မုံရွာမြို့ပေါ်ရှိ သိန်းတရာရွှေဆိုင်အား သေနတ်ကိုင်ဆောင်သူ(၅)ဦးက ဝင်ရောက် ဓားပြတိုက်မှုဖြစ်ပွား

 1367

NP News - စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ သိန်းတရာရွှေဆိုင်ကို သေနတ်ကိုင်ဆောင်သူ(၅)ဦးက ဝင်ရောက် ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၁ ရက်)၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် မုံရွာမြို့၊ ဘု ရားကြီးရပ်ကွက်၊ တရုတ်တန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံရှိ သိန်းတရာရွှေဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံသတင်းအရင်းအများက ဆိုသည်။

ကားတစ်စီးဖြင့် သေနတ်ကိုင်ဆောင်ထားသောအမျိုးသား(၅)ဦးက ရွှေဆိုင်အတွင်းဝင်ရောက်ကာ ခြိမ်းခြောက်ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လတ်တလောသတင်းများအရ ဓါးပြတိုက်ခံရမှုကြောင့် သိန်းတရာရွှေဆိုင်မှ ရွှေထည်လက်ဝတ်ရတနာအများအပြား ဆုံးရှုံးခဲ့ကြောင်း သိရပြီး တန်ဖိုးနှင့် ရွှေထည်အတိအကျကိုလည်း မသိရှိရသေးကြောင်း သတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါဓါးပြတိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာမြို့ရဲစခန်းနှင့် စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိပေ။

မုံရွာမြို့တွင် ပြီးခဲ့သောလများအတွင်းကလည်း ဓါးပြတိုက်ခံရမှုဖြစ်စဉ်များရှိခဲ့ပြီး နိုင်ငံတစ်ဝှမ်း၌ လုယက်မှု၊ ဓါးပြတိုက်မှု ဖြစ်စဉ်များမှာ ပိုမိုဖြစ်ပွားလာနေသည်ကို ဖြစ်စဉ်များအရ တွေ့နေရသည်။

zawgyi version
မုံ႐ြာၿမိဳ႕ေပၚရွိ သိန္းတရာေ႐ႊဆိုင္အား ေသနတ္ကိုင္ေဆာင္သူ(၅)ဦးက ဝင္ေရာက္ ဓားျပတိုက္မႈျဖစ္ပြား
NP News - စက္တင္ဘာ ၁၁

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ေပၚရွိ သိန္းတရာေ႐ႊဆိုင္ကို ေသနတ္ကိုင္ေဆာင္သူ(၅)ဦးက ဝင္ေရာက္ ဓားျပတိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၁၁ ရက္)၊ နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ မုံ႐ြာၿမိဳ႕၊ ဘု ရားႀကီးရပ္ကြက္၊ တ႐ုတ္တန္းလမ္းႏွင့္ ဗိုလ္ခ်ဳပ္လမ္းဆုံရွိ သိန္းတရာေ႐ႊဆိုင္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ၿမိဳ႕ခံသတင္းအရင္းအမ်ားက ဆိုသည္။

ကားတစ္စီးျဖင့္ ေသနတ္ကိုင္ေဆာင္ထားေသာအမ်ိဳးသား(၅)ဦးက ေ႐ႊဆိုင္အတြင္းဝင္ေရာက္ကာ ၿခိမ္းေျခာက္ဓါးျပတိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လတ္တေလာသတင္းမ်ားအရ ဓါးျပတိုက္ခံရမႈေၾကာင့္ သိန္းတရာေ႐ႊဆိုင္မွ ေ႐ႊထည္လက္ဝတ္ရတနာအမ်ားအျပား ဆုံးရႈံးခဲ့ေၾကာင္း သိရၿပီး တန္ဖိုးႏွင့္ ေ႐ႊထည္အတိအက်ကိုလည္း မသိရွိရေသးေၾကာင္း သတင္းအရင္းအျမစ္မ်ားက ေျပာသည္။

အဆိုပါဓါးျပတိုက္ခံရမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ မုံ႐ြာၿမိဳ႕ရဲစခန္းႏွင့္ စစ္ကိုင္းတိုင္းအစိုးရ အဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူထံ ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းကိုင္ေျဖၾကားျခင္း မရွိေပ။

မုံ႐ြာၿမိဳ႕တြင္ ၿပီးခဲ့ေသာလမ်ားအတြင္းကလည္း ဓါးျပတိုက္ခံရမႈျဖစ္စဥ္မ်ားရွိခဲ့ၿပီး ႏိုင္ငံတစ္ဝွမ္း၌ လုယက္မႈ၊ ဓါးျပတိုက္မႈ ျဖစ္စဥ္မ်ားမွာ ပိုမိုျဖစ္ပြားလာေနသည္ကို ျဖစ္စဥ္မ်ားအရ ေတြ႕ေနရသည္။

Related news

© 2021. All rights reserved.