စမိုင်းလ်တို့မိသားစုက နိုင်ငံတကာမှ သံဃာတော် (၁၉၉)ပါးအား ပင့်ဖိတ်ကာ အိမ်သစ်တက်ပွဲပြုလုပ်ခဲ့

 1277

NP News - စက်တင်ဘာ ၁၃

ကိုပြည့်မောင်နှင့် ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်တို့မိသားစုသည် ၄င်းတို့ဝယ်ယူခဲ့သည့် အမေရိကန်ဒေါ်လာ(၁၆ ဒသမ ၇)သန်းတန် စံအိမ်ကြီးတွင် နိုင်ငံတကာမှ သံဃာတော် (၁၉၉)ပါးအား ပင့်ဖိတ်ကာ အိမ်သစ်တက်ပွဲအဖြစ် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်၊ တရားနာရေစက်ချအလှူကြီးတစ်ခုကို စက်တင်ဘာလ ၁ဝ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံဃာတော် (၁၉၉) ပါးတွင် မြန်မာ၊ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား အစရှိသည့် နိုင်ငံအသီးသီးမှ သံဃာတော်များပါဝင်ကြောင်း သိရသည်။

စမိုင်းလ်က သူမ၏နေအိမ်အတွက် အိမ်သစ်တက်ပွဲပြုလုပ်ခဲ့ကြောင်းကို သူမကိုယ်တိုင်အသုံးပြုသည့် ဆိုရှယ်လူမှုကွန်ရက်များတွင် အလှူမြင်ကွင်းဓါတ်ပုံများနှင့်တကွ ပြန် လည်ဖော်ပြထားသည်ကို တွေ့ရသည်။

စမိုင်းလ်က "ကျွန်မရဲ့ဆရာတော်ဘုရားတွေသင်ပေးထားတယ်။ ကိုယ်ရောက်တဲ့နေရာမှာ သာသနာပြန့်ပွားအောင် လုပ်တဲ့။ မြန်မာနိုင်ငံအပြင် နိုင်ငံတကာက သံဃာပေါင်း ၁၉၉ ပါးစုစည်းညီညွတ်ပြီး ဗုဒ္ဓဘာသာသာသနာကို အမေရိကန်နိုင်ငံမှာ ပထမဆုံးပင့်ဖိတ်အိမ်တက်အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ ကုသိုလ်များ ထပ်တူရကြပါစေ"ဟု ဆိုသည်။

ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်နှင့် ကိုပြည့်မောင်တို့ဇနီးမောင်နှံသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှ အပန်းဖြေစံအိမ်ကြီးတစ်ခုကို ကမ္ဘာကျော်မိတ်ကပ်ပညာရှင်၊ အလှကုန်လုပ်ငန်းရှင်၊ Youtuber တစ်ဦးလည်းဖြစ်သည့် Jeffree Star ထံမှ အမေရိကန်ဒေါ်လာ(၁၆ ဒသမ ၇)သန်း၊ မြန်မာငွေ ကျပ်သန်းပေါင်း သုံးသောင်းငါးထောင်ကျော်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်တို့မိသားစုမှ အမေရိကန်နိုင်ငံတွင် ဒေါ်လာ ၁၆ သန်းကျော် အိမ်ကြီးကို ဝယ်ယူလိုက်သည် ဟူသော သတင်းများထွက်ပေါ်လာချိန်က ဆိုရှယ်လူမှုကွန်ရက်တခွင်တွင် လူပြောသူပြောများ ခဲ့သော သတင်းတစ်ပုဒ်ဖြစ်ခဲ့သေးသည်။
မူလပိုင်ရှင်ဖြစ်သော Jeffree Star သည် ၄င်း၏နေအိမ်ကြီးကို လျှပ်စစ်၊ HAVC နှင့် လုံခြုံရေးအစီအစဉ်မျာအားလုံးကို အစားထိုးအဆင့်မြှင့်တင်ခဲ့ပြီး အိမ်၏နေရာအတော်များများကို တောက်ပ လွန်းသော အဖြူရောင်နှင့် ရွှေရောင်ဆေးသုတ်ခဲ့ပြီး သူမ၏ ဒေါ်လာသန်းပေါင်းများစွာတန်သော လက်ဝတ်ရတနာနှင့် အသုံးအဆောင်ပစ္စည်းများ စုဆောင်းမှုအတွက် ဘဏ်တိုက်အသစ်တစ်ခုကိုပါ ထည့်သွင်းတည်ဆောက်ခဲ့ကြောင်း သိရသည်။

စမိုင်းလ်တို့ဇနီးမောင်နှံသည် ယခင်က ကယ်လီဖိုးနီးယားပြည်နယ် Rancho Cucamonga မြို့တွင် အချိန်အတော်ကြာနေထိုင်ခဲ့ဖူးကြောင်း သိရသည်။

ယခု စမိုင်းလ်တို့ဝယ်ယူထားသည့် ဒေါ်လာ ၁၆ ဒသမ ၇ သန်းတန် အိမ်သည် စတုရန်းပေ(၂ဝဝဝဝ) ခန့်ကျယ်ဝန်းပြီး ရေချိုးခန်း(၁၃)ခန်းနှင့် အိပ်ခန်း(၇)ခန်း၊ Spa ခန်း၊ အနှိပ်ခန်း၊ ရုပ်ရှင်ရုံနှင့်အခြားသော ဇိမ်ခံအခန်းပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
စမိုင္းလ္တို႔မိသားစုက ႏိုင္ငံတကာမွ သံဃာေတာ္ (၁၉၉)ပါးအား ပင့္ဖိတ္ကာ အိမ္သစ္တက္ပြဲျပဳလုပ္ခဲ့
NP News - စက္တင္ဘာ ၁၃

ကိုျပည့္ေမာင္ႏွင့္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ စမိုင္းလ္တို႔မိသားစုသည္ ၄င္းတို႔ဝယ္ယူခဲ့သည့္ အေမရိကန္ေဒၚလာ(၁၆ ဒသမ ၇)သန္းတန္ စံအိမ္ႀကီးတြင္ ႏိုင္ငံတကာမွ သံဃာေတာ္ (၁၉၉)ပါးအား ပင့္ဖိတ္ကာ အိမ္သစ္တက္ပြဲအျဖစ္ အႏၲရာယ္ကင္းပရိတ္ ႐ြတ္ဖတ္၊ တရားနာေရစက္ခ်အလႉႀကီးတစ္ခုကို စက္တင္ဘာလ ၁ဝ ရက္၊ နံနက္ပိုင္းက ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

သံဃာေတာ္ (၁၉၉) ပါးတြင္ ျမန္မာ၊ အိႏၵိယ၊ နီေပါ၊ ဘဂၤလားေဒ့ရွ္၊ ထိုင္း၊ သီရိလကၤာ၊ ကေမာၻဒီးယား အစရွိသည့္ ႏိုင္ငံအသီးသီးမွ သံဃာေတာ္မ်ားပါဝင္ေၾကာင္း သိရသည္။

စမိုင္းလ္က သူမ၏ေနအိမ္အတြက္ အိမ္သစ္တက္ပြဲျပဳလုပ္ခဲ့ေၾကာင္းကို သူမကိုယ္တိုင္အသုံးျပဳသည့္ ဆိုရွယ္လူမႈကြန္ရက္မ်ားတြင္ အလႉျမင္ကြင္းဓါတ္ပုံမ်ားႏွင့္တကြ ျပန္ လည္ေဖာ္ျပထားသည္ကို ေတြ႕ရသည္။

စမိုင္းလ္က "ကြၽန္မရဲ႕ဆရာေတာ္ဘုရားေတြသင္ေပးထားတယ္။ ကိုယ္ေရာက္တဲ့ေနရာမွာ သာသနာျပန္႔ပြားေအာင္ လုပ္တဲ့။ ျမန္မာႏိုင္ငံအျပင္ ႏိုင္ငံတကာက သံဃာေပါင္း ၁၉၉ ပါးစုစည္းညီၫြတ္ၿပီး ဗုဒၶဘာသာသာသနာကို အေမရိကန္ႏိုင္ငံမွာ ပထမဆုံးပင့္ဖိတ္အိမ္တက္အႏၲရာယ္ကင္းပရိတ္႐ြတ္ဖတ္ပူေဇာ္ခဲ့ပါတယ္။ ကုသိုလ္မ်ား ထပ္တူရၾကပါေစ"ဟု ဆိုသည္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ စမိုင္းလ္ႏွင့္ ကိုျပည့္ေမာင္တို႔ဇနီးေမာင္ႏွံသည္ အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္မွ အပန္းေျဖစံအိမ္ႀကီးတစ္ခုကို ကမာၻေက်ာ္မိတ္ကပ္ပညာရွင္၊ အလွကုန္လုပ္ငန္းရွင္၊ Youtuber တစ္ဦးလည္းျဖစ္သည့္ Jeffree Star ထံမွ အေမရိကန္ေဒၚလာ(၁၆ ဒသမ ၇)သန္း၊ ျမန္မာေငြ က်ပ္သန္းေပါင္း သုံးေသာင္းငါးေထာင္ေက်ာ္ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ စမိုင္းလ္တို႔မိသားစုမွ အေမရိကန္ႏိုင္ငံတြင္ ေဒၚလာ ၁၆ သန္းေက်ာ္ အိမ္ႀကီးကို ဝယ္ယူလိုက္သည္ ဟူေသာ သတင္းမ်ားထြက္ေပၚလာခ်ိန္က ဆိုရွယ္လူမႈကြန္ရက္တခြင္တြင္ လူေျပာသူေျပာမ်ား ခဲ့ေသာ သတင္းတစ္ပုဒ္ျဖစ္ခဲ့ေသးသည္။
မူလပိုင္ရွင္ျဖစ္ေသာ Jeffree Star သည္ ၄င္း၏ေနအိမ္ႀကီးကို လွ်ပ္စစ္၊ HAVC ႏွင့္ လုံၿခဳံေရးအစီအစဥ္မ်ာအားလုံးကို အစားထိုးအဆင့္ျမႇင့္တင္ခဲ့ၿပီး အိမ္၏ေနရာအေတာ္မ်ားမ်ားကို ေတာက္ပ လြန္းေသာ အျဖဴေရာင္ႏွင့္ ေ႐ႊေရာင္ေဆးသုတ္ခဲ့ၿပီး သူမ၏ ေဒၚလာသန္းေပါင္းမ်ားစြာတန္ေသာ လက္ဝတ္ရတနာႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား စုေဆာင္းမႈအတြက္ ဘဏ္တိုက္အသစ္တစ္ခုကိုပါ ထည့္သြင္းတည္ေဆာက္ခဲ့ေၾကာင္း သိရသည္။

စမိုင္းလ္တို႔ဇနီးေမာင္ႏွံသည္ ယခင္က ကယ္လီဖိုးနီးယားျပည္နယ္ Rancho Cucamonga ၿမိဳ႕တြင္ အခ်ိန္အေတာ္ၾကာေနထိုင္ခဲ့ဖူးေၾကာင္း သိရသည္။

ယခု စမိုင္းလ္တို႔ဝယ္ယူထားသည့္ ေဒၚလာ ၁၆ ဒသမ ၇ သန္းတန္ အိမ္သည္ စတုရန္းေပ(၂ဝဝဝဝ) ခန႔္က်ယ္ဝန္းၿပီး ေရခ်ိဳးခန္း(၁၃)ခန္းႏွင့္ အိပ္ခန္း(၇)ခန္း၊ Spa ခန္း၊ အႏွိပ္ခန္း၊ ႐ုပ္ရွင္႐ုံႏွင့္အျခားေသာ ဇိမ္ခံအခန္းေပါင္းမ်ားစြာျဖင့္ ဖြဲ႕စည္းတည္ေဆာက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.