နေပြည်တော် ရေပန်းဥယျာဉ်ကို (၃)နှစ်အတွင်း ငွေကျပ် (၁၅) ဘီလျံအသုံးပြုကာ အဆင့်မြှင့်တင်မည်

 1383

ဖူးပြည့် (NP News) - စက်တင်ဘာ ၈

နေပြည်တော် ရေပန်းဥယျာဉ်ကို သုံးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် (၁၅) ဘီလျံဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရန်အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မ တီ နှင့် ဆန်းမြတ်ထွန်း ကုမ္ပဏီတို့အကြား ရေပန်းဥယျာဉ် နှစ်ရှည်ငှားရမ်းရေး စာချုပ်ကို ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ဆန်းမြတ်ထွန်း ကုမ္ပဏီကို ကနဦး ၁ဝ နှစ်နှင့် သက်တမ်းတိုး ၅ နှစ် နှစ်ကြိမ်စုစုပေါင်း နှစ် ၂ဝ ငှားရမ်းခွင့်ပြုထားကြောင်း သိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်က “လုပ် ငန်းဆောင်ရွက်ခွင့်ရရှိတဲ့ ကုမ္ပဏီအနေနဲ့ အများပြည်သူအပန်းဖြေနေရာအဖြစ် လူတန်း စားမရွေး ဝင်ရောက်လည်ပတ်နိုင်ဖို့ ရေပန်းဥယျာဉ်ဝင်ကြေးကို သင့်တော်တဲ့ နှုန်းထားဖြင့်သာ ကောက်ခံဖို့လိုအပ်ပါတယ်”ဟု ပြောသည်။

နေပြည်တော်ရေပန်းဥယျာဉ်အား နှစ်ရှည်အငှားချထားရန်အတွက် စိတ်ဝင်စားမှု အဆို ပြုလွှာ(EOI) ခေါ်ယူခဲ့ပြီး လျှောက်ထားတင်သွင်းလာသည့် ကုမ္ပဏီ (၈) ခုအနက်မှဆန်း မြတ်ထွန်းကုမ္ပဏီက တင်ဒါအောင်မြင်သဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မ တီ နှင့် ဆန်းမြတ်ထွန်း ကုမ္ပဏီတို့ ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် ဆွေးနွေးမှုဆိုင် ရာ သဘောတူညီချက် (AoD) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့နောက် နှစ်ရှည်ငှားရမ်းခြင်း အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် လုပ်ထုံးလုပ် နည်းများနှင့်အညီ အဆင့်ဆင့် တင်ပြဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ ပြည်ထောင်စုအစိုး ရအဖွဲ့၊ စီးပွားရေးရာကော်မတီ၏ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က ကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ် (၂/၂ဝ၂၂)ဖြင့် ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ စာချုပ်မူကြမ်းများ ပေးပို့တင်ပြခဲ့ရာ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် ဆန်းမြတ် ထွန်းကုမ္ပဏီထံသို့ နှစ်ရှည်အငှားချထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၃)နှစ်အတွင်း ပြည်သူများစိတ်အပန်းပြေစေရန် ရိုလာကိုစတာ ၊ ရေလွှာ လျှောစီး (အကြီး)၊ ရေလှိုင်းတု၊ မဟာရဟတ်၊ Mono Train စသည့် ကစားနည်းများအပါအဝင် ကစားနည်းပေါင်း (၄၈)မျိုးကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး မူလရှိပြီးသော ကန်(၃)ဆင့် ရေကန်၊ ရေတံခွန်၊ ရေပန်းရုပ်ရှင် နှင့် ရေပန်းအက တို့ကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ေနျပည္ေတာ္ ေရပန္းဥယ်ာဥ္ကို (၃)ႏွစ္အတြင္း ေငြက်ပ္ (၁၅) ဘီလ်ံအသုံးျပဳကာ အဆင့္ျမႇင့္တင္မည္
ဖူးျပည့္ (NP News) - စက္တင္ဘာ ၈

ေနျပည္ေတာ္ ေရပန္းဥယ်ာဥ္ကို သုံးႏွစ္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ေငြက်ပ္ (၁၅) ဘီလ်ံျဖင့္ အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းမ်ားေဆာင္႐ြက္ရန္အတြက္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မ တီ ႏွင့္ ဆန္းျမတ္ထြန္း ကုမၸဏီတို႔အၾကား ေရပန္းဥယ်ာဥ္ ႏွစ္ရွည္ငွားရမ္းေရး စာခ်ဳပ္ကို ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလ ၁ ရက္တြင္ ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရသည္။

ဆန္းျမတ္ထြန္း ကုမၸဏီကို ကနဦး ၁ဝ ႏွစ္ႏွင့္ သက္တမ္းတိုး ၅ ႏွစ္ ႏွစ္ႀကိမ္စုစုေပါင္း ႏွစ္ ၂ဝ ငွားရမ္းခြင့္ျပဳထားေၾကာင္း သိရသည္။

ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒၊ ၿမိဳ႕ေတာ္ဝန္ ဦးတင္ဦးလြင္က “လုပ္ ငန္းေဆာင္႐ြက္ခြင့္ရရွိတဲ့ ကုမၸဏီအေနနဲ႔ အမ်ားျပည္သူအပန္းေျဖေနရာအျဖစ္ လူတန္း စားမေ႐ြး ဝင္ေရာက္လည္ပတ္ႏိုင္ဖို႔ ေရပန္းဥယ်ာဥ္ဝင္ေၾကးကို သင့္ေတာ္တဲ့ ႏႈန္းထားျဖင့္သာ ေကာက္ခံဖို႔လိုအပ္ပါတယ္”ဟု ေျပာသည္။

ေနျပည္ေတာ္ေရပန္းဥယ်ာဥ္အား ႏွစ္ရွည္အငွားခ်ထားရန္အတြက္ စိတ္ဝင္စားမႈ အဆို ျပဳလႊာ(EOI) ေခၚယူခဲ့ၿပီး ေလွ်ာက္ထားတင္သြင္းလာသည့္ ကုမၸဏီ (၈) ခုအနက္မွဆန္း ျမတ္ထြန္းကုမၸဏီက တင္ဒါေအာင္ျမင္သျဖင့္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မ တီ ႏွင့္ ဆန္းျမတ္ထြန္း ကုမၸဏီတို႔ ၂ဝ၂ဝ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္တြင္ ေဆြးေႏြးမႈဆိုင္ ရာ သေဘာတူညီခ်က္ (AoD) လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ႏွစ္ရွည္ငွားရမ္းျခင္း အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေရးအတြက္ လုပ္ထုံးလုပ္ နည္းမ်ားႏွင့္အညီ အဆင့္ဆင့္ တင္ျပေဆာင္႐ြက္မႈမ်ားျပဳလုပ္ခဲ့ရာ ျပည္ေထာင္စုအစိုး ရအဖြဲ႕၊ စီးပြားေရးရာေကာ္မတီ၏ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၈ ရက္က က်င္းပျပဳလုပ္သည့္ အစည္းအေဝးအမွတ္စဥ္ (၂/၂ဝ၂၂)ျဖင့္ ခြင့္ျပဳခဲ့ၿပီး ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္သို႔ စာခ်ဳပ္မူၾကမ္းမ်ား ေပးပို႔တင္ျပခဲ့ရာ ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လ ၁၁ ရက္တြင္ ဆန္းျမတ္ ထြန္းကုမၸဏီထံသို႔ ႏွစ္ရွည္အငွားခ်ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ (၃)ႏွစ္အတြင္း ျပည္သူမ်ားစိတ္အပန္းေျပေစရန္ ႐ိုလာကိုစတာ ၊ ေရလႊာ ေလွ်ာစီး (အႀကီး)၊ ေရလႈိင္းတု၊ မဟာရဟတ္၊ Mono Train စသည့္ ကစားနည္းမ်ားအပါအဝင္ ကစားနည္းေပါင္း (၄၈)မ်ိဳးကို အေကာင္အထည္ ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး မူလရွိၿပီးေသာ ကန္(၃)ဆင့္ ေရကန္၊ ေရတံခြန္၊ ေရပန္း႐ုပ္ရွင္ ႏွင့္ ေရပန္းအက တို႔ကိုလည္း အဆင့္ျမႇင့္တင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.