ဘီးလင်းမြို့၌ အသက်(၁၂)နှစ်အရွယ်မိန်းကလေးငယ်ကို (၇၅)နှစ်အရွယ်အမျိုးသားမှ အဓမ္မပြုကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်မှုဖြစ်ပွား

 1861

NP News - စက်တင်ဘာ ၁၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့၌ အသက်(၁၂)နှစ်အရွယ်မိန်းကလေးငယ်ကို (၇၅)နှစ်အရွယ်အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ တောင်စွန်းရွာတွင် စက်တင်ဘာ လ ၅ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တောင်စွန်းနယ်မြေရဲစခန်းက NP News ကိုအတည်ပြု ပြောဆိုထားသည်။

တောင်စွန်းရွာတွင် နေထိုင်သော အသက်(၁၂)အရွယ် မသူသူအောင်မှာ ဈေးဝယ်ရန်ထွက်သွားစဉ်အချိန် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၇ ရက်မှသာ ကလေးငယ် ၏အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စက်တင်ဘာလ ၅ ရက်မှာ ကလေးငယ်လေးက ဈေးဝယ်သွားမယ်ဆိုပြီးတော့ အပြင်ထွက်သွားတာလို့ သိရတယ်။ အဲဒီ နောက်ပိုင်းမှာ အိမ်ပြန်ရောက်မလာတော့ဘူး။ စိတ်ပူလို့ လိုက်ရှာရင်းနဲ့ အသက်(၇၅)အရွယ်အမျိုးသားကြီးရဲ့ အိမ်ကို နောက်ဆုံးဝင်သွားတာတွေ့လိုက်တယ်လို့ ပြောဆိုတာတွေရှိလို့ စုံစမ်းမေးမြန်းရင်းနဲ့ အဲဒီကလေးငယ်ရဲ့ အ လောင်းကို သူ့ရဲ့ခြံထဲမှာ မြှုပ်ထားတာကို တွေ့ရတယ်” ဟု ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးငယ် မသူသူအောင်၏ အလောင်းကို ကျိုက်ထိုမြို့မှ ခြံအလုပ်လာလုပ်သော ဦးသိန်းလွင်(ခ)အိဆတ်(ခ)ကျွဲကြီး၏ နေအိမ်ခြံဝန်းအတွင်းမှ ရှာဖွေတွေ့ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အသက်(၇၅)နှစ်အရွယ်ရှိ ဦးသိန်းလွင်ဆိုသူက ကလေးငယ် မသူသူအောင်ကို အဓ္မပြု ကျင့်ကာ သတ်ဖြတ်ပြီးနောက် မြေမြှုပ်နှံကာ အလောင်းဖျောက်ခဲ့ခြင်းဖြစ်ကြောင်း တောင်စွန်းနယ်မြေရဲစခန်းက ဆိုသည်။

ထို့ကြောင့် ဦးသိန်းလွင်(ခ)အိဆတ်(ခ)ကျွဲကြီးကို လက်ရှိတွင် တောင်စွန်းနယ်မြေရဲစခန်းက (ပ) ၄၂/၂ဝဝဝ ဖြင့် ပုဒ်မ ၃၇၆ မုဒိမ်းမှု၊ ပုဒ်မ ၃ဝ၂ လူသတ်မှုနှင့် ပုဒ်မ ၂ဝ၁ အလောင်းဖျောက်ဖျက်မှုတို့ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသက်မပြည့်သေးသည့် ကလေးငယ်များအပေါ် အဓမ္မပြုကျင့်သတ်ဖြတ်သူများအား ထိရောက်ပြင်းထန်သော ပြစ်ဒဏ်များပေးရန်အတွက်လည်း တောင်းဆိုမှုများရှိနေသည်ကို တွေ့ရသည်။

“ဒီလို ရာဇဝတ်ကောင်၊ မုဒိမ်းကောင်တွေကို ဥပဒေနဲ့ ခိုင်ခိုင်မာမာတင်းတင်းကျပ်ကျပ် တားမြစ်မှသာ ထိရောက်တဲ့ ပြစ်ဒဏ်ပေးမှုရှိမှသာ အနာဂတ်ကလေးငယ်တွေကို ကာကွယ်ပြီးသားဖြစ်မှာပါ” ဟုလည်း NP News ၏ သတင်းအရင်းအမြစ် တစ်ဦးက မှတ် ချက်ပြုထားသည်။

zawgyi version
ဘီးလင္းၿမိဳ႕၌ အသက္(၁၂)ႏွစ္အ႐ြယ္မိန္းကေလးငယ္ကို (၇၅)ႏွစ္အ႐ြယ္အမ်ိဳးသားမွ အဓမၼျပဳက်င့္သတ္ျဖတ္ကာ အေလာင္းေဖ်ာက္မႈျဖစ္ပြား
NP News - စက္တင္ဘာ ၁၂

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕၌ အသက္(၁၂)ႏွစ္အ႐ြယ္မိန္းကေလးငယ္ကို (၇၅)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးက အဓမၼျပဳက်င့္သတ္ျဖတ္ကာ အေလာင္းေဖ်ာက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဘီးလင္းၿမိဳ႕နယ္၊ ေတာင္စြန္းေက်း႐ြာအုပ္စု၊ ေတာင္စြန္း႐ြာတြင္ စက္တင္ဘာ လ ၅ ရက္က ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္စြန္းနယ္ေျမရဲစခန္းက NP News ကိုအတည္ျပဳ ေျပာဆိုထားသည္။

ေတာင္စြန္း႐ြာတြင္ ေနထိုင္ေသာ အသက္(၁၂)အ႐ြယ္ မသူသူေအာင္မွာ ေဈးဝယ္ရန္ထြက္သြားစဥ္အခ်ိန္ ေပ်ာက္ဆုံးခဲ့ျခင္းျဖစ္ၿပီး စက္တင္ဘာလ ၇ ရက္မွသာ ကေလးငယ္ ၏အေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“စက္တင္ဘာလ ၅ ရက္မွာ ကေလးငယ္ေလးက ေဈးဝယ္သြားမယ္ဆိုၿပီးေတာ့ အျပင္ထြက္သြားတာလို႔ သိရတယ္။ အဲဒီ ေနာက္ပိုင္းမွာ အိမ္ျပန္ေရာက္မလာေတာ့ဘူး။ စိတ္ပူလို႔ လိုက္ရွာရင္းနဲ႔ အသက္(၇၅)အ႐ြယ္အမ်ိဳးသားႀကီးရဲ႕ အိမ္ကို ေနာက္ဆုံးဝင္သြားတာေတြ႕လိုက္တယ္လို႔ ေျပာဆိုတာေတြရွိလို႔ စုံစမ္းေမးျမန္းရင္းနဲ႔ အဲဒီကေလးငယ္ရဲ႕ အ ေလာင္းကို သူ႔ရဲ႕ၿခံထဲမွာ ျမႇဳပ္ထားတာကို ေတြ႕ရတယ္” ဟု ရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ကေလးငယ္ မသူသူေအာင္၏ အေလာင္းကို က်ိဳက္ထိုၿမိဳ႕မွ ၿခံအလုပ္လာလုပ္ေသာ ဦးသိန္းလြင္(ခ)အိဆတ္(ခ)ကြၽဲႀကီး၏ ေနအိမ္ၿခံဝန္းအတြင္းမွ ရွာေဖြေတြ႕ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

အသက္(၇၅)ႏွစ္အ႐ြယ္ရွိ ဦးသိန္းလြင္ဆိုသူက ကေလးငယ္ မသူသူေအာင္ကို အဓၼျပဳ က်င့္ကာ သတ္ျဖတ္ၿပီးေနာက္ ေျမျမႇဳပ္ႏွံကာ အေလာင္းေဖ်ာက္ခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္စြန္းနယ္ေျမရဲစခန္းက ဆိုသည္။

ထို႔ေၾကာင့္ ဦးသိန္းလြင္(ခ)အိဆတ္(ခ)ကြၽဲႀကီးကို လက္ရွိတြင္ ေတာင္စြန္းနယ္ေျမရဲစခန္းက (ပ) ၄၂/၂ဝဝဝ ျဖင့္ ပုဒ္မ ၃၇၆ မုဒိမ္းမႈ၊ ပုဒ္မ ၃ဝ၂ လူသတ္မႈႏွင့္ ပုဒ္မ ၂ဝ၁ အေလာင္းေဖ်ာက္ဖ်က္မႈတို႔ျဖင့္ ဖမ္းဆီးအေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အသက္မျပည့္ေသးသည့္ ကေလးငယ္မ်ားအေပၚ အဓမၼျပဳက်င့္သတ္ျဖတ္သူမ်ားအား ထိေရာက္ျပင္းထန္ေသာ ျပစ္ဒဏ္မ်ားေပးရန္အတြက္လည္း ေတာင္းဆိုမႈမ်ားရွိေနသည္ကို ေတြ႕ရသည္။

“ဒီလို ရာဇဝတ္ေကာင္၊ မုဒိမ္းေကာင္ေတြကို ဥပေဒနဲ႔ ခိုင္ခိုင္မာမာတင္းတင္းက်ပ္က်ပ္ တားျမစ္မွသာ ထိေရာက္တဲ့ ျပစ္ဒဏ္ေပးမႈရွိမွသာ အနာဂတ္ကေလးငယ္ေတြကို ကာကြယ္ၿပီးသားျဖစ္မွာပါ” ဟုလည္း NP News ၏ သတင္းအရင္းအျမစ္ တစ္ဦးက မွတ္ ခ်က္ျပဳထားသည္။

Related news

© 2021. All rights reserved.