ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ ငွေကြေးလိမ်လည်သွားတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းရဲစခန်းမှာ အမှုဖွင့်

 872

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၅

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့်သက်တမ်းတိုး လုပ်ပေးမယ်ဆိုပြီး လိမ်လည်သွားတဲ့ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃ ဦးက ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

မစန်းဝင်း အမည်ရှိ မြန်မာအမျိုးသမီးနဲ့ ၄င်းရဲ့ခင်ပွန်းဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ဇွန်လမှာ ထိုင်းနိုင်ငံ Soi Preeda ဒေသရှိ စက်ရုံမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃ ဦးကို ထိုင်းမှာအလုပ်ဆက်လုပ်ခွင့်ရဖို့ အထောက်အထားသက်သေခံနဲ့ ဗီဇာသက်တမ်းတိုးပေးနိုင်ဖို့ တစ်ဦးကို ဘတ်တစ်သောင်းနှုန်းနဲ့ လိမ်လည်မှုလုပ်ဆောင်သွားခဲ့တာဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃ ဦးရဲ့ရှေနေဖြစ်သူက ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်တဲ့ မမီးတူးက သူမနဲ့ စက်ရုံမှာအတူလုပ်တဲ့ အမျိုးသမီးရဲ့မိတ်ဆက်ပေးမှုကြောင့် မစန်းဝင်းအမည်ရှိအမျိုးသမီးနဲ့ သိကျွမ်းခဲ့ပြီး မစန်းဝင်းကို နေထိုင်အလုပ်လုပ်ခွင့်သက်တမ်းတိုး လုပ်ပေးဖို့ အလုပ်အပ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

နေထိုင်အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးမယ်ဆိုလို့ မြန်မာလုပ်သား ၃၃ ဦးက ငွေသား၊ Mobile Banking နဲ့ ဘတ်တစ်သောင်းစီ ဇွန်လကတည်းက ပေးခဲ့တာလို့ လိမ်လည်ခံခဲ့ရသူ မမီးတူဆိုတဲ့ မြန်မာလုပ်သားအမျိုးသမီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သက်တမ်းတိုးအထောက်အထားတွေ မရသေးလို့ အဲဒီအမျိုးသမီးဆီ ဆက်သွယ်တဲ့အခါမှာ စာရွက်စာတမ်းတွေ လုပ်နေတုန်းလို့ပြောပေမယ့် စက်တင်ဘာ ၁၁ ရက်အထိ သက်တမ်းတိုးအထောက်အထားတွေ မရဘူးလို့ မမီးတူဆိုတဲ့ မြန်မာလုပ်သားအမျိုးသမီးက ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မမီးတူးက မစန်းဝင်းဆိုတဲ့အမျိုးသမီးဟာ စက်တင်ဘာ ၁၁ ရက်နေ့မှာ ငွေကြေးများနဲ့အတူ ထွက်ပြေးသွားတဲ့အတွက် ရဲစခန်းမှာ တိုင်ချက်လာဖွင့်တာဖြစ်တယ်လို့ ပြောပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံရွိ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားထံမွ ေငြေၾကးလိမ္လည္သြားတဲ့ ျမန္မာ အမ်ိဳးသမီးတစ္ဦးကို ထိုင္းရဲစခန္းမွာ အမႈဖြင့္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၅

ထိုင္းႏိုင္ငံမွာ ေနထိုင္အလုပ္လုပ္ခြင့္သက္တမ္းတိုး လုပ္ေပးမယ္ဆိုၿပီး လိမ္လည္သြားတဲ့ ျမန္မာႏိုင္ငံသား အမ်ိဳးသမီးတစ္ဦးကို ထိုင္းႏိုင္ငံရွိ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၃၃ ဦးက ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားထားတယ္လို႔ သိရပါတယ္။

မစန္းဝင္း အမည္ရွိ ျမန္မာအမ်ိဳးသမီးနဲ႔ ၄င္းရဲ႕ခင္ပြန္းျဖစ္သူတို႔ဟာ ၿပီးခဲ့တဲ့ဇြန္လမွာ ထိုင္းႏိုင္ငံ Soi Preeda ေဒသရွိ စက္႐ုံမွာအလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၃၃ ဦးကို ထိုင္းမွာအလုပ္ဆက္လုပ္ခြင့္ရဖို႔ အေထာက္အထားသက္ေသခံနဲ႔ ဗီဇာသက္တမ္းတိုးေပးႏိုင္ဖို႔ တစ္ဦးကို ဘတ္တစ္ေသာင္းႏႈန္းနဲ႔ လိမ္လည္မႈလုပ္ေဆာင္သြားခဲ့တာျဖစ္ေၾကာင္း ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၃၃ ဦးရဲ႕ေရွေနျဖစ္သူက ေျပာပါတယ္။

ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦးျဖစ္တဲ့ မမီးတူးက သူမနဲ႔ စက္႐ုံမွာအတူလုပ္တဲ့ အမ်ိဳးသမီးရဲ႕မိတ္ဆက္ေပးမႈေၾကာင့္ မစန္းဝင္းအမည္ရွိအမ်ိဳးသမီးနဲ႔ သိကြၽမ္းခဲ့ၿပီး မစန္းဝင္းကို ေနထိုင္အလုပ္လုပ္ခြင့္သက္တမ္းတိုး လုပ္ေပးဖို႔ အလုပ္အပ္ခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ေနထိုင္အလုပ္လုပ္ခြင့္ သက္တမ္းတိုးေပးမယ္ဆိုလို႔ ျမန္မာလုပ္သား ၃၃ ဦးက ေငြသား၊ Mobile Banking နဲ႔ ဘတ္တစ္ေသာင္းစီ ဇြန္လကတည္းက ေပးခဲ့တာလို႔ လိမ္လည္ခံခဲ့ရသူ မမီးတူဆိုတဲ့ ျမန္မာလုပ္သားအမ်ိဳးသမီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

သက္တမ္းတိုးအေထာက္အထားေတြ မရေသးလို႔ အဲဒီအမ်ိဳးသမီးဆီ ဆက္သြယ္တဲ့အခါမွာ စာ႐ြက္စာတမ္းေတြ လုပ္ေနတုန္းလို႔ေျပာေပမယ့္ စက္တင္ဘာ ၁၁ ရက္အထိ သက္တမ္းတိုးအေထာက္အထားေတြ မရဘူးလို႔ မမီးတူဆိုတဲ့ ျမန္မာလုပ္သားအမ်ိဳးသမီးက ေျပာပါတယ္။

ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားရဲ႕ကိုယ္စားလွယ္တစ္ဦးျဖစ္သူ မမီးတူးက မစန္းဝင္းဆိုတဲ့အမ်ိဳးသမီးဟာ စက္တင္ဘာ ၁၁ ရက္ေန႔မွာ ေငြေၾကးမ်ားနဲ႔အတူ ထြက္ေျပးသြားတဲ့အတြက္ ရဲစခန္းမွာ တိုင္ခ်က္လာဖြင့္တာျဖစ္တယ္လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.