မြန်မာနိုင်ငံရှိ စာသင်ကျောင်းများ နဲ့ တက္ကသိုလ်များကို စစ်ရေးရည်ရွယ်ချက်နဲ့ အသုံးပြုမှုများမြင့်တက်လာနေဟု GCPEA ဆို

2455

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁ဝ
မြန်မာနိုင်ငံတွင် ၂ဝ၂ဝ ခုနှစ်နဲ့ ၂ဝ၂၁ ခုနှစ်အတွင်း ပညာရေးဆိုင်ရာအဆောက်အဦးများကို တိုက်ခိုက်မှု အပြင် စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ ပညာရေးဆိုင်ရာ အ ဆောက်အဦးများကို လက်နက်ကိုင်အဖွဲ့များနဲ့ စစ်တပ်တို့ အသုံးချခဲ့တဲ့အဖြစ်အပျက်ပေါင်း အနည်းဆုံးအကြိမ်ရေ (၄၅ဝ)ခန့်ဖြစ်ပွားခဲ့တယ်လို့ ပညာရေးကို တိုက်ခိုက်မှုများမှ ကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ (GCPEA) ကဆိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပညာရေးဆိုင်ရာအဆောက်အဦးများကို တိုက်ခိုက်မှုများ နဲ့ အသုံးချမှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း ၂ဝ၂ဝ ခုနှစ်က စာသင်ကျောင်းပေါင်း (၁ဝ)ကျောင်း ခန့်သာတိုက်ခိုက်ခံခဲ့ရပေမယ့် ၂ဝ၂၁ ခုနှစ်အတွင်း စာသင်ကျောင်းပေါင်း အနည်းဆုံး(၁၉ဝ)ခန့် တိုက်ခိုက်ခံခဲ့ရပြီး စာသင်ကျောင်းများတိုက်ခိုက်ခံရမှုတွေက (၁၈ဝဝ)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း GCPEA ရဲ့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
ပြည်နယ်နဲ့တိုင်းဒေသကြီး အနည်းဆုံး (၁၃)ခုမှာစာသင်ကျောင်းများတိုက်ခိုက်ခံရမှုတွေဖြစ်ခဲ့ပြီး ၂ဝ၂၁ ခုနှစ်မေလ အတွင်း စာသင်ကျောင်းများတိုက်ခိုက်ခံရမှု ပိုမိုများပြားလာခဲ့ကြောင်း စာသင်ကျောင်းများနဲ့ တက္ကသိုလ်များကို စစ်ရေးရည်ရွယ်ချက်နဲ့ အသုံးချနေခြင်းမြင့်တက်နေရာပညာရေး လုံခြုံရေးနဲ့ ဘေးကင်းလုံခြံမှုများအပေါ် ခြိမ်းခြောက်မှုများဖြစ်စေခဲ့ကြောင်း GCPEA ကဆိုပါတယ်။
၂ဝ၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်စာသင်ကျောင်းပေါင်း (၄)ပုံတစ်ပုံက စစ်ရေးရည်ရွယ်ချက်နဲ့ စစ်အခြေစိုက်စခန်းအဖြစ်အသုံးပြုခံရခြင်းများရှိနေခဲ့ကြောင်းလည်း GCPEA ကဆိုပါတယ်။ စာသင်ကျောင်းများ တိုက်ခိုက်ခံရခြင်းနဲ့ ကျောင်းများကို စစ်ရေးရည်ရွယ်ချက်ဖြင့်အသုံးချခြင်းများကြောင့် ကျောင်းသားများ၊ မိဘများနဲ့ ပညာ ရေးဝန်ထမ်းများအပေါ် စိုးရိမ်မှုများဖြစ်စေခဲ့သလို မူလတန်းမှ တက္ကသိုလ်ပညာရေးအထိသင် ကြားသင်ယူမှုများ အပေါ်သက်ရောက်မှုများဖြစ်လာစေခဲ့ကာ ပညာသင်ကြားရေးကို ရေရှည် ဒါမှမဟုတ် ရေတို ရပ်နားရမှုများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း (GCPEA) ကဆိုပါတယ်။

zawgyi version
ျမန္မာႏိုင္ငံရွိ စာသင္ေက်ာင္းမ်ား နဲ႔ တကၠသိုလ္မ်ားကို စစ္ေရးရည္႐ြယ္ခ်က္နဲ႔ အသုံးျပဳမႈမ်ားျမင့္တက္လာေနဟု GCPEA ဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁ဝ
ျမန္မာႏိုင္ငံတြင္ ၂ဝ၂ဝ ခုႏွစ္နဲ႔ ၂ဝ၂၁ ခုႏွစ္အတြင္း ပညာေရးဆိုင္ရာအေဆာက္အဦးမ်ားကို တိုက္ခိုက္မႈ အျပင္ စာသင္ေက်ာင္းမ်ား၊ တကၠသိုလ္မ်ား၊ ပညာေရးဆိုင္ရာ အ ေဆာက္အဦးမ်ားကို လက္နက္ကိုင္အဖြဲ႕မ်ားနဲ႔ စစ္တပ္တို႔ အသုံးခ်ခဲ့တဲ့အျဖစ္အပ်က္ေပါင္း အနည္းဆုံးအႀကိမ္ေရ (၄၅ဝ)ခန႔္ျဖစ္ပြားခဲ့တယ္လို႔ ပညာေရးကို တိုက္ခိုက္မႈမ်ားမွ ကာကြယ္ေရး ကမာၻလုံးဆိုင္ရာ မဟာမိတ္အဖြဲ႕ (GCPEA) ကဆိုပါတယ္။
ျမန္မာႏိုင္ငံမွာ အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ပညာေရးဆိုင္ရာအေဆာက္အဦးမ်ားကို တိုက္ခိုက္မႈမ်ား နဲ႔ အသုံးခ်မႈမ်ား ပိုမိုျမင့္တက္လာခဲ့ေၾကာင္း ၂ဝ၂ဝ ခုႏွစ္က စာသင္ေက်ာင္းေပါင္း (၁ဝ)ေက်ာင္း ခန႔္သာတိုက္ခိုက္ခံခဲ့ရေပမယ့္ ၂ဝ၂၁ ခုႏွစ္အတြင္း စာသင္ေက်ာင္းေပါင္း အနည္းဆုံး(၁၉ဝ)ခန႔္ တိုက္ခိုက္ခံခဲ့ရၿပီး စာသင္ေက်ာင္းမ်ားတိုက္ခိုက္ခံရမႈေတြက (၁၈ဝဝ)ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ေၾကာင္း GCPEA ရဲ႕ ထုတ္ျပန္ ခ်က္မွာေဖာ္ျပထားပါတယ္။
ျပည္နယ္နဲ႔တိုင္းေဒသႀကီး အနည္းဆုံး (၁၃)ခုမွာစာသင္ေက်ာင္းမ်ားတိုက္ခိုက္ခံရမႈေတြျဖစ္ခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္ေမလ အတြင္း စာသင္ေက်ာင္းမ်ားတိုက္ခိုက္ခံရမႈ ပိုမိုမ်ားျပားလာခဲ့ေၾကာင္း စာသင္ေက်ာင္းမ်ားနဲ႔ တကၠသိုလ္မ်ားကို စစ္ေရးရည္႐ြယ္ခ်က္နဲ႔ အသုံးခ်ေနျခင္းျမင့္တက္ေနရာပညာေရး လုံၿခဳံေရးနဲ႔ ေဘးကင္းလုံၿခံမႈမ်ားအေပၚ ၿခိမ္းေျခာက္မႈမ်ားျဖစ္ေစခဲ့ေၾကာင္း GCPEA ကဆိုပါတယ္။
၂ဝ၂၁ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံရွိ တကၠသိုလ္ႏွင့္စာသင္ေက်ာင္းေပါင္း (၄)ပုံတစ္ပုံက စစ္ေရးရည္႐ြယ္ခ်က္နဲ႔ စစ္အေျခစိုက္စခန္းအျဖစ္အသုံးျပဳခံရျခင္းမ်ားရွိေနခဲ့ေၾကာင္းလည္း GCPEA ကဆိုပါတယ္။ စာသင္ေက်ာင္းမ်ား တိုက္ခိုက္ခံရျခင္းနဲ႔ ေက်ာင္းမ်ားကို စစ္ေရးရည္႐ြယ္ခ်က္ျဖင့္အသုံးခ်ျခင္းမ်ားေၾကာင့္ ေက်ာင္းသားမ်ား၊ မိဘမ်ားနဲ႔ ပညာ ေရးဝန္ထမ္းမ်ားအေပၚ စိုးရိမ္မႈမ်ားျဖစ္ေစခဲ့သလို မူလတန္းမွ တကၠသိုလ္ပညာေရးအထိသင္ ၾကားသင္ယူမႈမ်ား အေပၚသက္ေရာက္မႈမ်ားျဖစ္လာေစခဲ့ကာ ပညာသင္ၾကားေရးကို ေရရွည္ ဒါမွမဟုတ္ ေရတို ရပ္နားရမႈမ်ားျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း (GCPEA) ကဆိုပါတယ္။