စင်္ကာပူထက် ဈေးနှုန်းများစွာ လျော့နည်းသော ရုရှားစက်သုံးဆီများ မကြာမီရောက်မည်ဖြစ်၍ ဆီဈေးနှုန်းများ စတင်ကျဆင်းလာနိုင်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း အသိပေး

 3563

မျိုးကြီး (NP News) - စက်တင်ဘာ ၂

စင်္ကာပူနိုင်ငံထက် ဈေးနှုန်းများစွာလျော့နည်းသော ရုရှားနိုင်ငံ၏ စက်သုံးဆီများ မကြာမီ ရက်ပိုင်းအတွင်း ရောက်မည်ဖြစ်၍ ဆီဈေးနှုန်းများ စတင်ကျဆင်းလာနိုင်ကြောင်း နစက၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးပြောဆိုလိုက်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းအား ယနေ့ စက်တင်ဘာ ၂ ရက်တွင် NP News က ရုရှားနိုင်ငံမှ တင်သွင်းမည့် စက်သုံးဆီအခြေအ အနေနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ပြောချင်တာတော့ မကြာမီရက်ပိုင်းအတွင်းမှာ ရုရှားကနေ ပထမအသုတ်ဆီများ စပြီးတော့ဝင်ပါမယ်ဗျ။ သူ့ရဲ့ ဈေးနှုန်းကတော့ စင်ကာပူက သွင်းနေတဲ့ ဈေးနှုန်းထက် တော်တော်များများ လျော့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရုရှားနိုင်ငံမှ တင်သွင်းလာသည့် စက်သုံးဆီများကို ပထမဦးစားပေးအနေဖြင့် အစိုးရဌာနဆိုင်ရာများအတွက် ရည်ရွယ်ထား ပြီး ပိုလျှံလာသော စက်သုံးဆီများကို သက်သာသည့်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ဖြန့်ချိနိုင်ရေး ဆက်လက်ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ဆိုသည်။

“ဒါစက်သုံးဆီ မူလဝယ်ယူတဲ့ ဈေးနှုန်း ပြီးရင် ကျွန်တော်တို့ စက်သုံးဆီနဲ့ပတ်သတ်တဲ့ သယ်ယူပို့ဆောင်ခပြီးရင်တော့ ကျွန်တော်တို့ လုပ်ဆောင်တဲ့ကုမ္ပဏီအမြတ်ငွေပေါ့။ အမြတ်ငွေကိုလည်း အနည်းဆုံးအမြတ်ငွေနဲ့ ကျွန်တော်တို့ လည် ပတ်နိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ စက်သုံးဆီဈေးနှုန်းများကလည်း သင်္ဘောတွေဝင်လာပြီးရင် မကြာမီမှာ ကျသွားနိုင်တဲ့အနေအထားရှိတယ်လို့ ပြောချင်ပါတယ်” ဟု နစကပြောခွင့်ရ က ဆိုသည်။

ကမ္ဘာ့ရေနံဈေးကွက်တွင် ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၁ဝဝ နီးပါးပေါက်ဈေးရှိနေသော်လည်း ရုရှားစွမ်းအင်းကုမ္ပ ဏီ Russneft သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေရှ့်အစိုးအား သန့်စင်ပြီလောင်စာဆီတစ်စည်ကို သယ်ယူစရိတ်အပါအဝင် ၅၉ ဒေါ်လာဖြင့် ရောင်းချပေးရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံထံမှ စက်သုံးဆီ တစ်စည်ကို မည်သည့်ဈေးဖြင့် ဝယ်ယူတင်သွင်းသည်လဲဟု NP News က ဗိုလ်ချုပ်ဇော်မင်းထွန်းအား မေးမြန်းမှုအပေါ် ဈေးနှုန်းကို အတိအကျမပြောဆိုနိုင်ကြောင်းနှင့် နိုင်ငံတကာပေါက်ဈေးထက် လျော့နည်းသည်ဆိုတာကို အတိအကျပြောနိုင်ကြောင်း ဖြေကြားခဲ့သည်။

“အဓိကကတော့ ကျွန်တော်တို့ ဒီရက်ပိုင်းအတွင်းမှာ ရောက်လာမှာဖြစ်တဲ့အတွက် ရက်ပိုင်းအတွင်းမှာပဲ စက်သုံးဆီဈေးနှုန်းများ စတင်ကျဆင်းနိုင်တယ်လို့ပဲ ကျွန်တော်တို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ယနေ့ စက်တင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဓာတ်ဆီ 92 တစ်လီတာလျှင် ၂၂၉၀ ကျပ်၊ 95 တစ်လီတာမှာ ၂၃၅၅ ကျပ်နှင့် ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၃၀၀၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃၀၈၅ ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။

လက်ရှိတွင် နစကအနေဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းကြီးမြင့်ကာ ကုန်ဈေးနှုန်းမြင့်တက်မှုလျော့ချနိုင်ရေးအတွက် ဒေါ်လာသန်း ၂ဝဝ အား စက်သုံးဆီတင်သွင်းသူများကို ထောက်ပံ့ပေးကာ ဆောင်ရွက်နေကြောင်းလည်း နစကပြောခွင့်ရက ဆိုသည်။

ထိုသို့ နစကမှ စက်သုံးဆီတင်သွင်းသူများကို ဒေါ်လာသန်း ၂ဝဝ ထောက်ပံ့မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် နစက တွင် ဒေါ်လာရှိ၊ မရှိဆိုသော မေးမြန်းများမှာလည်း လူမှုကွန်ယက်စာမျက်နှာတို့တွင် ထွက်ပေါ်လာသည်ကို တွေ့ရသည်။

“ဥပမာကျွန်တော်တစ်ခုပဲ ပြောပါမယ်ဗျ။ ကျွန်တော်တို့က ဒေါ်လာသန်း(၂၀၀)ဆိုတဲ့ဟာက နိုင်ငံတော်အဆင့်မှာတော့ သိပ်ပြီးခက်ခဲတဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကုန်သွယ်ရေးရငွေတွေရှိမယ်၊ နိုင်ငံတော်အဆင့် ကျွန်တော်တို့ ရငွေတွေရှိပါမယ်၊ အရံငွေကြေးတွေရှိမယ်၊ အရံငွေကြေးဆိုရင်လည်း ကျွန်တော်တို့အနေနဲ့က အမြဲတမ်း ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်တုံ့ပြန်ထားသည်။

လက်ရှိတွင် မြန်မာ- ရုရှားဆက်ဆံရေးသည် ပိုမိုကောင်းမွန်လျက်ရှိသည်ကို တွေ့ရပြီး ပြီးခဲ့သော နှစ်လအတွင်း နှစ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်များမှာလည်း အပြန်အလှန်ဝင်ထွက်သည့်ခရီးစဉ် (၃)ခုရှိခဲ့သည်ကို တွေ့ရသည်။

Zawgyi Version;
စကၤာပူထက္ ေဈးႏႈန္းမ်ားစြာ ေလ်ာ့နည္းေသာ ႐ုရွားစက္သုံးဆီမ်ား မၾကာမီေရာက္မည္ျဖစ္၍ ဆီေဈးႏႈန္းမ်ား စတင္က်ဆင္းလာႏိုင္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း အသိေပး
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂

စကၤာပူႏိုင္ငံထက္ ေဈးႏႈန္းမ်ားစြာေလ်ာ့နည္းေသာ ႐ုရွားႏိုင္ငံ၏ စက္သုံးဆီမ်ား မၾကာမီ ရက္ပိုင္းအတြင္း ေရာက္မည္ျဖစ္၍ ဆီေဈးႏႈန္းမ်ား စတင္က်ဆင္းလာႏိုင္ေၾကာင္း နစက၏ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အသိေပးေျပာဆိုလိုက္သည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းအား ယေန႔ စက္တင္ဘာ ၂ ရက္တြင္ NP News က ႐ုရွားႏိုင္ငံမွ တင္သြင္းမည့္ စက္သုံးဆီအေျခအ အေနႏွင့္ပတ္သက္၍ ေမးျမန္းရာတြင္ ၎က အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ္ေျပာခ်င္တာေတာ့ မၾကာမီရက္ပိုင္းအတြင္းမွာ ႐ုရွားကေန ပထမအသုတ္ဆီမ်ား စၿပီးေတာ့ဝင္ပါမယ္ဗ်။ သူ႔ရဲ႕ ေဈးႏႈန္းကေတာ့ စင္ကာပူက သြင္းေနတဲ့ ေဈးႏႈန္းထက္ ေတာ္ေတာ္မ်ားမ်ား ေလ်ာ့ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

႐ုရွားႏိုင္ငံမွ တင္သြင္းလာသည့္ စက္သုံးဆီမ်ားကို ပထမဦးစားေပးအေနျဖင့္ အစိုးရဌာနဆိုင္ရာမ်ားအတြက္ ရည္႐ြယ္ထား ၿပီး ပိုလွ်ံလာေသာ စက္သုံးဆီမ်ားကို သက္သာသည့္ေဈးႏႈန္းမ်ားျဖင့္ ေဈးကြက္အတြင္း ျဖန႔္ခ်ိႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ေနသည္ဟုလည္း ၎က ဆိုသည္။

“ဒါစက္သုံးဆီ မူလဝယ္ယူတဲ့ ေဈးႏႈန္း ၿပီးရင္ ကြၽန္ေတာ္တို႔ စက္သုံးဆီနဲ႔ပတ္သတ္တဲ့ သယ္ယူပို႔ေဆာင္ခၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ လုပ္ေဆာင္တဲ့ကုမၸဏီအျမတ္ေငြေပါ့။ အျမတ္ေငြကိုလည္း အနည္းဆုံးအျမတ္ေငြနဲ႔ ကြၽန္ေတာ္တို႔ လည္ ပတ္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္လ်က္ရွိပါတယ္။ စက္သုံးဆီေဈးႏႈန္းမ်ားကလည္း သေဘၤာေတြဝင္လာၿပီးရင္ မၾကာမီမွာ က်သြားႏိုင္တဲ့အေနအထားရွိတယ္လို႔ ေျပာခ်င္ပါတယ္” ဟု နစကေျပာခြင့္ရ က ဆိုသည္။

ကမာၻ႔ေရနံေဈးကြက္တြင္ ေရနံတစ္စည္ကို အေမရိကန္ေဒၚလာ ၁ဝဝ နီးပါးေပါက္ေဈးရွိေနေသာ္လည္း ႐ုရွားစြမ္းအင္းကုမၸ ဏီ Russneft သည္ ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံျဖစ္ေသာ ဘဂၤလားေဒရွ႕္အစိုးအား သန႔္စင္ၿပီေလာင္စာဆီတစ္စည္ကို သယ္ယူစရိတ္အပါအဝင္ ၅၉ ေဒၚလာျဖင့္ ေရာင္းခ်ေပးရန္ စီစဥ္ေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ႐ုရွားႏိုင္ငံထံမွ စက္သုံးဆီ တစ္စည္ကို မည္သည့္ေဈးျဖင့္ ဝယ္ယူတင္သြင္းသည္လဲဟု NP News က ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းအား ေမးျမန္းမႈအေပၚ ေဈးႏႈန္းကို အတိအက်မေျပာဆိုႏိုင္ေၾကာင္းႏွင့္ ႏိုင္ငံတကာေပါက္ေဈးထက္ ေလ်ာ့နည္းသည္ဆိုတာကို အတိအက်ေျပာႏိုင္ေၾကာင္း ေျဖၾကားခဲ့သည္။

“အဓိကကေတာ့ ကြၽန္ေတာ္တို႔ ဒီရက္ပိုင္းအတြင္းမွာ ေရာက္လာမွာျဖစ္တဲ့အတြက္ ရက္ပိုင္းအတြင္းမွာပဲ စက္သုံးဆီေဈးႏႈန္းမ်ား စတင္က်ဆင္းႏိုင္တယ္လို႔ပဲ ကြၽန္ေတာ္တို႔ ေျပာခ်င္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

ယေန႔ စက္တင္ဘာ ၂ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီအေရာင္းဆိုင္မ်ား၌ ဓာတ္ဆီ 92 တစ္လီတာလွ်င္ ၂၂၉၀ က်ပ္၊ 95 တစ္လီတာမွာ ၂၃၅၅ က်ပ္ႏွင့္ ႐ိုး႐ိုးဒီဇယ္တစ္လီတာလွ်င္ ၃၀၀၀ က်ပ္ႏွင့္ ပရီမီယံဒီဇယ္တစ္လီတာလွ်င္ ၃၀၈၅ က်ပ္ ျဖင့္ ေရာင္းခ်လ်က္ရွိသည္။

လက္ရွိတြင္ နစကအေနျဖင့္ ျပည္တြင္းစက္သုံးဆီေဈးႏႈန္းႀကီးျမင့္ကာ ကုန္ေဈးႏႈန္းျမင့္တက္မႈေလ်ာ့ခ်ႏိုင္ေရးအတြက္ ေဒၚလာသန္း ၂ဝဝ အား စက္သုံးဆီတင္သြင္းသူမ်ားကို ေထာက္ပံ့ေပးကာ ေဆာင္႐ြက္ေနေၾကာင္းလည္း နစကေျပာခြင့္ရက ဆိုသည္။

ထိုသို႔ နစကမွ စက္သုံးဆီတင္သြင္းသူမ်ားကို ေဒၚလာသန္း ၂ဝဝ ေထာက္ပံ့မည္ဟု သတင္းမ်ားထြက္ေပၚၿပီးေနာက္ နစက တြင္ ေဒၚလာရွိ၊ မရွိဆိုေသာ ေမးျမန္းမ်ားမွာလည္း လူမႈကြန္ယက္စာမ်က္ႏွာတို႔တြင္ ထြက္ေပၚလာသည္ကို ေတြ႕ရသည္။

“ဥပမာကြၽန္ေတာ္တစ္ခုပဲ ေျပာပါမယ္ဗ်။ ကြၽန္ေတာ္တို႔က ေဒၚလာသန္း(၂၀၀)ဆိုတဲ့ဟာက ႏိုင္ငံေတာ္အဆင့္မွာေတာ့ သိပ္ၿပီးခက္ခဲတဲ့ အေၾကာင္းအရာေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ကုန္သြယ္ေရးရေငြေတြရွိမယ္၊ ႏိုင္ငံေတာ္အဆင့္ ကြၽန္ေတာ္တို႔ ရေငြေတြရွိပါမယ္၊ အရံေငြေၾကးေတြရွိမယ္၊ အရံေငြေၾကးဆိုရင္လည္း ကြၽန္ေတာ္တို႔အေနနဲ႔က အၿမဲတမ္း ျဖည့္ဆည္း ေဆာင္႐ြက္လ်က္ရွိပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျပန္လည္တုံ႔ျပန္ထားသည္။

လက္ရွိတြင္ ျမန္မာ- ႐ုရွားဆက္ဆံေရးသည္ ပိုမိုေကာင္းမြန္လ်က္ရွိသည္ကို ေတြ႕ရၿပီး ၿပီးခဲ့ေသာ ႏွစ္လအတြင္း ႏွစ္ႏိုင္ငံ ထိပ္ပိုင္းေခါင္းေဆာင္မ်ားမွာလည္း အျပန္အလွန္ဝင္ထြက္သည့္ခရီးစဥ္ (၃)ခုရွိခဲ့သည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.