ရေကြည်မြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး(၂)ဦး စီးနင်းလာသော ဆိုင်ကယ်သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ၍ တစ်ဦးသေဆုံးခဲ့

 791

NP News - စက်တင်ဘာ ၁၆

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး(၂)ဦး စီးနင်းလာသော ဆိုင်ကယ်သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ၍ တစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက် နေ့လည် ၃ နာရီခွဲအချိန်ခန့်တွင် ဒေါင့်မှန်ကုန်းကျေးရွာနှင့် ကျုံတောကျေးရွာကြားရှိ ငါးသိုင်းချောင်း-အိုင်သပြု ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါဖြစ်စဉ်မှာ ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းဝင်း(၆၅) နှစ် နှင့် ပိတောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေး (၅၃)နှစ်တို့ (၂)ဦးသည် ရေကြည်မြို့မှ ဆိုင်ကယ်တစ်စီးဖြင့် ပြန်ထွက်လာချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ရေကြည်မြို့မှ ပြန်ထွက်လာသော အုပ်ချုပ်ရေးမှူး(၂)ဦးသည် ငါးသိုင်းချောင်း-အိုင်သပြုကားလမ်း မိုင်တိုင်အမှတ် (၁၄)မိုင် (၃)ဖာလုံ နှင့် (၄)ဖာလုံကြား အရောက်တွင် ၎င်းတို့၏ အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်လာသော အကြမ်းဖက်သမား(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

၎င်းပစ်ခတ်မှုကြောင့် ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းဝင်း(၆၅)နှစ်တွင် နားနောက်၊ မေးရိုးနှင့် လည်ပင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၃)ချက်ရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ပြီး ပိတောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေးတွင် ကျည်ထိမှန်ခဲ့ခြင်းမရှိသော်လည်း ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် လက်တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ ညနေ ၅ နာရီအချိန်တွင် မတ္တရာမြို့၊ လက်ဝဲကြီးကျေးရွာတွင် နေထိုင်သူ ဆယ်အိမ်မှူး ဦးစိုးလှိုင်ဝင်း(၄၈)နှစ်သည် နေအိမ်မှ ၎င်း၏ယာတဲသို့ လမ်းလျှောက်သွားစဉ် ရွာလယ်ဘုန်းကြီးကျောင်းအနီးအရောက်၌ အကြမ်းဖက်သမားက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးစိုးလှိုင်ဝင်းတွင် ချိုစောင်းမှ မျက်ခုံးအပေါ်သို့ ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

Zawgyi Version;
ေရၾကည္ၿမိဳ႕တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး(၂)ဦး စီးနင္းလာေသာ ဆိုင္ကယ္ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရ၍ တစ္ဦးေသဆုံးခဲ့
NP News - စက္တင္ဘာ ၁၆

ဧရာဝတီတိုင္း၊ ေရၾကည္ၿမိဳ႕နယ္တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး(၂)ဦး စီးနင္းလာေသာ ဆိုင္ကယ္ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရ၍ တစ္ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၁၄ ရက္ ေန႔လည္ ၃ နာရီခြဲအခ်ိန္ခန႔္တြင္ ေဒါင့္မွန္ကုန္းေက်း႐ြာႏွင့္ က်ဳံေတာေက်း႐ြာၾကားရွိ ငါးသိုင္းေခ်ာင္း-အိုင္သျပဳ ကားလမ္းေပၚတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါျဖစ္စဥ္မွာ ဇရပ္လွေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သိန္းဝင္း(၆၅) ႏွစ္ ႏွင့္ ပိေတာက္ေခ်ာင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ေအး (၅၃)ႏွစ္တို႔ (၂)ဦးသည္ ေရၾကည္ၿမိဳ႕မွ ဆိုင္ကယ္တစ္စီးျဖင့္ ျပန္ထြက္လာခ်ိန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

ေရၾကည္ၿမိဳ႕မွ ျပန္ထြက္လာေသာ အုပ္ခ်ဳပ္ေရးမႉး(၂)ဦးသည္ ငါးသိုင္းေခ်ာင္း-အိုင္သျပဳကားလမ္း မိုင္တိုင္အမွတ္ (၁၄)မိုင္ (၃)ဖာလုံ ႏွင့္ (၄)ဖာလုံၾကား အေရာက္တြင္ ၎တို႔၏ အေနာက္မွ ဆိုင္ကယ္တစ္စီးျဖင့္ လိုက္လာေသာ အၾကမ္းဖက္သမား(၂)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

၎ပစ္ခတ္မႈေၾကာင့္ ဇရပ္လွေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သိန္းဝင္း(၆၅)ႏွစ္တြင္ နားေနာက္၊ ေမး႐ိုးႏွင့္ လည္ပင္းတို႔တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာ (၃)ခ်က္ရရွိကာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ၿပီး ပိေတာက္ေခ်ာင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ေအးတြင္ က်ည္ထိမွန္ခဲ့ျခင္းမရွိေသာ္လည္း ဆိုင္ကယ္တိမ္းေမွာက္မႈေၾကာင့္ လက္တြင္ ပြန္းပဲ့ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အလားတူ ညေန ၅ နာရီအခ်ိန္တြင္ မတၱရာၿမိဳ႕၊ လက္ဝဲႀကီးေက်း႐ြာတြင္ ေနထိုင္သူ ဆယ္အိမ္မႉး ဦးစိုးလႈိင္ဝင္း(၄၈)ႏွစ္သည္ ေနအိမ္မွ ၎၏ယာတဲသို႔ လမ္းေလွ်ာက္သြားစဥ္ ႐ြာလယ္ဘုန္းႀကီးေက်ာင္းအနီးအေရာက္၌ အၾကမ္းဖက္သမားက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။

အဆိုပါပစ္ခတ္မႈေၾကာင့္ ဦးစိုးလႈိင္ဝင္းတြင္ ခ်ိဳေစာင္းမွ မ်က္ခုံးအေပၚသို႔ က်ည္ေဖာက္ထြက္ဒဏ္ရာတစ္ခ်က္ရရွိခဲ့ၿပီး အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

Picture

Yesaitpho email Yesaitphone

18/09/2022 05:53

ပျော်နေလား

Related news

© 2021. All rights reserved.