ပြင်ဦးလွင်မြို့၌ ကလေးငယ်တစ်ဦးအပါအဝင်(၅)လောင်းပြိုင် လူသတ်မှုဖြစ်ပွား
2453
NP News - စက်တင်ဘာ ၁၈
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ အနီးစခန်းလေယာဉ်ကွင်းအနီးတွင် ကလေးငယ်တစ်ဦးအပါအဝင် (၅)လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၁၇ရက်) ညပိုင်းတွင် အနီးစခန်းလေယာဉ်ကွင်း၏ အနောက်ဘက် ဇီးခါးချောင်းဘေးရှိ ကြက်ခြံတွင် ဖြစ်ပွားခဲ့ကြောင်း တုသိတာလူမှုကူညီရေးအသင်းထံမှ သိရသည်။
အသတ်ခံရသူများထဲတွင် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦးနှင့် ကလေးငယ်တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။
“အသက်ခံရတာက ကလေးရောဆိုရင် (၅)ယောက်ပေါ့။ အကုန်လုံးဆုံးသွားတာ။ က လေးကတော့ လမ်းမှာဆေးရုံပို့ရင်းဆုံးသွားတာ”ဟု တုသိတာ လူမှုကူညီရေးအသင်းမှ ဦးစိုင်းညွန့်မှဆိုသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
zawgyi version
NP News - စက်တင်ဘာ ၁၈