မြန်မာနဲ့ အိန္ဒိယနယ်စပ်နားမှာတွေ့ရှိရတဲ့ ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးကြီးကို အောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ကြောင်း အိန္ဒိယစစ်ဘက်ပြော

 559

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉

အိန္ဒိယနယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့တွေဟာ မြန်မာနဲ့ အိန္ဒိယနယ်စပ်နားရှိ ဒုတိယကမ္ဘာစစ်လက်နက်ဗုံးကြီးတစ်လုံးကို ဘေးကင်းအောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ကြောင်း အိန္ဒိယသတင်းတွေက ဖော်ပြပါတယ်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အေအက်စ် ဝါလိုင်က မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ကမ်ဂျွန်ဒေသမှာ ဒေသခံတွေဟာ မြေကြီးကိုတူးဆွချိန်အတွင်း ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးကြီးတစ်လုံးကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေဟာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေကို အသိပေးအကြောင်းကြားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေဟာ အလေးချိန် ၂၅ဝ ပေါင်ရှိ ဗုံးကြီးကို ဘေးကင်းစွာနဲ့ လာရောက်ယူဆောင်ကာ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မဏိပူရပြည်နယ်ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဒေသခံပေါင်း ၂၅ဝ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ပြီး ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဗုံးကို ဖျက်ဆီးမှုပြုလုပ်မယ့် နေရာ နဲ့ ၂ ကီလိုမီတာအတွင်းကို လူတွေ၊ တိရစ္ဆာန်တွေ မလာရောက်စေဖို့ အိန္ဒိယအာဏာ ပိုင်တွေက ကြိုတင်သတိပေးခဲ့ကြောင်း၊ ဗုံး ဖျက်ဆီးမှုအောင်မြင်ခဲ့ပြီး တစ်စုံတစ်ရာအန္တရာယ်မရှိခဲ့ကြောင်း၊ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိနေရာအများအပြားမှာ ဒုတိယကမ္ဘာစစ်ပွဲအတွင်းက ဂျပန်တပ်ဖွဲ့ဝင်များနဲ့ ဗြိတိန်တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ဖူးတယ်လို့ သိရပါတယ်။

ဂျပန်တပ်ဖွဲ့တွေဟာ ဒုတိယကမ္ဘာစစ်ပွဲအတွင်း မဏိပူရပြည်နယ် နဲ့ နာဂလန်ပြည်နယ်တွေဆီ ရောက်ရှိခဲ့ပြီး ဗြိတိန်တပ်ဖွဲ့များနဲ့ တိုက်ပွဲများ နေရာအများအပြားမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ျမန္မာနဲ႔ အိႏၵိယနယ္စပ္နားမွာေတြ႕ရွိရတဲ့ ဒုတိယကမာၻစစ္ လက္က်န္ဗုံးႀကီးကို ေအာင္ျမင္စြာဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း အိႏၵိယစစ္ဘက္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉

အိႏၵိယနယ္စပ္ေဒသလုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ ျမန္မာနဲ႔ အိႏၵိယနယ္စပ္နားရွိ ဒုတိယကမာၻစစ္လက္နက္ဗုံးႀကီးတစ္လုံးကို ေဘးကင္းေအာင္ျမင္စြာ ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း အိႏၵိယသတင္းေတြက ေဖာ္ျပပါတယ္။

အိႏၵိယ ကာကြယ္ေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ေအအက္စ္ ဝါလိုင္က ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္ ကမ္ဂြၽန္ေဒသမွာ ေဒသခံေတြဟာ ေျမႀကီးကိုတူးဆြခ်ိန္အတြင္း ဒုတိယကမာၻစစ္လက္က်န္ ဗုံးႀကီးတစ္လုံးကိုေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ေဒသခံေတြဟာ အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕ေတြကို အသိေပးအေၾကာင္းၾကားခဲ့ၿပီးေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ အေလးခ်ိန္ ၂၅ဝ ေပါင္ရွိ ဗုံးႀကီးကို ေဘးကင္းစြာနဲ႔ လာေရာက္ယူေဆာင္ကာ ဖ်က္ဆီးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

မဏိပူရျပည္နယ္ရဲတပ္ဖြဲ႕နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ ေဒသခံေပါင္း ၂၅ဝ ကို ေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္းေပးခဲ့ၿပီး ဖ်က္ဆီးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဗုံးကို ဖ်က္ဆီးမႈျပဳလုပ္မယ့္ ေနရာ နဲ႔ ၂ ကီလိုမီတာအတြင္းကို လူေတြ၊ တိရစာၦန္ေတြ မလာေရာက္ေစဖို႔ အိႏၵိယအာဏာ ပိုင္ေတြက ႀကိဳတင္သတိေပးခဲ့ေၾကာင္း၊ ဗုံး ဖ်က္ဆီးမႈေအာင္ျမင္ခဲ့ၿပီး တစ္စုံတစ္ရာအႏၲရာယ္မရွိခဲ့ေၾကာင္း၊ အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္းေဒသရွိေနရာအမ်ားအျပားမွာ ဒုတိယကမာၻစစ္ပြဲအတြင္းက ဂ်ပန္တပ္ဖြဲ႕ဝင္မ်ားနဲ႔ ၿဗိတိန္တပ္ဖြဲ႕ဝင္မ်ား ထိေတြ႕တိုက္ပြဲမ်ားျဖစ္ပြားခဲ့ဖူးတယ္လို႔ သိရပါတယ္။

ဂ်ပန္တပ္ဖြဲ႕ေတြဟာ ဒုတိယကမာၻစစ္ပြဲအတြင္း မဏိပူရျပည္နယ္ နဲ႔ နာဂလန္ျပည္နယ္ေတြဆီ ေရာက္ရွိခဲ့ၿပီး ၿဗိတိန္တပ္ဖြဲ႕မ်ားနဲ႔ တိုက္ပြဲမ်ား ေနရာအမ်ားအျပားမွာ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.