ပါကစ္စတန်နိုင်ငံမှာ ရေကြီးရေလျှံမှုကြားထဲ ပိတ်မိနေသူ လူပေါင်း ၂ဝဝဝ နီးပါးကို ကယ်တင်နိုင်ခဲ့

 512

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂

ပါကစ္စတန်တပ်ဖွဲ့တွေဟာ ရေကြီးရေလျှံမှုများကြားထဲ ပိတ်မိနေတဲ့ ပြည်သူပေါင်း ၂ဝဝဝ နီးပါးကို ထပ်မံကယ်တင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပါကစ္စန်နိုင်ငံမှာ ဆိုးရွားတဲ့ရေကြီးရေလျှံမှုများဖြစ်ခဲ့ရာ ကလေးငယ် ၄၁၆ ဦးအပါအဝင် လူပေါင်း ၁၂ဝ၈ ဦး သေဆုံးသွားခဲ့ကြောင်း ပါကစ္စတန်အမျိုးသား ဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (NDMA) ကပြောပါတယ်။

ပါကစ္စတန်ရေတပ်ဖွဲ့ဟာ ရေကြီးမှုများကြောင့် ပင်လယ်ပြင်လိုမျိုးဖြစ်နေတဲ့ ကုန်တွင်းပိုင်းဒေသများမှာ ကူညီကယ်ဆယ်ပေးမှုများ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ကုလသမဂ္ဂအနေနဲ့ ပါကစ္စတန်နိုင်ငံမှာဖြစ်နေတဲ့ ရေကြီးမှုများနဲ့ပတ်သက်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၆ဝ ကူညီပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။ ပါကစ္စတန်တပ်ဖွဲ့တွေက "ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရေကြီးရေလျှံမှုတွေထဲပိတ်မိနေတဲ့ လူပေါင်း ၁၉၉၁ ဦးကို ကယ်တင်ပေးနိုင်ခဲ့တယ်။ ရေကြီးမှုဒဏ်တွေ့ကြုံခံစားနေရတဲ့ ဒေသတွေကို တန်ချိန် ၁၆၃ တန်ရှိ ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့နိုင်ခဲ့တယ်" လို့ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ရေကြီးမှုများကြောင့်ပိတ်မိနေသူများကို ကယ်တင်မှုများစတင်လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း လေကြောင်းက ကယ်တင်မှုများအပါအဝင် စက်တင်ဘာ ၁ ရက်နေ့အထိ လူပေါင်း ၅ သောင်းခန့် ကယ်တင်ထားနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံမှာဖြစ်ခဲ့တဲ့ရေကြီး ရေလျှံမှုများနဲ့ပတ်သက်ပြီး ကာတာ၊ ယူအေအီးလိုမျိုး အရှေ့အလယ်ပိုင်းဒေသနိုင်ငံများကနေ ပါကစ္စတန်ကို ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ကူညီခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်နိုင်ငံမှာ မုတ်သုံကာလအတွင်းဖြစ်ခဲ့တဲ့ ရေကြီးရေလျှံမှုများကြောင့် အပျက်အစီးများစွာဖြစ်ခဲ့ရာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများလုပ်ကိုင်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံခန့် ကုန်ကျဖွယ်ရှိနေပါတယ်။

ပါကစ္စတန်မိုးလေဝသဌာနတာဝန်ရှိသူများက မိုးရွားသွန်းမှုတွေ၊ ရေကြီးမှုများဟာ စက်တင်ဘာလအထိ ဆက်လက်ရှိနေနိုင်ကြောင်း Indus မြစ်မှ မြစ်ရေလျှံမှုများကြောင့် တောင်ပိုင်းဒေသတွေမှာ ရေကြီးမှုများဆက်လက်ဖြစ်နိုင်ဖွယ်ရှိနေတယ်လို့ ဆိုထားပါတယ်။

Zawgyi Version;
ပါကစၥတန္ႏိုင္ငံမွာ ေရႀကီးေရလွ်ံမႈၾကားထဲ ပိတ္မိေနသူ လူေပါင္း ၂ဝဝဝ နီးပါးကို ကယ္တင္ႏိုင္ခဲ့
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂

ပါကစၥတန္တပ္ဖြဲ႕ေတြဟာ ေရႀကီးေရလွ်ံမႈမ်ားၾကားထဲ ပိတ္မိေနတဲ့ ျပည္သူေပါင္း ၂ဝဝဝ နီးပါးကို ထပ္မံကယ္တင္ေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ပါကစၥန္ႏိုင္ငံမွာ ဆိုး႐ြားတဲ့ေရႀကီးေရလွ်ံမႈမ်ားျဖစ္ခဲ့ရာ ကေလးငယ္ ၄၁၆ ဦးအပါအဝင္ လူေပါင္း ၁၂ဝ၈ ဦး ေသဆုံးသြားခဲ့ေၾကာင္း ပါကစၥတန္အမ်ိဳးသား ေဘးအႏၲရာယ္စီမံခန႔္ခြဲေရးအာဏာပိုင္အဖြဲ႕ (NDMA) ကေျပာပါတယ္။

ပါကစၥတန္ေရတပ္ဖြဲ႕ဟာ ေရႀကီးမႈမ်ားေၾကာင့္ ပင္လယ္ျပင္လိုမ်ိဳးျဖစ္ေနတဲ့ ကုန္တြင္းပိုင္းေဒသမ်ားမွာ ကူညီကယ္ဆယ္ေပးမႈမ်ား လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

ကုလသမဂၢအေနနဲ႔ ပါကစၥတန္ႏိုင္ငံမွာျဖစ္ေနတဲ့ ေရႀကီးမႈမ်ားနဲ႔ပတ္သက္ၿပီး အေမရိကန္ေဒၚလာ သန္း ၁၆ဝ ကူညီပံ့ပိုးေပးမယ္လို႔ ဆိုပါတယ္။ ပါကစၥတန္တပ္ဖြဲ႕ေတြက "ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ေရႀကီးေရလွ်ံမႈေတြထဲပိတ္မိေနတဲ့ လူေပါင္း ၁၉၉၁ ဦးကို ကယ္တင္ေပးႏိုင္ခဲ့တယ္။ ေရႀကီးမႈဒဏ္ေတြ႕ႀကဳံခံစားေနရတဲ့ ေဒသေတြကို တန္ခ်ိန္ ၁၆၃ တန္ရွိ ကူညီေထာက္ပံ့ေရးပစၥည္းမ်ား ေပးပို႔ႏိုင္ခဲ့တယ္" လို႔ေျပာပါတယ္။

ပါကစၥတန္ႏိုင္ငံမွာ ေရႀကီးမႈမ်ားေၾကာင့္ပိတ္မိေနသူမ်ားကို ကယ္တင္မႈမ်ားစတင္လုပ္ကိုင္ခဲ့ၿပီးေနာက္ပိုင္း ေလေၾကာင္းက ကယ္တင္မႈမ်ားအပါအဝင္ စက္တင္ဘာ ၁ ရက္ေန႔အထိ လူေပါင္း ၅ ေသာင္းခန႔္ ကယ္တင္ထားႏိုင္ၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

ပါကစၥတန္ႏိုင္ငံမွာျဖစ္ခဲ့တဲ့ေရႀကီး ေရလွ်ံမႈမ်ားနဲ႔ပတ္သက္ၿပီး ကာတာ၊ ယူေအအီးလိုမ်ိဳး အေရွ႕အလယ္ပိုင္းေဒသႏိုင္ငံမ်ားကေန ပါကစၥတန္ကို ကူညီကယ္ဆယ္ေရးပစၥည္းမ်ား ေပးပို႔ကူညီခဲ့တယ္လို႔ သိရပါတယ္။ ပါကစၥတန္ႏိုင္ငံမွာ မုတ္သုံကာလအတြင္းျဖစ္ခဲ့တဲ့ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ အပ်က္အစီးမ်ားစြာျဖစ္ခဲ့ရာ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားလုပ္ကိုင္ႏိုင္ဖို႔ အေမရိကန္ေဒၚလာ ၁ဝ ဘီလ်ံခန႔္ ကုန္က်ဖြယ္ရွိေနပါတယ္။

ပါကစၥတန္မိုးေလဝသဌာနတာဝန္ရွိသူမ်ားက မိုး႐ြားသြန္းမႈေတြ၊ ေရႀကီးမႈမ်ားဟာ စက္တင္ဘာလအထိ ဆက္လက္ရွိေနႏိုင္ေၾကာင္း Indus ျမစ္မွ ျမစ္ေရလွ်ံမႈမ်ားေၾကာင့္ ေတာင္ပိုင္းေဒသေတြမွာ ေရႀကီးမႈမ်ားဆက္လက္ျဖစ္ႏိုင္ဖြယ္ရွိေနတယ္လို႔ ဆိုထားပါတယ္။

Related news

© 2021. All rights reserved.