ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည့် သက်မွေးပညာသင်တန်းစင်တာ လာမည့် (၅)လအတွင်းပြီးစီးမည်

 581

ယွန်း (NP News) - စက်တင်ဘာ ၁၉

မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေဖြင့် တည်ဆောက်သွားမည့် သက်မွေးပညာသင်တန်းစင်တာပြီးစီးပါက ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ အလုပ်အကိုင်အ ခွင့်အလမ်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ယမန်နေ့(စက်တင်ဘာလ ၁၈ရက်) တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် အေးသာယာမြို့အမှတ်(၂)ရပ်ကွက် မြေကွက်အမှတ်(၉၃)၌ ကျင်းပသောအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ “ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာစင်တာ”ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂ဝ၂၁)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

၎င်းသက်မွေးပညာစင်တာအဆောက်အအုံကို ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီး သတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အဆိုပါ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အထက်ပါသင်တန်းစင်တာပြီးစီးပါက ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ပျူတာသင်တန်း အပါအဝင် စက်ချုပ်သင်တန်းနှင့် စက်ပြင်သင်တန်းများစသော သက်မွေးပညာကာလတို သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုတည်ဆောက်မည့် သက်မွေးပညာသင်တန်းစင်တာသည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်အစပြုသည့် အမှတ်အသားတစ်ခုဖြစ်ခြင်းကြောင့် အဆောက်အအုံအား အမြန်ဆုံးပြီးမြောက်အောင် ဝိုင်းဝန်းကြိုးပမ်းရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က တိုက်တွန်းပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုကိစ္စများနှင့် တိုင်းရင်း သား အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နေသကဲ့သို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ရွမ္းျပည္နယ္ရွိ တိုင္းရင္းသားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ားဖန္တီးေပးႏိုင္မည့္ သက္ေမြးပညာသင္တန္းစင္တာ လာမည့္ (၅)လအတြင္းၿပီးစီးမည္
ယြန္း (NP News) - စက္တင္ဘာ ၁၉

မဲေခါင္-လ်န္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈ ရန္ပုံေငြျဖင့္ တည္ေဆာက္သြားမည့္ သက္ေမြးပညာသင္တန္းစင္တာၿပီးစီးပါက ရွမ္းျပည္နယ္ရွိ တိုင္းရင္းသားမ်ား အလုပ္အကိုင္အ ခြင့္အလမ္း ပိုမိုရရွိႏိုင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးေစာထြန္းေအာင္ျမင့္က ေျပာသည္။

တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေစာထြန္းေအာင္ျမင့္က ယမန္ေန႔(စက္တင္ဘာလ ၁၈ရက္) တြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕နယ္ ေအးသာယာၿမိဳ႕အမွတ္(၂)ရပ္ကြက္ ေျမကြက္အမွတ္(၉၃)၌ က်င္းပေသာအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါ “ ရွမ္းျပည္နယ္ တိုင္းရင္းသားေရးရာႏွင့္ သက္ေမြးပညာစင္တာ”ကို မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈ အထူးရန္ပုံေငြ (၂ဝ၂၁)ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးကဆိုသည္။

၎သက္ေမြးပညာစင္တာအေဆာက္အအုံကို ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း အၿပီး သတ္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အဆိုပါ အခမ္းအနားတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

အထက္ပါသင္တန္းစင္တာၿပီးစီးပါက ရွမ္းျပည္နယ္အတြင္းရွိ ေဒသခံတိုင္းရင္းသားမ်ား ၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ကြန္ပ်ဴတာသင္တန္း အပါအဝင္ စက္ခ်ဳပ္သင္တန္းႏွင့္ စက္ျပင္သင္တန္းမ်ားစေသာ သက္ေမြးပညာကာလတို သင္တန္းမ်ားကို ဖြင့္လွစ္ သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ယခုတည္ေဆာက္မည့္ သက္ေမြးပညာသင္တန္းစင္တာသည္ ရွမ္းျပည္နယ္ရွိ တိုင္းရင္းသားမ်ား၏ လူမႈဘဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္အစျပဳသည့္ အမွတ္အသားတစ္ခုျဖစ္ျခင္းေၾကာင့္ အေဆာက္အအုံအား အျမန္ဆုံးၿပီးေျမာက္ေအာင္ ဝိုင္းဝန္းႀကိဳးပမ္းရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးေစာထြန္းေအာင္ျမင့္က တိုက္တြန္းေျပာၾကားခဲ့သည္။

ဝန္ႀကီးဌာနအေနျဖင့္ တိုင္းရင္းသားမ်ား၏ စာေပႏွင့္ ယဥ္ေက်းမႈကိစၥမ်ားႏွင့္ တိုင္းရင္း သား အခြင့္အေရးဆိုင္ရာ ကိစၥရပ္မ်ားကို ေဆာင္႐ြက္ေနသကဲ့သို႔ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကိုလည္း တစ္ဖက္တစ္လမ္းမွ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.