မိုးမိတ်မြို့၌ တပ်မတော်နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကြား စစ်ရေး ဆက်လက်တင်းမာနေဟုဆို

 1367

မျိုးကြီး (NP News) - စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့၌ တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကြား စစ်ရေးဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။

မိုးမိတ်မြို့နယ်၊ ဝမ်အုံကျေးရွာ၏မြောက်ဘက် ဟွေခမ်းတောင်ကြော၌ စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းတွင် တပ်မတော် နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း SSPP အသိုင်းအဝိုင်းဘက်က ဆိုထားသည်။

အဆိုပါတိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ ရက်တွင် မိုးမိတ်မြို့နယ်အတွင်း အခြေချလှုပ်ရှားနေသော SSPP/ SSA တပ်ဖွဲ့များကို မိုးမိတ်မြို့ နယ်ထဲမှ ထွက်ပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ် ဆင့် အကြောင်းကြားမှုများရှိကြောင်း SSPP ဘက်က အသိပေးပြောဆိုထားသည်။

သို့သော် SSPP/SSA ဘက်က မိုးမိတ်မြို့နယ်အတွင်းမှ ထွက်ခွာခြင်းမရှိဘဲ ဆက်လက်အခြေချလှုပ်ရှားနေစဉ် တပ်မတော် နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း SSPP အသိုင်းအဝိုင်းဘက်က ပြောဆိုထားသည်။

ယနေ့ (စက်တင်ဘာလ ၁၈ ရက်) ညနေပိုင်းအထိ တပ်မတော်နှင့် SSPP/SSA တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်အင်အားဖြည့်တင်းနေမှုများကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်းလည်း အဆိုပါအသိုင်းအဝိုင်းဘက်က အသိပေးပြောဆိုထား သည်။

တပ်မတော်နှင့် SSPP/SSA တို့အကြား ဖြစ်ပွားသော တိုက်ပွဲနှင့်ပတ်သက်၍ NP News မှ နစက၏ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်နေသော်လည်း အဆက်အသွယ် မရရှိသေးပေ။

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)သည် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးကို တက်ရောက်ဆွေးနွေးခဲ့သော လက်နက် ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

zawgyi version
မိုးမိတ္ၿမိဳ႕၌ တပ္မေတာ္ႏွင့္ ရွမ္းလက္နက္ကိုင္အဖြဲ႕ SSPP တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္ၾကား စစ္ေရး ဆက္လက္တင္းမာ ေနဟုဆို
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၁၈

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မိုးမိတ္ၿမိဳ႕၌ တပ္မေတာ္ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP/SSA) တို႔တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္ၾကား စစ္ေရးဆက္လက္တင္းမာေနေၾကာင္း သတင္းရရွိသည္။

မိုးမိတ္ၿမိဳ႕နယ္၊ ဝမ္အုံေက်း႐ြာ၏ေျမာက္ဘက္ ေဟြခမ္းေတာင္ေၾကာ၌ စက္တင္ဘာလ ၁၇ ရက္ ညေနပိုင္းတြင္ တပ္မေတာ္ ႏွင့္ SSPP/SSA တို႔ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း SSPP အသိုင္းအဝိုင္းဘက္က ဆိုထားသည္။

အဆိုပါတိုက္ပြဲအတြင္း ထိခိုက္ေသဆုံးမႈႏွင့္ ထိခိုက္ဒဏ္ရာရရွိမႈမ်ားလည္းရွိေၾကာင္း သိရသည္။

စက္တင္ဘာလ ၁၆ ရက္တြင္ မိုးမိတ္ၿမိဳ႕နယ္အတြင္း အေျခခ်လႈပ္ရွားေနေသာ SSPP/ SSA တပ္ဖြဲ႕မ်ားကို မိုးမိတ္ၿမိဳ႕ နယ္ထဲမွ ထြက္ေပးရန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမွတစ္ ဆင့္ အေၾကာင္းၾကားမႈမ်ားရွိေၾကာင္း SSPP ဘက္က အသိေပးေျပာဆိုထားသည္။

သို႔ေသာ္ SSPP/SSA ဘက္က မိုးမိတ္ၿမိဳ႕နယ္အတြင္းမွ ထြက္ခြာျခင္းမရွိဘဲ ဆက္လက္အေျခခ်လႈပ္ရွားေနစဥ္ တပ္မေတာ္ ႏွင့္ ႏွစ္ဖက္ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း SSPP အသိုင္းအဝိုင္းဘက္က ေျပာဆိုထားသည္။

ယေန႔ (စက္တင္ဘာလ ၁၈ ရက္) ညေနပိုင္းအထိ တပ္မေတာ္ႏွင့္ SSPP/SSA တို႔ၾကား ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားျခင္းမရွိေသးေသာ္လည္း စစ္အင္အားျဖည့္တင္းေနမႈမ်ားေၾကာင့္ ႏွစ္ဖက္စစ္ေရးတင္းမာေနေၾကာင္းလည္း အဆိုပါအသိုင္းအဝိုင္းဘက္က အသိေပးေျပာဆိုထား သည္။

တပ္မေတာ္ႏွင့္ SSPP/SSA တို႔အၾကား ျဖစ္ပြားေသာ တိုက္ပြဲႏွင့္ပတ္သက္၍ NP News မွ နစက၏ ေျပာေရးဆိုခြင့္ရွိသူထံ ဆက္သြယ္ေနေသာ္လည္း အဆက္အသြယ္ မရရွိေသးေပ။

ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP/SSA)သည္ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္ ဖိတ္ေခၚေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးကို တက္ေရာက္ေဆြးေႏြးခဲ့ေသာ လက္နက္ ကိုင္အဖြဲ႕အစည္းတစ္ခုလည္း ျဖစ္သည္။

Related news

© 2021. All rights reserved.