“ဝ”ဒေသ၌ UWSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့ တွေ့ဆုံမှုနှင့်ပတ်သက်၍ AA ဒုစစ်ဦးစီးချုပ် ရှင်းလင်း

 2065

မျိုးကြီး (NP News) - စက်တင်ဘာ ၁၉

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရဒေသ၌ “ဝ”တပ်ဖွဲ့ UWSA အပါအဝင် တိုင်းရင်းသားလက် နက်ကိုင်(၇)ဖွဲ့ တွေ့ဆုံမှုနှင့်ပတ်သက်၍ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်က ရှင်းလင်းပြောကြားသည်။

ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်က ယနေ့ (စက်တင်ဘာလ ၁၉ ရက်)တွင် ပြု လုပ်သော AA လက်နက်ကိုင်အဖွဲ့၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း “ဝ”ဒေသ၌ UWSA ဦးဆောင်ဖွဲ့စည်းထားသော ပြည်ထောင် စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက် ကိုင်ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးနှင့်ပတ်သက်၍ စစ်ရေးကိစ္စများကို အသေးစိတ်ထုတ်ပြန်ရန် မရှိကြောင်းလည်း ဒေါက်တာညိုထွန်းအောင်က အသိပေးပြောဆိုထားသည်။

“FPNCC အဖွဲ့ထဲမှာ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်။ FPNCC ကလည်း သူက နိုင်ငံရေးတွေ့ဆုံမှုအဖွဲ့ဖြစ်ပါတယ်။ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ မဟုတ်ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးကိစ္စတွေ။ ပြီးရင် FPNCC မှာ အရင်ကထက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာလာအောင်၊ တစ်ဖွဲ့ချင်းစီရဲ့အခြေအနေတွေကိုလည်း တင်ပြတယ်။ အမြင်ချင်းဖလှယ်ကြပါတယ်” ဟု AA ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်က ပြောသည်။

ထို့ပြင် FPNCC အဖွဲ့ဝင်များတွေ့ဆုံပွဲနှင့်ပတ်သက်၍ ကောင်းမွန်သောရလဒ်များ ရရှိခဲ့ကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုထားသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ FPNCC အဖွဲ့ဝင်ဖြစ်သော ကချင်လက်နက်ကိုင်အဖွဲ့ KIA မတက်ရောက်ဆိုသော သတင်းများမှာ မဟုတ်ဘဲ KIA ၏ ထိပ်ပိုင်းခေါင်းဆောင်များမတက်ရောက်နိုင်ခြင်းသာဖြစ်ပြီး ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း ဒေါက်တာညိုထွန်းအောင်က ဆိုသည်။

FPNCC ကို “ဝ” တပ်ဖွဲ့ UWSA၊ မိုင်းလားအဖွဲ့ NDAA၊ ကိုးကန့်တပ် MNDAA၊ ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ ရှမ်း လက်နက်ကိုင်အဖွဲ့ SSPP၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)ကို လက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ ၎င်းအဖွဲ့များအနက် UWSA၊ NDAA နှင့် SSPP (၃)ဖွဲ့မှာ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးထားသည်။

တစ်ဖက်၌ FPNCC အဖွဲ့ဝင်ဖြစ်သော ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် တပ်မတော်ကြားတွင် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားလျက်ရှိပြီး ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း AA ပြောခွင့်ရ ခိုင်သုခက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် အသိပေးပြောဆိုထားသည်။

zawgyi version
“ဝ”ေဒသ၌ UWSA အပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္(၇)ဖြဲ႕ ေတြ႕ဆုံမႈႏွင့္ပတ္သက္၍ AA ဒုစစ္ဦးစီးခ်ဳပ္ ရွင္းလင္း
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၁၉

“ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အရေဒသ၌ “ဝ”တပ္ဖြဲ႕ UWSA အပါအဝင္ တိုင္းရင္းသားလက္ နက္ကိုင္(၇)ဖြဲ႕ ေတြ႕ဆုံမႈႏွင့္ပတ္သက္၍ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ဒုစစ္ဦးစီးခ်ဳပ္ေဒါက္တာညိဳထြန္းေအာင္က ရွင္းလင္းေျပာၾကားသည္။

ဒုစစ္ဦးစီးခ်ဳပ္ေဒါက္တာညိဳထြန္းေအာင္က ယေန႔ (စက္တင္ဘာလ ၁၉ ရက္)တြင္ ျပဳ လုပ္ေသာ AA လက္နက္ကိုင္အဖြဲ႕၏ ပုံမွန္သတင္းစာရွင္းလင္းပြဲ၌ အသိေပးေျပာဆိုခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့ေသာရက္ပိုင္းအတြင္း “ဝ”ေဒသ၌ UWSA ဦးေဆာင္ဖြဲ႕စည္းထားေသာ ျပည္ေထာင္ စုႏိုင္ငံေရးေဆြးေႏြးညႇိႏႈိင္းေရးေကာ္မတီ(FPNCC) အဖြဲ႕ဝင္ တိုင္းရင္းသားလက္နက္ ကိုင္ထိပ္ပိုင္းေခါင္းေဆာင္မ်ား ေတြ႕ဆုံခဲ့သည္။

ေတြ႕ဆုံေဆြးေႏြးႏွင့္ပတ္သက္၍ စစ္ေရးကိစၥမ်ားကို အေသးစိတ္ထုတ္ျပန္ရန္ မရွိေၾကာင္းလည္း ေဒါက္တာညိဳထြန္းေအာင္က အသိေပးေျပာဆိုထားသည္။

“FPNCC အဖြဲ႕ထဲမွာ ႏိုင္ငံေရးအရ ပူးေပါင္းေဆာင္႐ြက္မႈေတြရွိပါတယ္။ FPNCC ကလည္း သူက ႏိုင္ငံေရးေတြ႕ဆုံမႈအဖြဲ႕ျဖစ္ပါတယ္။ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ မဟုတ္ပါဘူး။ အထူးသျဖင့္ ျမန္မာႏိုင္ငံအတြင္းမွာ ျဖစ္ပ်က္ေနတဲ့ ႏိုင္ငံေရးကိစၥေတြ။ ၿပီးရင္ FPNCC မွာ အရင္ကထက္ ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုမိုခိုင္မာလာေအာင္၊ တစ္ဖြဲ႕ခ်င္းစီရဲ႕အေျခအေနေတြကိုလည္း တင္ျပတယ္။ အျမင္ခ်င္းဖလွယ္ၾကပါတယ္” ဟု AA ဒုစစ္ဦးစီးခ်ဳပ္ေဒါက္တာညိဳထြန္းေအာင္က ေျပာသည္။

ထို႔ျပင္ FPNCC အဖြဲ႕ဝင္မ်ားေတြ႕ဆုံပြဲႏွင့္ပတ္သက္၍ ေကာင္းမြန္ေသာရလဒ္မ်ား ရရွိခဲ့ေၾကာင္းလည္း ၎က ထည့္သြင္းေျပာဆိုထားသည္။

အဆိုပါေတြ႕ဆုံေဆြးေႏြးပြဲ၌ FPNCC အဖြဲ႕ဝင္ျဖစ္ေသာ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA မတက္ေရာက္ဆိုေသာ သတင္းမ်ားမွာ မဟုတ္ဘဲ KIA ၏ ထိပ္ပိုင္းေခါင္းေဆာင္မ်ားမတက္ေရာက္ႏိုင္ျခင္းသာျဖစ္ၿပီး ကိုယ္စားလွယ္မ်ားတက္ေရာက္ခဲ့ေၾကာင္း ေဒါက္တာညိဳထြန္းေအာင္က ဆိုသည္။

FPNCC ကို “ဝ” တပ္ဖြဲ႕ UWSA၊ မိုင္းလားအဖြဲ႕ NDAA၊ ကိုးကန႔္တပ္ MNDAA၊ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA၊ ရွမ္း လက္နက္ကိုင္အဖြဲ႕ SSPP၊ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA တို႔ျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။

ျပည္ေထာင္စုႏိုင္ငံေရးေဆြးေႏြးညႇိႏႈိင္းေရးေကာ္မတီ(FPNCC)ကို လက္နက္ကိုင္အဖြဲ႕ (၇)ဖြဲ႕ျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္ကာ ၎အဖြဲ႕မ်ားအနက္ UWSA၊ NDAA ႏွင့္ SSPP (၃)ဖြဲ႕မွာ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဖိတ္ေခၚေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို တက္ေရာက္ေဆြးေႏြးထားသည္။

တစ္ဖက္၌ FPNCC အဖြဲ႕ဝင္ျဖစ္ေသာ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ႏွင့္ တပ္မေတာ္ၾကားတြင္ တိုက္ပြဲမ်ား တစ္ေက်ာ့ျပန္ျဖစ္ပြားလ်က္ရွိၿပီး ပိုမိုျပင္းထန္လာႏိုင္ေၾကာင္းလည္း AA ေျပာခြင့္ရ ခိုင္သုခက ယေန႔ သတင္းစာရွင္းလင္းပြဲတြင္ အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.