ကိုရီးယား၌ အလုပ်စာချုပ်ပယ်ဖျက်ခံရသော မြန်မာလုပ်သားများကို အမြန်ဆုံးအလုပ်ခန့်ပေးရန်နှင့် အလုပ်သမားဦးရေး တိုးမြှင့်ခေါ်ပေးရန် သံအမတ်တင်ပြထား

 776

မျိုးကြီး (NP News) - သြဂုတ် ၃၁

ကိုရီးယားနိုင်ငံ၌ အလုပ်စာချုပ်ပယ်ဖျက်ခြင်းခံရသော မြန်မာလုပ်သားများကို အမြန်ဆုံးအလုပ်ခန့်ပေးရန်နှင့် အလုပ်သမား ဦးရေးတိုးမြှင့်ပေးရန် မြန်မာသံအမတ် ဦးသန့်စင်က တင်ပြထားကြောင်း သတင်းရရှိသည်။

ကိုရီယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသန့်စင်က ကိုရီးယားနိုင်ငံ၌ ယခုရက်ပိုင်းအ တွင်းပြုလုပ်သော 2022 EPS Conference တွင် အထက်ပါကဲ့သို့ ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်သည်။

ယခု ၂ဝ၂၂ ခုနှစ်အတွက် မြန်မာအလုပ်သမားများ အမြန်ဆုံးဝင်ရောက် အလုပ်လုပ်ကိုင်နိုင်ရေးလက်ခံပေးခြင်းနှင့် စာမေးပွဲဖြေဆိုအောင်မြင်ခွင့်ဦးရေ ၉၁၂၅ ဦးသတ်မှတ်ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း သံအမတ်ဦးသန့်စင်က ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် အလုပ်ရှင်၏ အကြောင်းအမျိုးမျိုးကြောင့် အလုပ်စာချုပ်ပယ်ဖျက်ခြင်းခံရသည့် မြန်မာအလုပ်သမားများအား အလုပ်ရှင်သစ်ဖြင့် မိတ်ဆက်ပေး၍ ကိုရီးယားနိုင်ငံသို့ အမြန်ဆုံးခေါ်ယူနိုင်ရေးကိုလည်း ကူညီဆောင်ရွက်ရန် မြန်မာသံအမတ် ဦးသန့်စင်က ထည့်သွင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး စာမေးပွဲဖြေဆိုအောင်မြင်ခွင့် ဦးရေနှင့် အလုပ်သမားခေါ်ယူမည့် Quota ဦးရေတို့ကိုလည်း တိုးမြှင့်သတ်မှတ်ပေးရန် သံအမတ်ဦးသန့်စင်က 2022 EPS Conference တွင် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံသို့ Employment Permit System – EPS စနစ်ဖြင့် တရားဝင်မြန်မာအလုပ်သမားများကို ၂ဝ၁၁ ခုနှစ်က စတင်စေလွှတ်ခဲ့ရာ လက်ရှိအထိ ၄၄၄၇၂ ဦးအထိ စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကိုရီးယားနိုင်ငံသည် EPS စနစ်ဖြင့် မြန်မာအပါအဝင် နိုင်ငံပေါင်း (၁၆)နိုင်ငံမှ တရားဝင်အလုပ်သမားများကို ခေါ်ယူလျက်ရှိကြောင်း သိရသည်။

zawgyi version
ကိုရီးယား၌ အလုပ္စာခ်ဳပ္ပယ္ဖ်က္ခံရေသာ ျမန္မာလုပ္သားမ်ားကို အျမန္ဆုံးအလုပ္ခန႔္ေပးရန္ႏွင့္ အလုပ္သမားဦးေရး တိုးျမႇင့္ေခၚေပးရန္ သံအမတ္တင္ျပထား
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၃၁

ကိုရီးယားႏိုင္ငံ၌ အလုပ္စာခ်ဳပ္ပယ္ဖ်က္ျခင္းခံရေသာ ျမန္မာလုပ္သားမ်ားကို အျမန္ဆုံးအလုပ္ခန႔္ေပးရန္ႏွင့္ အလုပ္သမား ဦးေရးတိုးျမႇင့္ေပးရန္ ျမန္မာသံအမတ္ ဦးသန႔္စင္က တင္ျပထားေၾကာင္း သတင္းရရွိသည္။

ကိုရီယားႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ ဦးသန႔္စင္က ကိုရီးယားႏိုင္ငံ၌ ယခုရက္ပိုင္းအ တြင္းျပဳလုပ္ေသာ 2022 EPS Conference တြင္ အထက္ပါကဲ့သို႔ ထည့္သြင္းတင္ျပခဲ့ျခင္းျဖစ္သည္။

ယခု ၂ဝ၂၂ ခုႏွစ္အတြက္ ျမန္မာအလုပ္သမားမ်ား အျမန္ဆုံးဝင္ေရာက္ အလုပ္လုပ္ကိုင္ႏိုင္ေရးလက္ခံေပးျခင္းႏွင့္ စာေမးပြဲေျဖဆိုေအာင္ျမင္ခြင့္ဦးေရ ၉၁၂၅ ဦးသတ္မွတ္ေပးျခင္းအတြက္ ေက်းဇူးတင္ေၾကာင္း သံအမတ္ဦးသန႔္စင္က ထည့္သြင္းေျပာဆိုခဲ့သည္။

ထို႔ျပင္ အလုပ္ရွင္၏ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အလုပ္စာခ်ဳပ္ပယ္ဖ်က္ျခင္းခံရသည့္ ျမန္မာအလုပ္သမားမ်ားအား အလုပ္ရွင္သစ္ျဖင့္ မိတ္ဆက္ေပး၍ ကိုရီးယားႏိုင္ငံသို႔ အျမန္ဆုံးေခၚယူႏိုင္ေရးကိုလည္း ကူညီေဆာင္႐ြက္ရန္ ျမန္မာသံအမတ္ ဦးသန႔္စင္က ထည့္သြင္းတင္ျပခဲ့သည္။

ဆက္လက္ၿပီး စာေမးပြဲေျဖဆိုေအာင္ျမင္ခြင့္ ဦးေရႏွင့္ အလုပ္သမားေခၚယူမည့္ Quota ဦးေရတို႔ကိုလည္း တိုးျမႇင့္သတ္မွတ္ေပးရန္ သံအမတ္ဦးသန႔္စင္က 2022 EPS Conference တြင္ တင္ျပေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ကိုရီးယားႏိုင္ငံသို႔ Employment Permit System – EPS စနစ္ျဖင့္ တရားဝင္ျမန္မာအလုပ္သမားမ်ားကို ၂ဝ၁၁ ခုႏွစ္က စတင္ေစလႊတ္ခဲ့ရာ လက္ရွိအထိ ၄၄၄၇၂ ဦးအထိ ေစလႊတ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ကိုရီးယားႏိုင္ငံသည္ EPS စနစ္ျဖင့္ ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း (၁၆)ႏိုင္ငံမွ တရားဝင္အလုပ္သမားမ်ားကို ေခၚယူလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.