လှိုင်းဘွဲ့မြို့၊ ရွှေဂွန်းရွာအတွင်းရှိ ရွှေဆိုင်(၂)ဆိုင်မှ ငွေကျပ်သိန်း(၆ဝဝ)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယက်ခံရ

939

NP News စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းရွာအတွင်းရှိ ရွှေဆိုင်(၂)ဆိုင်မှ ငွေကျပ်သိန်း (၆ဝဝ)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယက်ခံရကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၃၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ရွှေဂွန်းကျေးရွာ မြို့မရပ်ကွက်ရှိ ရွှေဂွန်း-လက်ပံတန်း ကူးတို့ဆိပ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း နစကမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ရွှေဂွန်း-လက်ပံတန်း ကူးတို့ဆိပ်သို့ အကြမ်းဖက်သမား (၈) ဦးသည် စက်လှေနှစ်စင်းဖြင့် ဆိုက်ကပ်လာပြီး တစ်ဦးသည် ကူးတို့ဆိပ်၌စောင့်နေ၍ ကျန် (၇) ဦးသည် မြို့မရပ်ကွက်အတွင်းသို့ သေနတ်များပစ်ဖောက်၍ ဝင်ရောက်လာကြောင်း နစကမှဆိုသည်။
ထို့နောက် ကူးတို့ဆိပ်အနီးတွင် ဖွင့်လှစ်ထားသော ဦးအောင်သန်းထွန်း(၄၄) နှစ် ပိုင်ဆိုင်သည့် “သရဖူ” အာမခံရတနာရွှေဆိုင်မှ ရောင်းချရန် ရွှေထည်ပစ္စည်းများ ထည့်ထားသည့် မှန်ကောင်တာနှစ်ခုနှင့် ဦးဝေသန့်ဇင်(၅၁)နှစ် ပိုင်ဆိုင်သည့် “ထွန်း” ရတနာရွှေဆိုင်မှ မှန်ကောင်တာ သုံးခုအား အကြမ်းဖက်သမားများက သေနတ်ဒင်များဖြင့် ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထိုသို့ရိုက်ခွဲဖျက်ဆီး၍ “သရဖူ” အာမခံရတနာရွှေဆိုင်မှ ရွှေလက်စွပ် အကွင်း(၁ဝဝ)၊ ရွှေလက်ကောက် အကွင်း(၂ဝ)၊ ရွှေဆံညှပ် (၄)ခု ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း(၆ဝဝ)ခန့် နှင့် “ထွန်း” ရတနာရွှေဆိုင်မှ ရွှေနားကပ် (၁ဝ)ရံ ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း(၂ဝ)ခန့် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း(၆၂ဝ) ခန့်တို့အား လုယက်ယူဆောင်၍ လက်ပံတန်းရွာဘက်သို့ စက်လှေဖြင့် ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုကဲ့သို့ ကျေးရွာအတွင်း သေနတ်များပစ်ဖောက်၍ ဝင်ရောက်ကာ လုယက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Zawgyi Version;
လႈိင္းဘြဲ႕ၿမိဳ႕၊ ေ႐ႊဂြန္း႐ြာအတြင္းရွိ ေ႐ႊဆိုင္(၂)ဆိုင္မွ ေငြက်ပ္သိန္း(၆ဝဝ)ေက်ာ္တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းမ်ား လုယက္ခံရ
NP News စက္တင္ဘာ ၂
ကရင္ျပည္နယ္၊ လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ ေ႐ႊဂြန္း႐ြာအတြင္းရွိ ေ႐ႊဆိုင္(၂)ဆိုင္မွ ေငြက်ပ္သိန္း (၆ဝဝ)ေက်ာ္တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းမ်ား လုယက္ခံရေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၾသဂုတ္လ ၃၁ ရက္ နံနက္ ၉ နာရီ ၁၅ မိနစ္အခ်ိန္တြင္ ေ႐ႊဂြန္းေက်း႐ြာ ၿမိဳ႕မရပ္ကြက္ရွိ ေ႐ႊဂြန္း-လက္ပံတန္း ကူးတို႔ဆိပ္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း နစကမွ သိရသည္။
အဆိုပါျဖစ္စဥ္မွာ ေ႐ႊဂြန္း-လက္ပံတန္း ကူးတို႔ဆိပ္သို႔ အၾကမ္းဖက္သမား (၈) ဦးသည္ စက္ေလွႏွစ္စင္းျဖင့္ ဆိုက္ကပ္လာၿပီး တစ္ဦးသည္ ကူးတို႔ဆိပ္၌ေစာင့္ေန၍ က်န္ (၇) ဦးသည္ ၿမိဳ႕မရပ္ကြက္အတြင္းသို႔ ေသနတ္မ်ားပစ္ေဖာက္၍ ဝင္ေရာက္လာေၾကာင္း နစကမွဆိုသည္။
ထို႔ေနာက္ ကူးတို႔ဆိပ္အနီးတြင္ ဖြင့္လွစ္ထားေသာ ဦးေအာင္သန္းထြန္း(၄၄) ႏွစ္ ပိုင္ဆိုင္သည့္ “သရဖူ” အာမခံရတနာေ႐ႊဆိုင္မွ ေရာင္းခ်ရန္ ေ႐ႊထည္ပစၥည္းမ်ား ထည့္ထားသည့္ မွန္ေကာင္တာႏွစ္ခုႏွင့္ ဦးေဝသန႔္ဇင္(၅၁)ႏွစ္ ပိုင္ဆိုင္သည့္ “ထြန္း” ရတနာေ႐ႊဆိုင္မွ မွန္ေကာင္တာ သုံးခုအား အၾကမ္းဖက္သမားမ်ားက ေသနတ္ဒင္မ်ားျဖင့္ ႐ိုက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
ထိုသို႔႐ိုက္ခြဲဖ်က္ဆီး၍ “သရဖူ” အာမခံရတနာေ႐ႊဆိုင္မွ ေ႐ႊလက္စြပ္ အကြင္း(၁ဝဝ)၊ ေ႐ႊလက္ေကာက္ အကြင္း(၂ဝ)၊ ေ႐ႊဆံညႇပ္ (၄)ခု ခန႔္မွန္းတန္ဖိုးေငြက်ပ္ သိန္း(၆ဝဝ)ခန႔္ ႏွင့္ “ထြန္း” ရတနာေ႐ႊဆိုင္မွ ေ႐ႊနားကပ္ (၁ဝ)ရံ ခန႔္မွန္းတန္ဖိုးေငြက်ပ္ သိန္း(၂ဝ)ခန႔္ စုစုေပါင္း ခန႔္မွန္းတန္ဖိုးေငြက်ပ္သိန္း(၆၂ဝ) ခန႔္တို႔အား လုယက္ယူေဆာင္၍ လက္ပံတန္း႐ြာဘက္သို႔ စက္ေလွျဖင့္ ျပန္လည္ထြက္ေျပးသြားခဲ့ေၾကာင္း နစကမွ ဆိုသည္။
ထိုကဲ့သို႔ ေက်း႐ြာအတြင္း ေသနတ္မ်ားပစ္ေဖာက္၍ ဝင္ေရာက္ကာ လုယက္မႈက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ဥပေဒႏွင့္အညီအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။