မုံရွာမြို့ရှိ “GLORIOUS MONYWA” HOTEL အား လက်လုပ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် HOTEL ဝန်ထမ်းတစ်ဦးသေဆုံး

 915

NP News - သြဂုတ် ၃၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ “GLORIOUS MONYWA” HOTEL အား အကြမ်းဖက်များက လက်လုပ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် HOTEL ဝန်ထမ်းတစ်ဦ်း သေဆုံးခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၉ ရက်၊ ညနေ ၅နာရီအချိန်ခန့်တွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ “GLORIOUS MONYWA” HOTEL တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါဖြစ်စဉ်မှာ ဆိုင်ကယ်စီးနင်းလာသော အကြမ်းဖက် အမျိုးသား(၁)ဦးနှင့် အမျိုးသ မီး(၁)ဦးက လက်လုပ်ဗုံးတစ်လုံးအား မီးရှို့၍ HOTEL အတွင်းသို့ ပစ်ပေါက်ခဲ့ကြောင်း ရဲ တပ်ဖွဲ့မှ ပြောသည်။

၎င်းလက်လုပ်ဗုံးသည် HOTEL ဝင်ပေါက်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် HOTEL ဝန်ထမ်း ဦးမြင့်သန်းထွန်း(၅၉)နှစ်အား ထိမှန်ပေါက်ကွဲခဲ့ပြီး ရင်ဘတ်တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့၍ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထား သည်။

အလားတူ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ မီးတိုင်တောကျေး ရွာနေ ရာအိမ်မှူး ဦးမျိုးကျော်ဌေး(၄၂)နှစ်သည် အကြမ်းဖက်များ၏ သတ်ဖြတ်မှုကြောင့် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် ကျေးရွာအနီးရှိ ချောင်းကူးတံတားအောက် မုန်းချောင်းအတွင်း၌ သေဆုံးခဲ့နေခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက် ထုတ်ပြန်ထားသည်။

ထို့ပြင် ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာရှိ ဝက်သားတုတ်ထိုးဆိုင်တွင် သေနတ်ဖြင့် အပစ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆို သည်။

အဆိုပါဖြစ်စဉ်မှာ တောင်းခေါင်းကျေးရွာနေ မနှင်းစုလှိုင်(၂၅)နှစ်သည် မိခင်ဖြစ်သူနှင့်အတူ ကင်းကျေးရွာ ရွာလယ်လမ်းဘေးရှိ ဝက်သား တုတ်ထိုးဆိုင်တွင် ဝက်သားတုတ်ထိုး စားနေချိန်၌ အကြမ်းဖက်သမား(၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။

ထိုသို့ရောက်ရှိလာ၍ “ဒလန်” ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

၎င်းပစ်ခတ်မှုကြောင့် မနှင်းစုလှိုင်(၂၅)နှစ်သည် နားနောက်မှ နှာခေါင်းသို့ ကျည်ဖောက်ထွက်ဒဏ်ရာ၊ နောက်ကျောမှ ပခုံးသို့ ကျည်ဖောက်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
မုံ႐ြာၿမိဳ႕ရွိ “GLORIOUS MONYWA” HOTEL အား လက္လုပ္ဗုံးျဖင့္ ပစ္ခတ္မႈေၾကာင့္ HOTEL ဝန္ထမ္းတစ္ဦးေသဆုံး
NP News - ၾသဂုတ္ ၃၁

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ရွိ “GLORIOUS MONYWA” HOTEL အား အၾကမ္းဖက္မ်ားက လက္လုပ္ဗုံးျဖင့္ ပစ္ခတ္မႈေၾကာင့္ HOTEL ဝန္ထမ္းတစ္ဦ္း ေသဆုံးခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၾသဂုတ္လ ၂၉ ရက္၊ ညေန ၅နာရီအခ်ိန္ခန႔္တြင္ မုံ႐ြာၿမိဳ႕၊ ေဒါနၿခံရပ္ကြက္ရွိ “GLORIOUS MONYWA” HOTEL တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါျဖစ္စဥ္မွာ ဆိုင္ကယ္စီးနင္းလာေသာ အၾကမ္းဖက္ အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳးသ မီး(၁)ဦးက လက္လုပ္ဗုံးတစ္လုံးအား မီးရႈိ႕၍ HOTEL အတြင္းသို႔ ပစ္ေပါက္ခဲ့ေၾကာင္း ရဲ တပ္ဖြဲ႕မွ ေျပာသည္။

၎လက္လုပ္ဗုံးသည္ HOTEL ဝင္ေပါက္တြင္ လုံၿခဳံေရး ေဆာင္႐ြက္ေနသည့္ HOTEL ဝန္ထမ္း ဦးျမင့္သန္းထြန္း(၅၉)ႏွစ္အား ထိမွန္ေပါက္ကြဲခဲ့ၿပီး ရင္ဘတ္တြင္ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့၍ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထား သည္။

အလားတူ နံနက္ ၇ နာရီခြဲအခ်ိန္ခန႔္တြင္ ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕၊ မီးတိုင္ေတာေက်း ႐ြာေန ရာအိမ္မႉး ဦးမ်ိဳးေက်ာ္ေဌး(၄၂)ႏွစ္သည္ အၾကမ္းဖက္မ်ား၏ သတ္ျဖတ္မႈေၾကာင့္ လည္ပင္းျပတ္ရွဒဏ္ရာျဖင့္ ေက်း႐ြာအနီးရွိ ေခ်ာင္းကူးတံတားေအာက္ မုန္းေခ်ာင္းအတြင္း၌ ေသဆုံးခဲ့ေနခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ ထုတ္ျပန္ထားသည္။

ထို႔ျပင္ ညေန ၃ နာရီခြဲအခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္၊ ကင္းေက်း႐ြာရွိ ဝက္သားတုတ္ထိုးဆိုင္တြင္ ေသနတ္ျဖင့္ အပစ္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆို သည္။

အဆိုပါျဖစ္စဥ္မွာ ေတာင္းေခါင္းေက်း႐ြာေန မႏွင္းစုလႈိင္(၂၅)ႏွစ္သည္ မိခင္ျဖစ္သူႏွင့္အတူ ကင္းေက်း႐ြာ ႐ြာလယ္လမ္းေဘးရွိ ဝက္သား တုတ္ထိုးဆိုင္တြင္ ဝက္သားတုတ္ထိုး စားေနခ်ိန္၌ အၾကမ္းဖက္သမား(၄)ဦးက ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္ရွိလာေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။

ထိုသို႔ေရာက္ရွိလာ၍ “ဒလန္” ဟုစြပ္စြဲကာ ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

၎ပစ္ခတ္မႈေၾကာင့္ မႏွင္းစုလႈိင္(၂၅)ႏွစ္သည္ နားေနာက္မွ ႏွာေခါင္းသို႔ က်ည္ေဖာက္ထြက္ဒဏ္ရာ၊ ေနာက္ေက်ာမွ ပခုံးသို႔ က်ည္ေဖာက္ထြက္ ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

ရုရှားနဲ့ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ ဒေါ်နယ်ထရမ့်ပြော Pika (NP News) - ဧပြီ ၂၇ ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ အမေရိကန်သံတမန်တစ်ဦးနဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းသမ္မတဇီလန်စကီးဟာ ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်ဖို့အကြံပြုချက် တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ရုရှားနိုင်ငံ မော်စကိုမြို့အပြင်ဘက်မှာ ကားဗုံးခွဲမှုတစ်ခု အတွင်း ရုရှားထိပ်တန်းဗိုလ်ချုပ်တစ်ဦး သေဆုံးခဲ့ပြီးနောက် ပူတင်နဲ့ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်အော့ဖ် တို့ရဲ့တွေ့ဆုံမှုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောတူညီချက်တစ်ခုကို ရရှိဖို့ အလွန်နီးစပ်နေပါပြီ။ နှစ်ဖက်စလုံးက ဒီသဘောတူညီချက်ကို ပြီးဆုံးအောင်လုပ်ဆောင်ဖို့အတွက် အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ တွေ့ဆုံမှုတွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ ယူကရိန်းတို့ဟာ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခ အတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

27/04/2025 13:30

© 2021. All rights reserved.