ယာခင်းသို့သွားစဉ် ထောင်ထားသည့် မိုင်းအား တိုက်မိပေါက်ကွဲခဲ့၍ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့

 564

NP News - စက်တင်ဘာ ၁၉

မကွေးတိုင်း၊ ပေါက်မြို့တွင် ယာခင်းထဲသို့ အလုပ်လုပ်ရန်သွားစဉ် ထောင်ထားသည့် မိုင်းအားတိုက်မိပေါက်ကွဲခဲ့၍ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၆ရက်၊ နံနက် ၉နာရီအချိန်တွင် ပေါက်မြို့နယ်၊ ချောင်းကူးကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါဖြစ်စဉ်မှာ ချောင်းကူးကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် ဦးကျော်ထွန်းဦး (၄၄)နှစ်နှင့် ဒေါ်ခင်သန်းဦး(၅ဝ)နှစ်တို့နှစ်ဦးသည် ရွာ၏အနောက်မြောက်ဘက်ရှိ ယာ ခင်းသို့ အလုပ်လုပ်ရန်သွားချိန်တွင် အကြမ်းဖက်များထောင်ထားသည့် မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

၎င်းပေါက်ကွဲမှုကြောင့် ဦးကျော်ထွန်းဦးတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ဒေါ်ခင်သန်းဦးတွင် ဦးခေါင်း၊ ခြေထောက်တို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် ဆေးကုသနိုင်ရန် ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဆိုထားသည်။

အလားတူ စက်တင်ဘာလ ၁၇ရက်၊ နံနက် ၁၁နာရီခွဲအချိန်ခန့်တွင် ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာတွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ကုက္ကိုစုကျေးရွာတွင် နေထိုင်သူ ဦးငွေသန်း(၆၂)နှစ်သည် ကျေးရွာ၏ အနောက်ဘက် (၁)မိုင်ခန့်အကွာရှိ ၎င်းပိုင်ယာခင်းအတွင်း မြေပြုပြင်နေစဉ် အကြမ်းဖက်အဖွဲ့အင်အား (၁ဝ)ဦးခန့် ရောက်ရှိလာကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

ထို့နောက် အဆိုပါအကြမ်းဖက်များသည် ဦးငွေသန်းအား သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးခဲ့သဖြင့် ၎င်းတွင်သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရန် ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

zawgyi version
ယာခင္းသို႔သြားစဥ္ ေထာင္ထားသည့္ မိုင္းအား တိုက္မိေပါက္ကြဲခဲ့၍ အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့
NP News - စက္တင္ဘာ ၁၉

မေကြးတိုင္း၊ ေပါက္ၿမိဳ႕တြင္ ယာခင္းထဲသို႔ အလုပ္လုပ္ရန္သြားစဥ္ ေထာင္ထားသည့္ မိုင္းအားတိုက္မိေပါက္ကြဲခဲ့၍ အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၁၆ရက္၊ နံနက္ ၉နာရီအခ်ိန္တြင္ ေပါက္ၿမိဳ႕နယ္၊ ေခ်ာင္းကူးေက်း႐ြာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။

အဆိုပါျဖစ္စဥ္မွာ ေခ်ာင္းကူးေက်း႐ြာတြင္ ေနထိုင္သူမ်ားျဖစ္ၾကသည့္ ဦးေက်ာ္ထြန္းဦး (၄၄)ႏွစ္ႏွင့္ ေဒၚခင္သန္းဦး(၅ဝ)ႏွစ္တို႔ႏွစ္ဦးသည္ ႐ြာ၏အေနာက္ေျမာက္ဘက္ရွိ ယာ ခင္းသို႔ အလုပ္လုပ္ရန္သြားခ်ိန္တြင္ အၾကမ္းဖက္မ်ားေထာင္ထားသည့္ မိုင္းတစ္လုံးအား တိုက္မိေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

၎ေပါက္ကြဲမႈေၾကာင့္ ဦးေက်ာ္ထြန္းဦးတြင္ ဦးေခါင္းေပါက္ၿပဲဒဏ္ရာႏွင့္ ေဒၚခင္သန္းဦးတြင္ ဦးေခါင္း၊ ေျခေထာက္တို႔တြင္ မိုင္းစထိမွန္ ဒဏ္ရာမ်ားရရွိခဲ့ျခင္းေၾကာင့္ ေဆးကုသႏိုင္ရန္ ေပါက္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွဆိုထားသည္။

အလားတူ စက္တင္ဘာလ ၁၇ရက္၊ နံနက္ ၁၁နာရီခြဲအခ်ိန္ခန႔္တြင္ ေပါက္ၿမိဳ႕နယ္၊ ကုကၠိဳစုေက်း႐ြာတြင္ ေသနတ္ျဖင့္ပစ္ခတ္ခံရ၍ အမ်ိဳးသားတစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

ကုကၠိဳစုေက်း႐ြာတြင္ ေနထိုင္သူ ဦးေငြသန္း(၆၂)ႏွစ္သည္ ေက်း႐ြာ၏ အေနာက္ဘက္ (၁)မိုင္ခန႔္အကြာရွိ ၎ပိုင္ယာခင္းအတြင္း ေျမျပဳျပင္ေနစဥ္ အၾကမ္းဖက္အဖြဲ႕အင္အား (၁ဝ)ဦးခန႔္ ေရာက္ရွိလာေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ထို႔ေနာက္ အဆိုပါအၾကမ္းဖက္မ်ားသည္ ဦးေငြသန္းအား ေသနတ္ျဖင့္ပစ္ခတ္ထြက္ေျပးခဲ့သျဖင့္ ၎တြင္ေသနတ္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့၍ ေဆးကုသႏိုင္ရန္ ပခုကၠဴၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

Related news

© 2021. All rights reserved.