိုင္း ေမာင္းႏွင္လာခ်ိန္တြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေမာင္းႏွင္လာခ်ိန္ ဘုန္းဘြဲ႕႐ြာႏွင့္ ဇီးေတာ႐ြာၾကား အေရာက္တြင္ အၾကမ္းဖက္သမားမ်ားက လက္လုပ္မိုင္း (၅)လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
ေဖာက္ခြဲမႈေၾကာင့္ (၁၂)ဘီးယာဥ္၏ တံခါးႏွင့္ ယာဥ္၏ ဦးေခါင္းပိုင္းတို႔ မိုင္းစထိမွန္ပ်က္စီးခဲ့ၿပီး ယာဥ္ေမာင္း ဦးေက်ာ္ဇင္ဦးတြင္ မ်က္ခုံး၊ ေပါင္၊ လက္ေကာက္ဝက္၊ နားႏွင့္ ေျခက်င္းဝတ္တို႔၌ မိုင္းစထိမွန္ ဒဏ္ရာ(၅)ခ်က္ ရရွိခဲ့သျဖင့္ ေ႐ႊဘိုၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ရဲတပ္ ဖြဲ႕မွ ဆိုထားသည္။