ချားလ်ဘုရင်၏ ဝေလမင်းသားပရဟိတ ရန်ပုံငွေအဖွဲ့က အိုစမာဘင်လာဒင်မိသားစုထံမှ ပေါင်ငွေတစ်သန်း လက်ခံခဲ့ဟုဆို

 904

Htay Oung (NP News) - စက်တင်ဘာ ၁ဝ

ယခု အင်္ဂလန်ဧကရာဇ် တတိယမြောက် ချားလ်ဘုရင်ဟာ ထီးမွေ မရရှိမီ သူ့ရဲ့ “ဝေလ မင်းသား အကူအညီပေးရေး ရန်ပုံငွေအဖွဲ့ “PWCF က အိုစမာဘင်လာဒင်ရဲ့ ညီအစ်ကိုဝမ်းကွဲ နှစ်ဦးထံမှ စတာလင်ပေါင်ငွေ တစ်သန်းကို လက်ခံရယူခဲ့ကြောင်း၊ အဲ့ဒီကိစ္စဟာ ၂ဝ၁၁ ခုနှစ် အမေရိကန်နေဗီဆီးလ်အဖွဲ့က အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ခေါင်း ဆောင်ကို သုတ်သင်အပြီး (၂)နှစ်အကြာမှာ ဖြစ်ကြောင်း ဗြိတိသျှသတင်းစာ Sunday Times က ရေးသားတယ်လို့ BBC (31 July 2022) က ဖော်ပြပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် စာရင်းစစ်ဆေးမှုပြုခဲ့ရာ ပေါင်ငွေ တစ်သန်းလက် ခံရရှိခြင်း မှန်ကန်ကြောင်း ချိုတဲ့နွမ်းပါးသူတို့အပေါ် စာနာကူညီရေး လှူဒါန်းငွေအဖြစ် ငွေလက်ခံရန် အကျိုးဆောင်များရဲ့ ဆုံးဖြတ်ချက်အရ ဖြစ်ကြောင်း၊ ပရဟိတနဲ့ ဆိုင်တဲ့ကိစ္စကို အခြားနည်းနဲ့ ပုံဖော်ခြင်းဟာ မှားယွင်းပါတယ် လို့ PWCF စစ်ဆေးအတည်ပြုရေးအဖွဲ့ရုံး BBC ကို ရှင်းပြပါတယ်။

Sunday Times သတင်းဆောင်းပါးမှာ ဖော်ပြထားတဲ့ အချက်အလက် အတော်များများမှာလည်း အငြင်းပွားစရာဖြစ်ကြောင်း ၁၉၉၄ ခုနှစ်မှာ ဘင်လာဒင် မိသားစုအတွင်း အမွေခွဲပြီးနောက်ပိုင်း အိုစမာ့ ဖအေတူ အမေကွဲ ညီအစ်ကိုတွေဟာ အယ်လ်ကိုင်ဒါလှုပ်ရှားမှုများနဲ့ ဆက်စပ်နေတယ်လို့ အထောက်အထားမရှိကြောင်း PWCF က ဆိုပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ဘင်လာဒင်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းများကို ဦးစီးလုပ်ကိုင်နေတဲ့ ဘေကာဘင်လာဒင်ဟာ သူ့ရဲ့ညီ ရှာဖစ်ဘင်လာဒင်နဲ့အတူ စစ်ဆေးအတည်ပြုရေးအဖွဲ့ရုံးမှာ ဝေလမင်းသားနဲ့ တွေ့ဆုံခဲ့ကြောင်း၊ အဲ့ဒီနောက် ချားလ်မင်း သားက ငွေလက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ဆေးအတည်ပြုရေးရုံးနဲ့ PWCF အကြံပေးများက ကန့်ကွက်ပေမဲ့ ချားလ်က လက်ခံခဲ့ခြင်းဖြစ်တယ်လို့ Sunday Times က ရေး သားခဲ့ပါတယ်။

ဒါပေမဲ့လဲ ၂ဝ၁၃ ခုနှစ် အဲ့ဒီအချိန်တုန်းက PWCF အနေနဲ့ အသေအချာ စဉ်းစားခဲ့ပြီး အကျိူးဆောင် ၅ ဦးရဲ့ သဘောတူချက်နဲ့ ချားလ်က ငွေလက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ စာရင်း စစ်ဆေးရာမှာလည်း အစိုးရအပါအဝင် ကျယ်ပြန့်တဲ့ သတင်းရင်းမြစ်များမှ အချက်အ လက်တွေကို ရှာဖွေခဲ့ကြကြောင်း၊ အလှူငွေလက်ခံဖို့ အကျိုးဆောင်အဖွဲ့က ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အခြားနည်းနဲ့ ရှူမြင်ပြောဆိုခြင်းဟာ လွဲမှားနေကြောင်း အဖွဲ့ဥက္ကဋ္ဌ ဆာအီရန်ချက်ရှိုင်းယားက BBC ကို ပြောပါတယ်။

ဝေလမင်းသား အကူအညီပေးရေး ရန်ပုံငွေအဖွဲ့ PWCF ဟာ အကျိုးအမြတ်မယူတဲ့ INGO အဖွဲအစည်းအဖြစ် ဗြိတိန်နိုင်ငံမှာ မှတ်ပုံတင်ထားပြီး ဓနသဟာယတိုင်းပြည်များ၊ အဖွဲ့ဝင်နိုင်ငံများနဲ့ ပင်လယ်ရပ်ခြား ငွေကြေးလွှဲပြောင်းရေး ပရောဂျက်များ ဆောင်ရွက်ခွင့် ရရှိထားပါတယ်။

လှူဒါန်းမှုအားလုံးကို ရှင်းလင်းရာမှာ စည်းကမ်းချက်နဲ့ ညီညွတ်ပြီး ဥပဒေချိုးဖောက်ခြင်း မရှိခဲ့ကြောင်း၊ လန်ဒန်နိုင်ငံခြားရေးရုံးရဲ့ မှတ်ချက်ရယူသည်အထိပင် သင့်လျော်တဲ့ စစ်ဆေးမှုအားလုံးကို ဆောင်ရွက်ခဲ့ကြောင်း BBC က ဖော်ပြပါတယ်။

ဒါပေမဲ့လဲ ယခုမတိုင်မီ ကာတာဝန်ကြီးချုပ်ဟောင်းက ချားလ်မင်းသားရဲ့ ရံပုံငွေအဖွဲ့ထံ ငွေကြေးလှူဒါန်းမှု မှာတော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်စရာ မရှိကြောင်း ငွေတွေအပေါ် စုံစမ်းစစ်ဆေးမယ့်ကို တားဆီးရန် ဆုံးဖြတ်ခဲ့တယ်လို့ ပရဟိတကော်မရှင် ညှိ နှိုင်းကြီးကြပ်သူများက ပြောဆိုဖူးကြောင်း၊ အရှေ့အလယ်ပိုင်းမှာ သြဇာအကြီးဆုံးနဲ့ လန်ဒန်ကို ဝယ်မည့်သူအဖြစ်နာမည်ကြီး အချမ်းသာဆုံးဖြစ်သူတစ်ဦးဖြစ်သူက ပရဟိ တအတွက် ခရီးဆောင်အိတ်များနဲ့ ပေါင်ငွေ ၂.၅ သန်း လှူဒါန်းရာမှာ ယူရိုငွေ ၁ သန်းပါ လက်ဆွဲအိတ်ကို ချားလ်က လက်ခံခဲ့တယ်လို့ တိုင်ကြားသူများက ပြောဆိုကြောင်း Sunday Times (20 July 2022) က ရေးသားခဲ့ပါတယ်။

အိုစမာလို ဒုစရိုက်အပေါင်းတို့ရဲ့ ခေါင်းကိုင်ဖခင်ကြီးတစ်ဦးရဲ့ အခြားမိသားစုဝင်ဖြစ်တယ်ဆိုယုံနဲ့ အလှူရှင်တစ်ဦးအဖြစ် အရည်အချင်း မပြည့်မီဘူးလို့ သတ်မှတ်နိုင်ခြင်း မရှိကြောင်း PWCF သတင်းရင်းမြစ်တစ်ဦးက BBC ကို ပြောဆိုခြင်းဟာ အလွန် အဓိပ္ပါယ် ရှိပါတယ်။

အလားတူပါဘဲ အိုစမာ့ထံက ချားလ်စ်မင်းသား ဒါမှမဟုတ် သူ့ရဲ့အတွင်းစည်းအသိုင်း အဝိုင်းက ပိုက်ဆံယူတာဟာ ကောင်းတဲ့အကြံဘဲလို့ တကယ်ထင်မှတ်ခဲ့ကြသလား၊ လူသိရှင်ကြား သတင်း မထုတ်ပြန်ဘဲ နေသရွေ့ အဆင်ပြေတယ်လို့ ထင်မှတ်ခဲ့ကြသလား စဉ်းစားရန် ဖြစ်လာပါတယ်။ အခြားတစ်ဖက်အနေနဲ့ စစ်ဆေးမှုတွေ အကြိမ် ကြိမ်ပြုလုပ်ပြီး စည်းကမ်းလိုက်နာတယ်လို့ အများသိမြင်နေကြတဲ့ အဖွဲ့အစည်းကြီးအတွက် အမြဲတန်း ကြောက်စရာကောင်းစေမယ့် အချက်ဖြစ်ပါတယ်။

ငွေအမြောက်အများ လှူပါ့မယ်လို့ ကတိပြုသူ ဆော်ဒီနိုင်ငံသားတစ်ဦးကို သူ့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ၊ လက်ထောက်နဲ့ “နိုက်အဆင့်” သူရဲကောင်းချီးမြှင့်ဖို့ ချားလ်က အာမဘ န္တေခံစာပေးပို့ပြီး ဆော်ဒီရဲ့ ရန်ဘက် ကာတာ နိုင်ငံရေးသမားဟောင်းတစ်ဦးရဲ့ အပုံလိုက် အလှူငွေများကို လက်ခံခြင်းကလည်း အလားတူဖြစ်ပါတယ်။

ဝန်ကြီးများနဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အုပ်ချုပ်မှုဆိုတာ နောက်ဆုံးပိတ် မဲပုံးနဲ့ အဆုံးသတ်ပါတယ်လို့ ပြောဆိုကြပါတယ်။ တော်ဝင်မိသားစုရဲ့ ရာထူးနဲ့ အခွင့်အာဏာဟာ ကွဲပြားတဲ့ အလွှာအသီးသီးက ဆင်းသက်လာခြင်းဖြစ်လို့ အများသူငှာ ကျေနပ်လက်ခံမှ တိုင်းပြည်မှာ လေးစားဂုဏ်ယူစရာဖြစ်လာရပါတယ်။

ဘင်လာဒင်ရဲ့ အလှူငွေဟာ မကောင်းမှုတွေနဲ့ အဝေးကြီးဖြစ်တယ်လို့ ဘယ်လိုပဲ ပြောပြော ဗြိတိန်နိုင်ငံရဲ့ ဘုရင်စနစ်ပုံစံနှင့် ကိုက်ညီပါသလား၊ အိုစမာဟာ အမေရိကန်ရဲ့ အလိုအရှိဆုံးစာရင်းမှာ ထိပ်ဆုံးက ပါဝင်ခဲ့ သူဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံသား ၆၇ ဦးအပါ အဝင် လူပေါင်း ၃ဝဝဝ နီးပါး သေဆုံးခဲ့ရတဲ့ ၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် နယူးယောက်နဲ့ ဝါရှင်တန် အကြမ်းဖက်တိုက်ခိုက်မှုတို့မှာ အမိန့်ပေးခဲ့သူဖြစ်ကြောင်း ယုံကြည်ရပါတယ်။

ချားလ်စ် သို့မဟုတ် သူ့ရန်ပုံငွေအဖွဲ့ရဲ့ အလှူငွေများ အရှုတ်တော်ပုံမှာ ဘင်လာဒင်မိသားစုကိစ္စဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး၊ ကာတာဝန်ကြီးချုပ်ဟောင်းထံမှ လှူဒါန်းမှုသုံးခုအနက်မှ တစ်ခုဟာ ပေါင်ငွေ ၂.၅ သန်း ဝန်းကျင်ရှိပြီး ငွေသားယူရိုတစ်သန်းပါတဲ့ လက်ဆွဲအိတ်ကို ချားလ်လက်ခံခဲ့ကြောင်း ပြီးခဲ့သည့်လတွင် သတင်းရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလတုန်းက ဆော်ဒီနိုင်ငံသားရဲ့ ပရဟိတအဖွဲ့ အလှူငွေများနဲ့ ပတ်သက်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ကြောင်း စွပ်စွဲချက်များကို လန်ဒန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။ လှူဒါန်းမှုကို အခြေခံတဲ့ “နိုက်အဆင့်” ဘွဲ့ဆိုတာ ဗြိတိန်နိုင်ငံသားဖြစ်ခွင့်နဲ့ တူညီတယ်လို့ ချားလ်က မသိရှိကြောင်း PWCF က ချေပပါတယ်။

သန်းပေါင်းများစွာသော ဆော်ဒီနိုင်ငံသားများအတွက် ဘင်လာဒင်ဆိုတဲ့ အမည်ဟာ လုံးဝအပြစ်ကင်းစင်ပါတယ်။ အနောက်ကမ္ဘာနဲ့ အခြားကမ္ဘာ့အနှံ့အပြားမှာတော့ အဲ့ဒါ ၂ဝဝ၁ ခုနှစ် 9/11 အကြမ်းဖက်တိုက်ခိုက်မှုများနဲ့ အစဉ်အမြဲ ဆက်စပ်နေမည်သာဖြစ်ပါတယ်။

အဲဒါသာမက ဆော်ဒီအာရေးဗီးယားမှာ ရေနံကြွယ်ဝမှုအသစ်ကို အသုံးပြုပြီး ဗလီများ၊ နန်းတော်များနဲ့ အခြားအဆောက်အအုံများ ဆောက်လုပ်ဖို့ တော်ဝင်အမိန့်ရရှိထားသူ ဂျက်ဒါးအခြေစိုက် (ဘင်လာဒင်) ဆောက်လုပ်ရေးကုမ္ပဏီအတွက် အများပြောစရာတစ်ခု ဖြစ်နေပါတယ်။

၂ဝ ရာစုစောစောပိုင်း ယီမင်နိုင်ငံမှ ပြောင်းရွှေ့အခြေချခဲ့တဲ့ ကုမ္ပဏီတည်ထောင်သူရဲ့ သားယောက်ျား အများအပြားထဲမှာ အိုစမာကို "မိသားစုရဲ့ သိုးမည်း" လို့ ခေါ်ကြပါတယ်။ ၁၉၈ဝ ပြည့်လွန်နှစ်များအတွင်း အာဖဂန်နစ္စတန်မှာ ကျူးကျော်သူ ဆိုဗီယက်စစ်တပ်ကို မူဂျာဟီဒင်တို့က ခုခံတိုက်ခိုက်ရာမှာ ကူညီပေးခဲ့တယ် ဆိုပမဲ့ အမှန်တကယ်အားဖြင့် အိုစမာဟာ အဲ့ဒီအချိန် ပါကစ္စတန်တို့လို CIA ဘက်မှာ ရှိနေခဲ့ပါတယ်။

(BBC ကို ဗြိတိန်နိုင်ငံ ရုပ်မြင်သံကြားပိုင်ဆိုင်သူများရဲ့ အခွန်ငွေနဲ့ စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး ရုပ်သံလွှင့်ဌာနအတွက် ထောက်ပံ့ငွေကို ဗြိတိန်အစိုးရက နှစ်စဉ် သတ်မှတ်ပေးပါတယ်။ BBC မှထုတ်လုပ်တဲ့ အစီအစဉ်များ၊ မဂ္ဂဇင်းများ၊ စာအုပ်များ၊ ဒီဗွီဒီများ ရောင်းချ ခြင်းမှလည်း ရန်ပုံငွေရရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး ရုပ်သံဌာနကြီးဖြစ်တဲ့အတွက် ဝန်ထမ်းပေါင်း ၂၂ဝဝဝ ကျော်ခန့်ထားပြီး လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။)

တော်ဝင်သဘောတူညီချက်အရ လွတ်လပ်တယ်ဆိုသော်လည်း လက်ရှိအာဏာရ ကွန်ဆာဗေးတစ်အစိုးရရဲ့ ရာဇမာန်ရှမယ့် ကိစ္စဆိုလျှင် BBC မှာ အဆင့်မြင့်ရာထူးတွေနဲ့ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဂျိမ်းပါဝဲလ်လို ညွှန်ကြားရေးမှူးဟောင်းကိုပင် အလုပ်ပြန် မခန့်ရဲကြောင်း၊ ဘောရစ်ဂျွန်ဆင်ကို မျက်နှာလုပ်ဖို့အတွက် လေဘာအစိုးရဝန်ကြီးဟောင်း ပါဝဲလ်ကို ရာထူး မပေးရဲကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေပါတယ်။

zawgyi version
ခ်ားလ္ဘုရင္၏ ေဝလမင္းသားပရဟိတ ရန္ပုံေငြအဖြဲ႕က အိုစမာဘင္လာဒင္မိသားစုထံမွ ေပါင္ေငြတစ္သန္း လက္ခံခဲ့ဟုဆို
Htay Oung (NP News) - စက္တင္ဘာ ၁ဝ

ယခု အဂၤလန္ဧကရာဇ္ တတိယေျမာက္ ခ်ားလ္ဘုရင္ဟာ ထီးေမြ မရရွိမီ သူ႔ရဲ႕ “ေဝလ မင္းသား အကူအညီေပးေရး ရန္ပုံေငြအဖြဲ႕ “PWCF က အိုစမာဘင္လာဒင္ရဲ႕ ညီအစ္ကိုဝမ္းကြဲ ႏွစ္ဦးထံမွ စတာလင္ေပါင္ေငြ တစ္သန္းကို လက္ခံရယူခဲ့ေၾကာင္း၊ အဲ့ဒီကိစၥဟာ ၂ဝ၁၁ ခုႏွစ္ အေမရိကန္ေနဗီဆီးလ္အဖြဲ႕က အယ္လ္ကိုင္ဒါ အၾကမ္းဖက္အဖြဲ႕ေခါင္း ေဆာင္ကို သုတ္သင္အၿပီး (၂)ႏွစ္အၾကာမွာ ျဖစ္ေၾကာင္း ၿဗိတိသွ်သတင္းစာ Sunday Times က ေရးသားတယ္လို႔ BBC (31 July 2022) က ေဖာ္ျပပါတယ္။

အဲ့ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေသးစိတ္ စာရင္းစစ္ေဆးမႈျပဳခဲ့ရာ ေပါင္ေငြ တစ္သန္းလက္ ခံရရွိျခင္း မွန္ကန္ေၾကာင္း ခ်ိဳတဲ့ႏြမ္းပါးသူတို႔အေပၚ စာနာကူညီေရး လႉဒါန္းေငြအျဖစ္ ေငြလက္ခံရန္ အက်ိဳးေဆာင္မ်ားရဲ႕ ဆုံးျဖတ္ခ်က္အရ ျဖစ္ေၾကာင္း၊ ပရဟိတနဲ႔ ဆိုင္တဲ့ကိစၥကို အျခားနည္းနဲ႔ ပုံေဖာ္ျခင္းဟာ မွားယြင္းပါတယ္ လို႔ PWCF စစ္ေဆးအတည္ျပဳေရးအဖြဲ႕႐ုံး BBC ကို ရွင္းျပပါတယ္။

Sunday Times သတင္းေဆာင္းပါးမွာ ေဖာ္ျပထားတဲ့ အခ်က္အလက္ အေတာ္မ်ားမ်ားမွာလည္း အျငင္းပြားစရာျဖစ္ေၾကာင္း ၁၉၉၄ ခုႏွစ္မွာ ဘင္လာဒင္ မိသားစုအတြင္း အေမြခြဲၿပီးေနာက္ပိုင္း အိုစမာ့ ဖေအတူ အေမကြဲ ညီအစ္ကိုေတြဟာ အယ္လ္ကိုင္ဒါလႈပ္ရွားမႈမ်ားနဲ႔ ဆက္စပ္ေနတယ္လို႔ အေထာက္အထားမရွိေၾကာင္း PWCF က ဆိုပါတယ္။

ေဆာ္ဒီအာေရးဗီးယားႏိုင္ငံမွာ ဘင္လာဒင္မိသားစုရဲ႕ စီးပြားေရးလုပ္ငန္းမ်ားကို ဦးစီးလုပ္ကိုင္ေနတဲ့ ေဘကာဘင္လာဒင္ဟာ သူ႔ရဲ႕ညီ ရွာဖစ္ဘင္လာဒင္နဲ႔အတူ စစ္ေဆးအတည္ျပဳေရးအဖြဲ႕႐ုံးမွာ ေဝလမင္းသားနဲ႔ ေတြ႕ဆုံခဲ့ေၾကာင္း၊ အဲ့ဒီေနာက္ ခ်ားလ္မင္း သားက ေငြလက္ခံခဲ့ျခင္း ျဖစ္ေၾကာင္း၊ စစ္ေဆးအတည္ျပဳေရး႐ုံးနဲ႔ PWCF အႀကံေပးမ်ားက ကန႔္ကြက္ေပမဲ့ ခ်ားလ္က လက္ခံခဲ့ျခင္းျဖစ္တယ္လို႔ Sunday Times က ေရး သားခဲ့ပါတယ္။

ဒါေပမဲ့လဲ ၂ဝ၁၃ ခုႏွစ္ အဲ့ဒီအခ်ိန္တုန္းက PWCF အေနနဲ႔ အေသအခ်ာ စဥ္းစားခဲ့ၿပီး အက်ိဴးေဆာင္ ၅ ဦးရဲ႕ သေဘာတူခ်က္နဲ႔ ခ်ားလ္က ေငြလက္ခံခဲ့ျခင္းျဖစ္ေၾကာင္း၊ စာရင္း စစ္ေဆးရာမွာလည္း အစိုးရအပါအဝင္ က်ယ္ျပန႔္တဲ့ သတင္းရင္းျမစ္မ်ားမွ အခ်က္အ လက္ေတြကို ရွာေဖြခဲ့ၾကေၾကာင္း၊ အလႉေငြလက္ခံဖို႔ အက်ိဳးေဆာင္အဖြဲ႕က ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး အျခားနည္းနဲ႔ ရႉျမင္ေျပာဆိုျခင္းဟာ လြဲမွားေနေၾကာင္း အဖြဲ႕ဥကၠ႒ ဆာအီရန္ခ်က္ရႈိင္းယားက BBC ကို ေျပာပါတယ္။

ေဝလမင္းသား အကူအညီေပးေရး ရန္ပုံေငြအဖြဲ႕ PWCF ဟာ အက်ိဳးအျမတ္မယူတဲ့ INGO အဖြဲအစည္းအျဖစ္ ၿဗိတိန္ႏိုင္ငံမွာ မွတ္ပုံတင္ထားၿပီး ဓနသဟာယတိုင္းျပည္မ်ား၊ အဖြဲ႕ဝင္ႏိုင္ငံမ်ားနဲ႔ ပင္လယ္ရပ္ျခား ေငြေၾကးလႊဲေျပာင္းေရး ပေရာဂ်က္မ်ား ေဆာင္႐ြက္ခြင့္ ရရွိထားပါတယ္။

လႉဒါန္းမႈအားလုံးကို ရွင္းလင္းရာမွာ စည္းကမ္းခ်က္နဲ႔ ညီၫြတ္ၿပီး ဥပေဒခ်ိဳးေဖာက္ျခင္း မရွိခဲ့ေၾကာင္း၊ လန္ဒန္ႏိုင္ငံျခားေရး႐ုံးရဲ႕ မွတ္ခ်က္ရယူသည္အထိပင္ သင့္ေလ်ာ္တဲ့ စစ္ေဆးမႈအားလုံးကို ေဆာင္႐ြက္ခဲ့ေၾကာင္း BBC က ေဖာ္ျပပါတယ္။

ဒါေပမဲ့လဲ ယခုမတိုင္မီ ကာတာဝန္ႀကီးခ်ဳပ္ေဟာင္းက ခ်ားလ္မင္းသားရဲ႕ ရံပုံေငြအဖြဲ႕ထံ ေငြေၾကးလႉဒါန္းမႈ မွာေတာ့ အဲ့ဒီကိစၥနဲ႔ ပတ္သက္လို႔ စိုးရိမ္စရာ မရွိေၾကာင္း ေငြေတြအေပၚ စုံစမ္းစစ္ေဆးမယ့္ကို တားဆီးရန္ ဆုံးျဖတ္ခဲ့တယ္လို႔ ပရဟိတေကာ္မရွင္ ညႇိ ႏႈိင္းႀကီးၾကပ္သူမ်ားက ေျပာဆိုဖူးေၾကာင္း၊ အေရွ႕အလယ္ပိုင္းမွာ ၾသဇာအႀကီးဆုံးနဲ႔ လန္ဒန္ကို ဝယ္မည့္သူအျဖစ္နာမည္ႀကီး အခ်မ္းသာဆုံးျဖစ္သူတစ္ဦးျဖစ္သူက ပရဟိ တအတြက္ ခရီးေဆာင္အိတ္မ်ားနဲ႔ ေပါင္ေငြ ၂.၅ သန္း လႉဒါန္းရာမွာ ယူ႐ိုေငြ ၁ သန္းပါ လက္ဆြဲအိတ္ကို ခ်ားလ္က လက္ခံခဲ့တယ္လို႔ တိုင္ၾကားသူမ်ားက ေျပာဆိုေၾကာင္း Sunday Times (20 July 2022) က ေရးသားခဲ့ပါတယ္။

အိုစမာလို ဒုစ႐ိုက္အေပါင္းတို႔ရဲ႕ ေခါင္းကိုင္ဖခင္ႀကီးတစ္ဦးရဲ႕ အျခားမိသားစုဝင္ျဖစ္တယ္ဆိုယုံနဲ႔ အလႉရွင္တစ္ဦးအျဖစ္ အရည္အခ်င္း မျပည့္မီဘူးလို႔ သတ္မွတ္ႏိုင္ျခင္း မရွိေၾကာင္း PWCF သတင္းရင္းျမစ္တစ္ဦးက BBC ကို ေျပာဆိုျခင္းဟာ အလြန္ အဓိပၸါယ္ ရွိပါတယ္။

အလားတူပါဘဲ အိုစမာ့ထံက ခ်ားလ္စ္မင္းသား ဒါမွမဟုတ္ သူ႔ရဲ႕အတြင္းစည္းအသိုင္း အဝိုင္းက ပိုက္ဆံယူတာဟာ ေကာင္းတဲ့အႀကံဘဲလို႔ တကယ္ထင္မွတ္ခဲ့ၾကသလား၊ လူသိရွင္ၾကား သတင္း မထုတ္ျပန္ဘဲ ေနသေ႐ြ႕ အဆင္ေျပတယ္လို႔ ထင္မွတ္ခဲ့ၾကသလား စဥ္းစားရန္ ျဖစ္လာပါတယ္။ အျခားတစ္ဖက္အေနနဲ႔ စစ္ေဆးမႈေတြ အႀကိမ္ ႀကိမ္ျပဳလုပ္ၿပီး စည္းကမ္းလိုက္နာတယ္လို႔ အမ်ားသိျမင္ေနၾကတဲ့ အဖြဲ႕အစည္းႀကီးအတြက္ အၿမဲတန္း ေၾကာက္စရာေကာင္းေစမယ့္ အခ်က္ျဖစ္ပါတယ္။

ေငြအေျမာက္အမ်ား လႉပါ့မယ္လို႔ ကတိျပဳသူ ေဆာ္ဒီႏိုင္ငံသားတစ္ဦးကို သူ႔ရဲ႕ အရင္းႏွီးဆုံးမိတ္ေဆြ၊ လက္ေထာက္နဲ႔ “ႏိုက္အဆင့္” သူရဲေကာင္းခ်ီးျမႇင့္ဖို႔ ခ်ားလ္က အာမဘ ေႏၲခံစာေပးပို႔ၿပီး ေဆာ္ဒီရဲ႕ ရန္ဘက္ ကာတာ ႏိုင္ငံေရးသမားေဟာင္းတစ္ဦးရဲ႕ အပုံလိုက္ အလႉေငြမ်ားကို လက္ခံျခင္းကလည္း အလားတူျဖစ္ပါတယ္။

ဝန္ႀကီးမ်ားနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕ အုပ္ခ်ဳပ္မႈဆိုတာ ေနာက္ဆုံးပိတ္ မဲပုံးနဲ႔ အဆုံးသတ္ပါတယ္လို႔ ေျပာဆိုၾကပါတယ္။ ေတာ္ဝင္မိသားစုရဲ႕ ရာထူးနဲ႔ အခြင့္အာဏာဟာ ကြဲျပားတဲ့ အလႊာအသီးသီးက ဆင္းသက္လာျခင္းျဖစ္လို႔ အမ်ားသူငွာ ေက်နပ္လက္ခံမွ တိုင္းျပည္မွာ ေလးစားဂုဏ္ယူစရာျဖစ္လာရပါတယ္။

ဘင္လာဒင္ရဲ႕ အလႉေငြဟာ မေကာင္းမႈေတြနဲ႔ အေဝးႀကီးျဖစ္တယ္လို႔ ဘယ္လိုပဲ ေျပာေျပာ ၿဗိတိန္ႏိုင္ငံရဲ႕ ဘုရင္စနစ္ပုံစံႏွင့္ ကိုက္ညီပါသလား၊ အိုစမာဟာ အေမရိကန္ရဲ႕ အလိုအရွိဆုံးစာရင္းမွာ ထိပ္ဆုံးက ပါဝင္ခဲ့ သူျဖစ္ပါတယ္။ ၿဗိတိန္ႏိုင္ငံသား ၆၇ ဦးအပါ အဝင္ လူေပါင္း ၃ဝဝဝ နီးပါး ေသဆုံးခဲ့ရတဲ့ ၂ဝဝ၁ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္ နယူးေယာက္နဲ႔ ဝါရွင္တန္ အၾကမ္းဖက္တိုက္ခိုက္မႈတို႔မွာ အမိန႔္ေပးခဲ့သူျဖစ္ေၾကာင္း ယုံၾကည္ရပါတယ္။

ခ်ားလ္စ္ သို႔မဟုတ္ သူ႔ရန္ပုံေငြအဖြဲ႕ရဲ႕ အလႉေငြမ်ား အရႈတ္ေတာ္ပုံမွာ ဘင္လာဒင္မိသားစုကိစၥဟာ ပထမဆုံး အႀကိမ္ေတာ့ မဟုတ္ပါဘူး၊ ကာတာဝန္ႀကီးခ်ဳပ္ေဟာင္းထံမွ လႉဒါန္းမႈသုံးခုအနက္မွ တစ္ခုဟာ ေပါင္ေငြ ၂.၅ သန္း ဝန္းက်င္ရွိၿပီး ေငြသားယူ႐ိုတစ္သန္းပါတဲ့ လက္ဆြဲအိတ္ကို ခ်ားလ္လက္ခံခဲ့ေၾကာင္း ၿပီးခဲ့သည့္လတြင္ သတင္းရရွိခဲ့ပါတယ္။

ေဖေဖာ္ဝါရီလတုန္းက ေဆာ္ဒီႏိုင္ငံသားရဲ႕ ပရဟိတအဖြဲ႕ အလႉေငြမ်ားနဲ႔ ပတ္သက္ၿပီး ဂုဏ္ထူးေဆာင္ဘြဲ႕ ေပးအပ္ေၾကာင္း စြပ္စြဲခ်က္မ်ားကို လန္ဒန္ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈ စတင္ခဲ့ပါတယ္။ လႉဒါန္းမႈကို အေျခခံတဲ့ “ႏိုက္အဆင့္” ဘြဲ႕ဆိုတာ ၿဗိတိန္ႏိုင္ငံသားျဖစ္ခြင့္နဲ႔ တူညီတယ္လို႔ ခ်ားလ္က မသိရွိေၾကာင္း PWCF က ေခ်ပပါတယ္။

သန္းေပါင္းမ်ားစြာေသာ ေဆာ္ဒီႏိုင္ငံသားမ်ားအတြက္ ဘင္လာဒင္ဆိုတဲ့ အမည္ဟာ လုံးဝအျပစ္ကင္းစင္ပါတယ္။ အေနာက္ကမာၻနဲ႔ အျခားကမာၻ႔အႏွံ႔အျပားမွာေတာ့ အဲ့ဒါ ၂ဝဝ၁ ခုႏွစ္ 9/11 အၾကမ္းဖက္တိုက္ခိုက္မႈမ်ားနဲ႔ အစဥ္အၿမဲ ဆက္စပ္ေနမည္သာျဖစ္ပါတယ္။

အဲဒါသာမက ေဆာ္ဒီအာေရးဗီးယားမွာ ေရနံႂကြယ္ဝမႈအသစ္ကို အသုံးျပဳၿပီး ဗလီမ်ား၊ နန္းေတာ္မ်ားနဲ႔ အျခားအေဆာက္အအုံမ်ား ေဆာက္လုပ္ဖို႔ ေတာ္ဝင္အမိန႔္ရရွိထားသူ ဂ်က္ဒါးအေျခစိုက္ (ဘင္လာဒင္) ေဆာက္လုပ္ေရးကုမၸဏီအတြက္ အမ်ားေျပာစရာတစ္ခု ျဖစ္ေနပါတယ္။

၂ဝ ရာစုေစာေစာပိုင္း ယီမင္ႏိုင္ငံမွ ေျပာင္းေ႐ႊ႕အေျခခ်ခဲ့တဲ့ ကုမၸဏီတည္ေထာင္သူရဲ႕ သားေယာက္်ား အမ်ားအျပားထဲမွာ အိုစမာကို "မိသားစုရဲ႕ သိုးမည္း" လို႔ ေခၚၾကပါတယ္။ ၁၉၈ဝ ျပည့္လြန္ႏွစ္မ်ားအတြင္း အာဖဂန္နစၥတန္မွာ က်ဴးေက်ာ္သူ ဆိုဗီယက္စစ္တပ္ကို မူဂ်ာဟီဒင္တို႔က ခုခံတိုက္ခိုက္ရာမွာ ကူညီေပးခဲ့တယ္ ဆိုပမဲ့ အမွန္တကယ္အားျဖင့္ အိုစမာဟာ အဲ့ဒီအခ်ိန္ ပါကစၥတန္တို႔လို CIA ဘက္မွာ ရွိေနခဲ့ပါတယ္။

(BBC ကို ၿဗိတိန္ႏိုင္ငံ ႐ုပ္ျမင္သံၾကားပိုင္ဆိုင္သူမ်ားရဲ႕ အခြန္ေငြနဲ႔ စတင္ထူေထာင္ခဲ့ျခင္းျဖစ္ၿပီး ႐ုပ္သံလႊင့္ဌာနအတြက္ ေထာက္ပံ့ေငြကို ၿဗိတိန္အစိုးရက ႏွစ္စဥ္ သတ္မွတ္ေပးပါတယ္။ BBC မွထုတ္လုပ္တဲ့ အစီအစဥ္မ်ား၊ မဂၢဇင္းမ်ား၊ စာအုပ္မ်ား၊ ဒီဗြီဒီမ်ား ေရာင္းခ် ျခင္းမွလည္း ရန္ပုံေငြရရွိတယ္လို႔ ဆိုပါတယ္။ ကမာၻ႔အႀကီးဆုံး ႐ုပ္သံဌာနႀကီးျဖစ္တဲ့အတြက္ ဝန္ထမ္းေပါင္း ၂၂ဝဝဝ ေက်ာ္ခန႔္ထားၿပီး လုပ္ကိုင္ေဆာင္႐ြက္ေနေၾကာင္း သိရွိရပါတယ္။)

ေတာ္ဝင္သေဘာတူညီခ်က္အရ လြတ္လပ္တယ္ဆိုေသာ္လည္း လက္ရွိအာဏာရ ကြန္ဆာေဗးတစ္အစိုးရရဲ႕ ရာဇမာန္ရွမယ့္ ကိစၥဆိုလွ်င္ BBC မွာ အဆင့္ျမင့္ရာထူးေတြနဲ႔ ႏွစ္ေပါင္းမ်ားစြာ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ ဂ်ိမ္းပါဝဲလ္လို ၫႊန္ၾကားေရးမႉးေဟာင္းကိုပင္ အလုပ္ျပန္ မခန႔္ရဲေၾကာင္း၊ ေဘာရစ္ဂြၽန္ဆင္ကို မ်က္ႏွာလုပ္ဖို႔အတြက္ ေလဘာအစိုးရဝန္ႀကီးေဟာင္း ပါဝဲလ္ကို ရာထူး မေပးရဲေၾကာင္း စြပ္စြဲခ်က္မ်ား ထြက္ေပၚေနပါတယ္။

Picture

09450004554

10/09/2022 20:24

ဒီ post ကို liveမှာပြောစေချင်တာ၊ အဂ်လန် ဘုရင်လည်း OIC အတွက်တော့ နယ်ရုပ် အဆင့်သါ ရှိတယ်ဆိုတာလေး။

Related news

© 2021. All rights reserved.