မြန်မာနိုင်ငံကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဆွေးနွေးမှုမိတ်ဖက်နိုင်ငံအဖြစ် ပါဝင်ခွင့်ပြု

 1373

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၆

ဥဇဘတ်ကစ္စတန် သမ္မတ Shavkat Mirziyoyev က ဘာရိန်း၊ မော်လဒိုက်၊ ကူဝိတ်၊ ယူအေးအီးနှင့် မြန်မာနိုင်ငံတို့ကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ဆွေးနွေးမှုမိတ်ဖက်နိုင်ငံများအဖြစ် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဥဇဘက်ကစ္စတန်နိုင်ငံတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး (SCO) အဖွဲ့အစည်းအဝေးကျင်းပနေရာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ရုရှားနိုင်ငံတို့အပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ခေါင်းဆောင်များ တက်ရောက်နေပြီး ဘီလာရုစ့်အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ပြုခြင်းကို ကြေညာသွားမည်ဖြစ်ကြောင်း ဥဇဘတ်ကစ္စတန်သမ္မတ က ပြောသည်။

စက်တင်ဘာ ၁၆ရက်နေ့တွင် အီရန်နိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် နားလည်မှုစာချွန်လွာကို လက်မှတ်ရေးထိုးသွားမည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် ဘာရိန်း၊ မော်လဒိုက်၊ ကူဝိတ်၊ ယူအေအီး၊ မြန်မာနိုင်ငံ တို့ကိုလည်း ဆွေးနွေးမှုမိတ်ဖက်နိုင်ငံများအဖြစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေး (SCO) ကို ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာခန့်မြို့တွင် စက်တင်ဘာ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့တို့ ကျင်းပနေပြီး (SCO) အဖွဲ့ ခေါင်းဆောင်များကြား ၂ဝ၁၈- ၂ဝ၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးကြခြင်းလည်းဖြစ်သည်။

အဆိုပါရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးကို နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်း ၁ဝ ခု၏ ခေါင်းဆောင်များ တက်ရောက်လျက်ရှိနေကြောင်းသိရသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ၂ဝဝ၁ ခုနှစ်တွင် ရုရှား၊ တရုတ်တို့ ဦးဆောင်မှုဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအဖြစ် ရုရှား၊ တရုတ်၊ ပါကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ကာဇက်စတန်၊ အီရန်၊ ကာဂျစ္စတန်တို့ ပူးပေါင်းပါဝင်လျက်ရှိနေကြောင်း သိရသည်။

ထို့အပြင် အာဖန်နစ္စတန်၊ မွန်ဂိုလီးယား၊ ဘီလာရုစ့်တို့သည် လေ့လာသူနိုင်ငံများအဖြစ် ပါဝင်လျက်ရှိနေကြောင်းသိရသည်။ အဆိုပါအဖွဲ့သည် ဒေသအတွင်းဆိုင်ရာအဖွဲ့အစည်းများထဲတွင် အကြီးဆုံးအဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၄ဝ ရာခိုင်နှုန်း ကမ္ဘ့ာဂျီဒီပီ၏ ၃ဝ ရာခိုင် နှုန်းရှိနေသည့် အဖွဲ့အစည်းဖြစ်ကြောင်းသိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံကို ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕၏ ေဆြးေႏြးမႈမိတ္ဖက္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ျပဳ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၆

ဥဇဘတ္ကစၥတန္ သမၼတ Shavkat Mirziyoyev က ဘာရိန္း၊ ေမာ္လဒိုက္၊ ကူဝိတ္၊ ယူေအးအီးႏွင့္ ျမန္မာႏိုင္ငံတို႔ကို ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO) ၏ ေဆြးေႏြးမႈမိတ္ဖက္ႏိုင္ငံမ်ားအျဖစ္ ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ဥဇဘက္ကစၥတန္ႏိုင္ငံတြင္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရး (SCO) အဖြဲ႕အစည္းအေဝးက်င္းပေနရာ တ႐ုတ္၊ အိႏၵိယ၊ ပါကစၥတန္၊ ႐ုရွားႏိုင္ငံတို႔အပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ေခါင္းေဆာင္မ်ား တက္ေရာက္ေနၿပီး ဘီလာ႐ုစ့္အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ျပဳျခင္းကို ေၾကညာသြားမည္ျဖစ္ေၾကာင္း ဥဇဘတ္ကစၥတန္သမၼတ က ေျပာသည္။

စက္တင္ဘာ ၁၆ရက္ေန႔တြင္ အီရန္ႏိုင္ငံသည္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕၏ အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ နားလည္မႈစာခြၽန္လြာကို လက္မွတ္ေရးထိုးသြားမည္ျဖစ္ ေၾကာင္း သိရသည္။

ထို႔အျပင္ ဘာရိန္း၊ ေမာ္လဒိုက္၊ ကူဝိတ္၊ ယူေအအီး၊ ျမန္မာႏိုင္ငံ တို႔ကိုလည္း ေဆြးေႏြးမႈမိတ္ဖက္ႏိုင္ငံမ်ားအျဖစ္ ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕အစည္းအေဝး (SCO) ကို ဥဇဘက္ကစၥတန္ႏိုင္ငံ ဆာမာခန႔္ၿမိဳ႕တြင္ စက္တင္ဘာ ၁၅ ရက္ေန႔ ႏွင့္ ၁၆ ရက္ေန႔တို႔ က်င္းပေနၿပီး (SCO) အဖြဲ႕ ေခါင္းေဆာင္မ်ားၾကား ၂ဝ၁၈- ၂ဝ၁၉ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံေဆြးေႏြးၾကျခင္းလည္းျဖစ္သည္။

အဆိုပါရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕အစည္းအေဝးကို ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံမွ ေခါင္းေဆာင္မ်ား၊ ႏိုင္ငံတကာအဖြဲ႕အစည္း ၁ဝ ခု၏ ေခါင္းေဆာင္မ်ား တက္ေရာက္လ်က္ရွိေနေၾကာင္းသိရသည္။

ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကို ၂ဝဝ၁ ခုႏွစ္တြင္ ႐ုရွား၊ တ႐ုတ္တို႔ ဦးေဆာင္မႈျဖင့္ စတင္ဖြဲ႕စည္းခဲ့ၿပီး လက္ရွိအခ်ိန္တြင္ အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံမ်ားအျဖစ္ ႐ုရွား၊ တ႐ုတ္၊ ပါကစၥတန္၊ ဥဇဘက္ကစၥတန္၊ တာဂ်စ္ကစၥတန္၊ ပါကစၥတန္၊ အိႏၵိယ၊ ကာဇက္စတန္၊ အီရန္၊ ကာဂ်စၥတန္တို႔ ပူးေပါင္းပါဝင္လ်က္ရွိေနေၾကာင္း သိရသည္။

ထို႔အျပင္ အာဖန္နစၥတန္၊ မြန္ဂိုလီးယား၊ ဘီလာ႐ုစ့္တို႔သည္ ေလ့လာသူႏိုင္ငံမ်ားအျဖစ္ ပါဝင္လ်က္ရွိေနေၾကာင္းသိရသည္။ အဆိုပါအဖြဲ႕သည္ ေဒသအတြင္းဆိုင္ရာအဖြဲ႕အစည္းမ်ားထဲတြင္ အႀကီးဆုံးအဖြဲ႕အစည္းျဖစ္ၿပီး ကမာၻ႔လူဦးေရ၏ ၄ဝ ရာခိုင္ႏႈန္း ကမၻ့ာဂ်ီဒီပီ၏ ၃ဝ ရာခိုင္ ႏႈန္းရွိေနသည့္ အဖြဲ႕အစည္းျဖစ္ေၾကာင္းသိရသည္။

Picture

Pyinnyar Nanda

16/09/2022 16:46

🇲🇲Congratulations🇲🇲

Picture

U Myo Myat

16/09/2022 17:32

👍👍👍👍👍💪💪💪🤝🤝🤝

Related news

© 2021. All rights reserved.