အမရပူရမြို့နယ်ရှိ “ဟန်သစ္စာ”ယက်ကန်းအထည်ဆိုင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရမှုကြောင့် (၁)ဦးသေဆုံး၊ (၃)ဦးဒဏ်ရာရ

 804

NP News - စက်တင်ဘာ ၉

မန္တလေးတိုင်း၊ အမရပူရမြို့ရှိ “ဟန်သစ္စာ”ယက်ကန်းအထည်ဆိုင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရမှုကြောင့် (၁)ဦးသေဆုံး၍ (၃)ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် ည ၈ နာရီအချိန်ခန့်တွင် အမရပူရမြို့၊ စာတော်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ စာတော်ကျေးရွာရှိ “ဟန်သစ္စာ”ယက်ကန်းအထည်ဆိုင်အား ဆိုင်ကယ်မောင်းလာသည့် အကြမ်းဖက်အမျိုးသား(၂)ဦး က လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။

၎င်းလက်လုပ်ဗုံးမှာ ဆိုင်အတွင်းကျရောက်၍ ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဆိုင်အတွင်းရှိနေသည့် ဒေါ်ခင်ရွှေ(၆၇)နှစ်သည် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့၍ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ပြင် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးကျော်မြင့်ထွန်း(၅၃)နှစ်၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဆွေဆွေမြင့်(၅၃)နှစ်နှင့် ဆိုင်အလုပ်သမားဖြစ်သူကို စမ်းချစ်နိုင် (၃၃)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရန်အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Zawgyi Version;
အမရပူရၿမိဳ႕နယ္ရွိ “ဟန္သစၥာ”ယက္ကန္းအထည္ဆိုင္ လက္ပစ္ဗုံးျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ (၁)ဦးေသဆုံး၊ (၃)ဦးဒဏ္ရာရ
NP News - စက္တင္ဘာ ၉

မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕ရွိ “ဟန္သစၥာ”ယက္ကန္းအထည္ဆိုင္ လက္ပစ္ဗုံးျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ (၁)ဦးေသဆုံး၍ (၃)ဦးဒဏ္ရာရခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၇ ရက္ ည ၈ နာရီအခ်ိန္ခန႔္တြင္ အမရပူရၿမိဳ႕၊ စာေတာ္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

အဆိုပါျဖစ္စဥ္မွာ စာေတာ္ေက်း႐ြာရွိ “ဟန္သစၥာ”ယက္ကန္းအထည္ဆိုင္အား ဆိုင္ကယ္ေမာင္းလာသည့္ အၾကမ္းဖက္အမ်ိဳးသား(၂)ဦး က လက္လုပ္ဗုံးျဖင့္ ပစ္ေပါက္ထြက္ေျပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။

၎လက္လုပ္ဗုံးမွာ ဆိုင္အတြင္းက်ေရာက္၍ ေပါက္ကြဲခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ ဆိုင္အတြင္းရွိေနသည့္ ေဒၚခင္ေ႐ႊ(၆၇)ႏွစ္သည္ မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့၍ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

ထို႔ျပင္ ဆိုင္ပိုင္ရွင္ျဖစ္သူ ဦးေက်ာ္ျမင့္ထြန္း(၅၃)ႏွစ္၊ ၎၏ဇနီးျဖစ္သူ ေဒၚေဆြေဆြျမင့္(၅၃)ႏွစ္ႏွင့္ ဆိုင္အလုပ္သမားျဖစ္သူကို စမ္းခ်စ္ႏိုင္ (၃၃)ႏွစ္တို႔တြင္ မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ ေဆးကုသႏိုင္ရန္အတြက္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.